1.7 _

678 118 33
                                    

-UNICODE-

" ငါ စိတ်ချပါရစေ။ "

မနက် ခြောက်နာရီကတည်းက ပြန်ဖို့ စီစဥ်ထားပေမဲ့ အခုချိန်ထိ ယွန်ဆောင်း မသွားနိုင်သေး။ ဂျောင်ဝန်းကို လုံးဝ မယုံကြည်တာမျိုး မဟုတ်ပေမဲ့၊ ယုံကြည်တာမျိုးလည်း မဟုတ်ပြန်။ နှစ်ယောက်တည်း စိတ်ချလက်ချနဲ့ ထားခဲ့ပြီးတော့မှ အရင်လို ပြန်ဖြစ်မှာကို ​ကြောက်ရပြန်သည်။ သူ့လို မဟုတ်ဘဲ တည်ငြိမ်နေတဲ့ ဂျောင်ဝန်းကို ယုံကြည်ပေးဖို့က ထင်သလောက် မလွယ်ကူ။ အရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက နည်းနည်းနောနောမှ မဟုတ်ပေဘဲ။

" ဒီစကားကိုပဲ ပြောနေတာ လက်ချိုးရေလို့တောင် မရတော့ဘူး။ ခင်ဗျား ... အာ ... အစ်ကို စိတ်မပူပါနဲ့။ နောက်ဆုံးအနေနဲ့ ကျွန်တော့်ကို ယုံကြည်လိုက်လို့ ဖြစ်ပါတယ်။ "

အများကြီး တည်ငြိမ်လာတဲ့ ဂျောင်ဝန်းပုံစံက သူတို့နဲ့ အသားမကျသေးပေမဲ့၊ ယွန်ဆောင်းရဲ့မသိစိတ်က ဘာကြောင့် ကရုဏာသက်နေမိသလဲ မသိပါ။ သည်အတိုင်း စကားပြောနေတာတောင်မှ သနားစရာကောင်းနေသလိုမျိုး။

" ဂျောင်ဝန်း "

ကားသော့နဲ့ လိုအပ်တာတွေကို ယူပြီး အခန်းထဲကနေ ပြန်ထွက်လာတဲ့ ယွန်ဆောင်းက သူ့ကို ခေါ်တာမို့ ဆောင်းဟွန်းအခန်းဆီ သွားဖို့ပြင်နေရာကနေ ဂျောင်ဝန်းက ယွန်ဆောင်းဘေးသို့ ပြန်လျှောက်လာသည်။

အဓိပ္ပါယ်ဖော်ရခက်တဲ့ အကြည့်တွေက ဂျောင်ဝန်းအား တောင်းပန်နေသယောင်။ နှုတ်ကတော့ တစ်ခွန်းမှ မဟသေးချေ။ ပခုံးတစ်ဖက်ကို ခပ်သာသာ ဆုပ်ကိုင်လာတာကြောင့် ဂျောင်ဝန်း လန့်သွားမိတာတော့အမှန်။

" တောင်းပန်ပါတယ်။ "

ဆုပ်ကိုင်ထားတဲ့ ပခုံးကိုပဲ ဖွဖွပုတ်ပြီး၊ ထွက်သွားတဲ့ ယွန်ဆောင်းကို ဂျောင်ဝန်း မျက်စိတစ်ဆုံး ကြည့်နေမိသည်။ ဘာအတွက် တောင်းပန်သလဲဆိုတာကို ဂျောင်ဝန်း မသိ။ ထွက်သွားတဲ့ သူကိုယ်တိုင်လည်း သိပါ့မလား။ ဂျောင်ဝန်းနဲ့ ပတ်သက်ပြီး တောင်းပန်စရာတွေက များနေသည်လေ။

-

" နိုးပြီလား ? "

နိုးတစ်ဝက်၊ မနိုးတစ်ဝက် အနေအထားဖြစ်နေတုန်း အသံလာရာ အခန်းတံခါးဝဆီကို ကြည့်လိုက်တော့ လက်နှစ်ဖက်ကို ပိုက်ကာ တံခါးဘောင်ကို မှီလျက် ရပ်နေသည့်သူ။ ဆောင်းဟွန်း၏ မနက်ခင်းက ကောင်းမွန်သွားပြန်ပြီ။

𝖲𝗍𝗎𝖼𝗄𝗂𝗇𝗀 𝖨𝗇 𝖳𝗁𝖾 𝖦𝗋𝖾𝗒 𝖲𝖼𝖺𝗋𝗌जहाँ कहानियाँ रहती हैं। अभी खोजें