Chapter...25

11.3K 626 24
                                    

အိမ်ထဲသို့ခေါင်းမော့ရင်ကော့စွာနဲ့ဝင်လာတဲ့အဘွားဖြစ်သူကို ခမ်းမျက်ခုံးကိုတွန့်ချိုးစွာ
ဖြင့်ကြည့်လိုက်ပြီး ချထားသောခြေထောက်တွေကိုချိတ်၍ထိုင်လိုက်လေသည်...။

"ဘယ်ကမျက်စီလယ်လမ်းမှားလာတာလဲ..
ဘွားကိုယ်တိုင်လာတယ်ဆိုတည်းကကိစ္စကမသေးဘူးထင်တယ်..."

"အဘွားဖြစ်သူကိုတောင်မကြိုဆိုတော့ဘူးလားခမ်း ပြောစရာလေးရှိလို့လာခဲ့တာ.."

"အံ့သြစရာဘဲ...တစ်လနေတာတောင်တခါမတွေ့ရတဲ့အိမ်ကြီးရှင်သခင်မက ကျွန်တော်ဆီ
ကြွလာတယ်ဆိုတော့..."

"အကြောင်းအရင်းရှိမှလာရမှာလား ငါ့ကိုမမြင်ချင်ဘူးဆိုတဲ့သဘောလား ဟိုအ
ပျက်ကောင်လေးနဲ့တွေ့မှ အကျင့်တွေပျက်
သွားလိုက်တာ မင်းကိုငါဘယ်လိုဆုံးမခဲ့မိလဲ
တောင်ငါ့ကိုငါမယုံနိင်ဘူး ယောကျ်ားပျက်
တစ်ယောက်အတွက်နဲများ..."

"မယုံရင်လည်းမယုံသလိုဘဲနေလိုက်တော့
အိမ်ထိလာပြီး သည်းသက်ကိုစော်ကားမယ်
ဆိုဘယ်သူကိုမှမကြိုဆိုနိင်ဘူး..အဘွားပြန်လိုက်တာကောင်းမယ်ထင်တယ်..."

"ပြန်မှာပါ...ဒါလေးပေးစရာရှိလို့...ပြီးတော့ပြောပြစရာကောဘဲ.."

စားပွဲပေါ်ကိုပစ်တင်လိုက်တဲ့စာရွက်စာတန်းတွေကိုကြည့်ပြီး လှမ်းမယူမိသလို ဘာလဲဆို
တဲ့အကြည်နဲ့သာကြည့်လိုက်လေသည်....။

"ဖတ်ကြည့်ရင်သိလိမ့်မယ် ခမ်း.."

သက်ပြင်းတစ်ချက်သာချလိုက်ပြီး ထိုစာရွက်
စာတန်းတွေကို ဖွင့်ဖတ်လိုက်လေသည်....။

"ဒါက ဘယ်လိုဖြစ်နိင်မှာလဲ....မယုံဘူး.."

ခပ်ပြတ်ပြတ်သာပြန်တုန့်ပြန်လိုက်ပြီးခက်ထန်သောမျက်နှာထားနဲ့အတူ စားပွဲပေါ်သို့ပြန်ပစ်
တင်လိုက်လေသည်...။

"မင်းဖတ်လိုက်ရတဲ့အရာတွေကအမှန်ဘဲခမ်း
မင်းဒါကိုလက်ခံရမယ်.."

"မဖြစ်နိင်တာတွေမပြောစမ်းပါနဲ့ မေမေသေ
တာဆယ်စုနှစ်ကျော်နေပြီ ဘယ်လိုလုပ်ဖြစ်နိင်
မှာလဲ..ပြီးတော့ကျွန်တော်မုန်းတဲ့သူဆီမှာ....ဟာမဖြစ်နိင်ဘူး..."

ကကြိုးရုပ်[ Complete ]Where stories live. Discover now