အပိုင်း (၂၂)

11.8K 483 24
                                    

"ကောင်း သိလား။ငါတို့ရွာရဲ့အလယ်မှာ ဗောဓိပင်ကြီးရှိတယ်...အဲ့ဒီရဲ့နောက်မှာ လမ်းလေးပဲခြားထားတဲ့ ကျွဲအုပ်တွေနဲ့အိမ်ရှိတယ်။"

ရှိုက်သံတွေဆဲခါနီးမှာ ပေါ်ထွက်လာတဲ့ စကားသံမို့ ကောင်း အသေအချာပင် နားထောင်နေမိသည်။သူမလေးက စကားကို ဆက်မပြောသည်မို့ သူမကျောကို ပွက်သပ်ပေးနေရင်းကနေ ကောင်း အသံပြုမိသည်။
"အင်း...."

"ဒါဆို ကောင်း ကျွဲနို့ညှစ်တာမြင်ဖူးလားဟင်"

ခါးကို ဖက်တွယ်ထားရာကနေ ခွာပြီး မတ်တပ်ရပ်ထားတဲ့ ကောင်းထံသို့ ငေးမော့ပြီး မေးသည်။ မျက်ရည်ကျပြီးခါစမို့လားတော့မသိ မျက်ဆံလေးတွေက ရွှန်းစိုနေသည်။

"နွားကိုပဲမြင်ဖူးတယ်၊ တစ်ခါထဲပါ။"

"အင်း ငါဆို ငယ်ငယ်ကလျှောက်သွားရင်းနဲ့ အဲ့ဒီဖက်ခဏခဏ ရောက်တယ်။ဦးဒန်းဘား က အသားမဲတယ်ကောင်းရဲ့၊ ကျွဲနို့ကလည်း သေချာပေါက်မဲတာပေါ့....ဒါပေမယ့်နော် ဦးဒန်းဘားရဲ့လက်နဲ့ ကျွဲနို့ ပေါင်းစပ်လိုက်လို့ ထွက်ကျလာတဲ့ ကျွဲနို့ရည်လေးတွေကတော့ ဖွေးနေတာပဲ"

"အင်း ကျွဲနို့က နွားနို့ထက် ပိုဖွေးတယ်လို့ ပြောသံကြားဖူးတယ်။ ကျွန်တော်တော့ ကျွဲနို့မသောက်ဖူးဘူး ထင်တယ်။"

" ငါပြောချင်တာ ကောင်းရာ အဖြူရောင်တွေကြည့်များသွားရင် တခြားအရောင်ဖြစ်သွားလားဆိုတာပဲ........ငါတော့ ပြောင်းမသွားဖူးထင်တာပဲ၊အဖြူရောင်က အဖြူရောင်ပေါ့။ငါ တကယ်ချစ်ခဲ့ပြီးမှ မချစ်တော့ မဟုတ်ဘူးလားဟင်"

ဘာလို့များ ကျွဲနို့အကြောင်းပြောနေပါ့လိမ့်လို့ စဥ်းစားခဲ့သော်လည်း ထုံးစံအတိုင်း ကောင်းရဲ့စဥ်းစားချက်ဟာ မမှန်ကန်ခဲ့ပါ။ ငိုနေရင်းနဲ့ နို့သောက်ချင်တာလား လို့ ထင်ခဲ့ပေမယ့် သူမက စားပွဲပေါ်မှာ ဖွင့်လျက်တင်ထားတဲ့ အကိုမြတ်ဘုန်းရဲ့စာထဲမှ အဖြူရောင်တွေနဲ့ ရစ်ပတ်နှောင်ဖွဲ့လွန်းအားကြီးလို့ တခြားအရောင်ပြောင်းသွားတာဆိုတဲ့ စာကြောင်းကို သူမ စဥ်းစားနေသည်။

အခုချိန်မှာ ရယ်ချင်တာထက် ဘာပြန်ဖြေပေးရမလဲဆိုတာက အဓိက ကျနေသည်။ အကွေးချစ်ခဲ့တာပါလို့ ဖြေလျှင်လည်း အကွေးကတစ်သက်လုံး ဒီတိုင်းထင်နေမည်။ အကွေးအထင်မှားခဲ့တာပါလို့ ဖြေလျှင်လည်း အကိုမြတ်ဘုန်းအပေါ်မှာ ကောင်းဘက်က ရက်စက်ရာကြမည်။ ဤသို့ ဖြင့် အဘက်ဘက်က စဥ်းစားရကျပ်နေစဥ်မှာ.....

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now