Part - 18

4.2K 528 5
                                    


ဆိုဖာပေါ်အိပ်ပျော်နေတဲ့ Jeon Jungkook က Jeon အိမ်တော်ရဲ့ သခင်လေးပါဆိုတာဘယ်လိုမှယုံဖွယ်ရာမရှိပါ။

အသည်းအသန်အမုန်းခံပြီး အဆုံးသတ်မှာဘယ်လိုနေခဲ့မလို့ဒါတွေထိလုပ်နေလဲတောင်မသိ။
အေးစက်နေတဲ့ London ရဲ့ရာသီဥတုက အပူပေးစက်တောင်နိုင်တာမဟုတ်။ဒါကို အေးအေးလူလူအိပ်စက်နေနိုင်တာလား ဒီသူဌေးသားက။

စောင်တစ်ထည်ယူ၍ လွှမ်းခြုံလိုက်တော့မျက်ခုံးတွေတွန့်ချိုးကာနိုးသွားပုံရသည်။ ထွက်ခွာရန်ပြင်လိုက်သည်။

”အခန်းထဲမှာအိပ်လိုက်ပါ”

နောက်ကျောကတိုးရှရှစကားသံတစ်ခုထွက်ပေါ်လာသည်။ ခေါင်းငြိမ့်ပြရုံသာပြလိုက်သည်။
အဲ့လူစေတနာပြုတဲ့စောင်က လိုတာထက်ပိုနွေးပြီး London ရဲ့ဆောင်းကဘာမှမဟုတ်တော့ပါဘူး။

မနက်နေရောင်က ပါးပေါ်ရိပ်ဖြာကျလာသည်။ လက်ပေါ်ကိုထိနေတဲ့အရာက နှိုးနေပုံရတာ။

”ဆောင်းဟာ?”

”ကိုကို ဆူမယ် ”

ပထမတော့နားမလည်ပေမယ့် သူပြောချင်တာက အိပ်ရာမထသေးလို့အဲ့လူမကြိုက်ဘူးပေါ့။ ဆောင်းဟာကစကားအများကြီးမပြောနိုင်သေးတာကြောင့် လိုရင်းတိုရှင်းဖြစ်နေသည်။

”ငါထပါပြီ ”

မနက်စာပြင်ဆင်ပြီးစားပွဲကိုကြည့်တော့ ဆောင်းဟာနဲ့Jeon Jungkook က ဇွန်းခရင်းတူ ကိုင်ပြီးအခန့်သားစောင့်နေသည်။ အိပ်ရာကနည်းနည်းတောင်မှထမလာတဲ့လူက ဘယ်လိုလုပ်ပြီး။

”မနက်စာစားသွားဖို့ သူကပြောတယ်”

ဆောင်းဟာကိုတစ်ချက်ကြည့်ပြီး မနက်စာစားရခြင်းကိုဖြေရှင်းချက်ပြု၏။

”များတာမို့လို့ ပြသနာမရှိပါဘူး”

Jeon Jungkook ပြန်သွားပြီးတဲ့နောက်တော့ အခန်းသန့်ရှင်းရေးဘက်လှည့်ဖြစ်သည်။ မြေအောက်ခန်းလိုတစ်ခုတွေ့လိုက်တာကြောင့် စူးစမ်းရန်ရှေ့တိုးမိသည်။ တန်ဖိုးကြီး Piano တစ်လုံးကနေရာယူထားကာ ထွင်းထုထားတဲ့နာမည်က 'ဆူယောင်း'

အဲ့လူဆီက Ph ဝင်လာတာကြောင့် စာတမ်းပြုစုတာကိုထားပြီးချက်ချင်းရောက်လာခဲ့ရသည်။

The Greatest Love (Outro Completed)Where stories live. Discover now