Extra (1)

12.3K 385 12
                                    

"ခဏပဲ စောင့်နော် ကောင်း..."

ဤသို့ အော်နေသည်မှာ ၅ခါရှိနေပြီဖြစ်သော်လည်း သူမလေးက အခုထိ ထွက်မလာသေးပေ။ စောင့်ရလို့ စိတ်မရှည်ဖြစ်နေတာမဟုတ်ပဲ နောက်ကျမှာ စိုး၍ စိတ်ပူနေခြင်းဖြစ်သည်။

သီတင်းကျွတ်အားလပ်ရက်ရှိသည်ကို အင်ဒူလင့်ဆီပြောပြတော့ အင်ဒူလင်က စိတ်ဝင်တစားဖြစ်ကာ သူလည်း လာမည်ဟု ဆိုသည်။ ထို့ကြောင့် အင်ဒူလင်ကို သွားကြိုရမည်ရက်မတိုင်ခင် တစ်ပတ်အလိုတည်းက အကွေးမှာ အင်္ကျီရွေးခြင်းနှင့်အလုပ်ရှုပ်နေခဲ့သည်။ သွားကြိုမည့် အချိန်နီးသည်အထိ သူမလက ပြင်လို့မပြီးနိုင်ဖြစ်နေသည်။

"ကောင်း..."

"ဗျာ..."

"လှလားဟင်။ အရမ်းကြီး မြင်ရတာ ပြားကပ်နေလား"

သူမရဲ့ ဂျိုင်းအောက်ဆီကနေ အောက်ဘက်သို့ လက်ဖြင့် ရွေ့လျားပြရင်း ခန္ဓာကောက်ကြောင်းရဲ့ အလှတရားကို ဖော်ညွှန်းပေးဖို့ တောင်းဆိုနေသည်။

ဆံပင်ကို အလယ်ကနေခွဲပြီး ရိုးရိုးလေးသာ ချထားသည်က ဝတ်စုံ၏ဆန်းပြားမှုနှင့်လိုက်ဖက်မှုရှိလှပါသည်။

လစ်ဟင်းနေသည့် ရင်နှင့် ခါး အကြားရှိ ဝါဝင်းသော အသားအရည်သည် အနက်ရောင် အင်္ကျီကို ပိုလို့ထင်းထွက်နေစေသည်။ စကတ် အဝဲဟုပြောလျှင်ရသော အနက်ရောင် ဇာပါး စကတ်သည် အတွင်းရှိ Gucciတံဆိပ်ပါ အတွင်းဝတ် ဘောင်းဘီအနက်ရောင်လေးကို မြင်နေရသည်။

ချက်နေရာဆီမှ ဝတ်ဆင်ထားသည့် စိန်ပွင့်သေးသေးလေးတွေမြှပ်နှံထားပါသော လေးနှင့်မြှားချိတ်တွဲထားသော ထိုပိစိသေးသေးလေးသည် ကျွန်တော့်ရင်ကို ပစ်ခွင်းမည့် လေးညှို့ရှင်အလား။လှသည် အရာအားလုံးထက်ပိုလို့ လှသည်။ သူမရဲ့ခန္ဓာနဲ့ မလိုက်ဖက်တဲ့အဝတ်အစား၊ အရိုင်းဆန်တဲ့ အဝတ်အစားဆိုသည်က ကျွန်တော့်မျက်စိတွင် ရှိမနေ။ ဘာလိုပုံစံပဲ ဝတ်ဝတ် သူမက ပုံစံအမျိုးမျိုးနဲ့ကို လှနေတော့တာ။ ကျွန်တော့်အကွေးက သိပ်လှတဲ့ အမျိုးသမီး။

"အကွေးလို လှတဲ့သူ မရှိဘူးဗျ။"

တစ်ကိုယ်လုံးကို စေ့စေ့ကြည့်ပြီးမှ ပြီတည်တည်ပြုံးကာဖြင့် ထိုသို့ပြောလေတော့ အကွေးမှာ ရှက်သလိုလို၊ ပူသလိုလို ခံစားလာရသည်။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now