Chapter...32

10.2K 631 24
                                    

ကုမ္ပဏီ ရုံးခန်းထဲ စာရင်းဇယားတွေနဲ့အလုပ်
ရှုပ်နေတဲ့ ခမ်းအနေနဲ့ အလုပ်ထဲစိတ်နှစ်ထား
လို့မရအောင်ကို အိမ်မှာကျန်ခဲ့တဲ့ သည်းသက်
ဆီကိုသာစိတ်ရောက်နေမိလေသည်...သည်း
သက်ကို သူ့ဘေးနားသူအရိပ်သူရင်ခွင်ထဲမှာ
သာ လှုံခြုံသည်ဟုထင်လေသည်...

အခုလိုအိမ်မှာ အစောင့်အရှောက်တပည့်တွေ
နဲ့ထားခဲ့ရတာတောင် စိတ်မချချင်...အဓိကလူ
က သွန်းနဒီဆိုတဲ့မိန်းမကဘာတွေ ကြံစည်မ
လဲဆိုတာမသိနိင်ပေ...အလုပ်တွေကိုမြန်မြန်
ကိစ္စဖျတ်ပြီး အိမ်ကိုအမြန်ပြန်ရန် တွေးလိုက်
လေသည်...။

"Boss ဆေးရုံအုပ်ကြီးရောက်ပါပြီ "

"ဝင်ခိုင်းလိုက် "

သွန်းနဒီရဲ့ကိစ္စကြောင့် သူဒီလိုစောက်ပိုအ
လုပ်တွေလုပ်နေရခြင်းဖြစ်လေသည်..ဘွား
ဘွားပြောတဲ့ကိစ္စကတကယ်လားဆိုတာသူအ
တည်ပြုချင်လေသည်...ထိုကြောင့် သွန်းနဒီကို
နှလုံးအစားထိုးပေးခဲ့သည်ဆိုသည့် ဆေးရုံ
အုပ်ကြီးကို မျက်မြင်မေးမြန်းရန်ခေါ်လိုက်
လေသည်...ခမ်းကို အမှောင်လောကသားများ
စီးပွားပြိုင်ဘက်တွေသာမက ခမ်းရဲ့အကြောင်းကိုသိသည့်လူများကပါ
ကြောက်ရွံကြလေသည်...။

"ကျုပ် ခင်ဗျားကို ဒီကိုခေါ်တာနဲ့တင် ခင်ဗျား
ကိုဘာမေးချင်လဲဆိုတာ ခန့်မှန်းမိမှာပေါ့...
သွန်းနဒီ ဆိုတဲ့မိန်းမက လွန်ခဲ့တဲ့ဆယ်နှစ်
လောက်က ကျုပ်အမေရဲ့နှလုံးနဲ့ အစားထိုး
ခွဲစိတ်ခဲ့တာအမှန်လား.."

"ဟုတ် ဟုတ်ပါတယ် "

"ကျုပ်ကို အမှန်ပြောပြရင်ကောင်းမယ် မဟုတ်ရင် ငရဲခန်းကိုမသေခင် တွေ့ကြုံသွားရ
လိမ့်မယ် ဘွားဘွားကောဒီကိစ္စမှာပတ်သက်
နေလား ခင်ဗျားကိုနှုတ်ပိတ်ဖို့ ဘွားဘွားခိုင်း
ခဲ့လား "

"ကျုပ်အမှန်တွေပြောနေတာပါ ဆေးရုံအုပ်
ကြီးဖြစ်တဲ့ ကျုပ်ကိုယ်တိုင်ခွဲစိတ်ပေးခဲ့တာ
ကျုပ်က ခမ်းလိုလူကိုလိမ်ရဲပါ့မလား ကျုပ်
အစောကြီးမသေချင်သေးပါဘူး ပြီးတော့ ခမ်းရဲ့အဘွားကလည်း အမှန်တွေဘဲပြောတာ
ပါ "

စားပွဲပေါ်တင်လိုက်တဲ့ ခွဲစိတ်တုန်းက ဆေးမှတ်တမ်းတွေနဲ့ စာရွက်စာတမ်းတွေကို
ဆေးရုံအုပ်ဆိုတဲ့ လူက ယုံကြည်ချက်ရှိရှိဖြင့်
ပြလေသည်....ခမ်းထို ဆေးမှတ်တမ်းတွေ
ကြောင့် ခနတာတွေဝေသွားသည်မှာအမှန်ပင်

ကကြိုးရုပ်[ Complete ]Where stories live. Discover now