Chapter -13

7.2K 1K 68
                                    

Unicode

တိမ်တိုက်ညို၏ ဦးခိုက်မှု ၄

"အင်း... ပျင်းလို့ သေတော့မှာပဲ"

အီးလေးစွဲ ညည်းညူသံရဲ့ အလေးချိန်သာ လူအပေါ် သက်ရောက်နိုင်စွမ်းရှိလျှင် ခွန်းနစ်တစ်ယောက် ပြားချပ်နေလောက်တော့မည်။နေ့ဆိုင်းနှင့် ညဆိုင်း နှစ်ပိုင်းခွဲဆင်းရသည့်အလုပ်မို့ ဒီလအတွက် ညဆိုင်းများများဆင်းထားသည့် ခွန်းနစ်က ပိတ်ရက်တွေကြား အီဆောင့်အောင် အနားယူနေရ၏။

လေးရက်ဆက်တိုက် ရသည့်နားရက်က ပထမနှစ်ရက်လောက်သာ ပျော်စရာကောင်းပေမဲ့ သုံးရက်မြောက်ရောက်လာတော့ ညည်းငွေ့ဖွယ်အဖြစ်သို့ ကူးပြောင်းလို့လာခဲ့ပြီကိုး။ဒါကြောင့် ဒီကနေ့တော့ အားအားနေမည့်အစား အခန်းသန့်ရှင်းရေးလုပ်ရင်း ခွန်းနစ်အချိန်းဖြုန်းနေခဲ့သည်။မနက်အိပ်ရာနိုးသည်နှင့် အဆောင်လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ပဲအီကြာနဲ့ ပေါ့ဆိမ့်တစ်ခွက် ပါဆယ်ဆွဲစားပြီးကတည်းက ရှင်းရေးလင်းရေးလုပ်လိုက်တာ အတော်ရှင်းသွားတော့ နေ့လည်စာ စားချိန်ပင်လွန်ဝောာ့မည်။

"နေ့လည်စာက ဘာစားရမလဲ။ အပြင်ထွက်ရမှာ ပျင်းတာကွာ"

တိုးလို့တန်းလန်းဖြစ်နေသော ကြမ်းတိုက်သည့် အဝတ်ကို ရောက်ရာပေါက်ရာလှမ်းကန်ပြီး အိပ်ရာပေါ်လှဲချလိုက်၏။ ပိတ်ရက်ဆို ခွန်းနစ်က အစားပုံမှန်မစားဖြစ်။ သွားဝယ်ဖို့ ပျင်းတာပါသလို အပြင်ထွက်စားဖို့က ပိုလို့တောင် ပျင်းနေပြန်သေးသည်။ များသောအားဖြင့် ခေါက်ဆွဲပြုတ်လောက်နှင့်သာ ပြီးလေ့ရှိသော်လည်း ကံမကောင်းစွာပဲ ဒီတစ်ခေါက်တော့ ခေါက်ဆွဲခြောက်ထုတ်ပင် ကျန်မနေပေ။ ရှေ့ရက်တွေမှာ ထုံးစံအတိုင်း မနက်ခေါက်ဆွဲ ညခေါက်ဆွဲလုပ်ခဲ့၍ အကုန်တက်တက်စင်အောင် ပြောင်သွားပြီဖြစ်သည်။

"I need somebody who can love me at my worst ~~~
No , I am not perfect , but I hope you see my worst ~~~"

"အင်... ဖုန်းက လာနေသေးတယ် ပိတ်ရက်ကို"

အီးလေးဆွဲညည်းညူသံနှင့်အတူ ဖုန်းကို ထယူကြည့်တော့ ခေါ်ဆိုသူက နေချိုမောင်။ ဒီကောင် မနေ့ကထိ မနက်တိုင်းလာကြိုနေလို့ ခုတလော ဂျူတီနားထားကြောင်း ပြောခဲ့ရသေးသည်။ ခုလည်း ဘာကိစ္စဆက်သည်မသိ။ ခွန်းနစ် ရည်းစားရလျှင်တောင် ဒီကောင်လောက်တွေ့ချင်မှ တွေ့ရလိမ့်မည်။

friEND(COMPLETED)Where stories live. Discover now