သုခရိပ်မြုံဝတ္ထုထဲက ဂိမ်းက ကျွန်တော် ၂၀၁၈လောက်တုန်းက ဆော့ဖူးတဲ့ Utopia Origin (Play in your way) ကိုအခြေခံပြီးရေးဖြစ်တာပါ။ အဲဒီဂိမ်းနဲ့အတူ အမှတ်တရတွေအများကြီးရှိဖူးပါတယ်။ ကျွန်တော်က Silver Knight အိမ်တော်ကိုထောင်ဖြစ်ခဲ့ပြီး ဂိမ်းထဲက မြန်မာ့ပထမဆုံး Tribe တစ်ခုမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းဂိမ်းက ကစားသူမရှိသလောက်ရှားသွားပြီး အိမ်တော်ကိုလည်းဖျက်ခဲ့ရပါတယ်။