1.3 _

676 135 23
                                    

-UNICODE-



စားပွဲအောက်က သူ့လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။ လက်ဖျားတွေ အေးစက်နေတာက ဘာကြောင့်လဲဆိုတာကို ဂျောင်ဝန်း မသိဘူး။ သူ့ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ သူက ဂျောင်ဝန်းကို မျက်နှာသေနဲ့ ကြည့်နေသည်။ စားပွဲကို တတောက်တောက် အသံမြည်အောင် လက်နဲ့ တောက်နေရင်း စူးစူးရဲရဲ အကြည့်တို့ကိုလည်း အဆက်မပြတ် ထုတ်လွှတ်နေ၏။

ဂျောင်ဝန်း သူ့ကို တကယ်မကြောက်ဘူး။ ဆောင်းဟွန်းသာ အနားမှာ ရှိလျှင်ပေါ့။ ဂျောင်ဝန်းက လူကြောက်တတ်တဲ့ သာမန်လူသားတစ်ယောက်ဖြစ်ခဲ့တယ်လို့ပြောပါက ယုံကြည်ပေးမည့်သူက လက်ချိုးရေလို့ရလောက်မည်။ ပြောင်းလဲသွားတဲ့ သူ့ပုံစံက ဘယ်သူမှ လက်မခံနိုင်လောက်သည်အထိ ဖြစ်ခဲ့တာကိုး။ ဆောင်းဟွန်းကလွဲပြီး သူ့ကို အပြည့်အဝ နားလည်ပေးနိုင်မဲ့သူက ရှိမနေခဲ့ဘူး။ နားလည်ပါတယ်လို့ ပြောလာတာကလည်း အပိုစကားတွေဟုသာ ဂျောင်ဝန်းက သတ်မှတ်သည်။

" ဟွန်းလေးအကြောင်းကို သိပြီးလောက်ရောပေါ့။ အဲ့တာကြောင့်လည်း သူနဲ့ တရားဝင်တွဲဖို့ လက်ခံပေးခဲ့တာမလား။ "

ဒါက မေးခွန်းလား၊ သူ့ဘာသာသူ ပြောနေတာလားဆိုတာကို ဂျောင်ဝန်း မသိဘူး။ ဂျောင်ဝန်းအတွေးတွေကလည်း အတည်တကျ မရှိဘူး။ တကယ်လို့ မေးခွန်းတစ်ခုဖြစ်ခဲ့တယ်ဆိုလျှင်လည်း ဂျောင်ဝန်းအနေနဲ့ ဟုတ်မှန်ကြောင်းသာ ဖြေနိုင်လိမ့်မည်။

" မချစ်ရင်လည်း လက်လွှတ်ပေးဖို့သင့်ပြီလို့ မတွေးမိဘူးလား ? "

သည်မေးခွန်းမှာတော့ ဂျောင်ဝန်းနှုတ်ခမ်းပါးကနေ ဟက်ခနဲ ရယ်သံတစ်ချက်က ပီပီသသ ထွက်လာခဲ့သည်။ ထိုရယ်သံကြောင့်ပဲ ယွန်ဆောင်းက မျက်ခုံးတွေကို ပင့်ပစ်လိုက်၏။

သူ့ဘက်က တွန်းထုတ်တော့လည်း ပေကပ်နေခဲ့တာက ဘယ်သူလဲ။ ရှေ့ဆက်မတိုးမိအောင် ကြိုးစားပြန်တော့လည်း တောင်းပန်ခယခဲ့တာက ဘယ်သူမို့လို့လဲ။ ဒါတွေကို ပတ်ခ်ယွန်ဆောင်းက မသိတာလည်း မဟုတ်။ သိသိရဲ့နဲ့ ပြောနေတာက ဂျောင်ဝန်းအတွက် ခံရခက်သည်။

𝖲𝗍𝗎𝖼𝗄𝗂𝗇𝗀 𝖨𝗇 𝖳𝗁𝖾 𝖦𝗋𝖾𝗒 𝖲𝖼𝖺𝗋𝗌Where stories live. Discover now