Part - 7

5K 658 25
                                    


အစ်မ ဆူယောင်းကို အနွေးထည်ပေးခိုင်းခဲ့တာလဲ ဟုတ်တယ်။
ဖျားနေမှန်းသိလို့ အကိုက်အခဲပျောက်ဆေးထည့်ပေးပြီး ဆိုဖာပေါ်ထိ ပို့ပေးခဲ့တာလဲ ဟုတ်တယ်။

အဲ့ဒါလောက်က ဘာလို့သဘောကျတယ်ဖြစ်ရတာလဲ။

”Kim Taehyung က Jeon အိမ်တော်မှာဘာလို့တောင့်ခံနေတယ်ထင်လဲ အခွင့်အရေးရရင် ရိုက်ချပစ်မှာ အနားခေါ်ထားပြီးသဘောကျရအောင် အရူးလား ”

”အစ်မ အထင်လွဲနေတယ် အနားကိုခေါ်ထားတာ ကျွန်တော့်ကိုလာထိလို့ပေးဆပ်ခိုင်းထားတာ ”

”ဟာယွန်းကိုငါပြောပြလိုက်မယ် အဖေမသိစေနဲ့ ”

တစ်ယောက်တည်းဖြစ်သွားတာနဲ့ ခေါင်းထဲပြန်လည်ရောက်လာတာ ရေနစ်တဲ့လူ။ ဒေါသကလက်တစ်ဆစ်နဲ့ ထွက်သွားပစ်လိုက်တာ။
အိမ်တောင်ကောင်းကောင်းရောက်ရဲ့လား။

Ph ကို ယူကာ ဆက်သွယ်ကြည့်ရအောင်လည်း ကျွန်တော့်ဆီမှာရှိမနေ။

”ကိုကို.. ”

အိမ်ဝတွင် ငုတ်တုတ်လေးထိုင်ကာငိုကြွေးနေတဲ့ ကိုကို။

”နေသိပ်မကောင်းချင်လို့ ငါဘာမှမဖြစ်ဘူး ဆောင်းဟာ ”

ဝမ်းနည်းရိပ်တွေသန်းနေတဲ့ ကိုကို့မျက်လုံးတွေက နှစ်သိမ့်မှုလိုအပ်နေသလို။ ဒါပေမယ့် ဆောင်းဟာလည်းမမေးရဲ။

”ကိုကို..တကယ်အဆင်ပြေရဲ့လား ”

”ဆေးသောက်လိုက်မယ် ကောင်းသွားမှာ သွားနားတော့”

ဆောင်းဟာအခန်းထဲဝင်သွားတော့ မျက်ရည်တွေကပြန်လည်ကျလာ၏။ ဆွဲဖြုတ်ထားတဲ့ပိုက်နေရာက သွေးစို့လို့နေသည်။

ရေနစ်နေတုန်းက သေမလောက်လန့်သွားခဲ့တာ။ အမေ့တုန်းကလည်း အရမ်းမွန်းနေခဲ့မှာ ။

ရင်ထဲနာကျင်မှုတွေကရောပြွမ်းကာ အမုန်းတွေကစုဝေးလာတော့သည်။

”Jungkook ဟိုဆရာလာတော့မှာမဟုတ်ဘူး အဖေ့ကိုအသစ်ခေါ်ခိုင်းလိုက်မယ်”

ဟာယွန်းက ကျောင်းသွားခါနီးလှမ်းပြော၏။

”မလာတော့ဘူး လို့ဘယ်သူကပြောတာလဲ ”

The Greatest Love (Outro Completed)Where stories live. Discover now