မနက်ခင်းရဲ့အစ ခင် တစ်ယောက် သူမ၏ဆံနွယ်ရှည်တွေအားသေချာဖီးလိမ်းနေလေရဲ့။ခင် ဟာမာနကြီးသလို သိပ်လှတဲ့မိန်းမ။
သိပ်ကိုတွေးရခက်တဲ့မိန်းမ။ခင့်အကြောင်းပြောရရင် .....မိန်းမတန်မဲ့..ပွဲရုံတစ်ခုကိုဦးဆောင်နေတာမျိုး။ယောက်ျားတကာကစွဲလန်းသော်ညား လင်ယောက်ျားကိုအားမကိုးချင်သူ။ခင်ဟာ..နာမည်နဲ့လိုက်အောင်မာယာများတဲ့မိန်းမ ။"ခင်"
"အို...!ခင့်အခန်းထဲ တံခါးမခေါက်ပါဘဲ ဝင်ချင်သလို ဝင်လာရသလား
ကိုဘမောင်"ခင်ဟာအနည်းငယ်လန့်သွားသည်။ဖီးလက်စဘီးကိုတောင် အယောင်ယောင်အမှားမှား မှန်တင်ခုံဆီပစ်ချထားလိုက်ပါသည်။
"ဟို အဲ့ဒီ့လိုမဟုတ်ပါဘူး ခင်ရယ် ကျွန်တော်ကလေ အိမ်မှာ ကြာဇံချက် ချက်လို့ခင့်ဆီလာပို့တာပါ"
ကြာဆံချက်ဆိုကာမှသာ စိတ်ပြေသလိုရှိသည့်ခင်ဟာ ဘာစကားမှမပြောသေးပါပဲ
ကိုဘမောင်အား အသာအယာကြည့်နေပြန်သည်။"ခင် မကြိုက်ဘူးလားဟင်"
" ကြာဇံချက်ပဲ ခင်သိပ်ကြိုက်တာပေါ့ခင့်အတွက်တော့ များများ ထည့်လာခဲ့တယ်မဟုတ်လား ကိုဘမောင်"
"အာ ဒါပေါ့ဗျာ ခင့်အကြိုက် တွေမို့ အများကြီးထည့်လာခဲ့ပေးတာပါ "
ခုနကလေးတင် အခန်းထဲ တံခါးမခေါက်ဘဲဝင်လာလို့ အော်ငေါက် နေသည့်ခင်ဟာ အခုကြပြန်တော့လည်း ကလေးတစ်ယောက်လိုသူကြိုက်တာလေးပါလာလို့ ပျော်မြူးနေလေရဲ့...
ယောက်ျားတစ်ယောက်ကအခန်းထဲ အထိရောက်လာတာတောင် အထူးတလည်မမှုသည့်ခင်ဟာ ပတ်ဝန်းကျင်ကိုလည်းဂရုမစိုက်ခဲ့။