အရှင်က လောကရဲ့အုပ်ချုပ်သူ... ကျွန်တော်မက အရှင့်ခြေရင်းခစားသူ..။ အရှင်က သစ္စာပေးဆိုရင် ကျွန်တော်မက ဤသက်ဆုံးတိုင်သစ္စာတည်ပါ့မယ်...။ အရှင်က စတေးခံဆိုရင် ဤအသက်ကိုရင်းကာစတေးစေပါ့မယ်...။ ဒီဘဝမှာတော့ ကျွန်တော်မဟာ အရှင်နဲ့ တူယှဥ်ကာတွဲ ဧကရီမဖြစ်နိုင်တော့ပေမယ့် သက်ဆက်နှင်းကာ သစ္စာတည်တဲ့အစေခံသာ ဖြစ်နိုင်ပါတော့မည် အရှင်...။ ကိုယ်ဟာသူ့ရဲ့ အသုံးချခံ အစားထိုးဧကရီတစ်ပါး...။ သွေးသံရဲရဲ စစ်မြေပြင်မှာ သူဟာ ရေမြေ့အရှင် မင်းဧက္ကရာဇ်... ကိုယ်ကသူရဲ့ လက်ရုံးတစ်ပါး မဟာစစ်သူကြီး။ သို့သော်... နားစက်ရာ ရွက်ဖျင်တဲအတွင်းမှာတော့ သူဟာ ကိုယ့်ရဲ့ အရှင်ခင်ပွန်းဖြစ်ပြီး ကိုယ်ဟာ သူ့ရဲ့ ကြင်သူဇနီးမယား...။ ဒါပေမယ့်... ကိုယ့်အတွက်တော့ ထိုယောင်္ကျားနှင့်ပတ်သတ်သမျှအရာရာဟာ ကံဆိုးမှုတွေချည်းသာ။
3 parts