Chapter...21

13K 702 31
                                    

နှစ်ညအိပ်သုံးရက်အပန်းဖြေခရီးက..ခတ်အတွက်တော့အဖိုးမတန်တဲ့ဝမ်းနည်းစရာတွေသာကြုံခဲ့ရတာကြောင့်...တခြားကျောင်းသားတွေလိုမပျော်နိင်ဘဲ...ဟိုနေ့ညကအဖြစ်အပျက်ပြီးတဲ့နောက်မှတော့..အခန်းထဲတွင်သာအောင်းနေမိလေသည်...။

အရက်မူးနေတဲ့သူဟုဆိုရပေမဲ့..ချောမောတဲ့ဥပဓိရုပ်ဖြစ်ပြီး...ဂုဏ်သရေရှိတဲ့လူဟုထင်ရသည်...သို့ပေမဲ့...ခတ်အပေါ်ရမ်းကားခဲ့တာတော့အမှန်ပင်...။

မင်းလွင်နဲ့ခခ...တို့ကတော့အဲ့နေ့ညကပြန်လာတည်းကအပြင်မထွက်ဘဲအခန်းအောင်းနေတာမို့နေများမကောင်းလို့လားဟု..စိတ်ပူပြီး
ဂရုစိူက်ကြပေမဲ့...ခတ်အခုချိန်မှတစ်ယောက်တည်းသာနေချင်တာမို့...ဘယ်သူကိုမှစကားပြောချင်သည့်စိတ်မရှိ...။

ဝမ်းနည်းစရာကိစ္စတွေကြောင့်...အပျော်ခရီးကိုလိုက်ပါလာကာမှ..စိတ်ဒဏ်ရာပါရခဲ့သည်လေ...ဒါဟာ..ခတ်အတွက်ဝဋ်ကြွေးတစ်မျိုးပေဘဲလား....ကျလာတဲ့မျက်ရည်စတွေကိုဖယ်သုတ်ရင်း...အိပ်ရာပေါ်ကွေးကွေးလေးဖြင့်
ငြိမ်နေမိလေသည်...။

ထိုစဥ်.....

"ခတ်...ခတ်ဒီမှာလာကြည့်စမ်း...မီးရှုးမီးပန်း
တွေဖောက်နေတယ်...အရမ်းလှတာဘဲ..."

အခန်းဝကနေ...ခခရဲ့ခေါ်သံကြောင့်ခတ်အိပ်ရာပေါ်ကနေခေါင်းထောင်လိုက်လေသည်...။

"ဟင့်အင်း...ခတ်မကြည့်ချင်ဘူး...ခတ်မကြည့်တော့ဘူးခခ.."

"လာပါခတ်ရယ်...အခုလိုခရီးမှာဒီလိုမျိုးလေး
တွေကပျော်စရာတစ်ခုဘဲလေ...လာစမ်းပါကွာ..."

"အေးလေခတ်ရယ်..လာပါ..အမြန်လာမဟုတ်ရင်....ပြီးသွားဦးမယ်..."

နှစ်ယောက်သားပြိုင်တူလုယက်ခေါ်နေတာကြောင့်...ခတ်အိပ်ရာပေါ်ကနေထလိုက်ပြီး
အခန်းပြင်သိုထွက်လာပြီး...ခခတို့ခေါ်ရာနောက်သို့လ်ိုက်သွားလေသည်...။

"ကြည့်ပါဦး....လှတယ်မဟုတ်လား.."

အို...ကောင်းကင်ယံမှာကြယ်မှုန်ကြယ်မွှားတွေလိုတောက်ပနေတဲ့မီးရှုးမီးပန်းလေးတွေကအရမ်းကိုလှပလေသည်...ထိုမြင်ကွင်းကိုတခြားအပန်းဖြေလာသူတွေကလည်းရင်သက်ရှုမောဖွယ်ရာကြည်ရှုနေကြလေသည်...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now