Chapter 8

454 124 3
                                    

Zawgyi

Author: Gong Zi Yu Ge

ရှန်ကျင်းထျန်က အရင်ကထက်ပိုပြီးတော့ စကားတွေအများကြီးပြောနေခဲ့တယ် ဒါပေမဲ့ဒီအကြိမ်မှာတော့ သူကနည်းနည်းကွာခြားနေတယ် သူ့လေသံက တည်ငြိမ်မယ် အတက်အကျသိပ်မရှိပေမဲ့ ပိုပြီးတော့ပရောပရီဆန်နေတယ်

ရန်ချွီးချီ ကတိတ်နေခဲ့တယ်

ရှန်ကျင်းထျန်က ရှောင်အိုက်က လိုင်းတက်လာပြီး သူ့ကိုအမှတ်ပိုတွေပေးလာမှာကိုစောင့်နေတယ် ဒါပေမဲ့လည်း အကြာကြီးစောင့်ပြီးတာတောင် သူဘာအသံမှမကြားရဘူး သူရန်ချွီးချီကို ပြန်ကြည့်လိုက်တော့ သူကခြေတစ်လှမ်းနောက်ဆုတ်ပြီးတော့ သူ့ကိုအေးစက်စွာစိုက်ကြည့်နေတယ်

......

မင်းတို့၂ယောက်......"Mrs.ရန်က တံခါးဝမှာရပ်နေပြီးတော့ သူတို့ကိုစိုက်ကြည့်နေတယ် "အဆင်ပြေပါတယ် ဘာမှမဟုတ်ဘူး!မင်းတို့ဆက်လုပ်ကြလေ"

Mrs.ရန်က သူမအခန်းထဲကို မြန်မြန်ဝင်သွားတယ်

......

ရှန်ကျင်းထျန်က သူ့အကျီကော်လံကိုပြင်လိုက်ပြီးတော့ Mrs.ရန်ဆီပြေးသွားလိုက်တယ် "အန်တီ...."ခြေလှမ်းအနည်းငယ်ဘဲရှိသေး သူ့ကို ရန်ချွီးချီက ဆွဲခေါ်သွားလိုက်တယ်

သူက *1ဖြစ်ပေမဲ့လည်း သူ့ထက်*1ပိုဆန်တဲ့ ရန်ချွီးချီကသူ့ကို ဆွဲခေါ်သွားနိုင်တယ့ အဲ့ဒီချောမောပြီး ကြောက်ဖို့ကောင်းတဲ့မျက်နှာကိုကြည့်ရင်း ရှန်ကျင်းထျန်က တုန်လှုပ်သွားတယ်

*1 = gong

အဲ့ဒါက အရပ်ဘဲဖြစ်ဖြစ် အသွင်အပြင်ဘဲဖြစ်ဖြစ် ကြွက်သားတွေဘဲဖြစ်ဖြစ် လုံးဝသူ့ကိုမယှဉ်နိုင်ဘူး

သူ ပိုင်ချင်းကွမ်ကို ရန်ချွီးချီရဲ့လက်ကနေ အလစ်သုတ်ဖို့ ဘယ်အရာပေါ်မှာမှီခိုလို့ရနိုင်မလဲ? ဒါပေါ့ ပိုပြီးလှလာပြီးတော့ ဆွဲဆောင်မှုပိုရှိလာမှုပေါ်ကို မှီခိုရမှာပေါ့!

အဲ့ဒီအကြောင်းစဉ်းစားမိတာနဲ့ သူကချက်ချင်းဘဲ ပိုပြီးတော့တက်ကြွလာပြီး ရန်ချွီးချီကို ပြန်စိုက်ကြည့်လိုက်တယ်

မှားတယ် ရန်ချွီးချီက ရှန်ကျင်းထျန်ကိုကြည့်နေတယ် မျက်လုံးတွေကမှားနေတယ် အရင်ကရှန်ကျင်းထျန်က သူ့ကိုဒီလိုမကြည့်ဘူး သူ့မျက်လုံးတွေက ကောက်ကျစ်တယ် အလိုရမက်တွေနဲ့ဆာလောင်မှု အကြည့်တွေဖြစ်သင့်တယ် အခုလိုမျိုး ကြည်လင်နေပြီးတော့ စနောက်ချင်နေတဲ့အကြည့်မျိုးမဟုတ်ဘူယ

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now