Chapter...36

11K 673 53
                                    

ရင်ခွင်ထဲတိုးဝှေ့ရင်း တခစ်ခစ်ရယ်မောရင်း
ဆော့နေတဲ့ အသက်ခေါင်းလေးကို ဖွဖွပွတ်
သက်ပေးရင်း စိတ်လိုလက်ရပြုံးလိုက်လေ
သည်....။

အသက်က အခုတလောအရမ်းအစားသောင်း
ကျမ်းတဲ့ ကြောင်ပေါက်လေးလိုဘဲ ရင်ပြည့်
မည်ဆိုးသောကြောင့် မနည်းတားယူရသည့်
အဖြစ်...ပြောရင်တော့ အသက်ဗိုက်ခနခနဆာ
လို့ပါတဲ့...ကြောင်ပေါက်လေးလို ရင်ခွင်ထဲ
ခေါင်းလေးအတင်းတိုးဝှေ့ပြီး ချွဲသောအမူအ
ယာလေးတွေဖြင့် အစာတောင်းနေတဲ့ပုံစံလေး
တွေကြောင့် အသက်အလိုကျလိုက်လျောရ
တာချည်း.....ဗိုက်ခနခနဆာတယ်ဆိုပြီး အစားနဲ့ပါးစပ်မပျက်တဲ့ သူလေးကို ပို၍ပင်
ချစ်မဝနိင်ချေ...။

"ခုနလေးတင် ထမင်းစားပြီးပြီမလား..အခု
ဗီဇာတွေစားနေပြန်ပြီ...ကလေးရင်ပြည့်ရင်
ကယ်ဖြစ်တော့မှာဘဲ..."

စားလည်းစား အဆော့ကလည်းမပျက်တဲ့
အသက်က မျက်လုံးဝိုင်းလေးတွေနဲ့ လှည့်
ကြည့်ပြီး...

"အသက်စားချင်လို့ပါ...ဒီဗိုက်ကလည်းလေ
ခနခနဆာနေတာဘဲသိလား...အသက်ကမစား
ချင်ပါဘူး...သူကစားပါစားပါပြောနေတာ.."

"ဒါဆို ဒီဗိုက်လေးရဲ့အပြစ်ပေါ့ ပြစမ်းပါဦး..ဗိုက်
လေးထဲ ပုဏ္ဏားလေးများရှိနေလား..."

အကျီကိုလှန်တင်ပြီး ဗိုက်လေးကိုကလိထိုး
လိုက်တာကြောင့် အသက်ရဲ့ ရယ်သံလေးက
အခန်းလေးထဲပျံလွင့်ရင်း ချစ်ရနံလေးတွေ
ထုံသင်းလျက်...။

"ဒေါက်...ဒေါက်...Bossရဲ့အဘွားအောက်မှာ
ရောက်နေတယ်..."

ရယ်သံတွေထုံသင်းနေတဲ့ အခန်းလေးက
တိတ်ဆိတ်ခြင်းများ တဖန်ကြီးစိုးလျက် အသက်ကို အခန်းထဲခနထားခဲ့ပြီး အောက်
ထပ်သို့ဆင်းလာလိုက်လေသည်...။

"ဘာလာလုပ်ပြန်တာလဲ...အသက်နဲ့ပတ်သက်
ပြီးဘာတွေပြောဦးမလို့လဲ..."

ဘွားရဲ့ဘေးနားမှာတော့ သွန်းနဒီကကပ်
လျက်အနေအထားဖြင့် မျက်နှာငယ်ပုံစံခေါင်း
ငုံ့ထားလေသည်...ဟက် ဖြူစင်ပြနေလိုက်တာ

"ငါကမင်းရဲ့အဘွားအရင်းပါ...ဘယ်လိုလေ
သံနဲ့ပြောနေတာလဲ ခမ်း..မင်းမျက်စီထဲငါ့ကို
တောင် ဘေးလူလို့သတ်မှတ်နေပြီလား...မင်း
မမေ့ဖို့က မင်းရဲ့ဆွေမျိုးအရင်းခေါက်ခေါက်
အဘွားရင်းဖြစ်သူက ငါဆိုတာဘဲ..."

ကကြိုးရုပ်[ Complete ]Where stories live. Discover now