Chapter-35

7.1K 919 80
                                    

Unicode

တိမ်ညိုလေး၏ သရုပ်မှန် ၇

နက်သည်ထက် နက်လာသော အမှောင်ထု... ကားသံ ဆိုင်ကယ်သံတွေ ဆူညံနေဆဲပေမဲ့ အချိန်အားဖြင့်ကြည့်လျှင် စောတော့သည်မဟုတ်ချေ။ ထိန်ထိန်လင်းနေသည့် လမ်းမီးရောင်တွေအောက် ခွန်းနစ်ထွက်လာတော့မင် ညကိုးနာရီထိုးနေခဲ့ပြီ။ မနေနိုင်သည့်အဆုံး အပြင်ထွက်လာခဲ့ပေမဲ့ ဘယ်ကိုလိုက်လို့ လိုက်ရမည် သေချာမသိ။ ပုံမှန် အိမ်ကို စောပြန်ရောက်တတ်သူက ဘာအသိပေးခြင်းမှ မရှိပဲ နောက်ကျနေသည်မို့ စိုးရိမ်စိတ်တို့က ကြီးသည်ထက် ကြီးလို့လာသည်။

လွန်ခဲ့သည့်မိနစ်ပိုင်းအထိ ဆက်တိုက်ခေါ်ဆိုခဲ့သော ဖုန်းနံပါတ်က စက်ပိတ်ထားသည်ဆိုတာမှလွဲ၍ ထူးခြားသော တုန့်ပြန်မှုတွေ ပြန်ပေးမလာသေး။ ထိုအောက်မှာတော့ သူ အလုပ်ဆင်းနေသည့် ကုမ္ပဏီနှင့် ဒေါ်ဟန်နီလင်းဝေ၏ ဖုန်းနံပါတ်တို့က ထပ်ဆင့်ရှိနေကြသည်။ သူတို့ထံမှ ကြားရသည့် သတင်းတွေကလည်း ဘာမှမရေရာ။ "ပြန်သွားတာ ကြာပြီ" နှင့် " အိမ်ကိုတော့ ရောက်မလာဘူး" ဆိုသော အဖြေတွေသာ ဖြစ်သည်။ ဒေါ်ဟန်နီလင်းသူကတော့ သူ စုံစမ်းကြည့်မှာမို့ တအားစိတ်ပူမ‌နေဖို့မှာပေမဲ့ ခွန်းနစ်မနေနိုင်ပါ။ ဖုန်းကို ကျစ်နေအောင်ဆုပ်ကိုင်ရင်း အိမ်ရှေ့လမ်းမထက် ခေါက်တုန့်ခေါက်ပြန်သာ လျှောက်နေမိခဲ့သည်။

ဝေဖြိုးနိုင်ဆီများ ရောက်နေသလား ... ဆက်ဖို့ပြင်ပေမဲ့ ခွန်းနစ်လက်မရဲနိုင်။ မနွယ်နီကတဆင့် ဆက်သွယ်ဖို့ ကြိုးစားသေးသည့်တိုင် နောက်ဆုံးမှာ လက်လျော့ဖို့သာ တတ်နိုင်ခဲ့သည်။ ဝေဖြိုးနိုင်က ကိုယ်နဲ့ရှောင်ချင်နေသည့်သူ။ သူ့ကို အပူသွားပေးလို့လည်း စိတ်ရှုပ်တာအပြင် ပိုသွားမည်မထင်။ ထို့အတူ နေချိုကိုယ်တိုင်လည်း ခုနောက်ပိုင်း ဝေဖြိုးနိုင်ကို အဆက်ပြတ်လုနီးပါးဖြစ်နေတာကြောင့် အတူရှိကြဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။

"ဘယ်တွေများ သွားနေတာလဲကွာ"

လေပူတွေမှုတ်ထုတ်ပြီးနောက် မျက်နှာကို လက်ဝါးနှင့် တရစပ်ပွတ်မိပြန်သည်။ ပြင်းထန်လာသော အသက်ရှူသံတွေက စိတ်လိုလက်ရမလုပ်နိုင်၍ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာခြင်းကို ဖုံးကွယ်ရန်ကြိုးပမ်းနေကြပါသလို၊ မြန်သည်ထက်မြန်လာသည့် ကျယ် ‌ေလာင်သော ရင်ခုန်သံတွေကြောင့် မောဟိုက်လာသည့်အခါ လည်မြိုကိုဆန်တက်လာသည့် အော်ဂလီဆန်ခြင်းတွေကပါ နှုတ်ခမ်းအထိ ထိုးတက်လို့လာကြသည်။

friEND(COMPLETED)Where stories live. Discover now