Intro

19.4K 970 50
                                    


အေရးေပၚခန္းအေရွ႕မွာ ႐ူးမတတ္ျဖစ္လို႔ေနကာ မွန္မ်က္ႏွာျပင္ျခားထားရာမွတဆင့္ ျမင္ေနရေသာ။

မ်က္ရည္ေတြကအလူးအလဲက်ဆင္းကာ ရင္ဘတ္ထဲကြဲအက္ေနေလသည္။ ၾကားရသည့္သတင္းႏွင့္ ျမင္ရသည့္အျမင္က စုတ္ျပတ္သတ္လုနီးပါးခံစားရေတာ့ျခင္း။

”ေဆာင္းဟာ.. ”

ႏႈတ္ဖ်ားမွ အဆတ္မျပတ္ေရ႐ြတ္ကာ သူနာျပဳႏွင့္တာဝန္ရွိသူအခ်ိဳ႕၏ ခ်ဳပ္ႏွောင္မႈၾကားမွပင္ ႐ုန္းကန္ေနမိသည္။
အေဝးကၾကည့္လွ်င္ေတာင္ ေသြးေတြက နီရဲေနေတာ့တာ။

. .

”ေဟး ေက်ာင္းသားေတြ အတန္းမတက္ဘဲ ဘာလုပ္ေနတာလဲ ဘယ္အခန္းကလဲ ”

ပီေကဝါးေနသည့္ ေက်ာင္းသူမေလးတစ္ေယာက္ႏွင့္ ေယာက်္ားေလးႏွစ္ေယာက္အပါအဝင္ စုေဝးေနတာျဖစ္သည္။
ထိုထဲကမွ ေအးစက္ေသာမ်က္ႏွာေပးႏွင့္ ေကာင္ေလးက ေဆးလိပ္ကိုင္ထားေသးတာ။

”ေဆးလိပ္ေသာက္ေနတယ္? စည္းကမ္းထိန္းသိမ္းေရးေရာက္ခ်င္ေနၾကတာလား ဒီလိုေက်ာင္းကိုလာၿပီး”

ေဆးလိပ္အား ေျခေထာက္ဆီသို႔ပစ္ခ်ကာနင္းေျခသည္။

”ရၿပီလား ”

ယဥ္ေက်းျခင္းအမူအရာကင္းမဲ့စြာတုံ႕ျပန္ၿပီး ဂ႐ုမစိုက္ဟန္လုပ္ကာထြက္သြားသည္။

နာမည္ကဒ္ျပားကို ဖတ္မိလိုက္ရသည္က ကြၽန္ေတာ္သင္တဲ့အခန္းကျဖစ္သည္။

'Jeon Jungkook '



Unicode

အရေးပေါ်ခန်းအရှေ့မှာ ရူးမတတ်ဖြစ်လို့နေကာ မှန်မျက်နှာပြင်ခြားထားရာမှတဆင့် မြင်နေရသော။

မျက်ရည်တွေကအလူးအလဲကျဆင်းကာ ရင်ဘတ်ထဲကွဲအက်နေလေသည်။ ကြားရသည့်သတင်းနှင့် မြင်ရသည့်အမြင်က စုတ်ပြတ်သတ်လုနီးပါးခံစားရတော့ခြင်း။

”ဆောင်းဟာ.. ”

နှုတ်ဖျားမှ အဆတ်မပြတ်ရေရွတ်ကာ သူနာပြုနှင့်တာဝန်ရှိသူအချို့၏ ချုပ်နှောင်မှုကြားမှပင် ရုန်းကန်နေမိသည်။
အဝေးကကြည့်လျှင်တောင် သွေးတွေက နီရဲနေတော့တာ။

. .

”ဟေး ကျောင်းသားတွေ အတန်းမတက်ဘဲ ဘာလုပ်နေတာလဲ ဘယ်အခန်းကလဲ ”

ပီကေဝါးနေသည့် ကျောင်းသူမလေးတစ်ယောက်နှင့် ယောကျ်ားလေးနှစ်ယောက်အပါအဝင် စုဝေးနေတာဖြစ်သည်။
ထိုထဲကမှ အေးစက်သောမျက်နှာပေးနှင့် ကောင်လေးက ဆေးလိပ်ကိုင်ထားသေးတာ။

”ဆေးလိပ်သောက်နေတယ်? စည်းကမ်းထိန်းသိမ်းရေးရောက်ချင်နေကြတာလား ဒီလိုကျောင်းကိုလာပြီး”

ဆေးလိပ်အား ခြေထောက်ဆီသို့ပစ်ချကာနင်းခြေသည်။

”ရပြီလား ”

ယဥ်ကျေးခြင်းအမူအရာကင်းမဲ့စွာတုံ့ပြန်ပြီး ဂရုမစိုက်ဟန်လုပ်ကာထွက်သွားသည်။

နာမည်ကဒ်ပြားကို ဖတ်မိလိုက်ရသည်က ကျွန်တော်သင်တဲ့အခန်းကဖြစ်သည်။

'Jeon Jungkook '


The Greatest Love (Outro Completed)Where stories live. Discover now