Chapter..27

10.5K 610 10
                                    

မေးရိုးများထောင်လျက်...လက်သီးကိုပြင်း
ပြင်းစုပ်ပြီး ဝဲခိုနေသည့်မျက်ရည်တွေကို
မကျအောင်ထိန်းရင်း ဘွားကိုကျောခိုင်း
လျက် အိမ်အပေါ်ထပ်သို့တတ်လာခဲ့လေ
သည်....။

အိမ်စေများနှင့်တပည့်များကလည်း ခမ်းကို
ကြောက်ရသောကြောင့် စကားတစ်ခွန်းပင်ဟ
ဖို့မဆိုထားနှင့် သူတို့ရှေ့လူသတ်ရင်တောင်
မတားရဲကြပေ...ခမ်းရဲ့ဒေါသကိုသိတဲ့သူတွေ
ဖြစ်သောကြောင့် ငြိမ်ကုတ်နေကြရလေသည်.

အခန်းထဲသို့ဒုန်းဆိုင်းဝင်လာရောက်လာပြီး
အရုပ်လေး တွေနဲ့ဆော့နေတဲ့ သည်းသက်အ
နားသွားကာ ငူငူကြီးထိုင်နေမိလေသည်...။

သူခေါင်းထဲဘာကိုစဥ်းစား၍စဥ်းစားနေမှန်းမ
သိလောက်အောင် ဒေါသရိပ်တွေကအပြည့်
အနှက်...ဒါကိုသိနေတဲ့သည်းသက်ကလည်း
အရုပ်လေးတွေဘေးချပြီး သူပေါင်ပေါ်သို့
ကုတ်ဖက်တတ်လာလေသည်...။

ပေါ်ပေါ်ခွလျက်သူကိုမျက်နှာချင်းဆိုင်အနေ
အထားဖြင့် ကြည့်နေတဲ့သည်းသက်ကို မပြုံး
မရယ်အနေအထားနှင့် စိုက်ကြည့်လိုက်လေ
သည်...။

"ဦးက ငိုနေတာလား...မငိုပါနဲ့နော်...ဦးငိုရင်
အသက်ရဲ့ဟောဒီနေရာကနာတယ်.."

သူ့ရင်ဘတ်ကိုလက်ညိုးလေးဖြင့်ထိုးရင်းဆူ
ပုတ်ပုတ်လေးလုပ်နေတဲ့သည်းသက်ကချစ်ဖိူ့
ကောင်းလေသည်...။

"မွ...မွ...ပြွတ်.."

"ဘာလို့နမ်းတာလဲ...သည်းသက်ရဲ့.."

"ဦးကိုမငိုစေချင်လို့...ပြုံးအောင်လို့..ရယ်အောင်လို့ပေါ့..."

"အဲ့ဒါဆို...ဦးကိုအများကြီးနမ်းမှရမယ်ထင်
တယ်...သည်းသက်နမ်းတာနည်းလို့ သိပ်မပြုံး
ဘူးဖြစ်နေတယ်..."

"ဟုတ်လားအာ့ဆိုအများကြီးနမ်းပစ်မယ်..
မွမွ...ပြွတ်...ပြွတ်..."

ရက်ရောစွာနမ်းနေတဲ့သည်းသက်ရဲ့ခါးလေး
ကိုထွေးဖက်လိုက်ပြီး ခမ်းကိုယ်တိုင်ကလည်း
အငမ်းမရပြန်နမ်းလိုက်လေသည်...သည်းသက်အနားရှိနေတာကြောင့် ဘယ်လောက်ဒေါ
သဖြစ်နေပါစေ သည်းသက်အနမ်းတွေ
အောက်ကျဆုံးသွားတာမျိုး....။

ကကြိုးရုပ်[ Complete ]Where stories live. Discover now