အပိုင်း (၁၁)

11.3K 474 53
                                    

"လခြမ်းကွေးနဲ့ တွေ့ချင်လို့ပါ"

ဆိုင်ကယ်အနောက်မှာ လူတစ်ကိုယ်စာလောက် ဝက်ဝံရုပ်ကြီးကို တင်လာတဲ့ ကယ်ရီသမားကို မိုးဟိန်းတစ်ချက်ကြည့်လိုက်သည်။ဘွဲ့ယူပြီးလို့ အကွေးနဲ့သန္တာက အဆောင်ထဲဝင်ပြီး သူတို့အဆောင်က အငယ်တွေကို ဘွဲ့ဝတ်စုံပြန်အပ်ပေးဖို့သွားပြောနေသည်။

ဒီအချိန်မှာပဲ သူမတို့အဆောင်ရှေ့ကို ကယ်ရီသမားရောက်လာခြင်း။

"ဘယ်သူလဲဟ.."
အဆောင်ထဲကနေ အပြင်ထွက်လာတဲ့လခြမ်းကွေး။ပုံမှန်နဲ့ အနည်းငယ်မဟုတ်ပဲ တော်တော်ကြီးကွဲလွဲနေသည့်သူမ။ဆံပင်ကိုကောက်ပြီး ဆံထုံးထုံးထားသည်မို့ အခု ဘွဲ့ယူပြီးလို့ ဆံထုံးဖြေထားသည့်အချိန်မှာ လှိုင်းတွန့်လေးတွေက သူမပခုံးအထက်မှာ ဖြာကျနေသည်။

အမရပူရကနေ သွားဝယ်ထားတဲ့ ချိတ်ဝမ်းဆက်ကလည်း ၂၅၀၀၀၀ပေးရသည်မို့ တန်ဖိုးနှင့်အညီ သခွားနုရောင်လေးဟာ ပြိုးပြိုးပြက်ပြက် လက်ထွက်နေ၏။အခြောက်တွေရဲ့ စနစ်တကျပြင်ပေးခြင်းခံရတဲ့ မျက်နှာအထက်မှာလည်း ညီညာပြီးတောက်ပနေတဲ့ မိတ်ကပ်အပြင်အဆင်တွေနှင့် အားလုံးက ကြည့်လို့ကောင်းတယ်ဆိုတာထက်တော့ ပိုသည်။

သူမနောက်က သန္တာကလည်း မရမ်းနုရောင် ဝမ်းဆက်လေးနှင့် လိုက်ဖက်စွာပင်ရှိသည်။

"Deli ပို့တာပါ။အမက လခြမ်းကွေးမဟုတ်လား...
အမအတွက် မန္တလေးကနေ လက်ဆောင်ရောက်လာလို့ လာပို့ပေးတာပါ"

"အယ် မြတ်ဘုန်းလား"

"ဟုတ်ကဲ့ ဒီမှာလက်ခံရရှိကြောင်းလေး လက်မှတ်ထိုးပေးပါနော်"

လခြမ်းကွေးအမြန်ပင် လက်မှတ်ထိုးပေးပြီး ထိုအရုပ်အကြီးကြီးကို လက်လွှဲယူလိုက်သည်။စာမေးပွဲနောက်ဆုံးနေ့က ဓာတ်ပုံကိစ္စကြောင့် နာကျင်ခဲ့ရသည်။ပိုပြီးနာကျင်တာက ပိတ်ရက်မှာ မြတ်ဘုန်းပြန်မလာတာပင်။သူဘာတွေလုပ်နေလဲဆိုတာကိုလည်းမသိရ၊ အရင်ကဆို active nowလေးကြည့်ပြီး မြတ်ဘုန်းနဲ့နီးသလိုခံစားရသေးသည်။

ဓာတ်ပုံတတ်လာပြီး နောက်ပိုင်းတော့ မြတ်ဘုန်းရဲ့accountဟာ FBမှာမရှိတော့။ သူ accountဖျက်သွားသည်လေ။ သူမ ဆီကိုလည်း ဘာမှအကျိုးအကြောင်းမပြောပဲ အဆက်အသွယ်ဖြတ်ထားသည်က အခုသူမဘွဲ့ယူပြီးကာမှ အရုပ်တစ်ရုပ်ကို လက်ဆောင်ပို့ပေးသည်တဲ့။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now