လူတစ်ယောက်ကို ဒီလောက်ထိ စွဲစွဲလမ်းလမ်း မြတ်နိုးမိသွားမယ်လို့ ကိုယ့်ဘဝမှာ တွေးတောင် မတွေးခဲ့မိဘူးဆိုတာ သူသိိနိုင်ပါ့မလား ... ဒီ ၆နှစ်ကျော် ၇နှစ်ဆိုတဲ့ ကာလမှာ သူ့ကြောင့်နဲ့ ပျော်ရွှင်ခဲ့ရဖူးသလို ရင်တွေ ကွဲကြေမတတ် ဝမ်းနည်းခဲ့ရဖူးတယ်။ မတန်တရာ ရာရာစစဆိုတဲ့ သူ့ရဲ့ နှုတ်ထွက်စကားကြောင့် ဒီလောကကြီးကနေ ထွက်ခွါသွားချင်မိတဲ့အထိ ကျရှုံးခဲ့ရဖူးတယ်။ ဒါပေမယ့်လည်း သူ့ကြောင့်သာပဲ ... သူတစ်ယောက်ကြောင့်သာပဲ ...