Chapter 25 (M)

10.2K 842 4
                                    

ဖုန်းမျက်နှာပြင်မှာတော့ အင်္ကျီမဝတ်ထားပဲ အိပ်ရာပေါ်မှာလှဲနေတဲ့ ငါ့ရဲ့နောက်ကျောပုံစံ ဓာတ်ပုံပင်။ ပြတင်းပေါက်ကနေ ဖြာကျနေတဲ့ နေရောင်ခြည်တွေက တောက်ပနေကာ မြင်ကွင်းကို ဝေဝါးစေပြီး မြူမှုန်တွေရစ်ပတ်နေတဲ့ နေရာတစ်ခုလို လှပနေလေသည်။

ပုံထဲကလူမှာ အထက်တန်းကျောင်းသား တစ်ယောက်လို မျက်နှာမျိုးနဲ့ အရွယ်မရောက်သေးသော ကလေးတစ်ယောက်ပုံပင်......

ဒီဓာတ်ပုံက..... ကုယန်နဲ့ငါ့ကြားမှာ ဖိအားပေးခံခဲ့ရသော ဆက်ဆံရေးရှိတုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်လောက်သည်။

ရုတ်တရက် ငါ့နှလုံးသားက အေးစက်ပြီး နောက်နေ့တွေကို ဖြတ်သန်းဖို့အတွက် တက်ကြွနေခဲ့တဲ့ ငါ့ရဲ့စိတ်အားထက်သန်မှုတွေက ချက်ချင်းပဲ ပျက်စီးသွားတော့သည်။

ငါ..... သူ့ရဲ့ဖုန်းကို လုယူလိုက်ပြီး ဓာတ်ပုံအယ်လ်ဘမ်ထဲကို မွှေနှောက်ရှာဖွေလိုက်တော့သည်။

ပထမဓာတ်ပုံက ဝါးနေပြီးတော့ အဲ့ဒီ့ပုံက ငါနဲ့ ငါ့အမေ... ကုအိမ်တော်ကို စလာတုန်းက ကြီးမားတဲ့ မြက်ခင်းပေါ်ကနေ ဖြတ်လျှောက်နေတုန်းက ရိုက်ထားသောပုံဖြစ်သည်။

အဲ့ဒါအပြင် တခြားပုံတွေ အများကြီးလည်းရှိကာ ညစ်ပတ်တဲ့ ဗီဒီယိုအများကြီးကိုတောင်မှ ရိုက်ထားသေးလေသည်ာ

ဒါပေမဲ့ သိပ်မကြာသေးခင်က ရိုက်ကူးထားတာတွေကတော့ ငါ့ရဲ့နေ့စဉ်ကြုံတွေ့နေရတဲ့ နေ့စဉ်ဘဝပင်ဖြစ်သည်.....

အစား စားနေတဲ့ပုံ၊ အိပ်နေတဲ့ပုံ၊ စာအုပ်ဖတ်နေတဲ့ပုံ၊ စာရေးစားပွဲပေါ်မှာ တရေးအိပ်တဲ့ပုံ၊ ငါ့ရဲ့ တက္ကသိုလ်ဆိုင်ရာ လေ့ကျင့်ခန်းတွေကြောင့် ပြဿနာဖြစ်နေတဲ့အခါ ဘောပင်ကို ကိုက်ထားတတ်တဲ့ပုံ.....

"မင်းက ဒီဓာတ်ပုံတွေနဲ့ ဘာလုပ်မလို့လဲ?!"

ငါ... အရမ်းကို ဒေါသထွက်နေမိတယ်... အချစ်နဲ့ စိတ်အားငယ်ခြင်းဆိုတဲ့ ခံစားချက်တွေ ရောနှောပါဝင်နေပြီးတော့ပေါ့!

ကုယန်က ငါ့ဆီကို လှည့်ကြည့်ပြီး သူ့ရဲ့တည်ငြိမ်တဲ့ မျက်ဝန်းတွေက အနည်းငယ် လှုပ်ရှားသွားခဲ့လေသည်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now