Chapter -5

8.7K 1K 30
                                    

Unicode

ကွဲထွက်နေသော တိမ်တိုက်ညိုကလေး ၅

ကျောင်းဖွင့်ကာလတစ်လကျော်သည့်နောက် ခွန်းနစ်တို့ကျူရှင်ရဲ့ မောင်းနှုန်းကလဲ အတော်မြင့်လာသည်။ မနက်အစောထရတာ မခက်ခဲပေမဲ့ ညဆယ်နာရီကျော်မှ အိမ်ပြန်ရတာကြောင့် အဆုတ်အအေးပတ်တတ်သည့် ခွန်းနစ်အတွက် ရေမိုးချိုးဖို့အရေး စိန်ခေါ်ပွဲကြီးလို ဖြစ်နေတတ်၏။ သို့သော် ကျောင်းအတန်းချိန်တွေဆို အာရုံလွင့်နေတတ်သည့်အတွက် ကျူရှင်အတန်းများကိုလည်း ဖြုတ်ချမရပြန်ပေ။

ဒီကြားထဲမှာ ကိုကိုကြီးဆီတစ်ခေါက်ရောက်သေးသည်။ ကြာကြာတော့ မတွေ့လိုက်ရပါ။စာမေးပွဲနီးနေတာကြောင့် ခဏပဲတွေ့လိုက်ရသည်။ တွေ့ရသည့် အတောတွင်းမှာလည်း မေမေ့အမှာစကားတွေချည်းသာ မဆုံးနိုင်လွန်းတာမို့ ခွန်းနစ်က ဘေးမှာထိုင်နေရသည်သာ များပါသည်။ ကိုကိုကြီးက မန္တလေးမှာ နေနေရပေမဲ့ အသားတွေပိုဖြူလာ၏။ စာတွေပိနေသည်ဆိုတာတောင် ပြည့်ပြည့်ဖြိုးဖြိုးဖြစ်နေသည့် ကိုကိုကြီးနှင့်ယှဉ်ဝောာ့ ခွန်းနစ်က ရှူနာရှိုက်ကုန်းရုပ် ပိုပေါက်သွားသည်။ ဖေဖေကတော့ ကျောကိုဖွဖွပုတ်ရင်း "ကိုကိုကြီးလို ဆရာဝန်ဖြစ်အောင်လုပ်။ ပြီးရင် သားကိုယ်သား အရင်ဂရုစိုက်ရမယ်"ဟု ရယ်လျက်သား ပြော၏။ခွန်းနစ်ကဝောာ့ မရယ်ချင်ပါ။ ကိုကိုကြီးလိုဖြစ်စေချင်သည်ဆိုတာအစား သားကြီးလာရင် ဆရာဝန်ဖြစ်အောင်လုပ်ဆိုတာမျိုးဆိုရင် ပိုကောင်းမည်ထင်သည်။

ဒါကို မေမေကြားလျှင် "ညီအစ်ကိုချင်း ချစ်ချစ်ခင်ခင်နေရမယ်လေ။ ကိုကိုကြီးက သားအစ်ကိုအရင်းမို့လား" ဆိုကာ ခွန်းနစ်ကို တရားချပါလိမ့်မည်။ သို့သော်ငြား လေးငါးနှစ်ခန့်သာကွာသော ညီအစ်ကိုနှစ်ယောက်ကြားက ဆက်ဆံရေးက မေမေတို့လိုချင်သလို နွေးထွေးမနေတာတော့ အမှန်ပင်။ ငယ်ငယ်ကတည်းက ကိုယ်တိုင်ကြိုးစားလွန်းပြီး ထက်မြတ်တဲ့ကိုကိုကြီးနှင့် ကိုကိုကြီးကို မှီအောင်လိုက်ဖို့ အမှီလိုက်နေရသည့် ခွန်းနစ်။

"ကိုကိုကြီးက အဆင့်တစ်ရတယ်လေ။ မေမေက ညီအစ်ကိုနှစ်ယောက် ဉာဏ်ရည်အတူတူ ပြည့်စုံအောင်မွေးထားတာ။သားက ဘာလို့မရတာလဲ" ဆိုသည့် နားထဲသံမှိုစွဲနေသည့် စကားတွေကြောင့်ပဲလား။ ခွန်းနစ်က ကိုကိုကြီးကို ပြေးလမ်းကြီးတစ်ခုလိုသာမြင်သည်။ ကိုယ်တိုင်ကတော့ ဘယ်တော့များ ပန်းတိုင်ရောက်လိုရောက်ငြား စမ်းတဝါးဝါးပြေးနေရသည့် လူတစ်ယောက်နှင့်တူ၏။ထို့ကြောင့် ကိုကိုကြီးဘေးမှာဆို အလိုလိုနေရင်း စိတ်မောနေရတတ်ပါသည်။

friEND(COMPLETED)Where stories live. Discover now