Chapter 1

18K 1.5K 6
                                    


အရာအားလုံးက ငါ့အမေရဲ့ နောက်အိမ်ထောင်ပြုတဲ့အချိန်ကနေ စတင်ခဲ့တယ်!

ငါ့အဖေက သေသွားတာ အတော်ကြာနေပြီဆိုတော့ ငါ့အမေအနေနဲ့ လက်တွဲဖော်အသစ်ကို ရှာတာက ပြဿနာမဟုတ်ခဲ့ဘူး! ဒါပေမယ့် အသက်ငါးဆယ်အရွယ် မိန်းမတစ်ယောက်၊ ဈေးချထားတဲ့ပစ္စည်းတွေသာ ဝယ်တတ်တဲ့ မိန်းမတစ်ယောက်က ချောမောလှပနေဆဲ ဖြစ်ပြီးတော့ ချမ်းသာတဲ့လူတစ်ယောက်နဲ့ လက်ထပ်နိုင်မယ်လို့ ဘယ်သူက ထင်မိမှာလဲ?

ငါ့ပထွေးက အတော်လေးကို ချမ်းသာတယ်... သူကဘယ်လောက်ထိ ချမ်းသာတာလဲ ဆိုတာတော့ ငါသေချာမသိပေမယ့် သူ့ရဲ့ပုံတွေကို မကြာခဏ စီးပွားရေးမဂ္ဂဇင်းတွေနဲ့ စီးပွားရေးသတင်း ချန်နယ်တွေမှာတော့ မြင်ရတတ်တယ်! သူနဲ့ငါ့ရဲ့အမေက လမ်းမှာပဲ အမှတ်မထင် တွေ့ခဲ့ကြတာ! အဲ့နေ့က သူမက ဈေးသက်သာတဲ့ ဟင်းသီးဟင်းရွက်တွေကိုဝယ်ဖို့ စက်ဘီးစီးပြီးတော့ ဈေးကိုသွားခဲ့တယ်! သူမက သတိထားမိပဲ လူတစ်ယောက်ရဲ့ Lincolnတံဆိပ်နဲ့ ကားကိုခြစ်မိသွားခဲ့တယ်!

ငါ့အထင်တော့ အဲ့ကိစ္စကြောင့်ပဲ ငါ့ရဲ့ပထွေးနဲ့ ငါ့ရဲ့အမေရဲ့ အချစ်က စတင်ခဲ့တာ ဖြစ်လောက်တယ်!

သူတို့နှစ်ယောက်က မနေ့ကပဲ လက်ထပ်စာချုပ် ပြုလုပ်ခဲ့ကြပြီးတော့ ဒီနေ့မှာ ငါနဲ့ငါ့အမေက ငါတို့ရဲ့တိုက်ခန်းဟောင်းကနေပြီးတော့ ငါ့ပထွေးရဲ့အိမ်မှာနေဖို့ ပြောင်းရွှေ့ခဲ့ကြတယ်!

အိမ်တော်ကြီးက မြို့စွန်နားမှာ ရှိပြီးတော့ ပန်းခြံကြီးတစ်ခုလို ကြီးမားတယ်!

ငါနည်းနည်းတော့ သတိထားပြီး နေမိသွားခဲ့တယ်! ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်လုံး ငါ့ရဲ့အရင်အိမ်မှာပဲ နေခဲ့တာဖြစ်သည်။ လောကကြီးအကြောင်းလည်း သေချာမသိပေ။ ငါ့အမေကတော့ ဒီအိမ်တော်ကြီးရဲ့ သခင်မအဖြစ် နေခဲ့ရသလိုပုံစံမျိုးနဲ့နေကာ အတော်လေးကို တည်ငြိမ်လှသည်။

အိမ်တော်ထိန်းကတော့ ပုံစံတကျနဲ့ တံခါးရှေ့မှာ စောင့်နေပြီးတော့ အပြုံးဖြင့် ကြိုဆိုနေသည်။ သူတို့တွေကို ဒီအိမ်တော်ရဲ့ ဧည့်သည်တွေလို သတ်မှတ်ထားသည့်ပုံနဲ့ အရမ်းယဉ်ကျေးစွာနဲ့ ပြုမူလေသည်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now