Part - 21

4.4K 525 49
                                    


”သူ အဆင်ပြေနေတယ် ”

ဆောင်းဟာဆီက အစ်မနဲ့ပတ်သတ်ပြီးကြားရတော့တစ်ခုခုကိုစိတ်သက်သာရာရသွားသည်။ ဖြစ်ခဲ့သမျှအတွက်ကောင်းကောင်းရှေ့ဆက်နိုင်ဖို့အစ်မနားမရှိနေတာက တရားရဲ့လားတောင်မသိပေမယ့် ကြိုးစားနေတာက အစ်မပြန်လာတဲ့အချိန်တတ်နိုင်တာကိုလုပ်ပေးချင်ရုံပါပဲ။

”ကိုကို ဒီကိုလိုက်လာတာ အစ်ကို့ကြောင့်ပါ ”

အစ်ကို Jungkook က ဖိုင်အထပ်လိုက်ကိုရေးခြစ်ခြင်းပြုနေ၏။

”အတူရှိနေဖို့ဖြစ်နိုင်မယ်ထင်နေတာလား”

”အဲ့ဒါလုပ်ကြည့်မှသိမှာမဟုတ်ဘူးလား ကိုကိုကမုန်းခဲ့တာတောင်မသေချာပါဘူး အဲ့ဒါကိုမမြင်ရဘူးလား ”

အစ်ကို Jungkook က လှည့်ကြည့်လာ၏။

”ဆောင်းဟာ အိပ်ရမယ် မနက်အစောထရမှာ ”

ကိုကိုရောက်လာပြီးအိပ်ဖို့အခန်းထဲဆွဲသွင်းသည်။

”ဒီအတောအတွင်းကျေးဇူးပါပဲ ဒီနေရာကငါတို့အတွက်စိမ်းနေတယ်
မနက်ဖြန် ပြန်တော့မယ် ”

”အစ်မကိုသွားတွေ့ခဲ့တာလား ”

”အော ဆောင်းဟာတွေ့ချင်နေခဲ့လို့ ”

လှည့်ထွက်ဖို့လုပ်နေတဲ့သူ့လက်ကို ဖွဖွထိလိုက်တော့လှည့်ကြည့်၏။

”ကျွန်တော်က ခင်ဗျားနဲ့အတူရှိဖို့မဖြစ်နိုင်ဘူး ”

”အကြောင်းပြချက်ရှိလား ”

”ခင်ဗျားနားမှာနေဖို့ထိုက်တန်တဲ့သူက အတိတ်မှာခင်ဗျားကိုနာကျင်မှုတွေပဲပေးခဲ့တဲ့လူဖြစ်နေလို့မရဘူး ”

ဒေါသထွက်သလိုမျိုးဖြစ်ကာ ဘာမှပြန်မပြောဘဲလှည့်ထွက်သွားပေမယ့် ထိုင်​နေတဲ့ကျွန်တော့်ဆီပြန်ရောက်လာပြီးအနမ်းကိုစတင်၏။

သွယ်လျပါ၏ဆိုတဲ့လက်ချောင်းရှည်တွေက ပါးနှစ်ဖက်လုံးကိုထိကပ်နေပြီး ချိုရဲတဲ့နှုတ်ခမ်းအိအိထွေးထွေးက ကျွန်တော့်နှုတ်ခမ်းကိုစည်းချက်ညီညီစုပ်ယူနေသည်။

”မင်းက Kim Taehyung လား ထိုက်တန်တယ်မထိုက်တန်ဘူးအဲ့ဒါကိုဘာလို့မင်းကဆုံးဖြတ်နေတာလဲ ငါ့ကိုမလိုချင်တော့လို့ဒီနည်းလမ်းနဲ့တွန်းထုတ်နေတာမလား ဟိုကောင်လေးသေးသေးလေးကထမင်းဟင်းတွေချက်ပေးတော့သဘောကျနေတဲ့ပုံပဲ ငါ့ကိုများညာရဲတယ် ”

The Greatest Love (Outro Completed)Where stories live. Discover now