1.0 _

792 152 39
                                    

-UNICODE-

" လူတွေက မရှိတော့တဲ့အရာကိုမှ တန်ဖိုးထားတတ်တာ။ အဲ့တာမှ နာကျင်ရကောင်းမှန်းသိမှာ။ အထူးသဖြင့် သူပေါ့။ "

" သူကတော့ မင်းမရှိလည်း နာကျင်ရကောင်းမှန်း သိမှာမဟုတ်ဘူး။ သူ့မှာ တခြားလူရှိနေပြီးသားလေ ဟွန်းလေးရဲ့။ "

ယွန်ဆောင်း၏ခပ်အက်အက်အသံက အခန်းအတွင်း၌ သိသိသာသာ ဟိန်းထွက်နေသည်။ ကုတင်ပေါ်၌ အားလျော့စွာ လဲလျောင်းနေတဲ့သူကို ကြည့်ရင်း သူ့စိတ်တွေက ပို၍ နာကျင်လာရသည်။ နှုတ်ခမ်းတွေသည်လည်း သွေးရောင် ပျောက်လုနီးပါး။ သူသာ အချိန်မီ မတွေ့ခဲ့လျှင် မတွေးရဲစရာ။

ကာယကံရှင်ကတော့ ဘာမှမဖြစ်သလိုမျိုး ခြောက်ကပ်ကပ် ရယ်၏။ သူက တစ်စုံတစ်ယောက်အား နောင်တသေးသေးလေးဖြင့် နာကျင်စေရုံပါ။ တကယ်တမ်း နာကျင်ရတော့ သူကိုယ်တိုင်သာ။ ဒါကလည်း သူကိုယ်တိုင် ရွေးချယ်ထားခဲ့တဲ့ လမ်းဖြစ်တာမို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း အပြစ်မဆိုနိုင်။

" မင်းသာ တစ်ခုခုဖြစ်ရင် ယန်းဂျောင်ဝန်းကို အရှင်မထားဘူးဆိုတာ သိတယ်မလား။ "

" ကျွန်တော် ရွေးချယ်ခဲ့တာလည်း အဲ့လမ်းပဲလေ။ "

သူ့စကားက ယွန်ဆောင်းအတွက် အံ့သြစရာ မဟုတ်သော်ငြား၊ ဘေးမှာ ရပ်နေတဲ့ အန်းမင်းအတွက်ကတော့ မျက်စိမျက်နှာပျက်သည်အထိ အံ့သြသွားစေနိုင်သည်။ ဆောင်းဟွန်းသည် သူ့ကိုယ်သူ သေကြောင်းကြံစည်တာက အဲ့လိုဖြစ်စေချင်တာကြောင့်လားလို့ အန်းမင်း တွေးမိသည်။

" ဒါပေမဲ့လည်း မင်းမလုပ်နိုင်ခဲ့ဘူးလေ ဟွန်းလေး။ "

ဆောင်းဟွန်းဆီက ရယ်သံခပ်သော့သော့သည် ပေါ့ပါးစွာ ထွက်ကျလာပြန်သည်။ မှန်နေတာပဲ။ သူ,မလုပ်နိုင်ခဲ့ဘူး။ လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့သူက ဂျောင်ဝန်းကိုပါ နောင်တ,တပွေ့တပိုက်နဲ့ သူ့အနောက်ကို လိုက်စေချင်ခဲ့တာ။ ဒါမှမဟုတ် သူ့အစ်ကို၏ပယောဂဖြင့်။

သူသာ အပြီးတိုင် ပျောက်ကွယ်သွားပါက ယွန်ဆောင်းသည် ဂျောင်ဝန်းကို အလွတ်ပေးတော့မှာ မဟုတ်ဘူးဆိုတာ သူသိပ်သိတာပေါ့။ သူသာ ပျောက်ကွယ်သွားလျှင် ဂျောင်ဝန်းပါ တိတ်တဆိတ် ပျောက်ကွယ်သွားရမှာ။ အဲ့အချိန်ကျ တစ်နေရာရာမှာတော့ သူတို့နှစ်ယောက် ပြန်ဆုံနိုင်လောက်တယ် မဟုတ်လား။

𝖲𝗍𝗎𝖼𝗄𝗂𝗇𝗀 𝖨𝗇 𝖳𝗁𝖾 𝖦𝗋𝖾𝗒 𝖲𝖼𝖺𝗋𝗌Where stories live. Discover now