Chapter...56

14K 741 82
                                    

ဒီနေ့ရဲ့ဆောင်းညက ကြုံတွေ့ဖူးသမျှထဲသိပ်
ကိုအေးချမ်းလွန်းလှတယ်။ အေးချမ်းမူ နှုတ်
ဆက်မူ ခွဲခွာမူ တမ်းတမူတွေနဲ့ သိပ်ကိုလွမ်း
ဆွေးရတယ်။ ခန္ဓာကိုယ်ပေါ်၌ ခြုံလွှာစောင်
တစ်ထည်သာလွှမ်းမိုးထားတာမို့ ကျစ်ကျစ်ပါ
အောင်ဆုပ်ကိုင်ရင်း အေးစက်တဲ့ဆောင်းည
ကိုအံ့တုနေမိတယ်။

တစုံတယောက်ရဲ့စောင့်နေပါဆိုတဲ့စကားလေးတစ်ခွန်းကြောင့်လား။

အခန်းတံခါးဖွင့်သံနဲ့အတူ အခန်းထဲဝင်လာတဲ့
ခြေသံသဲ့သဲ့ကြောင့် သူမျှော်လင့်တဲ့သူဆိုတာ
သိလိုက်ပြီလေ။ ခြေသံတွေကိုတောင် ရင်းနှီး
တဲ့တမ်းတမူအဖြစ် ခံစားလိုက်ရသည့်အထိ။

"အိပ်နေပြီလား မင်းစောင့်နေမယ်ထင်ခဲ့တာ"

ထို ပွင့်အာလာတဲ့စကားသံကြောင့် ကုတင်ပေါ်
ကလှုပ်ရွသွားတဲ့ လှုပ်ရှားမူတွေနဲ့အတူ ကုန်း
ရုံးထလိုက်သည့် ခတ်။

"မအိပ်သေးပါဘူး အိပ်လို့လည်းမပျော်ခဲ့ဘူး
လေ ခင်ဗျားကောသိချင်တာတွေသိခဲ့ရပြီလား"

"~အင်း~"

ထိုစကားလုံးတစ်ခုအနေနဲ့ဆိုပေမဲ့ ခတ် အလှ
ပဆုံးအပြုံးတစ်ခုနဲ့ ငြိမ့်ညောင်းစွာခေါင်းလေး
ငြိမ့်လိုက်လေသည်။ အခန်းထဲ မီးရောင်မဖွင့်
ထားပေမဲ့ ပြတင်းပေါက်ကဝင်လာတဲ့ ဆောင်း
ညရဲ့ လမင်းကြီးရဲ့အလင်းရောင်က တယောက်နဲ့တယောက်မြင်သာအောင်ထိ ထွေးပွေ့ပေးနေပါတယ်။

"ဒီညကအရမ်းအေးလို့ ခင်ဗျားရဲ့ရင်ခွင်ထဲ
အိပ်စက်လို့ရလေမလား"

"ရတာပေါ့ မင်းစိုက်ပျိုးခဲ့တဲ့ရင်ခွင်တစ်ခုဘဲ
လေ"

ခတ် နားလည်သလိုအပြုံးလေးဖြင့် သူဘေး
ကို လက်ဖြင့် အသာပုတ်ပြလိုက်လေသည်။
ဖြည့်ညင်းစွာကုတင်ပေါ်တတ်လာပြီး ခတ်
ဘေးနားဝင်လှဲကာ ခတ်ကိုယုယစွာထွေးပွေ့
လိုက်သလို ခတ်ကလည်းဝင်ရောက်ခဲ့သော
ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့ရင်း ငြိမ့်ငြိမ့်လေး
ပြန်လည် ထွေးယှက်ထားလိုက်လေသည်။

"နွေးထွေးသွားပြီလား"

"အင်းးးးးးတစ်သက်စာအတွက်မေ့မရအောင်
နွေးထွေးသွားပါပြီ ကျေးဇူးပါဘဲ"

ကကြိုးရုပ်[ Complete ]Where stories live. Discover now