Chapter 7

461 125 2
                                    

Zawgyi

Author: Gong Zi Yu Ge

Mrs.ရန်ရဲ့မွေးနေ့ပွဲက သက်ဝင်လှုပ်ရှားနေပြီးတော့ ခမ်းနားတယ် သူမကအရက်သောက်ပြီးတော့ တက်ကြွနေတယ် ဒါပေမဲ့လည်း သူမကတစ်ခုခုထူးဆန်းနေတာကိုသတိထားမိတယ် အရင်တုန်းက ရန်ချွီးချီကိုဘဲမျက်စိဒေါက်ထောက်ကြည့်နေတဲ့ ရှန်ကျင်းထျန်က ရုတ်တရက် သူ့စိတ်ကိုပြောင်းလဲလိုက်ပြီးတော့ ရန်ချွီးချီကိ ဆက်တောင်မကြည့်တော့ဘူး

Mrs.ရန်က ရန်ချွီးချီကို ဧည့်ခန်းထဲခေါ်ပြီးမေးလိုက်တယ် "ဘာတွေဖြစ်နေတာလဲ?"

ရန်ချွီးချီကမေးလိုက်တယ် "ဘာကိုလဲ?"

မင်းနဲ့ကျင်းထျန်လေ"Mrs.ရန်ကပြောလိုက်တယ် မင်းသူ့ကိုအနိုင်ကျင့်ပြန်ပြီလား?"

အနိုင်ကျင့်တာလား? ရှန်ကျင်းထျန်လို masochistတစ်ယောက်ကို အနိုင်ကျင့်ရလောက်အောင် သူကတကယ်ရိုင်းစိုင်းနေလို့လား?

ရန်ချွီးချီက ငြိမ်နေလိုက်တယ် သူ့အမေကရှန်ကျင်းထျန်ကိုဘယ်လောက်ချစ်တယ်ဆိုတာသူအမြဲတမ်းသိတယ် ရှန်ကျင်းထျန်အကြောင်းကိုသူပြောမှာမဟုတ်ဘူး

Mrs.ရန်: "မင်းဘယ်လိုလူမျိုးကို ရှာတွေ့နိုင်မလဲဆိုတာကြည့်ဦးမယ် မင်းကိုတကယ်ချစ်မြတ်နိုးတဲ့သူကိုရှာတွေ့တာက တကယ့်ကံကောင်းခြင်းဆိုတာကိုမင်းသိလာလိမ့်မယ် မင်းကိုဒီလောက်ချစ်ပြီးလုပ်ကိုင်ပေးတဲ့သူကိုမင်းဘယ်မှာသွားရှာလို့ရမှာလဲ?"

ကျွန်တော့်မှာ လက်တွေခြေတွေရှိတယ် ပြီးတော့ သူများလုပ်ပေးတာကိုမလိုဘူး"ရန်ချွီးချီကပြောလိုက်တယ် "အခြားဘာမှမရှိတော့ဘူးဆို ကျွန်တော် အရင်သွားနှင့်မယ်"

Mrs.ရန်ကအရမ်းစိတ်တိုသွားတယ်

သူ့သားက လူတစ်သန်းမှာ တစ်ယောက်လောက်သာထူးချွန်သလိုမျိုး အရာအားလုံးမှာတော်တယ် အဲ့ဒါကသူမ မကြိုက်တဲ့တစ်စုံတစ်ယောက်ကို သူကရှာနေတယ် ရှန်ကျင်းထျန်က ရန်ချွီးချီသူ့ကို ဘာ့ကြောင့်ငြင်းဆန်နေရတဲ့အကြောင်းပြချက်က သူကသူတို့ကုမ္ပဏီရဲ့ ယောက်ျားလေး အနုပညာရှင်ဖြစ်တဲ့ ပိုင်ချင်းကွမ်လို့ခေါ်တဲ့တစ်ယောက်ကြောင့်လို့ သူမကိုပြောပြခဲ့တယ်

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now