"ဒီ ကကမ္ဘာပေါ်မှာမင်းလောက်အရှက်မရှိတဲ့သူဘယ်လိုလုပ်ရှိနေရတာလဲ" အမျိုးသားရဲ့မျက်ခုံးတွေဟာမျဉ်းကြောင်းလိုတွန့်ချိုးနေပြီးတော့ ပြဲနေတဲ့အကျီကသွေးထွက်နေတဲ့သူ့လည်ပင်းပေါ်က သွားကိုက်ရာကိုပြနေတယ် "နောက်ဘဝမှာတောင် ငါမင်းကိုလုံးဝချစ်မှာမဟုတ်ဘူး"
စကားပြောပြီးတော့ သူအိပ်ယာကနေနိုးတယ် အိပ်ယာထဲကနေထွက်ပြီးတော့ သူ့ကိုယ်ဘေးကအိပ်ယာခင်းတွေကိုဆွဲခွာလိုက်တယ်
ဘေးကလူကအိပ်ယာပေါ်ကိုသူ့လက်နဲ့မနှစ်မြို့စွာသုတ်ပြီးတော့ ပြောလိုက်တယ် "မင်းကသူ့ခြေဖျားတောင်မမှီနိုင်တာကြောင့်လေ"
ရှန်ကျင်းထျန် ကစိတ်တိုသွားတယ် ဘာတွေဖြစ်နေတာလဲ
"မပြီးသေးဘူး"
ရှန်ကျင်းထျန်ရဲ့စိတ်ကဗလာဖြစ်သွားတယ် သူ့ဘောင်းဘီကိုမြန်မြန်ဝတ်လိုက်ပြီးအပေါ်ထပ်ဂျာကင်အကျီကိုတိုက်ရိုက်ဆွဲယူလိုက်တယ် သူတံခါးကိုဖွင့်လိုက်တော့ သူ့နောက်ကလူကစိတ်တိုတိုနဲ့လှမ်းပြောလိုက်တယ် "ခနစောင့်ဦး"
သူချက်ချင်းပြန်လှည့်ကြည့်လိုက်တော့ လှပတဲ့အတွင်းခံကသူ့မျက်နှာကိုမှန်သွားတယ်
အပြင်ဘက်ကနေကတောက်ပနေခဲ့တယ် ခေါင်းနည်းနည်းနောက်နေသလိုခံစားရတာကြောင့်သူ့လက်တွေနဲ့နေကိုကာလိုက်တယ် တစ်စုံတစ်ယောက်ကဟွန်းကိုရုတ်တရက်တီးလိုက်တယ် သူလမ်းဘေးကိုမြန်မြန်ကပ်လိုက်ပြီးသစ်ပင်ကိုကိုင်ရင်းဆောင့်ကြောင့်ထိုင်လိုက်တယ်
ဒီသောက်
Ding dongမင်းရယ် ငါရယ် သူ့ရယ်ကိုချစ်တဲ့စည်းချက်ကလူတိုင်းအပေါ်မူတည်ပါတယ် သင့်ရဲ့အချစ်ရေးကိုတိုင်ပင်ဆွေးနွေးပေးတဲ့
ရှောင်အိုက်ကလိုင်းတက်လာပါပြီ"ရှန်ကျင်းထျန်ကမျက်မှောင်ကြုတ်လိုက်တယ်
ချစ်ရတဲ့Hostရေ ကျွန်တော်တို့ရဲ့စည်းချက်ညီတဲ့အချစ်systemဆီကိုအောင်မြင်စွာဝင်ရောက်နိုင်ခြင်းကိုဂုဏ်ပြုပါတယ်"
သောက်ကျိုးနည်း!!
"ဒီဟာကသရဲမဟုတ်ပါဘူး ဒါကထိတွေ့လို့ရတဲ့အကူအညီဖြစ်ပါတယ် ဒါကမင်းရဲ့ဘဝတန်ဖိုးကိုအသုံးပြုထားတာကိုထောက်လှမ်းထားတာပါ တခြားနည်းနဲ့ပြောရရင် မင်းကတကယ့် ကမ္ဘာမှာသေဆုံးသွားပါပြီ"
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)
RomanceZawgyi version of your rival in love gets prettier every day