Cover photo ရှင်းတမ်း Cover photoက google ကနေရှာထားတာမှန်ပေမယ့် စာသားလေးကတော့ အိုင်ရင်းလိုချင်တဲ့ point တခါတည်းရတာမို့ ယူသုံးလိုက်ရပါတယ်။။ ဇာတ်လမ်းအကြောင်း မမျှော်လင့်တဲ့ အမှတ်တမဲ့လေးတွေက အကောင်းမွန်ဆုံးသော အမှတ်တရလေးတွေဖြစ်လာတယ်။ အမှတ်တရဆိုတာ အမျိုးမျိုးဖန်တီးယူလို့ရပေမယ့် ကံကြမ္မာအရဖန်တီးပေးထားတဲ့ အမှတ်တရလေးတွေဆိုတာ ထာဝရ လွမ်းဆွတ်မိနေတတ်တာမျိုးလေးပါ။ ဇာတ်လမ်းနဲ့ပတ်သတ်ပြီး အိုင်ရင်းရဲ့ခံစားချက် ~ဒီဇာတ်လမ်း တစ်ပိုင်းချင်းစီတိုင်းက စာသားတစ်ကြောင်းချင်းစီတိုင်းက အိုင်ရင်းရဲ့ယခုအသက်အနေအထားထိ ကြုံတွေ့ခံစားရသမျှ ခံစားရလတ္တံ့ အချိန်တိုင်းရဲ့ ခံစားမှုတွေကို ထည့်သွင်းရေးသားထားခြင်းဖြစ်ပါတယ်။ ခံစားချက်တူ၊အမြင်တူသူများရှိသလို ၊မတူညီနိုင်တာတွေလဲ ဖြစ်နိုင်ပါတယ် ။ ဒီတစ်ခေါက်ဇာတ်လမ်းက ပထမ ဇာတ်လမ်းလိုပေါ့ပါးမှာမဟုတ်ပါဘူ