1.8 _

768 117 39
                                    

-UNICODE-

ချစ်ခြင်းမေတ္တာတွေ ပြိုင်ပွဲဝင်ကြတဲ့အခါ မည်သည်ကတော့ ပို၍ အလေးသာပါသည်ဆိုပြီး သူတို့ မပြိုင်ဆိုင်လို။ သူတို့ သတ်မှတ်ထားကြသည့် ချစ်ခြင်းမေတ္တာသည်ကား ချစ်ခြင်းမေတ္တာပေတည်း။ ​

-

" ဟယ်လို "

နံပါတ်စိမ်းဖြစ်နေတာ​မို့ မကိုင်ပေမဲ့၊ ငါးခါမြောက် ဆက်လာတာကြောင့် ဆောင်းဟွန်းအစ်ကိုများ တခြားနံပါတ်တစ်ခုနဲ့ ဆက်တာလားဟု တွေးမိပြီး ကိုင်လိုက်မိသည်။ သို့သော် တစ်ဖက်ကနေ မည်သည့်အသံမှ ထွက်မလာ။ မှားခေါ်တာတော့ မဖြစ်နိုင်။ မသိတဲ့သူကို ဘယ်သူက မကိုင်မချင်း ဆက်မလဲလေ။

" ဟယ်လို "

ဒုတိယမြောက် သူ့ဘက်က အသံပေးလိုက်တာတောင်မှ တစ်ဖက်က ငြိမ်နေတုန်း ဖြစ်သည်။ အကြောင်လာရိုက်ချင်နေတဲ့ ဖုန်းများလားဟု တွေးမိပြီး ဖုန်းချဖို့ ပြင်ခါနီးမှ တစ်ဖက်ကနေ အသံ ခပ်တိုးတိုး ထွက်လာ၏။

" ဂျောင်-ဂျောင်ဝန်းလားဟင် ? ကိုယ်ပါ။ "

သူ့လက်ထဲက ဖုန်းကို လွတ်မကျသွားအောင် ထိန်းရသည်မှာ မလွယ်ကူ။ ရင်ဘတ်၏ဝဲဘက်ခြမ်းသည် တသိိမ့်သိမ့်တုန်လျက်၊ တာဝေးအပြေးသမားတစ်ယောက်နှယ် နိမ့်ချည်မြင့်ချည်ဖြစ်ကာ၊ အသက်ရှူနှုန်းတွေ ရပ်တန့်မသွားရန် အသည်းအသန် ရုန်းကန်နေရသည့် သူ့အဖြစ်ကို မည်သူသိမှာနည်း။

အသံနဲ့တင် ငိုချမိတော့မတတ်။ သူကိုယ်တိုင်တောင် သတိမထားလိုက်မိဘဲ မြင်ကွင်းတွေက ဝေဝါးလို့လာမိသည်အထိ။ ဘယ်လောက်တောင် လွမ်းခဲ့ရတဲ့အသံလဲ။ ဘယ်လောက်တောင်မှလဲ။

" ဂျောင်ဝန်း "

သူ,မဖြေလို။ မည်သည့်စကားတစ်စုံတစ်ရာမျှလည်း မဆိုချင်ပါ။ အခုချိန် သူ့နှုတ်ဖျားက ထွက်လာမည့် စကားတွေဟာ ဘယ်လောက်လွမ်းမောနေခဲ့ရကြောင်းတွေနဲ့သာ ပြည့်နှက်နေပေလိမ့်မည်။ သူ့မျက်လုံးအိမ်တွေလည်း စပ်ဖျင်းဖျင်းဖြစ်ကာ၊ နီရဲနေလိမ့်မည်။ အတိုင်းအဆမဲ့နေတဲ့ နှလုံးခုန်သံတွေက သူ့အား နှလုံးရောဂါသည်တစ်ယောက်ဟု ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်အထိ ဖြစ်စေနိုင်လိမ့်မည်။

𝖲𝗍𝗎𝖼𝗄𝗂𝗇𝗀 𝖨𝗇 𝖳𝗁𝖾 𝖦𝗋𝖾𝗒 𝖲𝖼𝖺𝗋𝗌Where stories live. Discover now