Chapter 13

468 118 4
                                    

Zawgyi

Author: Gong Zi Yu Ge

ရန်ယောင်ရွှမ်းက တံခါးဝမှာရပ်နေပြီးတော့ အကုန်လုံးကိုမြင်နေရတယ် သူ့အကြည့်တွေကရုတ်တရက် ရှန်ကျင်းထျန်ရဲ့xင်ဆီရောက်သွားတယ်

...

သူအရင်ကသတိမထားမိပေမဲ့ ရှန်ကျင်းထျန်ရဲ့တင်ပါးကနည်းနည်းပြည့်လာသလိုဘဲ သူ့ဘောင်းဘီကတဆင့်မြင်နေရတယ်

ရန်ယောင်ရွှမ်းက အာခေါင်တွေခြောက်လာပြီး တံတွေးမြိုချလိုက်တယ် သူ့နှုတ်ခမ်းတွေတောင်နည်းနည်းခြောက်လာသလိုခံစားလိုက်ရတယ်

ရှန်ကျင်းထျန်က ဗီရိုကိုပိတ်လိုက်တယ် သူပြန်လှည့်လိုက်တော့ အခန်းတံခါးကဟနေတာကိုမြင်လိုက်ရပြီး အပြင်ဘက်မှာလူတစ်ယောက်ရပ်နေတာကိုတွေ့လိုက်ရတယ်

သောက်ကျိုးနည်း! သူ့ကိုလန့်သေအောင်လုပ်နေတာဘဲ

"ယောင်ရွှမ်းလား?" ယောင်ရွှမ်းရောက်နေတာဘယ်လောက်ကြာပြီလဲဆိုတာသူမသိဘူး

ရန်ယောင်ရွှမ်းက တံခါးဖွင့်လိုက်ပြီးပြောလိုက်တယ် "မင်းရဲ့အခန်းတံခါးက ပိတ်မထားဘူး ငါချောင်းကြည့်ဖို့မရည်ရွယ်ပါဘူး"

ရှန်ကျင်းထျန်က ရယ်ပြီးပြောလိုက်တယ် "မင်းငါ့ကိုရှာနေတာလား?ဝင်လာလေ"

ရန်ယောင်ရွှမ်းက ခေါင်းခါလိုက်တယ် "ငါ့မှာလုပ်စရာရှိသေးလို့ ငါအပြင်ထွက်တော့မလို့လေ ငါ့သူငယ်ချင်းတွေနဲ့အပြေးသွားကျင့်မလို့ မင်းလိုက်ချင်လား?"

ရှန်ကျင်းထျန်: "ငါဒီနေ့အဖွဲ့နဲ့သွားတွေ့ရမှာ"

ရန်ယောင်ရွှမ်းက စကားမပြောတော့ဘဲ အခန်းတံခါးကိုပိတ်လိုက်ပြီးထွက်သွားခဲ့တယ်

ရှန်ကျင်းထျန်က အချိန်ကိုတသ်ချက်ကြည့်လိုက်ပြီး ရှောင်ထန်ကိုphဆက်လိုက်တယ်

-

ဒီနေ့ဇာတ်ညွှန်းဖတ်တာက ပိုင်ချင်းကွမ်ရော ရန်လီဇီရောမလာကြဘူး သူတို့ကထိပ်တန်းကြယ်ပွင့်တွေဖြစ်တာကြောင့် သူတို့အချိန်ဇယားတွေကပြည့်နေတာကြောင့် ဇာတ်ညွှန်းလာပြီးမဖတ်နိုင်ကြဘူး အဓိဇာတ်ဆောင်တွေမရှိတာကြောင့် သူတို့ဖတ်လို့ရတဲ့အပိုင်းတွေက ဇာတ်ပို့ဇာတ်ကောင်တွေအတွက်ဘဲဖတ်လို့ရတယ် ဇာတ်ညွှန်းဖတ်တာကကိုတော့ အဓိကအားဖြင့်အစမ်းသဘောအနေနဲ့ဘဲအသုံးပြုကြတယ်

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now