Chapter 58

453 114 2
                                    

Zawgyi

Author:  / Gong Zi Yu Ge

Chapter 58: သူကသူရဲကောင်းလား?

ရှောင်အိုက်ရဲ့အသံကိုမကြားရတာကြာပြီဖြစ်တာကြောင့် ရှန်ကျင်းထျန်က စိတ်ခံစားချက်တွေနဲ့ပြည့်လျှံသွားခဲ့တယ်။

ရှန်ကျင်းထျန် : နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီ!"

ရှောင်အိုက်: အနမ်းပေး~

အဲ့ဒါက တကယ်ကိုရှောင်အိုက်ဘဲ။ အလောင်းကောင်လိုအေးစက်တောင့်တင်းနေတဲ့ရှောင်မေထက် အများကြီးပိုချစ်စရာကောင်းတယ်။

တောင်းပန်ပါတယ်၊ ငါတစ်ပတ်လောက်ဘဲခွင့်ယူဖို့ကတိပေးထဲ့ပေမဲ့ ပြန်လာဖို့အချိန်ကြာသွားတယ်"
ရှောင်အိုက်က ပြောလိုက်တယ်။
"ရှောင်အိုက်မရှိတုန်း ငါ့အချစ်လေးမင်းက ဆံပင်နဲ့ရှက်သွေးဖြန်းခြင်းဆုကိုရရှိသွားတာဘဲ၊ Congratulations! "

ငါဆံပင်ဆုရတာမကြာသေးပေမဲ့ ရှက်သွေးဖြန်းခြင်းဆုကျတော့ ရှောင်မေကိုမေးရမှာရှက်နေမိလို့လေ"
ရှန်ကျင်းထျန်က အလောတကြီးမေးလိုက်တယ်။
"ဒီရှက်သွေးဖြန်းခြင်းဆုကြီးကဘယ်လိုဟာမျိုးကြီးလဲ?"

ရှောင်အိုက်က တခစ်ခစ်ရယ်လိုက်ရင်း
"ရှက်သွေးဖြန်းခြင်းဆုက နာမည်အတိုင်းဘဲ မင်းစိတ်လှုပ်ရှားတဲ့အခါ မင်းရဲ့ခန္ဓာကိုယ်ကနီရဲလာမယ်၊ အဲ့ဒါကကနားရွက်တွေ မျက်နှာတွေ ရင်ဘတ်ရော ခြေချောင်းတွေရောအစသဖြင့်အကုန်ပါဝင်တယ်"

ငါသိသားဘဲ!

ရှန်ကျင်းထျန် : ဒီလိုဆုမျိုးကဘာကြီးလဲ?ငါကတိုက်စစ်သမားလေ!အဲ့ဒါတွေကငါ့အတွက်ဘာအသုံးဝင်မှာလဲ?!"

ရှောင်အိုက်:"အချစ်လေး ငါမင်းရဲ့ခေတ်နောက်ကျတဲ့အတွေးအခေါ်တွေကိုထပ်ပြီးဝေဖန်ရဦးမယ်၊ ယောက်ျားတွေကရမ္မက်မပြင်းပြရဘူးလို့ဘယ်သူကသတ်မှတ်ထားတာလဲ?ယောက်ျားတွေအထိမခံမဖြစ်ရဘူးလို့ဘယ်သူကသတ်မှတ်ထားတာလဲ?ယောက်ျားနေနေ မိန်းမနေနေ၊ တိုက်စစ်နေနေ ခံစစ်နေနေ သူတို့ကအချင်းချင်းပိုပြင်းထန်တဲ့တုန့်ပြန်မှုပေးနိုင်နေသရွေ့ ဒါကကောင်းတဲ့အရာမဟုတ်ဘူးလား?"

ရှန်ကျင်းထျန် : ဒါဆို ငါ့ရဲ့နောက်ရမဲ့ဆုကဘာလဲ?အဲ့ဒါကဆက်စီကျမဲ့ဆုဆိုတာငါမှတ်မိတယ်"

မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Zawgyi)Where stories live. Discover now