Chapter 9

10.4K 1.1K 1
                                    

ငါကရှက်ရွံ့မှုကို ခံစားရပေမယ့်လည်း ကုယန်ရဲ့ မကောင်းတဲ့ လမ်းညွှန်ချက်တွေကို ရိုရိုသေသေနဲ့ လိုက်လုပ်နေမိသည်။ : မင်းရဲ့အနောက်ပေါက်လေးထဲကို မင်းရဲ့လက်နဲ့ ထိုးထည့်ပြီးတော့ အထဲမှာကျန်နေတဲ့ ငါ့ရဲ့အရည်တွေကို လက်နဲ့ကော်ထုတ်ပြ......

သူပြောတဲ့အတိုင်း လုပ်ဆောင်နေတဲ့အချိန်မှာ ငါကငြိမ်သက်စွာ နေနေပြီးတော့ ပင့်သက်ရှိုက်နေမိသည်။ အဲ့ဒါကြောင့်မို့လို့ ငါ့ရဲ့အမူအရာတွေကို ကုယန်မမြင်ရစေဖို့အတွက် ငါ့ရဲ့မျက်နှာကို ခေါင်းအုံးထဲမှာပဲ နှစ်မြုပ်ထားလိုက်တော့သည်.....

                        

နှစ်သစ်ကူးကလည်း ရောက်လာခဲ့ပြီဖြစ်သည်။ ကုယန်က အိမ်မှာရှိတဲ့ အစေခံတွေကို အိမ်ကိုပြန်ခိုင်းလိုက်ပေမယ့် အိမ်တော်ထိန်းနဲ့ အန်တီဝမ်ကတော့ ငါတို့ရဲ့နေစဉ်ဓူဝကိစ္စတွေကို ဂရုစိုက်ဖို့အတွက် အိမ်တော်မှာပဲ နေခဲ့ကြသည်။

ငါနဲ့ကုယန်ကြားက စကားနဲ့ ဖော်ပြလို့မရတဲ့ ဆက်ဆံရေးကြောင့် သူတို့တွေကို တွေ့တဲ့အခါမှာ အနည်းငယ်တော့ ရှက်ရွံ့မှုကို ခံစားရလေ့ရှိသည်။ အဲ့ဒါကြောင့် ငါကအောက်ထပ်ကို သိပ်မဆင်းဖြစ်ပေ.. ကုယန်ကလည်း ငါ့ရဲ့သဘောထားကို သိတာကြောင့် အန်တီဝမ်ကိုသာ ငါ့အခန်းထဲထိ စားစရာပို့ပေးရန် မှာထားပေးသည်။ အချိန်အနည်းငယ် ကြာပြီးတဲ့အခါမှာတော့ ငါကဒီလိုမျိုး အခန်းထဲအထိ စားစရာလာပို့တဲ့ အပြုအမူကြောင့် ကိုယ့်ကိုယ်ကို ရှက်ရွံ့လာသောကြောင့် ကုယန်လိုပဲ အောက်ထပ်ဆင်းပြီး အတူတူ စားလိုက်တော့သည်။

နှစ်သစ်ကူးမတိုင်ခင်ရက်မှာ အိမ်တော်ထိန်းနဲ့ အန်တီဝမ်က ငါတို့နှစ်ယောက်အတွက် နှစ်သစ်ကူးညစာကို ပြင်ပေးပြီးတော့ သူတို့မိသားစုတွေနဲ့ အတူတူရှိနေဖို့အတွက် သူတို့ရဲ့အိမ်တွေကို ပြန်သွားကြတော့သည်။ တခြားလူတွေက နှစ်သစ်ကူးကို ဘယ်လိုဖြတ်သန်းကြတယ် ဆိုတာကို ငါမသိဘူး... ဘာပဲဖြစ်ဖြစ် လူတွေအားလုံးက အပြင်မှာ ဘယ်လောက်ပဲ ပျော်နေခဲ့ပါစေ.. ငါနဲ့ငါ့အမေကတော့ အိမ်ထဲမှာသာ နေခဲ့ရသည်။

ညစာစာပြီးသွားတဲ့နောက်မှာ ငါကငါ့အခန်းကိုသာ ပြန်သွားလိုက်တော့သည်။ ဒီနေ့က ဗုဒ္ဓဟူးနေ့ ဖြစ်တာကြောင့် ကုယန်နဲ့ ကတိပေးထားရသောနေ့ မဟုတ်ပေ။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now