အပိုင်း (၃၂)

9.7K 383 24
                                    

"လောကမှာ အဆိုးဆုံးရန်သူက ဘယ်သူလဲဟင် ကောင်း"

Laptopအသုံးပြုနေသည့်သူမသည် ကလေးတွေနှင့် ဆော့နေပေးတဲ့ ကျွန်တော့်ဆီကို မေးထောက်ငေးကြည့်ကြည့်ရင်းမှ မေးလေသည်။

"အထီးကျန်ဆန်မှုက အဆိုးဝါးဆုံးရန်သူပဲ အကွေးရ။"

"ဟင် !"

ချက်ချင်းပဲ ထိုင်နေရာမှ ထ,ပြီး ကျွန်တော့်ဆီကို လျှောက်လာပြီဖြစ်တဲ့ ကျွန်တော့်အကွေး။

"အင်ဒူလင်ပြောတာတော့ အချစ်ပဲတဲ့။ အချစ်က လောကမှာ အဆိုးဝါးဆုံးရန်သူတဲ့။ တကယ်လည်း ဟုတ်တယ်ထင်တယ်။ အခု အင်ဒူလင့်ကိုပဲ ကြည့်လေ။ မန်နေဂျာကြီးကြောင့်နဲ့ ခံစားနေရပြီ။ ယောကျာ်းတွေ မကောင်းဘူး ကောင်း...ချစ်တယ်ပြောပြီး ဘာလို့ အဆုံးထိမချစ်ကြတာလဲဟင်။ နောက်ဆုံးတော့ ချစ်ခဲ့မိတဲ့ မိန်းမတွေပဲ နာကျင်ရတာ။ အရမ်းဆိုးဝါးတာပဲ"

"ဒါဆို မိန်းမတွေဖောက်ပြန်တာမျိုးရော အကွေးကြားဖူးရဲ့လား။"

"အင်း ကြားဖူးတယ်။ ငါတို့ကျောင်းတတ်တုန်းက ငါတို့အတန်းထဲက ကောင်လေးလေ သူ့စော်ကထားသွားလို့ဆိုပြီး လက်ကောက်ဝတ်ကသွေးကြောကို ဖြတ်ဖို့လုပ်နေတာ။ သူ့သူငယ်ချင်း မြင်ပြီးတားလိုက်လို့ပေါ့...မဟုတ်ရင် မတွေးရဲစရာပဲ။"

"ဒါဆို မိန်းမတွေကရော..."

"သြော် ဟုတ်သားပဲ။ ဒါဆို မိန်းမတွေလည်း မကောင်းဖူးပဲ"

ကျွန်တော့် အကွေးက ကျွန်တော့်ဘေးမှာထိုင်ပြီး ငြိမ်သက်နေပြီ။ဒါကြောင့် ကျွန်တော်ကပဲ သူမလေးကို ရှင်းပြရတော့မည်။
"လူတွေပဲ အကွေးရာ၊ ခံစားချက်ဆိုတဲ့ အရာက ကြောက်စရာကောင်းတာတော့မှန်တယ်။ ဒါကလည်း လူတွေရဲ့မကောင်းတဲ့လုပ်ရက်ကြောင့်ပါ။ တကယ်လို့ ကိုယ့်ခံစားချက်ကို ကိုယ်တိုင်သာ ထိန်းချုပ်နိုင်ရင် အချစ်ကလှပါတယ် အကွေးရ"

"ဒါဆို ယောကျာ်းရော၊ မိန်းမရောက မကောင်းဖူးလားဟင်။ ဒါကြောင့် ငါတော့ သားနဲ့သမီး အိမ်ထောင်ကျပြီး နောက်ပိုင်းရောက်ရင် သီလရှင်ဝတ်ဖို့စိတ်ကူးတယ်"

"ဗျာ..."
သူမရဲ့ ခပ်တွေတွေ အပြောမှာ အံ့သြသွားရသူက ကျွန်တော်။ သူမလေး ဘာတွေတွေးနေပြီလည်း ဆိုတာကို အနီးစပ်ဆုံးစဥ်းစားပြီး အဖြေပေးနေချိန်မှာ သူမဟာ ကျွန်တော်လုံးဝမတွေးမိတဲ့ အရာကို ပြောချလိုက်သည်။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now