Chapter -11

7.5K 1K 135
                                    

Unicode

တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၂

"ဟောဟော ဟိုမှာ လာပြန်ပြီ ကုဋေ့ရဲ့ ဂိုဏ်းခေါင်း‌ဆောင်ကြီး"

ယု၏ တဆာဆာအော်သံနှင့်အတူ ကောင်တာမှာရှိနေသမျှ လူအားလုံးရဲ့အကြည့်တွေက မှန်တံခါးဆီပြေးကပ်လို့သွားသည်။

"နင်တို့ဟာက သူငယ်ချင်းဆိုပြီး ဘာမှလဲမပြောကြဘူး။ ကုဋေ ဒီတစ်ခါတော့ ဆေးရောင်းတဲ့အပြင် အပိုလေး ဘာလေးလဲ ပြောပါအုန်းဟယ်"

"ဟုတ်ပါ့ သူလာနေတာ လေးပါတ်လောက်ရှိတော့မယ်။ ဘာမှလဲ မယ်မယ်ရရ မပြောကြပါလားဟယ်။ ဒီတစ်ခါတော့ ရည်းစားရှိလားမေးပေးစမ်းပါ။ ကိုယ့်ဌာနထဲက အစ်မတွေကို ဒါမျိုး သူငယ်ချင်းအဆင်လေးနဲ့ ချိတ်ပေးဖို့ ‌စေတနာလေးထားပြီးတော့"

"ဟီးဟီး အစ်မပြောတာ ဟုတ်တယ် ဟုတ်တယ်"

"သူ့နာမည်ကရော ဘာတဲ့လဲ"

ပွက်လောထနေသော အခန်းတွင်းလေထုက အဲယားကွန်း၏ အအေးဒဏ်ကိုတောင် တိုက်ခိုက်ပစ်လိုက်နိုင်ပုံရသည်။ ခွန်းနစ်ဟာ ချွေးစို့နေသော လက်ချောင်းတွေကို မသိချင်ယောင်ဆောင်ရင်း ဟူးခနဲ လေပူတစ်ချက်မှုတ်ထုတ်လိုက်၏။ သုံးမိနစ်..ကွန်ပျူတာအောက်ခြေရှိ ကိန်းဂဏန်းတွေရဲ့ အပြောင်းလဲကို ရေတွက်နေမိသည်မှာ တာဝန်တစ်ခုနှယ်။ သိပ်မကြာမီရောက်လာမည့်သူဟာ ဆိုင်ကယ်ရပ်နားရာမှ ကိုယ့်ဆီရောက်သည်အထိ စုစုပေါင်းလေးမိနစ်ခန့်သာ အချိန်ယူတတ်ကြောင်း တွက်ချက်ထားခဲ့ပြီးပြီပင်။

ရှစ် ခုနစ် ခြောက် ငါး လေး သုံး နှစ်...

"ငုံဆေးပြားရှိလား"

"ငုံဆေးပြား ရှိလား"

တိုးတိုးရွတ်လိုက်မိတာ ကိုယ့်နှုတ်ခမ်းထံမှဖြစ်ကာ အသံကတော့ သူ့ဆီကထွက်လာခြင်းဖြစ်၏။

"အင်း ဘာအတွက်လိုချင်တာလဲ"

"ဒီအတိုင်း လည်ချောင်းနာချင်လို့"

ကွန်ပျူတာ‌ ကီးဘုတ်ပေါ်ပြေးလွှားသွားသည့် လက်ချောင်းတွေက ဘာကြောင့်များ ဒီလောက်တောင် မြန်နေမိပါသနည်း။ တကယ်ဆို ကိုယ့်ဆန္ဒအမှန်က သူ့ကို နည်းနည်းလောက်ဝောာ့ ကြာကြာတွေ့ချင်နေပါရက်နှင့်လေ။

friEND(COMPLETED)Where stories live. Discover now