Extra Ending

20.6K 392 29
                                    

"ဒီနေ့ပြန်မှာပေါ့..."

"အင်း၊ ကောင်းမိဘတွေလည်း ရောက်နေတယ်ဆိုတော့လေ...မပြန်လို့ မရတော့ဘူးလေ"

အိမ်မှာရှိနေသည့် ဆွေမျိုးတွေထက်အရင် အကွေးတို့မိသားစုကပဲ အိမ်ကနေထွက်လာခဲ့ရသည်။ မကြာခင်မှာ ပိတ်ရက်ကလည်းကုန်ဆုံးတော့မည်၊ ကောင်းသည်လည်း အကွေးတို့အိမ်မှာ အမျိုးတစ်သိုက်နဲ့ အနေခက်ပုံရတာကြောင့် အိမ်ပြန်ဖို့အတွက်ကို အကွေးကပဲ လောဆော်ခဲ့တာဖြစ်သည်။

လပြည့်ကျော်တစ်ရက်နေ့ ညနေပိုင်းမို့ နေပြည်တော်အိမ်သို့ရောက်လျှင် မိုးချုပ်ချိန်ဖြစ်ပြီး မှောင်ပိန်းနေလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း အိမ်တစ်ခုလုံးသည် ဆီမီးများဖြင့် လင်းထိန်းလို့နေသည်ကြောင့် ကားပေါ်ကနေ ဆင်းဆင်းချင်းမှာပဲ အိမ်ထဲသို့ပြေးဝင်ခဲ့လိုက်သည်။

"လျှော်လဲမယ် အကွေး..."

နေခြည်နဲ့ ရောင်ဝါကို ကားပေါ်ကနေဆင်းစေပြီး တင်ဆောင်လာခဲ့သော ပစ္စည်းတစ်ချို့ကို ကားပေါ်ကနေ သယ်ယူကာ အိမ်ထဲဝင်ခဲ့လိုက်တော့ အိမ်ထဲဝင်သွားသည့်အချိန်ကလိုမဟုတ်ပဲ ဧည့်ခန်းမှာငြ်ိမ်ငြိမ်လေးထိုင်နေသည့် အကွေးကို တွေ့လိုက်ရသည်။

"ကောင်း....."

"အင်း..ကျွန်တော်ရှိတယ် အကွေး"

လက်ကပစ္စည်းတွေကို အောက်ချပြီး သူမလေးအနားသို့ သွားကာ ရပ်လိုက်တော့ ချက်ချင်းဆိုသလို ကျွန်တော့်ရဲ့ခါးကိုမှီလာသည့် ခေါင်းလေးကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ဆိုဖာလက်ရန်းနဲ့အကွေးနဲ့ကြားက နေရာရာသေးသေးလေးမှာဝင်ထိုင်ပြီး အကွေးကိုပွေ့ပိုက်ထားလိုက်သည်။

ထိုချက်ချင်းမှာပဲ...
"မင်းတို့မလာလို့ ငါလာခဲ့တာပဲ။ ဒါပေမယ့် ခရီးရောက်မစိုက်ပဲ နောက်ပိုင်းမှာ လုပ်ကွက်တစ်ချို့အရေးပေါ်ဖြစ်လို့ ငါပြန်ရတော့မယ်။"

"ဟုတ်ကဲ့ ဖေဖေ..."

ဆိုဖာတွင်မိန့်မိန့်ကြီး ထိုင်နေသော အဖေဖြစ်သူဆီကို မကြည့်ပဲ ဇနီးသည်၏မျက်နှာကိုသာ အရိပ်တကြည့်ကြည့်နဲ့ကြည့်ရင်း စကားဆိုလိုက်သည်။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now