-UNICODE-
[ Actor Yang Jungwon is dating again with a unknown boy. ]
[ Is he a gay ? ]
[ Is the unknown boy also a actor ? ]
[ Who is he ? ]
°
လူတွေကြားထဲ Trending အဖြစ်ဆုံး Article တွေ။ ယန်းဂျောင်ဝန်းရဲ့ကုမ္ပဏီဘက်ကသာမက၊ စပွန်ဆာပေးထားတဲ့ ကုမ္ပဏီတွေဘက်ကလည်း ခေါင်းကိုက်နေရပြီ။ မပြီးမစီးနိုင်သော ယန်းဂျောင်ဝန်းရဲ့Dating Rumorတွေကြားထဲမှာမှ ပထမဆုံးသော ယောက်ျားတစ်ယောက်နဲ့ သတင်းထွက်ခြင်းမို့ လတ်တလောတော့ ပွက်လောက်ရိုက်နေဦးမှာ ကျိန်းသေပဲ။
" သူ့ကို အလုပ်ထုတ်လိုက်တော့။ "
အခန်းတံခါးကို မခေါက်ဘဲ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နိုင်တာ ယန်းဂျောင်ဝန်းအပါအဝင် လူနှစ်ယောက်သာ ရှိသည်။ အခု သူ့ဆီရောက်လာတဲ့သူက ယန်းဂျောင်ဝန်း ဟုတ်မနေဘူးဆိုတော့ ကျန်တစ်ယောက်။
" SNSကိုလည်း ကြည့်လိုက်ဦး။ ပုံတွေက ပလူပျံနေတာပဲ။ "
Maskတပ်ထားတဲ့ အမည်မသိ ကောင်လေးတစ်ယောက်နဲ့လက်ချင်းတွဲ ရယ်မောနေတဲ့ ယန်းဂျောင်ဝန်းရဲ့ပုံတွေက မမြင်ချင်မှအဆုံး။ သူကတော့ မမြင်ချင်လို့ တမင်ကို မကြည့်တာ။
" သူ့လိုလူကို ဆက်ထားမယ်ဆို ငါတို့ကုမ္ပဏီအတွက် ဘာအကျိုးမှရှိလာမှာမဟုတ်ဘူး။ "
" တဆိတ် ! ငါတို့တော့ မဟုတ်ဘူးထင်တယ်နော်။ ဒီကုမ္ပဏီက ကျွန်တော်တစ်ယောက်တည်း ပိုင်တဲ့ ကုမ္ပဏီပါ။ ကျွန်တော်ပိုင်တာမလို့ ကျွန်တော့်စိတ်တိုင်းကျ လုပ်မယ်။ အစ်ကိုက နေသာသလိုနေပါ။ "
" ဟွန်းလေး ! "
စိတ်ပူနေတာလား၊ ဒေါသထွက်နေတာလား ဆောင်းဟွန်း မသိချင်။ သိဖို့လည်း မလိုဘူးလို့ သူထင်သည်။ သူနဲ့သူ့အစ်ကိုရဲ့ရေစက်က ပြတ်သွားတာကြာပြီ။ ဂျောင်ဝန်းနဲ့စတွဲကတည်းက သူကိုယ်တိုင် ဖြတ်တောက်ပစ်ခဲ့တဲ့ ရေစက်ဆို ပိုမှန်မည်။
" အစ်ကို့စကားကို နားထောင်စမ်းပါ ဟွန်းလေးရာ။ "
အစ်ကိုက စိတ်ပူတဲ့လေသံနဲ့ ပြောလာတာမို့ ဆောင်းဟွန်း ရယ်ချင်မိသွားသည်။ စိတ်ပူစရာ မလိုလောက်အောင်ကို ဂျောင်ဝန်းနဲ့အတူရှိရတာက သူ့အတွက် ပျော်စရာကောင်းသည်။
YOU ARE READING
𝖲𝗍𝗎𝖼𝗄𝗂𝗇𝗀 𝖨𝗇 𝖳𝗁𝖾 𝖦𝗋𝖾𝗒 𝖲𝖼𝖺𝗋𝗌
Fanfiction𝖯𝖺𝗋𝗄 𝖩𝗈𝗇𝗀𝗌𝖾𝗈𝗇𝗀 & 𝖸𝖺𝗇𝗀 𝖩𝗎𝗇𝗀𝗐𝗈𝗇 & 𝖯𝖺𝗋𝗄 𝖲𝗎𝗇𝗀𝗁𝗈𝗈𝗇 | 𝐂 𝐎 𝐌 𝐏 𝐋 𝐄 𝐓 𝐄 𝐃