Chapter 22

475 121 2
                                    

Zawgyi

Author: Gong Zi Yu Ge

သူက သူ့အသက်ကိုချစ်မြတ်နိုးပြီး သေခြင်းတရားကိုမုန်းတယ် လီရှုက အချစ်အမုန်းအရမ်းအားကောင်းတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ သူကအဲ့ဒါကိုဖုံးကွယ်တဲ့နေရာမှာ အရမ်းတော်တယ်

ရှန်ကျင်းထျန် ဇာတ်ညွှန်းကိုဖတ်မိတဲ့အခါတိုင်း သူကပိုပြီးတော့ဇာတ်ကောင်ကိုချစ်မိလေဘဲ

အမျိုးသားခေါင်းဆောင်ကိုသာလွန်ဖို့ဆိုတာခက်ခဲတယ် အများအားဖြင့် နောက်ပိုင်းဇာတ်ကောင်တွေက သိပ်မကောင်းကြဘူး ဒါပေမဲ့ ကောင်းကောင်းသာသရုပ်ဆောင်နိုင်ခဲ့ရင် သူတို့က ခေါင်းဆောင်မင်းသားကိုတောင်ကျော်သွားနိုင်တယ်

အရှေ့နန်းတော်က လာနေပြီ ဇာတ်ကားက ရိုက်ကူးနေစဉ်မှာဘဲ ထုတ်လွှင့်ပြသ သွားမှာဖြစ်တယ် ဒါက ရှန်ကျင်းထျန် ပထမဆုံးအကြိမ် အဲ့လိုမျိုးကြိုးစားသရုပ်ဆောင်ခြင်းဖြစ်တယ် အချိန်ဇယားကိုကြည့်လိုက်မိတော့ ရုပ်ရှင်စရိုက်ပြီးတော့တစ်လအကြာမှာထုတ်လွှင့်သွားမှာဖြစ်တာကြောင့် အချိန်ဇယားကတော်တော်လေးကျပ်နေတယ်

အဲ့လိုမျိုးထုတ်လွှင့်တာရဲ့ဆိုးကျိုးကတော့ ထုတ်လွှင့်ပြသတဲ့TVစီးရီးကသာ rating မကောင်းရင် ဖြတ်ချခဲရနိုင်တယ် ကောင်းကျိုးကတော့ ဇာတ်ကွက်တွေနဲ့ဇာတ်ကောင်တွေကို ပရိတ်သတ်တွေရဲ့feedbackတွေကိုကြည့်ပြီး ပြန်ညှိနိုင်တယ် မကောင်းတဲ့မှတ်ချက်တွေအများကြီးရှိနေရင်တော့ ratingကိုဆွဲချတဲ့ဇာတ်ကောင်တွေကိုဖယ်ထုတ်ပစ်ကြတယ် ဇာတ်ကောင်တွေက နာမည်ကြီးလာရင် အရန်ဇာတ်ကောင်တွေကို အဓိကသရုပ်ဆောင်အဖြစ်အစားထိုးပစ်တဲ့အခြေအနေတွေတောင်ရှိသေးတယ်

ပထမအပိုင်း၂၀ကဆုံးဖြတ်ပြီးသွားပြီဖြစ်တယ် ရန်လီဇီနဲ့ပိုင်ချင်းကွမ်တို့၂ယောက်လုံးရဲ့ စာချုပ်တွေမှာလိုအပ်ချက်တွေရှိသေးတယ် အဲ့ဒီအပိုင်း၂၀မှာ သူတို့ဇာတ်ဝင်ခန်းတွေကိုသက်ရောက်စေမဲ့ အဓိကပြောင်းလဲမှုကြီးတွေကိုခွင့်မပြုထားဘူး ဇာတ်ညွှန်းရေးဆရာ မန်ရှောင်ရှန်းရဲ့အဆိုအရ ဇာတ်ကားကအပိုင်း၄၀လောက်ရှိမယ်လို့ခန့်မှန်းထားတယ်

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Où les histoires vivent. Découvrez maintenant