Before I Let You Go
By VowelMino
730K 72.6K 8.7K
ခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about h... More
. 1 .
. 2 .
. 3 .
. 4 .
. 5 .
. 6 .
. 7 .
. 8 .
. 9 .
. 10 .
. 11 .
. 12 .
. 13 .
. 14 .
. 15 .
. 16 .
. 17 .
. 18 .
. 19 .
. 20 .
. 21 .
. 22 .
. 23 .
. 24 .
. 25 .
. 26 .
. 27.
. 28 .
. 29 .
. Final . (Z)
. Final . (U)
About BILYG/BILUG
Hello Again
Extra Z
Extra U
20.4K 1.7K 749
By VowelMino
- Longing for you -
အချိန်တွေက ကုစားတတ်တယ်တဲ့..
နီးခြင်းဝေးခြင်းတွေက ပညတ်ချက်တွေတဲ့..
လောကနိယာမဆိုတဲ့ ဒီအချက်တွေကို ဝမ်ရိပေါ်က အော်ဟစ်ပြီး လှောင်ရယ်ပစ်လိုက်ချင်ပါရဲ့..။
.
.
.
ရှောင်းကျန့် ထွက်သွားခါစနေ့ရက်တွေမှာ ရိပေါ်က သူ့ကိုယ်သူ အမှောင်ချပစ်ခဲ့တယ်။
နာရီသံ တချက်ချက်နဲ့ အသက်ရှုသံ ခပ်သဲ့သဲ့က သူကြားနိုင်သမျှပဲ..
ခပ်ဝါးဝါး ဆေးလိပ်ငွေ့နဲ့ နေရာမရွေ့သေးတဲ့ ပန်းချီကားတစ်ချပ်က သူ မြင်နိုင်သမျှပဲ..
ပေါက်ကွဲလိုက် ဖွင့်ထုတ်လိုက် ဆိုတဲ့ ဟောက်ရွှမ်းစကားကို သေလောက်အောင် ကြိုးစားကြည့်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိတဲ့ထိ ရိပေါ်က ဒီနာကျင်မှုမှာ နစ်ဝင်နေခဲ့ပြီးဖြစ်​​ပြန်တယ်။
မင်းဆီပြန်လာမယ်လို့ပြောသွားလား တဲ့။
ဟောက်ရွှမ်းရဲ့ နောက်ထပ်အမေးအောက်မှာ ရိပေါ်က လိပ်ပြာမလုံချင်တော့ တာမို့ အဆက်အသွယ်မှန်သမျှကိုပါ သူ ဖြတ်တောက်ပစ်ခဲ့မိပြန်တဲ့အခါ..။
ဒီရက်ပိုင်းတွေမှာ တစ်လောကလုံးက ပိုညိုမှိုင်းလာတယ်..
ဒီရက်ပိုင်းတွေမှာ သူ အသက်ရှူရ ပိုခက်လာတယ်..
ဒီရက်ပိုင်းတွေက ညိုမည်းလာရင်း..
ဒီရက်ပိုင်းတွေမှာ ပိုပြိုလဲလာရင်း..
မှန်ထဲမှာ မြင်လာရတဲ့ နှုတ်ခမ်းတွေကအစ ညိုလာတာ သတိထားမိတော့ ရိပေါ်က ကြောက်လာတယ်..
ကိုယ့်နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းဖိပွတ်မိတဲ့အထိကို ဒီအညိုရောင်တွေက တသက်လုံး စွဲမြဲနေတော့မှာကို သူ ကြောက်ပါတယ်..။
" ကော ပြန်မလာမှာ ကျွန်တော် တကယ် ကြောက်တယ် "
ခပ်တိုးတိုးရွတ်ရင်း ကိုယ့်ရင်ကိုယ်ဖွင့်မိတဲ့ ခဏခဏတွေ..။
ထွက်ပြေးသွားပြီးသား လူတစ်ယောက်ကို တကယ်လက်လွှတ်ရတော့မှာလား ဆိုပြီး ထိတ်လန့်နေခဲ့ပြန်တဲ့ ဝမ်ရိပေါ်က သိပ်ကို ရူးကြောင်ကြောင်နိုင်တယ် ဆိုတာ သူ ဝန်ခံပါတယ်..။
ကော သိလား..
အကွာအဝေးတွေက ပညတ်ချက်မဟုတ်တဲ့ လူသတ်လက်နက်တွေ..
အချိန်တွေက မကုစားဘဲ ပြုစားတတ်တာတွေ..။
.
.
.
ရက်တွေကို လတွေက စားလာတယ်။
ဝမ်ရိပေါ်ကတော့ တခြမ်းပဲ့ လ လေး ဖြစ်နေတုန်း..
သူ့ရဲ့နေ့ရက်တွေကို ပုံမှန်ပြန်ဖြစ်ဖို့ ကျိရန်ကောတို့က ရှောင်းကျန့်နာမည်နဲ့မျိုးစုံအကြာင်းပြပြီး လုပ်ယူခဲ့တာတွေကို ပြန်တွေးမိရင် ရိပေါ်က ရယ်ချင်လာတယ်..
သူက ကလေးမှ မဟုတ်တာလေ..။
" မင်းဒီလိုဖြစ်နေတာသိရင် ကျန့်ကောက ဟိုမှာ စိတ်ကောင်းမှာမဟုတ်ဘူး "
စိတ်ပြောင်းအောင် အပြင်သွားမယ်ဆိုပြီး ထွက်လာရင်း ကားပါကင်က ကားထဲမှာ တစ်ယောက်ထဲ ထိုင်ငိုနေတဲ့ ဝမ်ရိပေါ်ကို ကျိရန်ကောက ဒီလို နှစ်သိမ့်ခဲ့တာ..၊
" ထမင်းလာစား..၊ မစားရင် ကျန့်ကောလုပ်ပေးသွားတာတွေ ငါအကုန်စားမှာ "
သူ အထိမခံနိုင်မှန်းသိလို့ ရက်လွန်သွားတာကြာနေပြီဖြစ်တဲ့ အဲ့ဒီဟင်းဘူးတွေကို အကြောင်းပြပြီး နေ့တိုင်းနီးပါး ဟောက်ရွှမ်းက ခြိမ်းခြောက်ပြောဆိုခဲ့တာ..။
လူတစ်ယောက်က လူတစ်ယောက်ရဲ့ အားနည်းချက်ဖြစ်သွားတဲ့အတိုင်းအတာထိ သူက ရှောင်းကျန့်ကို သိပ်ချစ်ခဲ့တာပဲဆိုတဲ့ အဖြစ်ကို ဝမ်ရိပေါ်က အကြိမ် အကန့်အသတ်မဲ့ လက်ခံလိုက်ရတဲ့နေ့ရက်တွေပါပဲ..။
မင်းလိမ္မာသွားတဲ့နေ့ ပြန်လာရင် ပြန်လာမှာပေါ့ တဲ့။
နှစ်သိမ့်စကားမှန်းသိသိကြီးနဲ့ ဟောက်ရွှမ်းပြောခဲ့တဲ့နေ့မှာ ဝမ်ရိပေါ်က တပြုံးပြုံး နဲ့..။
ဘယ်တော့တန်မယ်မှန်းမသိတဲ့အချိန်ကို ရိပေါ်က စောင့်ချင်ခဲ့တာအမှန်..
ဒါပေမယ့် ဒါကို ထုတ်ပြောရလောက်အောင် ယုံကြည်ချက်မရှိတဲ့အခါ ပြီးခဲ့တဲ့ရက်တွေမှာ သူ့ဘက်မှာ သူတစ်ယောက်ပဲရှိသလို ရိပေါ်က အားငယ်ခဲ့ရ တာတွေ..။
ဒါတွေ.. ဒါတွေကို ခင်ဗျားကို သိစေချင်ပါရဲ့။
.
.
.
ဆေးရုံဝင်းထဲက မီးတိုင်တွေက ဝါဖျော့ဖျော့..
တဖျတ်ဖျတ်လင်းနေတဲ့ emergency light တွေက အနီရောင်တွေရဲလို့..
ခုနက သူ့ကိုသယ်လာတဲ့ ဆေးရုံကားက အသံလိုမျိုး အသံတွေက အခုထိကို ခပ်သဲ့သဲ့ကြားနေရတုန်း..
" ရိပေါ်.. နေရတာ အဆင်ပြေလား "
" သေဖို့အဝေးကြီး ''
" ဟောက်ရွှမ်း! ! "
" လက်မကျိုးဘဲ ခေါင်းထိသွားရမှာ.. ဒီကောင် "
ပြတင်းပေါက်အပြင်ကိုငေးနေရင်း ကျိရန်နဲ့ဟောက်ရွှမ်းရဲ့အသံတွေကို သူ ကြားနေရတယ်။
တစိုက်မတ်မတ် ငေးနေမိတဲ့ ဆေးရုံဝင်ပေါက်ကလဲ တိတ်ဆိတ်လိုက်တာ..။
ပတ်တီးဖြူဖြူတွေ ဖုံးနေတဲ့ သူ့လက်တွေကို ငုံ့ကြည့်မိတယ်။
နာနေတာ သေချာပါရက်နဲ့..။
သက်ပြင်းတစ်ချက်ချမိရင်း ဆေးရုံးအဝင်ဝကို နောက်တစ်ခေါက်ထပ်လို့ ငေးရပြန်တယ်..
ကျွန်တော် အခု ဒဏ်ရာတွေရထားပြီလေ..
ခင်ဗျားက ဘယ်မှာတဲ့လဲ..၊
" စောက်ရူး "
အကြောင်းသိနေတဲ့ဟောက်ရွှမ်းရဲ့ ခပ်တိုးတိုးဆဲသံကိုကြားရတဲ့အခါ သူ မျက်ဝန်းတွေမှိတ်ချမိတယ်။
ဒီညမှ ကဲနေတဲ့ အအေးဓာတ်ကြောင့် ဒဏ်ရာတွေကလဲ ပိုနာလာသလိုပဲ.. သူ ရင်ဘတ်တွေပါ အောင့်ချင်လာတယ်။
ထိခိုက်အောင် မလုပ်ပါနဲ့ဆိုတဲ့စကားကို အဲ့ဒီလူထွက်သွားပြီး ၆ လ အကြာမှာ ဖောက်ဖျက်ခဲ့မိတဲ့ ရိပေါ်က ဆိုးပါတယ်..၊
ဒါပေမယ့်.. ပြန်ရောက်မလာတဲ့ အဲ့ဒီလူက ပိုလို့.. ပိုလို့ဆိုးတယ်..။
ထွက်သွားတဲ့နေ့ကလဲ သူ စကားနားထောင်ပေးခဲ့ရဲ့နဲ့ ..
ပြီးခဲ့တဲ့ ခြောက်လလုံးလဲ သူ လိမ္မာပေးခဲ့ရဲ့နဲ့ ..
ရှောင်းကျန့်မရှိတဲ့ ဘဝက ဒီလောက်ထိခက်ခဲမယ်မှန်း သူ မသိခဲ့လို့ လွှတ်ပေးခဲ့မိတာကို အတည်မှတ်ယူသွားတဲ့ အဲ့ဒီလူက တကယ့်ကို ဆိုးလိုက်တာများ ..
" အဲ့လောက်ဖြစ်မနေနဲ့.. စိတ်နာပြီး မေ့သင့်ရင် မေ့လိုက်တော့ "
" ဟောက်ရွှမ်း.. အဲ့လိုမပြောရဘူး.. လွှတ်ထားလိုက်ပါ "
" ဘာလို့မရရမှာလဲ၊ သူ့အတွက်စေတနာနဲ့ပြောတာကို နားထာင်ပေါ့ "
" မင်းတောင် ငါ့ကိုမချစ်နဲ့လို့ပြောတာ နားထောင်လို့လား "
" .... ကောကလဲ "
" တချို့ကိစ္စတွေက ရင့်ကျက်ဖို့လိုတယ်.. ကိုယ်တိုင် မဟုတ်ရင် တဖက်ခြမ်းကို နားလည်ဖို့ခက်တယ်..အဲ့ဒါကြောင့် သေချာသိမှ ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးပဲ..၊
ရိပေါ်ကို အချိန်ပေးလိုက်.. ကြားလား..၊ ကြားလားဆို "
" အ.. နားရွက်မဆွဲနဲ့လေ..ကြားပြီ ကြားပြီ "
တိုးတိုးကြိတ်ကြိတ်စကားသံတွေပေမယ့် ရိပေါ် နားထဲထိ တိုးဝင်လာပြန်တယ်။
ရင့်ကျက်ရမယ်တဲ့..
ချစ်ဖို့ပဲ သိတဲ့ ကျွန်တော့်အတွက်တော့ ခက်ခဲပြန်တယ် ခင်ဗျားရယ်။
.
.
.
နွေ .. နွေဦး .. မိုး.. ဆောင်း.. ဆောင်းဦး
တစ်ပတ်ပြန်လည်လာတဲ့ ရာသီတွေလို ရိပေါ်က ယိုင်နဲ့နဲ့ဝင်ရိုးတစ်ခုပေါ် အားတင်းလို့ လည်ပတ်နေတုန်း..၊
ပြောင်းလဲခြင်းတွေထဲ အသားကျဖို့ကြိုးစားရင်း အဲ့ဒီလူကို ဆက်လက် စောင့်ဆိုင်းဖြစ်တယ်..။
မေ့ပစ်လိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဒီနာကျင်မှုမရှိတော့ရင် ၀မ်ရိပေါ်က ဝမ်ရိပေါ်မဟုတ်တော့တဲ့ထိ သူက ရှောင်းကျန့်ဆိုတဲ့ ဝဋ်မှာ မကြေသေးဘူးထင်ပါရဲ့..
အညိုရောင် သစ်ရွက်တွေ..
အညိုရောင် နေဝင်ချိန်တွေ..
အညိုရောင် စီးကရက်စတွေ..
ဒါတွေ မြင်တိုင်း ရင်ဘတ်ထဲက အောင့်တက်လာတတ်လို့ အံတင်းတင်းကြိတ် တောင့်ခံရတာကလွဲရင် သူ အဆင်ပြေအောင်နေနေတယ်။
ရှောင်းကျန့်ကို အပြစ်မတင်ရက်တဲ့အခါ မလုပ်သင့်မှန်းသိသိရက်နဲ့ သူ့မားမားကိုတောင် ရိပေါ်က ပစ်ပယ်ခဲ့တယ်။
နာကျင်မှုတွေကို မြုပ်နှံလို့ အလုပ်တွေထဲစိတ်နှစ်တယ်။
အခုဆို ဝမ်ရိပေါ်က ကျောက်ရုပ်လေးလို့ တောင် သူ့ပရိသတ်တွေက ခေါ်လာကြတဲ့အထိ..။ သူက​တော့ ဂျစ်တူးလေး လို့ခေါ်တတ်တဲ့ နှုတ်ခမ်းညိုညိုတွေကို သေမတတ် လွမ်းရတော့တာပဲ..။
ကံတရားကပဲ ထူးဆန်းတာလား.. သူ့စိတ်တွေကပဲ အမှတ်မရှိတော့တာလား ရိပေါ် မသိဘူး။
ညဘက်တွေ အိပ်မပျော်လို့ဆိုတဲ့ အကြောင်းကိုမူတည်ပြီး သူ သိပ်မုန်းခဲ့ဖူးတဲ့ ဟန်ကောက အခုဆို သူ့ဆရာဝန် ဖြစ်နေပြီ။ သူကိုယ်တိုင် ရွေးခဲ့တဲ့ အဲ့ဒီဆရာဝန်နဲ့ရင်းနှီးမှုမှာ ရည်ရွယ်ချက်သေးသေးလေးပါတယ်ဆိုပေမယ်ပေါ့။
ရှောင်းကျန့်က အခု အညိုရောင်သစ်ရွက်တွေ ကြွေတဲ့ နိုင်ငံမှာတဲ့..
ရှောင်းကျန့်က အခု အဆင်ပြေနေပြီတဲ့..
ရှောင်းကျန့်က အခု သူငယ်ချင်းတွေ ရနေပြီတဲ့..
တစ်ခါပဲ စကားစဖူးတဲ့ အဲ့ဒီလူရဲ့ အကြောင်းမှာ ကြာလာတာနဲ့အမျှ မေမးလဲ ပြောပြတတ်လာတဲ့ အဲ့ဒီဆရာဝန်ကို ရိပေါ်က တစ်ခါတလေ မျက်မုန်းကျိုးချင်လာတာ အမှန်ပဲ။
ရှောင်းကျန့်နာမည်ကို တ​ခြားလူ နှုတ်ခမ်းကနေ ကြားရတဲ့ အချိန်တိုင်း ရင်ဘတ်ထဲက လှိုက်လို့နာလာတတ်တာလဲ သူပဲသိတဲ့ ဝေဒနာမို့..။
.
.
.
" တောက် ! "
ခွမ်း~
ဝုန်း~
" ရိပေါ်.. ရပ်စမ်း "
အပြင်မှာ ဒီလောက် မိုးတွေဝုန်းဒိုင်းကြဲအောင် ရွာနေတဲ့ကြား သူ့ပစ္စည်းတွေသူ ပစ်ပေါက်ခွဲနေတာ ဘယ်သူကြားမှာမို့လို့ ကျိရန်ကောတို့က လာတားနေရတာလဲ..
ဟက်.. စောက်ရေးမပါတာတွေချည်းပဲ
" စိတ်လျှော့စမ်း !! ဟိတ်ကောင် "
နာရလွန်းလို့ ပြန့်ကျဲနေတဲ့စိတ်အစုံက ပါးထက်က ရုတ်တရတ်နာကျင်မှုမှာ အသိပြန်ကပ်လာတယ်။
ရိပေါ်က ခပ်မဲ့မဲ့ပြုံးတယ်..
အင်း... အခုမှ သက်သာသွားသလိုပဲ
" လွှတ် ကျွန်တော့်ကိုလွှတ်.. အဲ့စောက်ရူးကို သေအောင်ထိုးမှာ "
သူ့မျက်နှာနားမှာ လက်သီးတဝဲဝဲနဲ့ ဟောက်ရွှမ်းက သူ့ကို တစ်ချက် ထိုးပြီးတာတောင် မကျေနပ်သေးတဲ့ပုံနဲ့ အနောက်ကနေ အတင်းဆွဲတားနေတဲ့ ကျိရန်ကောလက်ကနေ ရုန်းကန်လို့နေတယ်။
" ရယ်မနေနဲ့ စောက်ရူးလို "
ပြောကာမှ တဟားဟားအော်ရယ်တဲ့ ရိပေါ်ကို ဟောက်ရွမ်းက မျက်မှောင်ကုတ်လို့ ကြည့်တယ်။ တဖြည်းဖြည်းနဲ့ အခြေအနေတွေ ငြိမ်သက်သွားတယ်ထင်ရတာနဲ့ ကျိရန်က သက်ပြင်းချရင်း ပစ္စည်းတွေ ပြန်သိမ်းနေတော့တာပဲ..။
ရိပေါ်ရဲ့ ခပ်အက်အက်ရယ်သံအဆုံးမှာ သည်းနေတဲ့မိုးက စဲလို့ ခပ်ဖွဲဖွဲအသွင်ကိုပြောင်းလာတယ်။
တစ်နှစ်ကျော်လို့ ကျန်းလီကျဲ ပြန်ရောက်လာတယ်ဆိုတဲ့ ဒီနေ့..
ပြန်ပါမလာခဲ့တဲ့ ရှောင်းကျန့်..
ထပ်တွေးမိတိုင်း ရယ်မိတာက နာနာကျင်ကျင်..
သူ စိတ်နာချင်တယ်..
ထွက်သွားပြီးရင် ပြန်လာရမယ်ဆိုတာ ရှောင်းကျန့်ဆိုတဲ့ အဲ့ဒီလူက တကယ်ကို မသိတာလား..
" ငါကြောင့်.. ပြန်မလာနဲ့လို့ ငါပြောလိုက်မိတာ "
" ဘာဆိုင်လို့လဲကွာ "
" စောက်ရူးလိုပဲ.. စောင့်နေတဲ့ ငါက စောက်ရူးလိုပဲ.. ဟား "
" ရိပေါ်.."
ရှိပြီးသား အက်ကွဲရာပေါ် ရိုက်ခတ်မှုဒဏ်တွေ ထပ်ဆင့်တဲ့အခါ အရာရာက ကျိုးပဲ့ပျက်စီးကုန်မှာ သဘာဝပေမယ့်..
တင်းကြပ်လွန်းတယ်...
မွန်းကျပ်လွန်းတယ်..
အဲ့ဒီလူရှေ့မှာမှမဟုတ်ရင် မျက်ရည်မကျဖူးတဲ့ကောင်မို့ ပိုလို့ပင်ပန်းရတယ်..
ရေခြားမြေခြားမှာ တစ်ယောက်ထဲ ကျန်ခဲ့တာ အဆင်ပြေပါမလားဆိုတဲ့ အတွေးက အမှတ်မရှိစွာ အလိုလိုဝင်လာတဲ့အခါ သူ့ကိုယ်သူ နံရံနဲ့ခေါင်းနဲ့ ပြေးဆောင့်ချင်လာတာ အခါခါ..
" မုန်းချင်တယ် "
အဲ့ဒီ့နေ့က...
အဲ့ဒီအခန်းထဲမှာ..
သူ ဘယ်တုန့်းကမှ မထိရက်ခဲ့တဲ့ ပန်းချီကားရှေ့မှာ ရိပေါ်က ငြိမ်သက်ရင်း ရပ်တယ်..
အခန်းထောင့်မှာ ဆေးလိပ်ထိုင်သောက်နေတဲ့ကောင်ကို သူ မနာလိုဘူး
အဲ့ဒီကောင်မှာ ငေးခွင့်ရှိတယ် ကြည့်ခွင့်ရှိနေတယ်..
ဒါကို သူ မကြိုက်ဘူး.. မုန်းတယ်..။
အရှိတရားနဲ့ယှဉ်တွေးမိတော့ ရိပေါ်က ခြောက်ခြောက်ကပ်ကပ် ထရယ်မိတယ်။
မေ့ဖို့ခဲယဉ်းပြီး ပစ်ဖို့ခက်ခဲလောက်အာင် ရှောင်းကျန့်ကို တန်ဖိုးထားခဲ့ပေမယ့် သူကေတာ့ လွယ်ကူလွန်းလို့ တစ်ခါလောက် လှည့်ကြည့်ဖို့တောင် အဲ့ဒီလူအတွက် အဖိုးမတန်ခဲ့ဘူးပဲ။
လက်က အလိုလိုလှုပ်ရှားမိတဲ့အခါ ညှော်နံ့က တဖြည်းဖြည်းတက်လာတယ်..။
ရေဆေးတွေလောင်တဲ့အနံ့လား Canvas စ လောင်တဲ့ အနံ့လား သူ မသိ..
သူသိတာ ပန်းချီကားထဲက အဲ့ဒီကောင် အခု ပျက်စီးသွားပြီ။
ပြီးတော့.. သူရော.. ။
သူ့ လက်ထဲက စီးကရက်လိုမျိုး..
တခြမ်းက အငွေ့ဖြစ်လို့ တခြမ်းက ပြာမှုန်ဖြစ်ရသလိုမျိူး..
ခင်ဗျားက ပျံသန်းရင်း ကျွန်တော်က ပျက်သုန်းရသလိုမျိုး..။
..
..
..
- Lingering on you -
ဒီနေ့က တနင်္ဂနွေနေ့..
ရှောင်းကျန့် ခြေလှမ်းတွေက ထုံးစံအတိုင်း သွားနေကျနေရာကို ဦးတည်ဖြစ်တယ်။
ကြွေလိုက် ဝေလိုက် သစ်ရွက်တွေ..
စိတ်နှစ်ထားပေမယ့် နစ်ဝင်မသွားခဲ့တဲ့ ရက်စွဲတွေ..
ခပ်နွေးနွေးရာသီမှာတောင် သူတစ်ယောက်ထဲ အေးစက်နေရခြင်းတွေ..
ကိုယ်တိုင်ဖြတ်ခဲ့တဲ့ ကြိုးလား..၊ တစုံတေယာက်က လွှတ်ပေးလိုက်တဲ့ ကြိုးလား.. ဝေခွဲမရတော့လောက်အောင် ရုန်းလေထုံးလေ အမှတ်တရတွေ..
" ကော ပြောင်းလဲပစ်ချင်ပြီ " တဲ့..
သူက ရိပေါ်ကို ဒီလို ပြောခဲ့မိတယ်။
နောက်ကျမှသိတဲ့ အသိမို့ ဝဋ်လည်တာလို့ပဲပြောရမလား သူ မသိပေမယ့် ဝေးနေတုန်းမှာ ရိပေါ် ပြောင်းလဲသွားမလားတွေးရင်း ရှောင်းကျန့်က တဖန်ပြန်လို့ စိုးကြောက်နေရတဲ့ နောင်တတွေ..
ဒါတွေကို ပိုက်ထွေးလို့ ရှောင်းကျန့် ဒီနေရာမှာ ဖြတ်သန်းခဲ့တာ လပိုင်း အတော်ကြာခဲ့ပြီ။
" ရှောင်းကော.. ရောက်ပြီလား "
သူ့နာမည်ကို ခပ်ဝဲဝဲခေါ်သံနောက်မှာ ရှောင်းကျန့်က အတွေးတွေထဲက ရုန်းထွက်ရတယ်..။
နေရာတစ်ဝက်လောက်နီးပါး စာအုပ်အဟောင်းစင်တွေ စီတန်းထားတဲ့ ခပ်ကျဉ်းကျဉ်း ဒီကော်ဖီဆိုင်လေးက ခေတ်ဟောင်း အငွေ့အသက်တွေ အပြည့်နဲ့..
" ရှောင်းကော.. ဒီမှာကြည့်.. ဟီး "
လက်ဖျံက တက်တူးသေးသေးလေးကို ရယ်ကျဲကျဲနဲ့ ထိုးပြနေတဲ့ကောင်မလေး Sara ကို ရှောင်းကျန့်က သဘောတကျနဲ့ ချီးကျူးပေးရသေးတယ်။ ဘေးမှာ ထိုင်နေတဲ့ကောင်လေး Noah ကို လှမ်းကြည့်တော့ မနိုင်ဘူးဆိုတဲ့ ပုံစံနဲ့ ပုခုံးနှစ်ဖက် တွန့်ပြလာတော့ ရှောင်းကျန့်က ရယ်မိပြန်တယ်..
ခဏနေရင် ဒီကောင်မလေး တက်တူးထိုးဖို့ ဘယ်လိုပင်ပန်းခဲ့ရလဲဆိုတာ စီကာပတ်ကုံး ပြောရင်လဲ သူတို့ နားထောင်ရဦးမှာမလား။ ပြောရင်း မျက်ရည်ဝဲလာမယ့် ကောင်မလေးကိုလဲ သူတို့ ဝိုင်းချော့ရဦးမှာမလား။
" နင် မနာဘူးလား "
" အင်း.. အပ်ကနာပေမယ့် သူ့လက်ကပိုနာတယ် "
" .... "
" ငါ့ကို သူထိတိုင်း လူက တုန်နေတာဟာ.. ဒါပေမယ့် ဒီတစ်ခါတော့ မငိုမိတော့ဘူး.. ငါတော်တယ်မလား "
" အင်း တော်လိုက်တာ ငါတို့ Sara လေးက "
" နင်နော် "
စကားများနေတဲ့ ကလေးနှစ်ယောက်ကို ကြည့်ရင်း ရှောင်းကျန့်က ပြုံးတယ်..။
တူညီတဲ့နာကျင်မှုတွေနဲ့ပေမယ့် ဒီကလေးနှစ်ယောက်က သူ့ထက် ပိုသတ္တိရှိကြတဲ့ သူတွေ မဟုတ်လား..။
ဘယ်လိုပဲဆိုဆို ရတဲ့နည်းနဲ့ အကြောက်တရားကို တွန်းလှန်နေကြတဲ့ သူတို့ကိုကြည့်ရင်းနဲ့ပဲ ရှောင်းကျန့်မှာပါ သတ္တိတွေ တိုးလာရတာကေတာ့ အမှန်..
" လူလေး.. ကော်ဖီရပြီ "
ခပ်သြသြအသံနဲ့ ရောက်လာတဲ့ အဘိုးကြီး Eden က ဒီဆိုင်လေးရဲ့ ပိုင်ရှင်ဖြစ်တယ်။ လူပိုမရှိတဲ့ဆိုင်လေးထဲ အဘွားကြီး Amelia က အမြဲတမ်း ကောင်တာနောက်မှာ တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေကြမို့ Eden က သူတို့လာတိုင်း ကော်ဖီလာချပေးနေကျ။
လူရှင်းရင် စာအုပ်ထိုင်ဖတ်နေတတ်တဲ့ Eden က ရှောင်းကျန့်အတွက် စကားပြောဖော်ကောင်းတစ်ယောက် ဖြစ်ပြန်တာမို့ တနင်္ဂနွေနေ့တွေ မဟုတ်ရင်တောင် ရှောင်းကျန့်က ဒီဆိုင်လေးကို လာဖြစ်တယ်။
ကျဲရဲ့သူငယ်ချင်း သူ့ရဲ့ဆရာဝန်အသစ်လဲဖြစ်တဲ့သူက သူတို့သုံးယောက်ကို စုပြီး ရင်းနှီးအောင်လုပ်ခိုင်းတုန်းက ဘာလို့ ဒီဆိုင်လေးကို ရွေးခဲ့လဲ မသိပေမယ့် လူရှင်းတဲ့ ဒီဆိုင်လေးက သူတို့အတွက် အဆင်တော်တော်ပြေခဲ့တာတော့ အမှန်။
.
.
.
" အိပ်မက်တွေ မက်သေးလား "
" ဒီရက်ပိုင်းတော့ သိပ်မမက်တော့ဘူး ကျဲ "
ဒီရက်ပိုင်းတွေ အိပ်မပျာ်တဲ့အကြောင်းကိုတော့ ရှောင်းကျန့်က မပြောချင်တော့ပါဘူး..
ကိုယ့်လက်နဲ့ကိုယ် ဆွဲနှုတ်ခဲ့တာ ဆူးတစ်ချောင်းမဟုတ်ဘဲ နှလုံးသားတစ်ခု ဖြစ်နေတဲ့အခါ အိပ်မက်ဆိုးတွေက သူ့ကိုထူးပြီး မနာကျင်စေတော့ဘူး မဟုတ်လား..
" ကျဲ "
" ဟင် "
" သူ သက်သာတယ်တဲ့လား "
" အင်း.. မနက်ဖြန် ဆေးရုံဆင်းမယ် ထင်တယ် "
" အင်း.. "
" ဆေးသောက်ဖို့ မမေ့နဲ့နာ်.. ကျဲ ညနေစောစောပြန်လာမယ် "
" ဟုတ် "
တံခါးပိတ်သံကြားတဲ့အခါ တင်းထားတဲ့စိတ်တွေက အရုပ်ကြိုးပျက်။
သတင်းတွေထဲက ဒဏ်ရာဒဏ်ချက်တွေနဲ့ ကောင်လေးပုံစံကို ပြေးမြင်တိုင်း စတွေ့ခဲ့တဲ့နေ့ကလို ရှောင်းကျန့်က အသက်ရှူမဝအောင် မွန်းကျပ်လာတုန်း..
ဆိုးလိုက်တာ ..ရိပေါ်က ဆိုးလိုက်တာများ ..
ဂရုစိုက်ဖို့ သူ အတန်တန်မှာခဲ့ရဲ့သားနဲ့ မျက်နှာနုနုမှာ ညိုမည်းကုန်တဲ့အထိတောင် ရိပေါ်က..၊
ရှောင်းကျန့်က သိပ်ကို အတ္တကြီးခဲ့တယ် ထင်တယ်..
ကိုယ်တိုင်ရွေးခဲ့တဲ့လမ်းပေမယ့် ရိပေါ်ကို တသက်လုံးသိမ်းဖွက်ပြီး နေသွားရတော့မယ်ဆိုပြီး အသိ ပြန်ဝင်လာတိုင်း ရင်ဘတ်က အောင့်ချင်လာတုန်း..၊
ရိပေါ် လက်လွှတ်ရကျိုးနပ်အောင် သူက သန်မာချင်ခဲ့တာ..
ရိပေါ် နာကျင်ရကျိုးနပ်အောင် သူက ရင့်ကျက်ချင်ခဲ့တာ..
ရိပေါ်ရဲ့ မျက်ရည်တွေနဲ့ထိုက်တန်အောင် သူက ဒီအကြောက်တရားကို အနိုင်ယူချင်ခဲ့တာ..
ကြိုးစားခဲ့သမျှက သတင်းလေးတစ်ခုကြောင့် ပြိုပျက်ခဲ့ရတဲ့အထိ ထိရှလွယ်လွန်းခဲ့တဲ့ သူ့ကိုယ်သူ ရှောင်းကျန့်က မုန်းလိုက်ရတာများလေ..။
ဒီလို ပျော့ညံ့နေရင် ရိပေါ်ဆီ သူဘယ်လို ပြန်သွားရမလဲ။
သူ ကြောက်တယ်။
သူ့အားနည်းချက်က ရိပေါ်ဖြစ်နေတာကို ကျေနပ်နိုင်ပေမယ့် ရိပေါ်ရဲ့ အားနည်းချက်က သူဖြစ်သွားမှာကို ရှောင်းကျန့်က သေမလောက်ကို ကြောက်ပါတယ်။
.
.
.
Eden ကမေးဖူးတယ်။
ဘာလို့ ကောင်လေးကိုထားခဲ့တာလဲ တဲ့။
" အချစ်ခံရတာကို ကြောက်လာတယ်.. ဘယ်အချိန်မှာ ရပ်တန့်သွားမလဲဆိုပြီး တွေးကြောက်လာတယ် "
" သူ ထွက်သွားခဲ့မယ်ဆိုရင်တောင် အကြောင်းရင်းကလဲ ကျွန်တော် ကိုယ်တိုင်ကြောင့်က လွဲလို့ မရှိဘူးလိူ့တွေးမိတဲ့အခါတိုင်း.. အင်း.. "
" အချိန်တန်ရင် သူက ကျွန်တော့်ကိုထားခဲ့မှာပဲလို့ တွေးခဲ့ဖူးပေမယ့် ပိုနစ်ဝင်လာတာနဲ့အမျှ ကျွန်တော်ကပဲ အရင် ထားခဲ့ချင်တော့တာ "
" သူ အရင်ထားခဲ့ရင် ကျွန်တော် သေမှာ... ထင်တယ် "
Eden က ပြန်ပြောလာတယ်။
" ဒီနေ့မှ မင်းစကားများများပြောတာ မြင်ဖူးတော့တယ် " တဲ့။
သိုးမွှေးထိုးနေတဲ့ Amelia ကို စကားပြောနေရင်းကနေ လှမ်းလှမ်းကြည့်တတ်တဲ့ အဘိုးကြီး Eden ရဲ့မျက်ဝန်းတွေကို ရှောင်းကျန့်က သိပ် သဘောကျတယ်။
တူညီတဲ့ မျက်ဝန်းတွေနဲ့ တစ်စုံတစ်ယောက်ကို ပြန်လွမ်းရင်းနဲ့ပေါ့။
.
.
.
လက်တစ်ဖက်က ကော်ဖီခွက်ဆီက အနွေးဓာတ်ကို ကူးယူရင်း တဖက်က စီးကရက် တစ်ရှိုက်ဖွာလို့ အပြင်ဘက်က မြင်ကွင်းကို ရှောင်းကျန့်ကငေးတယ်။
လတွေကနေ နှစ်ပေါက်လာတဲ့အခါ နေရောင်တွေကနေ နှင်းတွေ ဝေလာပြန်ပြီဖြစ်တယ်။
" အဟွတ် "
" ဆောရီး "
အဘိုးကြီး Eden ကြောင့် လက်ထဲက စီကရက်ကို သတ်လို့ ရှောင်းကျန့်က မတ်မတ်ပြန်ထိုင်ဖြစ်တယ်။
ထင်ထားတာထက်ပိုပြီး စကားပြောဖော်ကောင်း တစ်ယောက်ဖြစ်တဲ့ Eden ကြောင့် ရှောင်းကျန့်က သူတို့နှစ်ယောက် အကြောင်းတွေ ပြောပြဖြစ်ခဲ့တာ သိပ်မကြာသေး။
သူ မထင်မှတ်ဘဲ သိလိုက်ရတဲ့ လျှို့ဝှက်ချက်တစ်ခုကြောင့်လဲ ပါလေရဲ့..
" ကောင်လေးက မင်းကို တကယ်ချစ်တဲ့ပုံပါပဲ "
" အင်း.. "
" ဟော.. မင်းက ရယ်နေရင် ပိုချောတာပဲကွ "
ဒါ ပထမဆုံး ရယ်မိခြင်းလား သူ သေချာမသိ။
ရိပေါ်က သူ့ကိုတကယ်ချစ်တယ် ဆိုတဲ့စကားက သူ့ရင်ခုန်သံတွေကို အခုထိ နွေးစေတာတော့အမှန်..။
" ကျွန်တော်က မကောင်းဘူး Eden ရဲ့ "
" ..... "
" ကျွန်တော်မရှိရင် အဲ့ဒီကလေး အဆင်ပြေဖို့ မျှော်လင့်ခဲ့ပေမယ့် ကျွန်တော်မရှိဘဲ တကယ် အဆင်ပြေသွားမှာကိုလဲ ကြောက်နေပြန်တာ "
ပြန်သွားချင်ပေမယ့် စောင့်မနေမှာကိုလဲ ကြောက်ရသေးတဲ့အကြောင်းတော့ သူ မပြောပြဖြစ်ခဲ့။
ဆိုင်ပြင်မှာ ဝေ့ဝဲလာတဲ့ နှင်းတွေကိုမြင်တော့ အတွေးတွေက အတိတ်တွေဆီ လွင့်ပျံ့တယ်။
အေးလွန်းလို့ နှာခေါင်းလေးရဲနေတဲ့ ကောင်လေးနဲ့ ပထမဆုံး ထွေးပွေ့ခဲ့ခြင်းတွေ..
သူတို့ သိပ်ကို ပျော်ခဲ့ဖူးတယ်ဆိုတာ ရှောင်းကျန့် မေ့နေခဲ့တယ်ထင်ပါရဲ့။
..
..
..
- Lapsing from letting you go -
အသံကြားရရုံသက်သက်ဖွင့်ထားတဲ့ TV က ကြေငြာတယ်။
ဒီည မိုးရွာမယ်တဲ့..
ခုံပေါ်က ဆေးလိပ်ဗူးကိုဆွဲလို့ ရိပေါ် ဝရန်တာကိုထွက်လာခဲ့တယ်။
မိုးရွာတော့ ဘာဖြစ်လဲ.. ရွာပါစေပေါ့။
မိုးရွာပြီးရင် ထွက်လာတတ်တဲ့ ကြယ်တွေက သိပ်လှတာလေ။
ဒါကို အမြဲလိုလို မိုးရေထဲရပ်ပြီး စောင့်ကြည့်နေတတ်တဲ့ သူအသိဆုံး..၊
နက်စွေးနေတဲ့ကောင်းကင်က လှတယ်..
လင်းလာမယ့် အဖြူရောင်ကြယ်တွေကလဲ လှတယ်..
လူတွေက အတိတ်ကိုဇာတ်ကြောင်းပြန်ရင် အဖြူအနက်ကို သုံးကြပေမယ့် သူ့အတွက်ကတော့ ဒီအရောင်တွေကမှ ပစ္စုပ္ပန်ဖြစ်တယ်..၊
Ring Ring~
ဖုန်းသံ ခပ်သဲ့သဲ့က ဧည့်ခန်းဆီက လာပေမယ့် ရိပေါ်က ဥပေက္ခာပြုတယ်။
တဖွဲဖွဲကျလာတဲ့ မိုးတွေကို လက်နဲ့ခံရင်းမှ ဆေးလိပ်မီးညှိဖို့ကို သတိရပြန်တယ်။
အဲ့လိုပါပဲ..
ဘာလုပ်လုပ် ဖရိုဖရဲဖြစ်နေတတ်တာက နှစ်ပေါက်နေခဲ့ပြီပဲ။
Ring Ring~
" ကျစ် "
အလိုမကျတဲ့စိတ်က ဘယ်နှကြိမ်မြောက်မှန်း မသိတဲ့ ဖုန်းမြည်သံမှာ ထပေါက်ကွဲချင်လာတယ်..၊
ရေစိုနေတဲ့ ဆံပင်ကိုတစ်ချက်ခါလို့ အခန်းထဲဝင်လာတော့ လင်းနေဆဲဖုန်း..
" ပြော "
" အေး.. သေနေပြီ ထင်တာ၊ ခဏနေ ထွက်လာတော့၊ ငါ အောက်ရာက်တော့မယ်"
ဟောက်ရွှမ်းအသံ အကြားမှာမှ ဒီညတွေ့ဖို့ ချိန်းထားခဲ့မှန်း သူ သတိပြန်ရလာတယ်။
ဒါပေမယ့် ခုနေလးကမှ လေးနင့်လာတဲ့စိတ်ကြောင့်..
" ငါ မလိုက်ချင်တော့ဘူး ဟောက်ရွှမ်း "
" မလိုက်ရင် ဂုတ်ကလာဆွဲမှာ..၊ ကောက ငါ့ကိုကောက်နေပြန်ပြီ၊ အဲဒါ မင်းလိုက်မှ ကောကို ခေါ်လို့ရမှာပါဆို "
" ငါတကယ်မလိုက်ချင်လို့ "
" နေမကောင်းဘူးလား..၊ မင်း အသံက တမျိုးဖြစ်နေတယ် "
" ..... "
Ting Tong ~
ထမြည်လာတဲ့ Door bell သံကြောင့် ဟောက်ရွှမ်းနဲ့ပြောနေရာကနေ ရိပေါ် အာရုံပြန့်တယ်။ ခုနတုန်းက ခပ်သဲ့သဲ့ကြားလိုက်ရသေးပေမယ့် မိုးသံကြောင့် သူ နားကြားမှားတာလို့ ထင်ခဲ့မိသေးတာ..၊
စက္ကန့်ပိုင်းအတွင်း သူ့ခြေလှမ်းတွေက တံခါးရှေ့မှာ ရပ်မိတယ်..
ပြီးတော့ တံခါးကို အသာ ဆွဲဖွင့်မိတယ်..
ဝမ်ရိပေါ်အတွက် ပစ္စုပ္ပန်က အနက်ရောင်ဆို အတိတ်တွေက အညိုရောင် ဖြစ်ခဲ့တာ..
ဒါဆို အခု သူ့ မျက်စိရှေ့တည့်တည့်က မျက်ဝန်းညိုတွေက ဘာတွေလဲ ?
" ရိပေါ်.. မင်း နေမကောင်းဘူးလားလို့ "
" ဟောက်ရွှမ်း.. "
" အေး "
" ငါ.. ငါ နေမကောင်းဘူးထင်တယ်... အဲ့ဒီလူကို ငါ ထပ်မြင်ယောင်နေပြန်ပြီ "
ဒုန်း !!
ပြန်ပိတ်သွားတဲ့ တံခါးကို ကြည့်ရင်း ရှောင်းကျန့် မျက်ရည်ဝဲတက်လာတယ်..၊
သူက ဘာအားကိုးနဲ့ ရိပေါ်ဆီ လာခဲ့မိတာပါလိမ့်..။
ပိန်ကျသွားတဲ့ မျက်နှာလေးကို မြင်ယောင်မိတာ့ ရင်ထဲက နာရတယ်..
တလှုပ်လှုပ်နဲ့ စကားပြောနေတဲ့ နှုတ်ခမ်းတွေက သွေးရောင်ကင်းမဲ့နေသလား..
ရေစက်လက်နဲ့ ဆံပင်တွေကတော့ အခု မိုးမိလာတဲ့ သူ့လိုမျိုး..
ရိပေါ်မျက်နှာကိုမြင်လိုက်ရတဲ့ ခနမှာပဲ နောက်လှည့်ပြေးလို့မရတော့တဲ့ အဖြစ်ကို နားလည်လိုက်ချိန်မှာ လာခဲ့မိတာကို ရှောင်းကျန့်က ဘယ်နှကြိမ်မြောက်မှန်းမသိ နောင်တရလာတယ်။
သူ ကြောက်တယ်..
ရိပေါ်မို့ ပိုကြောက်တယ်..
ထားခဲ့မိသူမို့ ပိုလို့ကြောက်တယ်..
သူ့ကိုယ်သူတောင် မျက်နှာပြောင်တိုက်လွန်းတယ်လို့ ထင်လာတဲ့ လုပ်ရပ်မှာ ရိပေါ်က သူ့ကိုလှောင်ရယ်လာမှာကို ကြောက်တယ်။
အရင်လို ဂရုစိုက်ပေးချင်ပေမယ့် သူက မတန်တော့ဘူးထင်ပါရဲ့..
မျက်နှာချင်းဆိုင်ဖို့ကိုတောင်မှလေ..
အတွေးလေးတစ်စနဲ့တင် ကမ္ဘာပျက်မလို ခံစားရတဲ့အခါ ရှောင်းကျန့်က တုန်လှုပ်ချင်လာတယ်။
သူ အများကြီးပြင်ဆင်လာတာ ဒီလိုပျော့ညံ့ဖို့မှမဟုတ်တာ..
စက္ကန့်ပိုင်းလေးနဲ့ သူပြိုလဲလို့ မဖြစ်တဲ့ဟာကို..
လက်သီးကို ကျစ်ကျစ်ဆုပ်လို့ အရင်ဆုံး အသက်ဝဝရှူရတယ်။ Bell လေးကိုနောက်တစ်ခေါက်ထပ်နှိပ်ဖို့ သူတုန်လှုပ်နေမိတာ သူ့အမြင်မှာတောင် မြင်မကောင်းတဲ့အထိ..
ရှောင်းကျန့်က အရင်ကလိုမျိုး မဖြစ်ချင်တော့ပေမယ့်..
ရိပေါ်ကို နာကျင်စေတဲ့ ရှောင်းကျန့်အဖြစ် သူပြန်မလာချင်တော့ပေမယ့်..
ကျွီ ~
ရုတ်တရတ်ပွင့်လာတဲ့ တံခါးကြောင့် နောက်ကို ခြေတစ်လှမ်း ဆုတ်ရပ်မိတာ အလိုလို..
တစ်စက္ကန့်
နှစ်စက္ကန့်
သုံးစက္ကန့်
မျက်ဝန်းတစ်စုံထဲမှာ ချစ်ခြင်းမေတ္တာကို ပြန်ဖမ်းမိဖို့ ဘယ်နှစက္ကန့်များ လိုမလဲ..
သူ မသိဘူး..
မင်းလိုမျိုးတွေ ကော တကယ် မသိဘူး ရိပေါ်ရယ်..၊
" ရိ... "
အဆုံးထိ မရောက်လိုက်တဲ့ ခေါ်သံနဲ့ သူ့ဘေးကနေ ထွက်သွားဖို့ပြင်နေတဲ့ ကောင်လေး..၊
လှမ်းဆွဲမိတဲ့ လက်တစ်ဖက်က အဖျားခတ်ရုံလေး ထိစပ်ရုံကလွဲလို့ ဝေးသွားတဲ့ နောက်ကျောတစ်ခုကိုပဲ ရှောင်းကျန့်က ပြန်ရခဲ့တယ်။
လုံလောက်တာထက် ပိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ ကွက်လပ်ဖြစ်နေ ပျောက်ရှနေခဲ့တဲ့ လုံခြုံမှု တစွန်းတစ်စကို ထိခတ်မိလိုက်တဲ့ လက်ဖျားလေးတွေဆီကနေတဆင့် သူ ပြန်ရှာတွေ့ခဲ့ပြီမို့..။
.
.
.
" အား..ကျစ် "
အသိဝင်လာတာနဲ့ချက်ချင်း မူးနောက်လာတဲ့ ခေါင်းရဲ့ဒဏ်ကို ရိပေါ် ခံနေရတယ်။
ဖြစ်ခဲ့တာတွေ ပြန်တွေးကြည့်တော့ မူးအောင်သောက်လာတာကလွဲပြီး အတွေးတွေက အစီအစဉ်မကျ..၊
အထိအတွေ့အရတော့ ကိုယ့်အိမ်ကိုယ် ပြန်ရောက်နေတာပင်။
လေးပင်နေတဲ့ မျက်ဝန်းတွေကို မနည်းဖွင့်ကြည့်မိတော့ မှောင်မဲနေတုန်းမို့ သူ ညလယ်ဘက်ကြီး ပြန်နိုးလာတာကလွဲလို့ မဖြစ်နိုင်။
တဖြည်းဖြည်းနဲ့ လှုပ်နေသလို သူ့ လက်တစ်ဖက်ကို ခံစားမိလာတာကြောင့် အာရုံ မနည်းစုစည်းလို့ ဘေးကိုလှည့်ကြည့်မိတယ်..၊
ချက်ချင်းပူတက်လာတဲ့ အသိနဲ့ လက်ကိုရုန်းရင်း ထထိုင်မိတဲ့အခါ အဲ့ဒီလူက တုန်ခနဲဖြစ်သွားတာကို မျက်ဝန်းထောင့်က မြင်ရတဲ့အထိ..
" ရိပေါ်.. ကော.. "
" ကျစ် "
မုန်းလိုက်တာ..
တစ်ချက်စုပ်သပ်လိုက်တာနဲ့ ပြန် တိတ်ဆိတ်သွားတဲ့ အဖြစ်ကိုလား အဲ့ဒီလူကိုလား မသိပေမယ့် သူ မုန်းလိုက်တာများ..
" ဘာလုပ်နေတာလဲ အဲ့ဒါ! "
" ..... "
" ခင်ဗျားကို ဘယ်သူဝင်လာခိုင်းလို့လဲ ! "
သူ အော်ဟစ်နေရတာတောင် အခုထိ တုတ်တုတ်မလှုပ်တဲ့ အဲ့ဒီလူကို သူ ကိုင်ဆောင့်ပစ်ချင်လာတယ်..
ဒါပေမယ့် ရယ်ချင်စရာကောင်းလောက်အောင် အဲ့ဒီလူကို သူ ထိဖို့မရဲဘူး..
နောက်ဆက်တွဲအနေနဲ့ ဝမ်ရိပေါ်ပဲ အပြိုပြိုအလဲလဲ ဖြစ်မသွားဘူးဆိုတာကိုလဲ သူ့ကိုယ်သူ အာမ မခံနိုင်ပြန်ဘူး..၊
" မေးနေတာ ဖြေလေ "
" ကျိရန် "
" ပြန်မလာနဲ့လို့ ကျွန်တော် ပြောလိုက်တယ် မဟုတ်လား "
စကားအဆုံးမွာ ဆောင့်တက်လာချင်တဲ့ နောင်တကို ရိပေါ်က အကြည့်စူးစူးတွေနဲ့ ပြန်ဖုံးဖိပစ်တယ်။
မတန်ဘူး .. ဒီလူက..
" ပြောပါတယ်.. ဒါပေမယ့် ကော.. ကော ပြန်လာချင်လို့.."
အရင်အတိုင်းပဲ..
အရင်အတိုင်း တစ်ပုံစံထဲ..
အဲ့ဒီလေသံတွေ.. အဲ့ဒီ နှုတ်ခမ်းဖျားကထွက်တဲ့ စကားတစ်ခွန်းနဲ့တင် ညံ့သက်ချင်လာတဲ့ သူ့ စိတ်တွေက အရင်အတိုင်း တစ်ပုံစံထဲ..
" ဟက်.. ရယ်ရတယ် "
ဘယ်သူ့ကိုရည်ရွယ်မှန်း သူကိုယ်တိုင်တောင် မသိလိုက်ပေမယ့် မျက်စိထောင့်က အဲ့ဒီလူရဲ့လက်တွေ ကျစ်ကျစ်ဆုပ်လိုက်တာကို ရိပေါ်က မြင်ဖြစ်အောင် မြင်ပြန်တယ်။
အခုမှ သုတ်ထားပုံရတဲ့ ဆံပင်တွေက အရင်အတိုင်း အညိုရောင်..
အစိုပြန်နေလို့ ကိုယ်မှာကပ်နေတဲ့ အကျီကလဲ အရင်အတိုင်း အညိုရောင်..
အဲ့လိုပုံစံနဲ့ဆို ချမ်းနေမလားတွေးမိတဲ့သူကလဲ အရင်အတိုင်း စောက်ရူး..
" ရိပေါ်.."
စိုက်ကြည့်နေမိတဲ့ မျက်ဝန်းတွေကို ရှောင်းကျန့်က အခွင့်ကောင်းယူလို့ ရှေ့ကို တစ်လှမ်းတိုးရပ်တယ်။
" လက်မနာဘူးလား.. ဆေးအရင်ထည့်လိုက်ပါလား "
ငုံ့ကြည့်မိတော့ ပေါက်ပြဲနေတဲ့ လက်ချောင်းတွေ လက်ခုံတွေက ကြိုဆိုတယ်..၊ မူးရူးနေတုန်း စိတ်ရူးပေါက်ပြီးတွေ့ရာထိုးခဲ့မိပုံပါပဲ..။
နာလား တဲ့.. သူ မသိဘူး..
ရိပေါ် စိတ်လွတ်လက်လွတ် အော်ရယ်ချင်လာပေမယ့် မြိုသိပ်ထားမိတယ်။
" ခင်ဗျားတစ်ယောက်လုံး ရှေ့မှာရပ်နေတာ ဘာက ပိုနာမှာတဲ့လဲ..ဟမ် "
ဘာပြောပြော သည်းခံမယ်လို့တွေးထားပေမယ့် ရိပေါ်စကားတွေက သူ ထင်ထားတာထက် ပိုရက်စက်နေတဲ့အခါ ရှောင်းကျန့်က ဟန်ဆောင်မကောင်းချင်တော့..
လှိုက်တက်ချင်လာတဲ့၀မ်းနည်းမှုကြောင့် ခေါင်းကို ငုံ့သထက်ငုံ့ရင်း မျက်ရည်တွေကို သိမ်းရတယ်..
သူက ငိုပြသင့်တဲ့သူမှ မဟုတ်တာလေ..၊
Amelia ကပြောဖူးတယ်။
နည်းနည်းချင်းစီပဲဖြစ်ဖြစ် ရိပေါ်တို့လဲ နာကျင်တတ်တယ်ဆိုတာကို နားလည်ပေးဖို့ ကြိုးစားပေးရမယ်တဲ့။
ဒါပေမယ့်.. သူကြိုးစားချင်ပေမယ့်..
ကျောခိုင်းထားတဲ့ ရိပေါ်နောက်ကျောက သူ့ကိုငိုင်တွေစေတယ်..
နှလုံးသားရေးမှာ သိပ်ကို ထုံထိုင်းခဲ့တဲ့ သူ့အတွက် ရိပေါ်ကို ဘယ်လို နားလည်ပေးရမလဲလို့ တွေးရတာလေးကတောင် သိပ်ကိုခက်ခဲလွန်းပြန်တော့..၊
" ကော တောင်းပန်ပါတယ် "
" .... "
" ကော ပြန်လိုက်တော့မယ် "
ဒီစကားနှစ်ခွန်းကို ရှိုက်သံမပါအောင် အားတင်းပြီးပြောရတာက ပိုလို့ခက်ခဲပြန်တယ်..၊
ကိုယ့်ဆန္ဒတစ်ခုထဲနဲ့ တစ်ခါမှ မလုပ်ဖူးတာတွေကို လျှောက်လုပ်နေတဲ့ ရှောင်းကျန့်ပုံစံက ရိပေါ် မပြောနဲ့.. သူ့ကိုယ်သူ အမြင်မှာတောင် သိပ္ကို ရူးနှမ်းပြီး သိပ်ကို အထင်သေးချင်စရာကောင်းလွန်းလိုက်တာများ..။
ကျောခိုင်းထွက်လာမိတဲ့ခြေလှမ်းတွေက အတုန်တုန်အလှုပ်လှုပ်..
ရိပေါ်က သူ့ကိုစောင့်နေမှာ မဟုတ်ဘူးလို့ တွေးပူခဲ့သမျှကို ဘာကိစ္စနဲ့ သူက မိုက်မိုက်မဲမဲ မေ့ဖျောက်ခဲ့မိပါလိမ့်။
" တောက်!! ရှောင်းကျန့် !! "
ဆောင့်ဆွဲခံလိုက်ရတဲ့ လက်တစ်ဖက်က ပြုတ်ထွက်မတတ်..
မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့အခါ နီရဲနေတဲ့ မျက်ဝန်းတစ်စုံက သူ့ကိုကြည့်နေတာ စူးစူးစိုက်စိုက်..
" ထွက်ပြေးဦးမလို့လား..ဟမ်.. ခင်ဗျားလုပ်ချင်တာလုပ်ပြီး ကျုပ်ကို ထားခဲ့ရဲသေးတယ်ပေါ့ ဟုတ်လား..ဟမ် "
" .... "
" ထားခဲ့မယ်.. ထွက်ပြေးမယ်ကလွဲပြီး ခင်ဗျားဦးနှောက်ထဲမှာ ဘာရှိလဲ.. ဘာရှိလဲလို့.. ဟမ်.. ဖြေစမ်း.. ဖြေစမ်းပါ "
ရိပေါ်က ကြမ်းတမ်းလွန်းနေပေမယ့် ရှောင်းကျန့်က ငိုင်တွေနေတုန်း..၊
အတင်းအကြပ်လှုပ်ခါခံနေရတဲ့ လက်မောင်းတွေက နာကျင်လာပေမယ့် ရိပေါ်ပြောသလို ဒဏ်ရာတွေ ပြည့်နေတဲ့ ရိပေါ်မျက်ဝန်းတွေကို ငေးနေရတာက ပိုလို့နာကျင်ရပြန်တယ်။
" လာ.. ခင်ဗျား လိုက်ခဲ့ "
ရိပေါ် ဆွဲခေါ်ရာနောက် မငြင်းမဆန်ပါသွားတဲ့ ရှောင်းကျန့်က အရုပ်လို..
ရင်းနှီးပြီးသားအိပ်ခန်းပေမယ့် အရင်အတိုင်း မပြောင်းမလဲ တစ်ပုံစံထဲ တွေ့လိုက်ရတဲ့အခါ ငိုချင်စိတ်ကလှိုက်တက်လာခဲ့တဲ့အထိ..၊
" ကြည့် !! ဒီမှာကြည့်စမ်း "
သူ့မျက်စိရှေ့ရောက်အောင် ရိပေါ် ဆွဲချလာတာတွေထဲ စာရွက်အပိုင်းအစတွေ ဆေးဘူးတွေက အစုံရောထွေးလို့..
ကြေမွနေတဲ့ စာရွက်တွေကို ယူဖတ်မိတော့ တိုးဝင်လာတဲ့ မွန်းကျပ်မှုတွေမှာ ရှောင်းကျန့်က အသက်ရှုမဝချင်တော့တဲ့အထိ..
" ခင်ဗျား တာဝန်ယူရမှာ ! .. ဒီအိပ်ဆေးတွေ ဒီအရူးလက်မှတ်တွေ.. ဒီဒဏ်ရာတွေ.. ဒါတွေအားလုံးက ခင်ဗျားကြောင့်လေ ခင်ဗျားကြောင့်.."
အခုမှ ရိပေါ် တကယ် ရူးချင်လာတယ်..
သူ ဆွဲလွဲသမျှ ပါလာရင်း ငိုချင်တာကို အံကြိတ်ထိန်းထားရင်းကနေ တချက်တချက်မဲ့ကျသွားတဲ့ နှုတ်ခမ်းလေးတွေနဲ့ ရှောင်းကျန့်ကိုကြည့်ရင်း ရိပေါ်က ယုယပစ်ချင်လွန်းလို့ ရူးတော့မယ်ထင်တယ်..၊
ဘာလို့လဲ ခင်ဗျားရယ်..
တကယ်လဲ မထားခဲ့ရက်ဘဲနဲ့..
ကျွန်တော်တို့ တကယ် ချစ်ခဲ့ကြရဲ့သားနဲ့..။
" တောင်းပန်ပါတယ်.. ကောက.. ကောက.. "
ရှိုက်ကြိးတငင်ငိုနေတဲ့ မျက်ရည်တွေကို ရိပေါ်ဥပေက္ခာပြုဖို့ ကြိုးစားပေမယ့် ငိုနေတဲ့သူက ရှောင်းကျန့် ဖြစ်နေတဲ့အခါ ရိပေါ်အတွက် သိပ်ကို ပင်ပန်းရပြန်တယ်..၊
ငရဲကျခဲ့သလို ပူလောင်ခဲ့ရတဲ့ နှစ်နှစ်ကျော်အချိန်ထက် အခု သူ့ရှေ့က အဲ့ဒီလူမျက်ရည်ကျနေတဲ့ အချိန်ကို ပိုလို့ ခံရခက်နေတဲ့ သူ့ကိုယ်သူလဲ ရိပေါ်က နားမလည်ချင်တော့..။
မချစ်ချင်တော့ဘူး.. သူ မချစ်ရဲတော့ပေမယ့်..
" မငိုနဲ့တော့ "
" အင့်.. ကောက.."
" အင်း.. ကောက ဘာဖြစ်လဲ "
" မသိ.. မသိတော့ဘူး.. ကော မပြောတတ်တော့ဘူး "
" မပြောတတ်ရင် မပြောနဲ့တော့.. အခု အရင်တိတ်တော့ "
ကဗျာဆန်ဆန်တွေများ ပြောထွက်လာမလား တွေးမိပေမယ့် သူ့ရှေက အဲ့ဒီလူက ရှောင်းကျန့်ပဲဆိုတာ သူမေ့သွားခဲ့ပုံပါပဲ။
ပြီးတော့ အဲ့ဒီပုံစံကမှ သူ သိပ်မြတ်နိုးရတဲ့ပုံစံဆိုတာကိုရောပေါ့။
" လက်နာသွားသေးလား "
" ဟင့်အင်း.. မင်း.. မင်းမို့လို့ "
နာကျင်ခြင်းတွေကို မြုပ်နှံကြတဲ့ ဒီညက ကြာရှည်ခဲ့တယ်..၊
နှစ်နှစ်ကျော်ကျော် ငတ်မွတ်ခဲ့တဲ့နွေးထွေးမှုကို ရှောင်းကျန့်က ဒီညမှာ ပြန်ရခဲ့တယ်..၊
အညိုရောင်တွေက အတိတ်သာမကဘဲ အနာဂတ်ပါဖြစ်နေကြောင်း ရိပေါ်က ဒီညမှာ ပြန်လက်ခံခဲ့မိတယ်..၊
မိုးရွာပြီးတိုင်းပေါ်လာတတ်တဲ့ ကြယ်တွေထဲ ဒီညရဲ့ကြယ်လေးက အလှဆုံးလို့ ရိပေါ်က သတ်မှတ်မယ်။
ပြီးတော့ အဲ့ဒီကြယ်လေးက အညိုရောင်လေး ဖြစ်ခဲ့တယ်။
ရိပေါ် သူ့ရင်ခွင်ထဲအိပ်ပျော်နေတဲ့ ကိုယ်လုံးလေးကို ဘယ်နှကြိမ်မြောက်မှန်းမသိ တိုးလို့ပွေ့ဖက်မိတယ်။
နမ်းဖို့တောင်မရဲတဲ့အထိ ရိပေါ်ကတော့ အထိမခံဖြစ်နေတုန်းမှာ အိပ်ပျော်သွားခဲ့တဲ့ရှောင်းကျန့်က တအားငိုထားတာမို့ မောသွားပုံပါပဲ။
ဒေါသနဲ့ ဆုပ်ကိုင်မိခဲ့တဲ့ လက်မောင်းလေးကို ခပ်ဖွဖွပွတ်ရင်း ရိပေါ်က မချင့်မရဲဖြစ်ရတယ်။
ပူနွေးလာတဲ့ နဖူးကို စမ်းမိတော့ စတွေ့တွေ့ချင်းက မိုးရေတွေရွဲနေတဲ့သူက ရေစက်လက်နဲ့ ဒီကြားထဲ ဘယ်မှာသွားနေနေလဲ သူ ပြန်တွေးပူရပြန်တာ..၊
စောင်အထပ်ထပ်အုပ်ပေးပြီးတာနဲ့ အဲ့ဒီလူကို ရိပေါ်က သိမ်းကြုံးလို့ဖက်တယ်။
ဒါလေးကို မိုးလင်းရင် ပျောက်သွားမှာ သူ သိပ်ကြောက်ပါတယ်။
.
.
.
ဝရန်တာက​နေ လေနဲ့အတူလွင့်နေတဲ့ အငွေ့တွေကို ငေးကြည့်နေတဲ့ အဲ့ဒီလူကို ရိပေါ် မျက်စိထောင့်ကနေမြင်နေရတယ်..၊
ဆေးလိပ်နဲ့ဝိုင်က ဘာမှမဆိုင်ပေမယ့် အခု ရီဝေဝေနဲ့ မူးနေပုံရတဲ့ ရှောင်းကျန့်မျက်ဝန်းတွေက သိပ်လှတယ်။
" ရိပေါ် "
ခေါ်သံကြောင့် ဘေးကိုငဲ့ကြည့်မိတော့ ရဲနေတဲ့ မျက်နှာလေးနဲ့ ရှောင်းကျန့်က မျက်ဝန်းတွေမှေးစင်းလို့ သူ့ကို ကြည့်နေခဲ့တာဖြစ်တယ်..၊
ပုံမှန်ဆို ပြောမထွက်တဲ့ စကားတွေကို မူးနေမှ ပြောထွက်တဲ့ အဲ့ဒီလူက အရင်အတိုင်း ။
" ဘာကြည့်တာလဲ "
လက်ဖဝါးချင်းထပ်ရင်း လက်ချင်းယှက်မိတော့ အံဝင်ခွင်ကျဖြစ်သွားတဲ့ လက်ကလေးနှစ်ဖက်ကိုငေးရင်း ရိပေါ်က မေးတယ်..၊
လွမ်းချင်းတွေအားလုံး ဒီလက်တွေက စတင်မှန်း အတွေးဝင်လာတော့ တစ်ချက်ဖြစ်ညှစ်မိပြန်တယ်..၊
" အ.. နာတယ် ကလေးရဲ့ "
" ဘာကြည့်တာလဲဆို.. ဖြေမှမဖြေတာ "
" ကောက စဉ်းစားနေတာ "
" ဘာတွေစဉ်းစားနေတာလဲ "
မပြောခင် သူ့ဘက်လှည့်ထိုင်လာရင်း မျက်ဝန်းချင်းစုံအောင် စိုက်ကြည့်လာတဲ့ ရှောင်းကျန့်က ရင်ခုန်ချင်စရာကောင်းလောက်အောင်ကို ရဲတင်းနေတော့တာပဲ။
" လောဘကြီးသလိုဖြစ်နေပေမယ့် ရိပေါ်ကို အရင်လိုပြန်နေစေချင်တာ ကောက "
ဒီရက်ပိုင်းမှာ သူ ဖြစ်ပျက်ခံစားနေရတာတွေကို ရှောင်းကျန့်က ရိပ်မိပုံပါပဲ..၊
ဘယ်လောက်ပဲ သူ့ဆီပြန်လာတယ်ပြောပြော ထွက်သွားရက်တယ်ဆိုတဲ့ အဖြစ်ကို ပြန်တွေးမိတိုင်း တနုံ့နုံ့နဲ့ ကြေကွဲနေတတ်တဲ့ ရိပေါ်က ခဲမှန်ဖူးတဲ့ စာသူငယ်လို အကြောက်တရားသေးသေးလေးမွေးထားမိတုန်း..၊
မလုံခြုံနိုင်တဲ့ စိတ်အခြေအနေနဲ့ ရှောင်းကျန့်ကို မျက်စိဒေါက်ထောက် လိုက်ငေးနေမိတာတွေ..
တစ်ချိန်ထဲမှာပဲ အဲ့ဒီလူ စိတ်ကျဉ်းကျပ်သွားမလား တွေးရင်း စိုးထိတ်နေမိတာတွေ..
မသိသာစေချင်မယ့် ရှောင်းကျန့်အတွက် ဝမ်ရိပေါ်က အခုထိ ခန့်မှန်းရသိပ်လွယ်နေတုန်းပဲ ဖြစ်နေခဲ့သလား သူ မသိတော့..၊
" ဒီကလေးလေးကို ဘာလို့များ တခြားတယောက်နဲ့ ရောထွေးမိတာပါလိမ့်လို့.. ကောက တကယ်ကို မကောင်းဘူးနော် "
ရိပေါ်ပါးတစ်ဖက်ကို ခပ်ဖွဖွပွတ်သပ်ရင်း ရှောင်းကျန်က နင့်နင့်နဲနဲ ရေရွတ်လာတဲ့အခါ..၊
မျက်ဝန်းချင်းဆုံတဲ့ တဒင်္ဂမှာ နာကျင်မှုတွေက ကူးလူး ကုန်တယ်..၊
" အင်း "
ချက်ချင်း ရဲတက်လာတဲ့ နှာသီးဖျားလေးတွေကို ငေးရင်း ရှောင်းကျန့်ကပါ အလိုလို မျက်ရည်ဝေ့လာရတယ်..၊
" ကောက ဆိုးတယ်မလား "
" ဟုတ် "
ခေါင်တဆတ်ဆတ်ညိတ်ရင်း ရှိုက်ရှိုက်ပြီးငိုနေတဲ့ကောင်လေးက အခုမှ နာကျင်ခဲ့ရမှု အလုံးစုံပွင့်ထွက်လာသလိုသလိုမျိုး အချိန်အတော်ကြာတဲ့အထိ မရပ်တန့်ခဲ့..
" ကော "
" ဟင်.. "
" ဖက်ထားချင်တယ် "
ရှောင်းကျန့်က လှိုက်လှိုက်လှဲလှဲ ပြုံးမိတယ်..
ပျောက်ဆုံးနေခဲ့တယ်ထင်ရတဲ့ အရင်က သူ့ကလေးလေး ၀မ်ရိပေါ်ကို ရတဲ့နည်းနဲ့ ပြန်ရှာဖို့ သူ တွေးထားပေမယ့် ထင်သလောက် မခက်ခဲခဲ့တာမို့..။
တိုးဝင်လာတဲ့ ကိုယ်လုံးလေးက တချက်တချက်တုန်နေတုန်း..
ဗလုံးဗထွေးတွေရွတ်လို့ ငိုနေတဲ့ကောင်လေးက ရှောင်းကျန့်ရဲ့ အိမ်ငယ်လေး ဖြစ်တုန်း..။
.
.
.
" ကောတို့နဲ့တူတယ်နော် "
ဒီဟောင်းလောင်းပေါက် နှစ်ပေါက်နဲ့ ဒီပန်းချီကားက သူတို့နဲ့ ဘယ်နေရာမှာများ တူနေလို့လဲလို့ မေးချင်ပေမယ့် ရိပေါ် နှုတ်ဆိတ်နေမိတယ်။
ဘာလို့လဲဆို သူကိုယ်တိုင်လဲ ခပ်ရေးရေးအတွေးဝင်လာတာမို့..၊
သူ့လက်ချက်နဲ့ သူ့မျက်နှာနေရာမှာ ပေါက်နေတဲ့ ပန်းချီကားကိုမြင်ပြီးတော့ ငြိမ်သက်သွားခဲ့တဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ကပါ စိတ်လှုပ်ရှားနေခဲ့မိတာ..
ခဏကြာတော့ ဆေးလိပ်ဗူးကိုင်လို့ ဝင်သွားတဲ့ ရှောင်းကျန့်နောက်ကနေ လိုက်ဝင်တော့ ပန်းချီကားထဲက ရှောင်းကျန့်နေရာမှာပါ မီးစွဲနေခဲ့တဲ့ပုံစံက သူ့ကို ကြိုဆိုတယ်။
" ကော ဒီပန်းချီလေးကို သေချာ သိမ်းထားမှာ "
ဒီရက်ပိုင်းမှာ သူ ဘာလို့မျက်ရည်လွယ်နေလဲ ရိပေါ်မသိဘူး..
ဘေးမှာရပ်နေရာကနေ ရှောင်းကျန့်နောက်ကိုသွားလို့ ခါးလေးကို ကျစ်ကျစ်ပါအောင် ဖက်ပြီး ပုခုံးပေါ်မှာ မျက်နှာအပ်မိတယ်..၊
ဝဲလာတဲ့ မျက်ရည်တွေပါ ရှောင်းကျန့်အကျႌပေါ်မှာ ပျောက်သွားတဲ့အထိ..
" ကျန့်ကော "
" ဟင် "
" ကျွန်တော် ခင်ဗျားကို စောက်ရမ်းချစ်တာပဲ "
" ..... "
" တစ်ခုခုပြန်ပြောလေ "
" အင်း "
" ပြန်ပြောပါဆို "
" အင်းလို့ "
" ရှောင်းကျန့်.. ခင်ဗျားနော် "
" ကောပြန်ပြောနေတာလေ.. အင်း ပါဆို "
" ..... "
" ရိပေါ်?.''
" ခင်ဗျားကို မခေါ်တော့ဘူး "
" ကဲ.. "
ခပ်သဲ့သဲ့ရယ်မိသံနောက်မှာ ပိုတင်းကျပ်လာတဲ့လက်တွေကို ရှောင်းကျန့်က ခပ်ဖွဖွပွတ်တယ်။
" ကောက မင်းကိုရင့်ကျက်လာမယ် ထင်ခဲ့တာ"
"အခုထိ မသေသေးတာ ရင့်ကျက်တာ မဟုတ်ဘူးလား"
တစ်ယောက်ရင်ဘတ်ကို တစ်ယောက် ဓားနဲ့ထိုးသလို စကားတွေမှန်းသိသိကြီးနဲ့ နာကျင်မှုကိုဖုံးကွယ်လို့ အပြုံးမပျက်နေနိုင်တဲ့သူတို့နှစ်ယောက်က သိပ်ကို ရူးတာပါပဲ..
Amelia ကပြောတယ်။
နေသားကျသွားတဲ့ နာကျင်မှုဆိုတာ မရှိဘူး..
နေရာမရတော့တဲ့ နာကျင်မှုတွေပဲ ရှိတယ်တဲ့။
အဲဒီလိုမျိုးပဲ ရိပေါ်ရှိနေသရွေ့ ရိပေါ်နဲ့ပတ်သတ်တဲ့ နာကျင်မှုက လွဲရင် ရှောင်းကျန့်က နေရာမပေးတော့ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်ခဲ့တာမို့..။
.
.
.
" ဘာဖြစ်လို့ ပြန်လာတာလဲ "
မမေးတော့ဘူး ထင်ခဲ့ပေမယ့် တစ်ရက်မှာတော့ ရိပေါ်က မေးလာခဲ့တယ်..။
" အင်း.. Amelia ကပြောတယ် "
" Amelia က ဘယ်သူလဲ "
" Eden ရဲ့အမျိုးသမီး "
" Eden ကေရာ ဘယ်သူလဲ "
" ဟိုက ကော်ဖီဆိုင်ပိုင်ရှင် အဘိုးကြီး "
" ကျစ် "
" ဟင်.. "
သူ ဒေါသထွက်လာမှ လှည့်ကြည့်လာဖော်ရတဲ့ အဲ့ဒီလူကို ရိပေါ် စိတ်မကြည်ချင်တော့..။
မနက်ဖြန် သူ့အိမ်သူပြန်ပြောင်းလို့ရပြီဆိုပြီး ကုတင်ပေါ်ထိုင် အဝတ်တွေခေါက်နေတဲ့ ရှောင်းကျန့်က ရိပေါ် စိတ်ကောက်ချင်နေတာ သိသိကြီးနဲ့ ဆက်လုပ်နေတုန်း..၊
အဲ့ဒီလူပြောနေတာတွေ သူ မသိလေ သူတို့တွေ ပိုပြီး ဝေးများဝေးကွာလာသလား ဆိုတဲ့ အတွေးတွေကလဲ ဝင်လာလေမို့ ရိပေါ်က ပိုစိတ်ဆတ်ချင်လာတယ်။
" Amelia က ကောလိုပဲ.. Eden က ရိပေါ်လိုပဲ "
" ဘာကိုလဲ "
" စသိကာစက ကော အံသြသွားသေးတာ.. ကောလိုလူမျိုးက အဲ့လိုဘဝမှာ အဆင်ပြေပြေနေနိုင်တယ်ဆိုတာလေ "
" ..... "
" Amelia ကပြောတယ်.. လူတစ်ယောက်ရဲ့ အားနည်းချက်က တန်ဖိုးထားတတ်တဲ့သူနဲ့တွေ့ရင် အားသာချက်ဖြစ်သွားတတ်တယ်တဲ့ "
" ..... "
" ကိုယ့်ကို တန်ဖိုးထားမယ့်သူကိုတွေ့ရင် လက်မလွှတ်နဲ့တဲ့ "
" သူ မပြောရင် ကောက ကျွန်တော့်ဆီပြန်မလာတော့ဘူးလား "
တိတ်ဆိတ်သွားတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်က ပက်လက်လှန်နေရာကနေ ထလို့ ရှောင်းကျန့်ကို ချောင်းကြည့်ရတယ်..။
စိတ်ဆိုးသွားမှာကြောက်ပေမယ့် ဒါက သူ တကယ်သိချင်တဲ့ မေးခွန်းမို့..
" ရိပေါ် "
" အင်း "
" ကော မင်းဆီ ပြန်မလာဘူးဆိုတဲ့စကား ပြောခဲ့မိလား "
" ..... "
" ဖြေ.. "
စကားမဆုံးခင် ကျောဘက်က နွေးထွေးမှုနဲ့အတူ သူ့ခါးထက်မှာပါ ရိပေါ် လက်တွေက နေရာယူလာတာ တင်းတင်းကြပ်ကြပ်..
" ကျန့်ကော "
" အင်း.. "
" နမ်းချင်လို့ "
" အဟမ်း.. ပြီးမှ "
" ဟင့်အင်း.. အခု "
" မင်းနော်..အ "
" ပေးမနမ်းမချင်း အကိုက်ခံမလား ပြော "
" ဝမ်ရိပေါ်.. မင်းတော်တော်.. အ..နာတယ်..ရိပေါ်! "
တွန့်လိမ်လို့ရုန်းနေပေမယ့် အလွတ်မပေးတဲ့ကောင်လေးကြောင့် ရှောင်းကျန့် လည်ပင်းမှာ ခပ်ရဲရဲ အရာတွေထင်လို့..၊
ဆူမယ်ကြံပေမယ့် ရုတ်ချည်း ငြိမ်ကျသွားပြန်တဲ့ကောင်လေးကြောင့် ရှောင်းကျန့်က အသာငဲ့ကြည့်ရသေးတာ..၊
အရင်ထက်ပိုပြီး ရင့်ကျက်လာတယ် ထင်ရပေမယ့် တစ်ခါတလေဆို အရင်ကထက်ပိုပြီးဂျစ်တတ်လာတဲ့ ရိပေါ်အကျင့်ကို ရှောင်းကျန့်က ဒီရက်ပိုင်းတွေမှာ သေချာသိခဲ့ပြီမဟုတ်လား..
" ကောက ကျွန်တော့်ကိုမချစ်ဘူး "
" မဟုတ်ပါဘူး "
" ချစ်ရင် အတူတူနေလေ.. ဘာလို့ လွယ်လွယ်နဲ့ သွားနိုင်ရတာလဲ "
" ...... "
" ကောက ကျွန်တော့်ကိုမချစ်ပါဘူး "
" မဟုတ်ပါဘူးဆို "
" ဟုတ်တယ်.. ဘာလို့မဟုတ်ရမှာလဲ "
" ကောက မင်းလိုတွေ ပြိုင်မှမပြောတတ်တာ ရိပေါ်ရယ်.. ချစ်တယ်လေနော် "
" ဟင့်အင်း "
" ခုနကပြောတော့ နမ်းမယ်ဆို "
စူပုတ်နေဆဲမျက်နှာလေးနဲ့ ဝေ့ကြည့်လာတဲ့ ရိပေါ်က သူ့ရဲ့ အဖိုးတန် ဂျစ်တူးလေး..
" အကြာကြီး အကြာကြီး နမ်းလို့ရလား "
" အင်း အင်း..ကလေးသဘော "
" ချစ်လား "
" အင်း...ချစ်တယ်နော် ချစ်တယ် "
.
.
.
ချစ်ခြင်းမေတ္တာတွေက ရိုးရှင်းပါတယ်။
ပြန်လာမယ်လို့ မပြောခဲ့ပေမယ့် အမြဲတမ်း စောင့်နေခဲ့တဲ့ ဂျစ်တူးလေးရယ်..
စောင့်နေမလား မသေချာပေမယ့် ဆက်ဆက်ပြန်လာခဲ့တဲ့ အညိုရောင်လေး ရယ်...
သူတို့ နှစ်ယောက်သာ ဖြစ်ခဲ့ပါတယ်။
........... End ...............
AN.
Haphephobia ကြောင့် ခံစားနေရတဲ့ နောက်ဆက်တွဲတွေကို မလိုချင်လို့ tattoo တွေလိုက်ထိုးရင်း အကျင့်ဖြစ်အောင် ကြိုးစားနေတဲ့ ကောင်မလေး Sara ( နာမည်လွှဲ)
ကြီးလာမှ haphephobia sign တွေပြလာပြီး တဖြည်းဖြည်းလူတွေနဲ့ စိမ်းသက်လာတဲ့ ကောင်လေး Noah ( နာမည်လွှဲ)
သူတို့ နှစ်ယောက်လုံးက တကယ်အပြင်မှာ ရှိတဲ့ သူတွေပါ။
အရင်တခါ AN note မွာ ကောင်မလေးအကြောင်းကို ပြောခဲ့ဖူးပါတယ်။
Amelia ကေတာ့ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ရုပ်ပြကာတွန်း တစ္ခုထဲက ခဏေလးပါခဲ့တဲ့ character တစ္ခုကို ထည့်ထားတာပါ။ ဟိုးအရင်ခေတ် War တွေရဲ့အကျိုးဆက်အရ sexual attack ခံရျပီး လူတွေအထိအတွေ့တွေကိုကြောက်သွားတဲ့ ကောင်မလေးတယောက်အနေနဲ့ ဖတ်ခဲ့ဖူးတာပါ။
အသေးစိတ်တွေ ထည့်မရေးခဲ့တာမို့ ဒီမွာပဲ ရှင်းပြလိုက်ပါတယ်။
Continue Reading
You'll Also Like
615K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
156K 20.5K 15
Xiao Zhan + Wang Yibo (short story)
99K 12.5K 21
131K 7.7K 54