Extra starting

10.2K 300 16
                                    

"ဒါလေးလိုချင်တယ်လေ..."

"ဟုတ်ကဲ့။ မေးခွန်း၃ခုကို မှန်အောင်ဖြေနိုင်ရင် လက်ဆောင်ရမှာပါရှင့်"

"ကောင်း စဥ်းစားကူဦးနော်။"

"အင်းပါ။ အကွေးသဘော..."

"အနော်ရထာက ပုဂံမင်းဆက် ဘယ်နှဆက်မြောက်မင်း ဖြစ်ပါသလဲ"

"အို ဘယ်သိမလဲ။ ကြာပြီပဲကို..."

"အကွေးရာ..."

အနားကပ်ပြီး ခပ်တိုးတိုးဆိုသည်က...
"ငါတကယ်မသိတာ ကောင်းရဲ့" တဲ့။

ဒါနဲ့ အရောင်းဆိုင်က ကောင်မလေးက နောက်ထပ်မေးခွန်းထပ်မေးသည်။

"သီတင်းကျွတ်မှာ လူအများစုက လူကြီးမိဘတွေကို ဘာဖြစ်လို့ကန်တော့ကြတာလဲ"

"လက်အုပ်ချီပြီးပေါ့..."

"ဟော..."

"ငါပြောတာ မှားလို့လား"

ထုံးစံအတိုင်း မျက်လုံးလေးတွေဝိုင်းလာပြီး မေးတော့ ကောင်းမှာ လူမြင်ကွင်းဆိုတာကို မထိန်းနိုင်တော့ပဲ ဆံနွယ်တစ်ချို့ကျနေသည့်နဖူးပြင်အပေါ်ကို ခပ်နင့်နင့် နမ်းရှိုက်မိသည်။
"ကျွန်တော့် အကွေး မှန်တယ်။"

"ကဲ အကိုနဲ့အမတို့ သွားလို့ရပါပြီ"
(မျက်စိရှေ့မှာ လာRoနေတာကိုတဲ့။)

"ဗျာ...."

"မေးခွန်းသုံးခုမှာ အနည်းဆုံးနှစ်ခုမှန်မှ လက်ဆောင်ရတာပါရှင့်။ အခုက နှစ်ခုစလုံးမှားတယ်ဆိုတော့ နောက်မေးခွန်းမှန်လည်း မရပါဘူး"

"ဘယ်လိုလုပ်မလဲ ကောင်း။
ငါလိုချင်တယ်လေ..."

"ဝယ်ပေးမှာပေါ့ အကွေးရ။ ကျွန်တော့်မှာ ပိုက်ဆံတွေအများကြီးရှိတာပဲ။ အကွေးလိုချင်တာ မှန်သမျှရစေရမယ်ဗျာ။ ဒီ့ထက်ပိုလှတာလေးတွေလည်း ဝယ်ပေးမယ်"

မျက်စိရှေ့မှာရှိနေသည့် သမင်ရုပ်လေး၏ ဂျိုလေးနှစ်ချောင်းက ရောင်စုံမီးလေးတွေ မှိတ်တုပ်မှိတ်တုပ်နဲ့ သိပ်လှနေသည်ကို အကွေးမှာ အကြည့်မခွာနိုင်ပဲ ဖြစ်နေသည်။

"အဲ့ဒီအရုပ်ထက် ပိုလှတာ ကျွန်တော် ဝယ်ပေးမယ်။"

"အဲ့တာလေးပဲ လိုချင်တာ.."

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now