Part - 1
11.2K 869 66
(ဤ Fic တွင်ပါဝင်သော ဇာတ်လမ်းဇာတ်ကွက်များသည် စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။)
နွပေိတ်ရက် ပျော်ပွဲစားထွက်မည်ဟူ၍ မိသားစုလိုက် ဥယျာဉ်အကျယ်ကြီးထဲ ရောက်ရှိနေကြသည်။
ပြောရလျှင် ကိုယ်ပိုင်ဥယျာဉ်ခြံထဲလာပြီး ပျော်ပွဲစားလုပ်တာက နည်းနည်းလေးတောင်စိတ်ဝင်စားစရာကောင်းမနေပါ။
အငယ်ဆုံးကျွန်တော်က ဘာပြောရမှာလဲ။ လက်ထဲရှိ ph တွင်သာ ဂိမ်းနိုင်စေရန်အာရုံထားလိုက်သည်။
”Jungkook မုန့်လာမစားဘူးလား ”
”ဒီတစ်ပွဲပြီးရင်လာမယ် ”
ရုတ်တရက် ပခုံးပေါ်အေးစက်စက်လက်တစ်ဖက် ကျရောက်ထိတွေ့လာသည်။ မော့ကြည့်လိုက်တော့ အသက်ကြီးကြီးအဘွားအိုတစ်ယောက်ဖြစ်ကာ အဝတ်အစားနှင့် ပုံစံက ဆင်းရဲကြောင်းဘာသက်သေမှပင်လိုမနေ။
”ဂိမ်းဆော့နေတာမလို့ ဝေးဝေးသွားပေးပါ ”
တစ်လုံးချင်းစီနားထဲသို့ စကားဝင်စေသည်။
”မပြောလိုက်ရတဲ့စကားကို ဒီဘဝမှာကောင်းကောင်းတာဝန်ယူရမှာ ကောင်လေး ”
ph ကို ပစ်ချလိုက်ကာ ထိတွေ့ခြင်းခံထားရတဲ့ ပခုံးနေရာအားခါထုတ်လိုက်သည်။
”ဒီကအလုပ်သမားလား နည်းနည်းပါးပါးတော့နားလည်ရမယ်မလား ဘာလို့လာရှုပ်နေတာလဲ ”
”ငါက စိတ်မကောင်းလွန်းလို့ပါ ဒီဘဝအတွက်လည်းရင်လေးတယ် ”
ခါးကိုင်းနေပြီး ခြေထောက်တစ်ဖက်မသန်ပုံရကာ စိတ်ရှုပ်စေသောမျက်နှာနှင့် ထွက်ခွာသွားလေသည်။
ညနေစောင်း၍ ပြန်ခါနီးတွင်အနားကိုထပ်မံရောက်လာသော အလုပ်သမားအဘွားကြီး။
”အားး ဘယ်သူကြီးလဲ ဖေဖေ.. ”
ဟာယွန်းက ရွံရှာသည့်ပုံစံနှင့် အဖေနားပြေးကပ်လေတော့သည်။
ထပ်ပြီး ဂျုဟွန်းက အော်ပစ်သည်။
”အလုပ်သမားလား? ဒါအလုပ်သမားတန်းလျားမဟုတ်ဘူးဗျ အခုထိမြန်မြန်မသွားသေးဘဲ.. ”
The Greatest Love (Outro Completed)Where stories live. Discover now