Chapter 15

8.6K 1K 3
                                    

ငါ့ရဲ့တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေနေရတဲ့အချိန်မှာ ကုယန်က စာမေးပွဲဖြေတဲ့ အဆောက်အဦးရဲ့ အပြင်ဘက်မှာ တခြားစိတ်ပူနေတဲ့ မိဘတွေလိုပဲ ရပ်စောင့်နေခဲ့တယ်!

ငါ့ရဲ့နောက်ဆုံး စာမေးပွဲကို ဖြေဆိုပြီးသွားတဲ့အချိန်မှာတော့ အပြင်ကို ထွက်လာခဲ့ပြီးတော့ သူ ငါ့ကို မတ်တပ်ရပ်ပြီး စောင့်နေတာကို တွေ့ခဲ့ရတယ်...!

သူက အရမ်းကိုအရပ်ရှည်ပြီး လူအုပ်ကြားထဲမှာ သိသိသာသာ ကွဲထွက်နေစေတဲ့ အသွင်အပြင်လည်း ရှိနေသည်။ သူက လူအုပ်ကို ကျော်ဖြတ်ပြီး ငါ့နားကို ရောက်အောင်လာခဲ့တယ်။

"အခုစိတ်ထဲမှာ ဘယ်လိုခံစားရလဲ?" အရမ်းပူပြင်းတဲ့နေမင်းကြီးအောက်မှာ ရပ်စောင့်နေရတာ ဖြစ်သောကြောင့် သူ့ရဲ့နဖူးပေါ်မှာ ချွေးစလေးတွေ တွယ်ကပ်နေတာကို တွေ့လိုက်ရသည်။

"အဆင်ပြေပါတယ်!"

အမှန်တစ်ကယ်တော့ ငါ့မှာ ယုံကြည်ချက်မရှိပေ.... မေးခွန်းတွေ အကုန်လုံးကို ငါကြိုးစားပြီး လေ့ကျင့်ခဲ့တယ် ဆိုပေမယ့်လည်း ငါ အမှတ်ကောင်းကောင်း ရနိုင်ပါ့မလား ဆိုတာကိုတော့ ငါသေချာမပြောနိုင်ပေ။

ကုယန်က ငါ့ကို ရေဘူးတစ်ဘူး ကမ်းပေးလာပြီး သူ့ကားထဲမှာ အနားယူလို့ရအောင် ခေါ်သွားတော့သည်။

ကားထဲမှာ လေအေးပေးစက် ရှိနေခဲ့သည်။ ပူပြင်းပြီးတော့ ဆူညံနေတဲ့ အပြင်လောကမှာ ငါနဲ့ တစ်သီးတခြားစီ ဖြစ်နေခဲ့သည်။

ကားအပြင်ဘက်မှာ လူတွေအများကြီး ရှိနေလေသည်။ ကုယန်က အလျင်အမြန် မောင်းထွက်ဖို့ မလုပ်ပဲနဲ့ လူတွေရဲ့အသွားအလာကိုသာ ကားထဲကနေ တိတ်တိတ်လေး စောင့်ကြည့်နေခဲ့သည်။

အချိန်ခဏလောက် ကြာပြီးတဲ့နောက်မှာတော့ သူက ငါ့ကို မေးလာခဲ့သည်။ "မင်းစိတ်ထဲမှာ စားချင်တဲ့ စားစရာတွေ၊ဘာတွေ ရှိလား?"

ငါ အချိန်တစ်ခဏလောက် စဉ်းစားလိုက်ပြီးတဲ့ နောက်မှာတော့ ခေါင်းထဲမှာ ဘာမှပေါ်မလာခဲ့တသာကြောင့် သူ့ကိုခေါင်းခါပြလိုက်တော့သည်။

ကုယန်ကနေ အိမ်ကိုယူလာပေးတဲ့ ဘယ်အစားအစာမဆို ငါ့အတွက် အဆင်ပြေသည်။ တစ်ကယ်လို့ ကုယန်သာ ဆိုင်တစ်ခုခု၊ အစားအစာတစ်ခုခုကို ညွှန်းပေးခဲ့ရင် ထိုဆိုင်မှာ တစ်ကယ်စားလို့ကောင်းတယ်လို့ ငါခံစားမိတယ်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now