Chapter 5

11.2K 1.2K 29
                                    

သူကငါ့နားကို လျှောက်လာပြီးတော့ ငါ့ရဲ့နောက်ကျောကို ပုတ်ပေးကာ သူ့ရဲ့လက်မောင်းကို ငါ့ရဲ့ပုခုံးပေါ် တင်ထားလေသည်။

ငါကုယန်နဲ့ ဒီလိုမျိုး ထိတွေ့နေရတာတွေကို သဘောမကျဘူး! ငါ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားခဲ့ပြီးတော့ အသက်ကိုလည်း ခက်ခက်ခဲခဲ ရှူနေခဲ့ရတယ်!

ကျောင်းရဲ့ဒါရိုက်တာက ကုယန်က ဘယ်သူဆိုတာကို သိနေတာကြောင့် သူကသူ့ကိုယ်သူတောင် မသိလိုက်ပဲနဲ့တောင် မတ်တပ်ထရပ်မိလိုက်တာကို ငါတွေ့လိုက်ရတယ်။

ကုယန်က 'Bo Xing'ကျောင်းရဲ့ နာမည်ကြီးတစ်ယောက်ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်နှစ်ထဲက ကျောင်းပြီးသွားတဲ့ ကျောင်းသားဆိုပေမယ့်လည်း သူကအခုထိ နာမည်ကြီးတစ်ယောက် ဖြစ်နေတုန်းပဲ။

ချီးကျူးစကားတွေ ပြောတဲ့အခါတိုင်းမှာ သူ့ရဲ့နာမည်ကို မပါမဖြစ်ပြောလေ့ရှိကြတယ်။ သူကအရမ်းတော်လွန်းတာကြောင့် တခြားလူတွေမှာ မနာလို မဖြစ်နိုင်တော့ပဲ အားကျရုံသာ တတ်နိုင်ခဲ့ကြတယ်။

ဒါပေမယ့် သူကငါ့ကို ဘာလိုအဲ့ဒီ့လိုမျိုးတွေ ဆက်ဆံခဲ့ရတာလဲ? သူ့ရဲ့ပုန်းကွယ်ထားရတဲ့ မကောင်းဆိုးဝါးကို လွှတ်လိုက်မိတာလား ဒါမှမဟုတ် သူကငါ့ကိုမုန်းလို့ အဲ့ဒီ့လိုတွေ လုပ်ခဲ့တာလား?

ငါကဆက်တိုက်ကို မတ်တပ်ရပ်နေခဲ့ပြီးတော့ အကူအညီမဲ့နေသလို ခံစားရပြီး ငါ့ရဲ့လက်ဖဝါးကလည်း ချွေးတွေထွက်နေခဲ့တယ်။

ကျောင်းရဲ့ဒါရိုက်တာက ကုယန်ကို ကိစ္စတစ်ခုလုံးရဲ့ အစအဆုံးကို ပြောပြခဲ့တယ်! အကုန်လုံးကို နားထောင်ပြီးတဲ့ နောက်မှာတော့ ကုယန်က ပြန်ပြောလိုက်သည်။ "ကျွန်တော့်ညီက ဘယ်တော့မှ စာခိုးချမှာ မဟုတ်ဘူး!"

"ဒါပေါ့..... ဒါပေါ့!" ကျောင်းရဲ့ဒါရိုက်တာက ကုယန်ရဲ့စကားကို သဘောတူသည့်အလား ချက်ချင်းခေါင်းညိတ်ပြလိုက်တော့သည်။ သု့ပုံစံက သူ့ရဲ့ခေါင်းနဲ့ ကြက်သွန်ဖြူတွေကို ထုချေတော့မယ်အတိုင်းကို ဆက်တိုက်ခေါင်းညိတ်နေခဲ့သည်။

"ဒါပေမယ့် သွမ့်ဟောက မထင်မှတ်ထားလောက်အောင် အရမ်းတိုးတက်လာတော့ တခြားကျောင်းသားတွေက သူ့ကိုသံသယဝင်နေကြတာပါ!"

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now