ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 167K 22.4K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)
Part 71(unicode)
Part71(zawgyi)
Part72(unicode)
Part72(zawgyi)
Part73(unicode)
Part73(zawgyi)
Part74(unicode)
Part74(zawgyi)
Part75(unicode)
Part75(zawgyi)
Part76(unicode)
Part76(zawgyi)
Part 77(unicode)
Part77(zawgyi)
Part78(unicode)
Part78(zawgyi)
Part 79(unicode)
Part79(zawgyi)
Part 80(unicode)
Part80(zawgyi)
Part 81(unicode)
Part81(zawgyi)
Part82(unicode)
Part82(zawgyi)
Part83(unicode)
Part83(zawgyi )
Part84(unicode)
Part 84 (zawgyi)
Part 85(unicode)
Part 85(zawgyi)
Part 86 (unicode)
Part 86(zawgyi)
Part 87 (unicode)
Part 87(zawgyi)
Part 88(unicode)
Part 88 (zawgyi)
Part 89(unicode)
Part 89 (zawgyi)
Part 90 (unicode)
Part90(zawgyi)
Part 91 (unicode)
Part 91 (zawgyi)
Part 92 (unicode)
Part 92 (zawgyi)
Part 93 (unicode)
Part 93 (zawgyi)
Part 94 (unicode)
Part 94 (zawgyi)
Part 95 (unicode )
Part 95 (zawgyi)

Part 59(unicode)

7.5K 1.3K 445
By melieee2

Chapter 59;

ကျန်ချန်ရဲ့ အတန်းဖော်ကောင်လေးများသည်
အထူးကြည့်ကောင်းနေသူများမဟုတ်သကဲ့သို့
ကောင်မလေးများကလည်း အလွန်လှပနေတာမဟုတ်ပေ။ဒါပေမယ့်သူကျန်ချန်ကို ပထမဆုံး
စတွေ့သည့်နေ့အတိုင်း၊ အကြည့်တစ်ချက်နှင့်
ထိုသူများသည်နယ်ခံမဟုတ်မှန်းချက်ချင်း ပြောနိုင်သည်။

မြို့ကြီးပြကြီးမှဆင်းသက်လာခဲ့သည့်အထက်
တန်းကျောင်းသားကျောင်းသူများ၏ကိုယ်ပေါ်
မှာလွှမ်းနေသောကိုယ်ရောင်ကိုယ်ဝါများသည် ပတ်ဝန်းကျင်နှင့်မလိုက်ဖက်ကြောင်း တစ်ဖက်လူအားထင်ထင်ရှားရှား မြင်စေသည်။

ကျန်ချန်က သူ့ဘေးနားသို့​လျှောက်လာပြီး သူ့အတန်းဖော်နှင့် မိတ်ဆက်ပေးလာ၏။
"သူက ငါ့အတန်းဖော်, ဖန်းကျိ ။ အရင်ကတွေ့
ဖူးပေမယ့်မင်းသူ့ကိုမှတ်မိလားမသိဘူး။စားဖို့
သောက်ဖို့ ဆိုင်သွားတော့မလား?။ "

"အင်း။"
ကုဖေး ခေါင်းညိတ်လိုက်သည်။
"ဆန်ကိတ်သွားစားရအောင်။"

ကျန်ချန်ရဲ့မျက်လုံးများ ကျယ်သွား၏။သူက
* သောက်ကျိုးနည်း ဆန်ကိတ်ပဲလား။နှစ်ရက်
လုံးငါတို့ဆန်ကိတ်ပဲစားခဲ့တာမဟုတ်ဘူးလား*
ပြောချင်​ေန၏။သို့သော်သူပါးစပ်မဟရသေးခင်
ဖန်းကျိကဝင်ပြောလာသည်။
"အင်း,အသံနားထောင်ကြည့်ရသလောက်
စားလို့ကောင်းမယ့်ပုံပဲ။ ငါ ဆန်ကိတ် မစား
ရတာ တော်တော်ကြာပြီ။"

လီရိချင်းကဝင်ပြော၏။
"ငါလည်းဆန်ကိတ်ကြိုက်တယ်။ ဆန်ကိတ်
ပူပူလေးကို သကြားညို အရည်စမ်းထားရင်
အရမ်းအရသာရှိတာ။ "

"သွားရအောင်။"
ကုဖေးသည်ဘေးအုတ်တံတိုင်းမှာထောင်ထား
သည့်စက်ဘီးကိုထူလိုက်ပြီး စက်ဘီးပေါ်တက်
ခွလိုက်၏။ထို့နောက် ကျပ်စည်း ,စည်းထားတဲ့ခြေထောက်တစ်ဖက်အား ခြေနင်းပေါ်တင်ပြီး
ကျန်တစ်ဖက်ကို မြေကြီးပေါ်မှာ ထောက်ကန်
လိုက်သည်။
"ဆိုင်က သိပ်မဝေးဘူး။"

ဖန်းကျိန်က သိချင်စိတ်နှင့်မေးလာ၏။
"မင်းရဲ့ခြေထောက်က အဆင်ပြေရဲ့လား။"

ကုဖေးခေါင်းညိတ်လိုက်သည်။
"အင်း။ အဆင်ပြေတယ်"

"သွားရအောင်။"
ကျန်ချန်ကစက်ဘီးလက်ကိုင်ကိုကူထိန်းပေး
သလိုဟန်ဆောင်ပြီးလက်တစ်ဖက်မှသူ့လက်
အားဆတ်ခနဲအုပ်မိုးလာ၏။

ကုဖေးသည် အလိုက်တသိသူ့လက်ကိုအုပ်မိုး
ထားသည့်လက်လေးကိုလက်မနှင့်ညင်သာစွာ
ပွတ်သပ်ပြီးမှ လက်ပြန်ရုတ်လိုက်၏။

ကုဖေးသည်တခြားသူများလိုက်မှီအောင်စက်
ဘီးအရှိန်လျော့ခဲ့ပြီး လမ်းဘေးမှကပ်နင်းကာ
သူတို့စကားပြောနေတာကိုတိတ်ဆိတ်စွာ နား
ထောင်ဖို့ရွေးချယ်လိုက်သည်။

ကျန်ချန်က စကားသိပ်ဝင်မပြောပေ။ အချိန်တော်တော်များများတွင်သူကဖန်းကျိနှင့်တစ်
ခြားအတန်းဖော်များပြောတာအားနားထောင်
နေ၏။ သူတို့အဓိပြောသည့်အကြောင်းအရာ
အများစုက ကျောင်းစဖွင့်ဖွင့်ကြုံတွေ့ခဲ့သည့်
အမျိုးမျိုးသောအတင်းအဖျင်းအကြောင်းရာ
များဖြစ်သည်။

ဖန်းကျိသည်သူတို့အတန်းပိုင်ဆရာအကြောင်းဖောက်သည်ချနေရာမှတစ်ခုခုကို သတိရသွား
ပုံနှင့်သူ့အိတ်ကပ်ထဲရှိ သျှားညိုရောင်စာအိတ်
တစ်အိတ်အား ကျန်ချန်ဆီထုတ်ပေး၏။
"အိုး,ဟုတ်သား။ ချန်အာ,ဒီမှာ သူ မင်းကိုရေး
ပေးတဲ့လိုက်တဲ့စာ ။ ငါ မေ့တော့မလို့။"

"အင်း။"
ကျန်ချန်က သူ့ဆီမှစာအိတ်ကိုယူပြီးအိပ်ကပ်
ထဲသို့ထိုးထည့်လိုက်သည်။

ကုဖေးသည်စက်ဘီးကိုဖြည်းဖြည်းနင်းနေပြီး
သူတို့ရဲ့အတန်းပိုင်ဆရာသည်အလွန်သဘော
ကောင်းကြောင်းတွေးနေသည်။

လောင်ရွှီနှင့်ယှဥ်ကြည့်.ခဏလေး...ချန်အာ???

သူသည်ကျန်ချန်အားလှမ်းကြည့်လျှင်ကျန်ချန်
ကတစ်ခုခုကိုခံစားမိသကဲ့သို​ ့သူ့ကိုလှမ်းကြည့်လာ၏။ကုဖေးသူ့ကိုမျက်လုံးများမှေးကျဥ်းပြီး
စိုက်ကြည့်လိုက်သည်။

ကျန်ချန်ကမအူမလည်နှင့်ခေါင်းစောင်းကြည့်
လာသည့်အခါ ကုဖေးပြန်ငဲ့စောင်းကြည့်လိုက်
သည်။ပါးစပ်မှလည်း အသံတိတ်ဆဲရေးလိုက်
၏။

ငလူးတဲ့မှ....

.......

ကုဖေးက ဘာကြောင့် သူ့ကိုမျက်လုံးမှေးပြီး
စိုက်ကြည့်နေသည့် အကြောင်းအားကျန်ချန် နားလည်သွားသည့်အခါပထမတော့သူ နည်း
နည်းအနေခက်ပြီးရှက်သွား၏။ ဒါပေမယ့် ,
သူ ထိုအကြောင်းကိုတွေးမိလျှင် အဆုတ်ကွဲ
မတတ် ရယ်ချင်လာသည်။

ဖန်းကျိက သူ့ကို အမြဲတမ်း ချန်အာ နှင့် အဘိုး
လို့ခေါ်နေကြဖြစ်သည်။

'အဘိုး'ဆိုသည့်ဝေါဟာရအားသူတို့ရဲ့သီးသန့်
စကားဝိုင်းမှာသုံးနှုန်းတတ်ပြီး'ချန်အာ'ကတော့
သူအမြဲခေါ်နေကြနာမည်ဖြစ်သည်။အထွေအထူးမဟုတ်ပေ။ဒါပေမယ့်တစ်နေ့လုံး
ကုဖေးသည်သူ့အား* သူကဘာလို့ဆိုဖာပေါ်မှာ
အိပ်မှာလဲ? ဘာလို့ဟိုတယ်မှာမတည်းပဲ ဆိုဖာ
ပေါ်မှာအိပ်ဖို့လိုတာလဲ * နားပူနားဆာတိုက်နေ
ခဲ့တာဖြစ်သည်။အမှန်တိုင်းပြောလျှင်၊ ကုဖေး
ရဲ့ အပြုအမူကြောင့် ပြောစရာစကားပျောက်
ခဲ့သေး၏။

အဘယ်ကြောင့်ဆိုသော် သူသည် ဖန်းကျိကို
ဖန်းကျိလို့သာခေါ်နေကြဖြစ်သည်။

မင်းတောင် သူ့ကိုဖန်းကျိလို့ခေါ်တာ,သူက ဘာ
လို့ မင်းကို ချန်အာလို့ခေါ်ရတာလဲ?ဆိုပြီး ထပ်
လာနေလိမ့်မည်။

ကျန်ချန်သည်သူ့ကိုလှမ်းကြည့်လျှင် ကုဖေးက
ခေါင်းငုံ့ပြီးဆေးလိပ်မီးညှိနေလျက်ရှိသည်။သို့
သော်,ကုဖေးသည်သူ့အကြည့်များကို အာရုံခံမိ
သည့်အလားမော့ကြည့်လာလျှင် မျက်လုံးချင်း
ဆုံသွားသည်။သူက ပါးစပ်မှ နောက်တစ်ကြိမ်
အသံတိတ်ဆဲရေးလာ၏။

ငလူးတဲ့မှ..

ကျန်ချန် ရယ်ချင်စိတ်ကိုမထိန်းနိုင်ပဲ အသံ
ထွက်ပြီးအော်ရယ်လိုက်သည်။

"ဟုတ်တယ်မလား ?။"
သူ့ဘေးမှ ဖန်းကျိသည်သူ့ဘက်ရုတ်တရက်
လှည့်ပြီးစကားပြောလာ၏။
"ငါလည်းရယ်ရလွန်းလို့သေမလိုဖြစ်သွားတာ။
စာသင်ခန်းအပြင်မောင်းထုတ်ခံရဖို့နည်းနည်း
လေးပဲလိုတော့တယ်။"

"အင်း ,အင်း။"
ကျန်ချန် သံယောင်လိုက်,လိုက်၏။
"အရူး။"

ကျန်ချန်သည်ဖန်းကျိပြောသွားတာကိုတစ်လုံးမှကြားလိုက်တာမဟုတ်ပေ။သို့သော်သူ့အဖြေသည်
သူနှင့်ဖန်းကျိကြားမှာ အလုပ်ဖြစ်၏။

"အိုး,ဟုတ်သားပဲ။ မင်းတို့ ပြီးခဲ့တဲ့တစ်ခေါက်က,ကစားခဲ့တဲ့ဘက်စကတ်ဘောပြိုင်ပွဲဗီဒီယို
ရှိသေးလား?။"
ဖန်းကျိ ဆက်ပြောလာသည်။
"ငါ့ဆီပို့လိုက်ဦး။ငါကြည့်ချင်တယ်။ငါတို့အတူ
ကစားဖို့အခွင့်အရေးမရှိတော့ပေမယ့် ၊အနည်း
ဆုံး ငါ အဲ့ဗီဒီယိုတွေကြည့်လို့ရသေးတယ်။"

"ငါလည်း မသိဘူး။"
ကျန်ချန်သည် ကုဖေးကို လှမ်းကြည့်လိုက်၏။
"ဗီဒီယိုရှိသေးလား?။"

"အင်း။"
ကုဖေးက ပြန်ဖြေလာသည်။
"ဝမ်ကျိုရစ်က သိမ်းထားလောက်တယ်။"

"Fuck...အဲ့ဒါဘယ်သူလဲ?။"
ဖန်းကျိသည်မေးခွန်းမေးလာပေမယ့်ခေါင်းစဉ်ချက်ချင်းပြောင်းသွားပြန်၏။
"ငါ့ကို ပို့ပေးလို့ရလား?။"

"မင်း ငါ့ကို add လိုက်။"
ကုဖေးကဖုန်းကိုတတောက်တောက်နှင့်ရိုက်
ပြီးမှဖုန်းမျက်နှာပြင်အားဖန်းကျိဆီသို့လှည့်
ပေးလာသည်။

"ကောင်းပြီ။"
ဖန်းကျိကသွက်လက်စွာဖုန်းထုတ်ပြီးဖုန်းမျက်
နှာပြင်​ေပါ်မှQR codeကိုဖတ်ပြီးသူငယ်ချင်းဖွဲ့လိုက်၏။
"ဒါကမင်းရဲ့အကောင့်နာမည်လား?။တော်တော်ချစ်စရာကောင်းတာပဲ။"

ကျန်ချန်သည်ဘေးမှာရပ်ပြီးသူတို့နှစ်ယောက်
ဘာပြသာနာမှမတက်ဘဲ တစ်ယောက်နှင့် တစ်ယောက်သူငယ်ချင်းဖွဲ့လိုက်တာအားကြည့်နေခဲ့သည်။ဒါပေမယ့်, ဖန်းကျိ အိပ်ကပ်ထဲသို့ ဖုန်းပြန်
ထည့်ပြီးလျှင် ရွှီမင်းကဖန်းကျိအားဆွဲခေါ်သွား၏။

"မရဘူး...မရဘူး..မပေးနိုင်ဘူး။"
ဖန်းကျိက ရွှီမင်း နှင့် တိုးတိုးတိတ်တိတ်
အငြင်းပွားလျက်ရှိသည်။
"လုံးဝ, ငါ မပေးနိုင်ဘူး။ကိုယ့်ဘာသာကိုယ် သွားမေး။"

"ဘာဖြစ်နေတာလဲ?။"
ကျန်ချန်သည်းမခံနိုင်တော့ပေ။ဖန်းကျိသည်
ကုဖေးရဲ့အကောင့်ကိုပြောဖို့ ငြင်းလိုက်လျှင်
ရွှီမင်းကဘာဆက်လုပ်မှာလဲ?ကုဖေးကရော?

သူတို့ ပြန်သွားတဲ့နောက် ဒါမှမဟုတ် သူတို့
မပြန်ခင် ရွှီမင်းကိုယ်တိုင် ကုဖေးရဲ့wechat
ကို မေးမှာလား? ။ ဖန်းကျိက သူမကိုယ်တိုင်
သွားတောင်းဖို့မပြောလျှင် ၊ထိုကောင်မလေး
သည်ထိုသို့တွေးလိမ့်မည်မဟုတ်ပေ။

တကယ်လို့ ထိုကောင်မလေးက ကုဖေး ရဲ့
wechat အကောင့် ပေါ်တင်မေးလာခဲ့လျှင်
သူ လုံးဝ လက်ခံမှာမဟုတ်ဘူး။

သူ ကုဖေးကို ဆတ်ခနဲ ခေါင်းလှည့်ကြည့်ပြီး
အသံနိမ့်၍ပြောလိုက်တယ်။
"ငလူးတဲ့မှ!*"

ကုဖေးကလည်းခပ်ဖွဖွပြန်ပြောလာ၏။
"ချန်အာ? ? ?။"

ကျန်ချန် အသံတိတ် ဆဲရေးလိုက်သည်။
"Fuckပဲ, ကုဖေး ။ မင်းက ငါးနှစ်သား
ကလေးလား?။"

ကုဖေးက ချက်ချင်းပြန်ဖြေ၏။
"ဟင့်အင်း ~~ "

ကျန်ချန် ရုပ်တည်နှင့်ဆက်မနေနိုင်အောင်
ရယ်လိုက်မိသည် ။ ရယ်ရလွန်းလို့ နှာရည်
ပင် ကျတော့မလိုဖြစ်သွား၏။

ကျန်ချန် နှာရှုပ်လိုက်တယ်။
"ချီးပဲ!"

........

အမှန်တော့သူတို့သွားသည့်နေရာ၌ ဆန်ကိတ်
ဆိုင်အပြင်တခြားဆိုင်တန်းလည်း အများကြီး
ရှိတာဖြစ်သည်။သူတို့သည်စားပွဲဝိုင်းတစ်ဝိုင်း
နေရာယူသည့်အခါ ကောင်မလေးနှစ်ယောက်ကဘေးဆိုင်တန်းများလျှောက်ပတ်သွားကြည့်
ပြီးကြက်တောင်ပံကင်၊တံစို့ထိုးအသားချောင်း
အကင်နှင့်ဘီယာများဝယ်လာသည်။

ကုဖေးသည် စားပွဲဝိုင်းတွင်ဝင်ထိုင်ပြီးနောက်
ခေါင်းငုံ့၍ဖုန်းသုံးနေခဲ့တာဖြစ်၏။ကျန်ချန်ရဲ့ အတန်းဖော်များနှင့်ပြောစရာ အလာပသလာ
ပစကားများမရှိပေ။ထိုသူများသည် ကျန်ချန်
အတိုင်း အရမ်းရိုးရှင်းသည်။ အဖြူထည်ဆန်
​သောလူများစုသွားသည့်အခါသူတို့စကားဝိုင်း ခေါင်းစဉ်များလည်းရိုးရှင်းပြီး စကားတစ်လုံး
ချင်းစီတိုင်းမှာ ဟန်ဆောင်မှုကင်းသည်။

လီယန်က "မင်း နဲ့မင်းအရွယ်လူငယ်တွေကြားကွာဟချက်က လူကြီးနဲ့လူငယ်ကြားမျိုးဆက် ကွာခြားချက်လောက်ရှိတယ်။ ကိုယ့်ကျင်ငယ်
ရည်ကိုယ်ပြန်ကြည့်နေတဲ့အချိန်တောင် မင်းရဲ့
သားမြေးမြစ်တွေကိုကြည့်နေသလိုမျိုး ကြည့်
နေတာ။" လို့ သူ့အား ပြောခဲ့သည်။

သို့သော်,ကျန်ချန်က ထူးခြားသည်။

သံသဃရှိစရာမလိုအောင် ဖန်းကျိနှင့်တခြား
သူများထက်ပိုရင့်ကျက်​ေသာကျန်ချန်နှင့်ဆို
လျှင်သူတို့နှစ်ယောက်ကြားကွာခြားချက်မရှိ
ပေ။အကယ်၍သူတို့ကြားမှာ ကွာခြားချက်ရှိ
ခဲ့လျှင် ၊လူကြီးနှင့်လူငယ်ကြားကအယူအဆ
ကွာဟမှုလိုမျိုးဖြစ်နေမှာမဟုတ်ပေ။

ထုံးစံအတိုင်းကျန်ချန်ကစကားများများမပြော
ပေ။သူကထိုင်ခုံမှာမှီပြီး အချိန်တော်တော်များ
များတွင် သူ့အတန်းဖော်များရဲ့စကားဝိုင်းအား
နားထောင်တတ်၏။ကုဖေးကအကဲခတ်ကြည့်ရသလောက်၊  ကျန်ချန်ရဲ့ကိုယ်ပေါ်မှာလွှမ်းခြုံ
ထားသည့်မွေးရာပါအထက်စီးဆန်မောက်မာမှု
များဖယ်ထားလျှင်၊ သူသည် စိတ်ခံစားချက်ကိုမျက်နှာပေါ်မှာဖော်ပြတတ်သည့်လူမျိုးဖြစ်၏။
ထိုကဲ့သို့ကျန်ချန်ကို သူတို့ပထမဆုံးအကြိမ်တွေ့တည်းကသိခဲ့တာဖြစ်သည်။

ကျန်ချန်ရဲ့ထိုကဲ့သို့သောတစ်ဖက်အခြမ်းကို
သာသူတစ်ခါမျှမမြင်တွေ့ခဲ့လျှင်၊ ကျန်ချန်ရဲ့
မွေးစားမိသားစုနှင့်ကျန်ချန်ကြားဆက်ဆံရေး
မှာတစ်ယောက်နှင့် တစ်ယောက်သဘောထား
ကွဲမှုများ၊ ခံယူချက်မတူညီမှုကြောင့် ကျန်ချန်
ရဲ့ မွေးစားခံရမှုပယ်ဖျက်ခံလိုက်ရသည့်အကြောင်းရင်းအားလုံးဝစိတ်ကူးကြည့်မိလိမ့်
ွမည်မဟုတ်ပေ။

စားပွဲခုံအောက်တွင် ကုဖေးသည်ခြေထောက်တစ်ဖက်ဆန့်ပြီးကျန်ချန်ရဲ့ရှုးဖိနပ်ကိုဖွဖွလေး
တက်နင်းလိုက်၏။

ကျန်ချန်က သူ့ကိုလှည့်ကြည့်လာပြီး မျက်လုံး​
များကလခြမ်းကွေးသဏ္ဍာန်ကျဥ်းမြောင်းသွား
၏။ ထို့နောက် သူက စကားပြောရင်းရယ်မော
နေသည့် သူ့အတန်းဖော်တွေဆီအကြည့်ပြန်လွဲသွား၏။

ယခုလက်ရှိပုံစံက ကျန်ချန်ဖြစ်သည်။
မဟုတ်ဘူး။ကျန်ချန်က သူနှင့်အတူ ရှိ
သည့်အခါတိုင်း ထိုကဲ့သို့ ဖြစ်သွားတတ်၏။

ဖန်းကျိကကြက်တောင်ပံကိုကိုက်ရင်းပြော၏။
"အခု နွဲ့ရှောင်ယန်က သူ့ကိုယ်သူဆရာကြီး
ထင်နေတာ။ သူ့မျက်နှာကအမြဲပြုံးနေတာ။
ကျန်ချန်ထွက်သွားတော့၊ သူကထိပ်ဆုံးသုံး
ယောက်ထဲရောက်သွားတာမလား။ သူ့မျက်
နှာပေါ်ကအပြုံးကြီးကတောက်ပနေတာများ အရောင်တလက်လက်လက်ထနေတဲ့အတိုင်းပဲ။"

လီစုန်းကဝင်ပြော၏။
"သူ့အကြောင်းဘယ်သူဂရုစိုက်လို့လဲ?။သူက
တလက်လက်တောက်ပပ မတောက်ပပ ၊ အဲ့
ထိပ်ဆုံးသုံးယောက်နေရာကမင်းအလှည့်
ရောက်လာမှာမဟုတ်ဘူး။ဘာလို့ မင်းရဲ့ အင်
အားကို အလကားဖြုန်းတီး နေတာလဲ?။"

ဖန်းကျိက ချက်ချင်းပြန်ဖြေ၏။
"မတူဘူး။ သူ ချန်အာဆီကျေးဇူးတင်
ကြောင်းစာ တစ်စောင်ရေးလို့ ရအောင် ၊
ငါ ချန်အာဆီအလည်သွားမယ့်အကြာင်း
ကိုသူ့ကိုပြောသေးတယ်။အဲ့တစ်ယောက်
ကအတည် ရေးလာတာပြီးတော့မီးပန်း
ဗြောက်ကြိုးတစ်ကြိုးကိုအစစ် ထည့်ပေး
လိုက်သေးတယ်။"

ကျန်ချန်အသံထွက်ရယ်လိုက်ပြီးစီးကရက်
ကိုမီးညှိပြီး နှုတ်ခမ်းထက်မှာတေ့လိုက်၏။
"မင်း စာမေးပွဲမှာ ဘယ်သူဆီက ကူးချနေ
တာလဲ?။"

"ငါ ကိုယ့်အားကိုယ်ကိုးပြီးဖြေတာ။"
ဖန်းကျိက သက်ပြင်းချလာ၏။
"ငါ့အဖေက နှစ်လယ်စာမေးပွဲရလဒ်ထွက်
လာတော့ငါ့ကို အသေဆော်တာ။ငါ့အမေ
ကလည်း ငါ့ကို စကားမပြောတော့ဘူး။"

ဖန်းကျိရဲ့စကားကိုလူအုပ်ကြီးက သဘော
ကျစွာတဟားဟား ရယ်မောလိုက်ကြပြီးနှစ်
လယ်စာမေးပွဲအကြောင်းအပြိုင်အဆိုင်ဆွေး
နွေးကြတော့သည်။

ကျန်ချန်ကတိတ်ဆိတ်လျှက်ရှိသည်။ အတိတ်
တုန်းကလည်းသူကယခုကဲ့သို့ဖြစ်၏။ ဖန်းကျိ
နှင့်သူအတူရှိတဲ့အခါတိုင်းထွေရာလေးပါးတွေ လျှောက်ပြောတာဖယ်ထားလျှင်၊သူသည်တစ်
ခြားအတန်းဖော်များနှင့်ဆက်ဆံရေးသိပ်မဆိုးသော်လည်း စကားပြောစရာ အကြောင်းအရာ
များများစားစား မရှိတတ်ပေ။

ယခု သူတို့ဆွေးနွေးနေသည့် အကြောင်းအရာ
ကို နားထောင်ပြီး အံဝင်ခွင်ကျ မဖြစ်သလိုမျိုး
ကျန်ချန် ခံစားလာရသည်။

စာမေးပွဲနှင့် အဆင့်ရလဒ်အကြောင်း ဦးတည်
ပြီးဆွေးနွေးသည့်စကားဝိုင်းသည် လွန်ခဲ့သည့်
လအနည်းငယ်ကပင် သူနှင့်စိမ်းသက်​ေနခဲ့တာဖြစ်၏။အထူးသဖြင့်စီကျုံးကဲ့သို့ကျောင်းတွင် စာမေးပွဲနှင့်သက်ဆိုင်သည့်အကြောင်းအရာများဆွေးနွေးဖို့နည်းလမ်းသည်သေရွာပြန်လာမှဖြစ်
နိုင်လောက်၏။

စာမေးပွဲနှင့်သက်ဆိုင်သည့်စကားဝိုင်းအား
နားထောင်ပြီးနောက် ကျန်ချန် ရုတ်တရက်
စိတ်သောကရောက်လာ၏။

လောင်ရွှီသူ့ကိုပေးထားသည့်မေးခွန်းဟောင်း
စာရွက်များတွင်မေးခွန်းနှစ်စုံသာဖြေပြီးသေး
သည်။လာမည့်နှစ်ရက်လုံးကျန်သည့်မေးခွန်း
ဟောင်းများဆက်ဖြေဖို့အချိန်မရှိလောက်ပေ။
သူကဖန်းကျိနှင့်တခြားသူများပြန်သွားမယ့်
အချိန်ထိစောင့်နေဖို့သာတတ်နိုင်သည်။

သူတို့ရထားပေါ်မှဆင်းလာပြီးဒီမြို့သို့ရောက်
သည့်အချိန်ကစပြီးနှစ်နာရီလုံးတက်တက်ကြွ
ကြွ နှင့် စကားပြောလို့ဝသွားသည့် နောက်တွင်
အဖွဲ့ထဲမှလူများသည်ခြေကုန်လက်ပန်းကျပြီး ပင်ပန်းသွားကြသည်။ဖန်းကျိကလည်း အရမ်း ပင်ပန်းပြီးအိပ်ချင်နေတာကြောင့်သူတို့အားလုံး
bill မြန်မြန် ရှင်းလိုက်ကြသည်။

"ငါ မနက်ဖြန်ကျအစောကြီး မထနိုင်တော့ဘူး
ထင်တယ်။"
ဖန်းကျိက ဖုန်းထဲမှနာရီကို အရင်ကြည့်ပြီးမှ
ကုဖေးကိုမေးလာသည်။
" မနက်10နာရီမှနိုးလည်း အဆင်ပြေလား?။"

ကုဖေး သူ့ကိုပြန်ကြည့်ပြီး*မင်း မနက်သုံးနာရီလောက်တည်းက တံခါးအပြင်ရောက်နေရင်ပိုကောင်းတယ်*ပြောချင်တာဖြစ်သည်။ သို့သော်လည်း သူပြန်ဖြေလိုက်၏။
"အဆင်ပြေတယ်။ မင်းတို့ဘယ်နေရာသွား
လည်ချင်တာလဲဆိုတဲ့အပေါ်မူတည်တယ်။
ဒါပေမယ့်, တောင်ပေါ် တက်ချင်တာဆိုရင်
အရမ်းနောက်ကျလိမ့်မယ်။"

"တစ္ဆေခြောက်တဲ့ အိမ်ကြီးကိုပဲ အရင်သွား
လည်ကြမလား။"
လီရိချင်းက ဝင်ပြောလာသည်။
"အာ,ငါ အဲ့လိုနေရာမျိုးကို အမြဲရောက်ဖူး
ချင်နေတာ။"

"တစ္ဆေခြောက်တဲ့အိမ်ကိုသွားလည်ဖို့အချိန်
အများကြီးရှိသေးတယ်။ "
ကုဖေး သူတို့ကိုအကြံပြုပေးလိုက်၏။
"ပန်းခြံမှာလည်း လျှောက်လည်လို့ရတယ်။
ဒါမှမဟုတ်ဘုရားစေတီ၊ အထင်ကရနေရာ
တစ်ခုခုပေါ့။ ငါတို့မြို့ရဲ့ မူလတန်းကျောင်း
သားကျောင်းသူတွေကနှစ်တိုင်းပန်းခြံကို
အလည်လာတယ်။ပြီးရင်အဲ့အကြောင်းကို စာစီစာကုံး ပြန်ရေးရတယ်။"

"ကောင်းပြီ။"
ဖန်းကျိက နားရွက်ချိတ်တော့မတတ်
ပြုံးလိုက်၏။
"တိုက်ဆိုင်လိုက်တာ။ငါ အခုထိ ငါ့ရဲ့
အားလပ်ရက် ခရီးစဥ် အကြောင်းကို
စာစီစာကုံး မရေးရသေးဘူး။"

ဆိုင်ထဲမှပြန်ထွက်လာသည့်အခါ၊ကုဖေးက
စက်ဘီးဖြည်းဖြည်းနင်းပြီးအရှေ့မှကြိုသွား
နှင့်လိုက်သည်။

လမ်းထိပ်သည်မီတာ ၅၀မျှဝေးတာဖြစ်သည်။
လမ်းထိပ်ရောက်လျှင်ဘယ်ကွေ့ပြီး မီတာ၅၀
ဆက်သွားရမည်။ဒါပေမယ့်,သူက လမ်းဆုံကို
ရောက်လျှင် ညာဘက်ကွေ့ရလိမ့်မည်။

ကျစ်..

သူသည်ကျန်ချန်ကိုလှမ်းကြည့်လျှင် တစ်ချိန်
တည်းမှာပင်ကျန်ချန်ကလည်း သူ့ကိုကြည့်နေ
ခဲ့သည်။သူတို့အကြည့်ချင်းဆုံသွားသည့်အခါ
ကျန်ချန်က သူ့ဘေးနားသို့လျှောက်လာ၏။
" မင်းအိမ်ပြန်ရောက်ရင် ငါ့ကိုစာပို့နော်။ "

ကုဖေးပြန်ဖြေလို​က်တယ်။
"မင်း ငါ့ကိုစာပို့သင့်တာ။"

"ကောင်းပြီ ။ ဒါပေမဲ့ မင်းလည်း ငါ့ကို
စာပို့ရမယ်။"

"အင်း။"
ကုဖေး သူအတန်းဖော်များကို လှမ်းကြည့်
လိုက်တယ်။
"ဆိုတော့,မင်းက ဖန်းကျိနဲ့ အတူအိမ်ပြန်မှာ
လား, ဟမ့်?။"

ကျန်ချန်က စောင်းငဲ့ကြည့်လာပြီး သူ့ကို
မေးခွန်းပြန်ထုတ်လာ၏။
"အာ,ငါ ဘယ်လို ဖြေသင့်လဲ?။"

ကုဖေး ရယ်လိုက်တယ်။
"သူ့ကို ဆိုဖာပေါ်မှာ အိပ်ခိုင်းဖို့ မမေ့နဲ့။"

"မမေ့ရဲပါဘူးဆရာ ~။ သူများကို wechat
မှာ သူငယ်ချင်းအဖြစ်ထပ်ပြီး လက်ခံမနေ
နဲ့ကြားလား?။​မမေ့နဲ့။"

"အိုကေ ~~"
ကုဖေးသည်စက်ဘီးလက်တန်းပေါ်က ဘဲလ်
ကိုတီးလိုက်၏။ကျန်ချန်ရဲ့  အတန်းဖော်များ
သူ့ကိုလှည့်ကြည့်လာသည့်အခါ၊ လမ်းဆုံကို
လက်ညိုးညွှန်ပြီး လက်ဝေ့ယမ်းလိုက်၏။
"ငါ ဒီလမ်းကပြန်တော့မယ်။"

"ငါတို့ မနက်ဖြန်ကျ ထပ်တွေ့​ြကမယ်။"
ဖန်းကျိ အော်ပြောလာ၏။
"ငါတို့ မင်းကို Taxi နဲ့ လာခေါ်မယ်။"

"အင်း။"
ကုဖေးသည် ကျန်ချန်ကို အသံတိုးတိုးနှင့်
နှုတ်ဆက်လိုက်၏။
"ကောင်းသောညပါ။"

"ကောင်းသောညပါ။ "

.........

မနက်ဖြန်တွေ့မည့်အချိန်သတ်မှတ်ပြီးသည်
နှင့်တခြားလူများသည်ဟိုတယ်ထဲသို့ဝင်သွား
ခဲ့သည်။ဖန်းကျိသည် တခြားလူများနှင့်အတူဟိုတယ်မှာနေခဲ့မည့်အစား အဝတ်အစားတွေ
ယူပြီးသူ့နှင့်အတူသူ ငှားထားသည့်အဆောက်
အဦးဆီသို့လိုက်လာသည်။

သူတို့လမ်းလျှောက်နေစဥ်ဖန်းကျိက သူ့ကို
မေးလာ၏။
"မင်းရဲ့သူငယ်ချင်းကမနက်ဖြန်သွားလို့ရပါ့
မလား?။သူ့ခြေထောက်ကဒီလောက်ဖြစ်နေတာ
သူ့ကို ငါတို့ နဲ့ အတူအပြင်ထွက်လည်ဖို့ ခေါ်လို့
ကောင်းပါ့မလား?။"

ကျန်ချန် ပြန်ဖြေလိုက်တယ်။
"ဒီရပ်ကွက်ကိုကျော်ရင် သူ့ခြေထောက်က
အလိုလို ပြန်ကောင်းသွားလိမ့်မယ်။"

ဖန်းကျိကနားဝေတိမ်တောင်ဖြစ်သွား၏။
"အာ?"

ထိုအချိန်ကျန်ချန်၏ဖုန်းကအသံမြည်လာသည်။ကျန်ချန်အိပ်ကပ်ထဲမှ ဖုန်းကိုကြည့်
လျှင် ကုဖေးဆီမှစာတစ်စောင်ရောက်နေ
တာမြင်လိုက်ရသည်။

-ချန်ချန် လမ်းလျှောက်တာအရမ်းစမတ်ကျ
တယ် ။အရှေ့ကိုပဲ ကြည့်ပြီးလျှောက်တယ်။ အာ...အနောက်ကိုလှည့်တောင်မကြည့်ဘူး။

သောက်ကျိုးနည်း!!

ဖန်းကျိသည်သူ့ကျောပိုးအိတ်နှင့်တစ်ယောက်
တည်း အလုပ်ရှုပ်နေစဥ် ကျန်ချန် အနောက်ကို ဖျတ်ခနဲလှည့်ကြည့်လိုက်၏။ခပ်လှမ်းလှမ်းက
လမ်းမီးတိုင် အောက်မှာရပ်ထားသည့် စက်ဘီး
ပေါ်တွင်ခွထိုင်နေသည့်ကုဖေးရဲ့ပုံရိပ် အတော်
မသဲမကွဲ ဖြစ်နေ၏။ ဒါပေမယ့် , အကြည့်တစ်
ချက်နှင့်တင်ကုဖေးမှန်း ကျန်ချန်အတပ်
သိနေခဲ့သည်။

သူ ကုဖေးဆီကိုစာတစ်စောင်ပြန်ပို့လိုက်၏။

-မွ မွ

ကုဖေးက အလင်းအလျှင်ကဲ့သို့ ချက်ချင်း
စာပြန်လာ၏။

-ဖက်ထားချင်တယ်...ဖက်ထားပေး။

ကျန်ချန်စာပြန်လိုက်၏။
-ဖက်ထားပေးမယ် ...ဖက်ထားပေးမယ်။

-အာဘွားလိုချင်တယ်..အာဘွား

-မင်းကို နမ်းပြီးပြီမလား။

ကုဖေးကစာပြန်သည်။
-အိုး..ဟုတ်သားပဲ ။ မင်း နမ်းပြီးပြီ။

ကျန်ချန် ရယ်ချင်စိတ်အား ထိန်းချုပ်ပြီး
အိပ်ကပ်ထဲကိုဖုန်းပြန်ထည့်လိုက်တယ်။

ဖန်းကျိသည်လွယ်အိတ်ပခုံးသိုင်းကြိုးကို ညှိပြီး
သွားသည့်အခါ မေးလက်စမေးခွန်းကို ဆက်မေး
လာသည်။
"အဲ့ဒီ ကုဖေးဆိုတဲ့ တစ်ယောက်က ပြသာနာ
တစ်ချို့ကြောင့်ကျဥ်းထဲကျပ်ထဲအခြေအနေ
မှာရောက်နေတာလား?။"

"မဟုတ်ဘူး။သူ ပြသာနာဖြေရှင်းပြီးသွားပြီ။"
ကျန်ချန်ပြန်ဖြေလိုက်တယ်။သူက အမြဲတမ်း
ဖန်းကျိအားအရူးလို့ခေါ်နေပေမယ့် ဖန်းကျိက တကယ်အရူးမဟုတ်​ေပ။စကားလုံးနည်းနည်း
နှင့်တင် တစ်ခုခု မှားယွင်းနေကြောင်းပြောနိုင်
သည့်သူဖြစ်သည်။

"ချန်အာ!။"
ဖန်းကျိက ခဏမျှ တုံ့ဆိုင်းနေ၏။
"မင်းကိုယ်မင်း ဂရုစိုက်သင့်တယ်။ ငါ မင်းကို
မင်းနဲ့မဆိုင်တဲ့ကိစ္စတွေမှာဝင်မပါစေချင်ဘူး။"

"ငါ ကောင်းကောင်းနားလည်တယ်။"

ဖန်းကျိက ရှင်းပြဖို့ကြိုးစားလာသည်။
"ငါ ဟိုလိုသဘောမျိုးနဲ့ ပြောတာမဟုတ်
ဘူး။ အဲ့ဒီ မင်းရဲ့ သူငယ်ချင်း ဆိုတဲ့..."

ကျန်ချန် စကားဖြတ်ပြောလိုက်တယ်။
"ငါ နားလည်တယ်။မင်းပြောချင်တဲ့အဓိပ္ပါယ်
ကို ငါနားလည်တယ်။ ဟုတ်ပြီလား?။"

"ငါ မင်းကိုပြောစရာကျန်သေးတယ်။"

"ပြောစရာတွေ များလိုက်တာ။"
ကျန်ချန် သက်ပြင်းချလိုက်သည်။
"ဆက်ပြော။"

"ငါတို့နှစ်ယောက်က ညီအစ်ကိုတွေနော်။"
ဖန်းကျိ လေးလေးနက်နက်ပြောလာ၏။
"တစ်သက်လုံး ညီအစ်ကိုကောင်းဆက်
ဖြစ်နေမှာ။ မင်း ငါ့ကိုမေ့မသွားရဘူး။"

ကျန်ချန် သူ့ကိုလှည့်ကြည့်လိုက်သည်။
"မေ့စရာလား?။ မင်းက အမြဲတမ်း ငါ့ရဲ့
မြေးလေးပဲ။"

ဖန်းကျိကပြောလာ၏။
" ပြောချင်တာတွေ ပြောပြီးမှ ပြန်တွေးကြည့်
တော့ ရှက်စရာကောင်းလိုက်တာ။"

ကျန်ချန် ရယ်လိုက်သည်။
"အရူး။"

ဖန်းကျိသည် မျက်စိရှေ့မှာ ကုတင်ရှိနေသော်
လည်း၊သူ့အားဆိုဖာပေါ်မှာ အိပ်ခိုင်းပြီး ခေါင်း
အုံးအဖြစ်စောင်ကို နှစ်ခေါက်ခေါက်ကာစီစဥ်
ပေးသည့်ကိစ္စနှင့်ပတ်သက်ပြီးမကျေနပ်ကြောင်းတစ်ခွန်းမှမဟချေ။ထိုအရာကလည်း ကျန်ချန်
နှင့်သူ့ကြားဆက်ဆံရေးကောင်းမွန်တဲ့ အရေး
ကြီးဆုံးအချက်ထဲမှတစ်ချက်ဖြစ်၏။ ဖန်းကျိ
သည်အရမ်းအပျင်းကြီး၏။ ထို့ကြောင့် အပျင်း
ကြီးသူတို့၏ ဘဘာဝအတိုင်းပင် သူက ထိုကဲ့သို့အသေးအမွှားကိစ္စလေးတွေကို မေးခွန်းထုတ်ဖို့ရန် လိုအပ်သည်ဟု မတွေးမိတာကြောင့်လည်း ဖြစ်သည်။

ကျန်ချန်သည် အိပ်ခန်းတံခါးကိုပိတ်ပစ်လိုက်ဖို့
အထိမလုပ်ခဲ့ပေ။တစ်ယောက်က ဆိုဖာပေါ်မှာ
အိပ်ပြီး၊တစ်ယောက်ကအိပ်ယာပေါ်မှာအိပ်လိုက်သည်၊သူတို့သည်နေရာတွင်အသီးသီးလဲ
အိပ်ပြီးကုဖေးနှင့်မက်ဆေ့ချ်ပို့နေစဥ်၊ ဖန်းကျိနှင့်လည်း နာရီဝက်လောက်ထိ စကားပြောနေခဲ့သေးသည်။

သူတို့နှစ်ယောက်သည် အတန်းဖော် လီရိချင်းအကြောင်းကိုအများဆုံးပြောခဲ့သည်။သူမက
တစ်လအတွင်းဖန်းကျိဆီသို့ ရည်းစားစာလေး
စောင်ရေးပေးခဲ့တဲ့အကြောင်းဖြစ်၏။

ကျန်ချန်​မေးလိုက်တယ်။
"မင်း သူ(မ)ကို လက်ခံလိုက်ပြီလား?။"

"လက်မခံရသေးဘူး။ငါတို့ သူငယ်ချင်းအဖြစ်
နဲ့အရင်စမ်းကြည့်နေတုန်း။ငါသူ(မ)ခေါင်းပေါ်
မှိုလုံးဆံပင်​ေကကိုတကယ်မကြိုက်ဘူး။သူ(မ)
ဆံပင်နည်းနည်းထပ်ရှည်လာမှတွဲဖြစ်လိမ့်မယ်
လို့ ထင်တာပဲ။"

ကျန်ချန်ရယ်လို​က်သည်။
"သောက်ကျိုးနည်း ! မင်းက သူ(မ) ဆံပင်
ကေကို ကြည့်ပြီးလေ့လာနေတာလား?။"

"ဆံပင်ကေပဲကြည့်တာမဟုတ်ဘူး။"
ဖန်းကျိက ချက်ချင်းတုံ့ပြန်လာ၏။
"မျက်နှာ၊ ကိုယ်လုံးကိုယ်ပေါက်အကုန်ကြည့်
တာ။ အခုခေတ် ငါတို့အသက်အရွယ်ကလေးအားလုံးက အပေါ်ယံကြည့်ပြီးကြိုက်ကြတာ။ သူ(မ)ကလည်းငါ့မျက်နှာကိုကြည့်ပြီးကြိုက်
တာ။ငါတို့နှစ်ယောက်လုံးသိပ်မကွာဘူး။"

ကျန်ချန်နှုတ်ဆိတ်သွား၏။ သူသည် ကုဖေးအကြောင်းကို တွေးမိသွားသည်။

ရိုးရိုးသားသားဆိုရလျှင် ...ပထမဆုံးအကြည့်
တစ်ချက်နှင့်ကုဖေးရဲ့ချောမောသည့် မျက်နှာ
နှင့် သွယ်လှဖြောင့်တန်းနေသည့်ခြေတံရှည်ဆီ
မှာ သူဆွဲဆောင်ခံလိုက်ရတာဖြစ်သည်။

အချိန်အတော်ကြာသည်အထိကျွက်ကျွက်ညံ
အောင် ပြောပြီးနောက်တွင် ဖန်းကျိရဲ့အသံက
ရပ်သွားခဲ့သည်၊ဖန်းကျိနှစ်နှစ်ခြိုက်ခြိုက်အိပ်
ပျော်သွားမှ ကျန်ချန် ဖုန်းကိုဘေးချထားလိုက်
ပြီး အနွေးထည်အိပ်ကပ်ထဲမှလောင်ယွမ်ရဲ့စာ
အိတ်ကို ထုတ်ကြည့်လိုက်၏။

'Hello, ဆရာရဲ့ ချစ်လှစွာသော
တပည့် ,ကျန်ချန်...'

ပထမဆုံးစာကြောင်းကို ဖတ်ပြီး ကျန်ချန်
ရယ်လိုက်သည်။

*မင်း ကျောင်းပြောင်းသွားတာ နှစ်တစ်ဝက်
တောင်ရှိပြီ။ဒီဆရာက မင်းကိုသတိတရရှိပါတယ် *

ဒုတိယစာကြောင်းလည်း ထိုနည်းတူစွာပင်။
ကျန်ချန်ရယ်ချင်စိတ်ကိုထိန်းချုပ်ပြီးဆက်
ဖတ်လိုက်သည်။

လောင်ယွမ်ရဲ့စာလွှာ က အရှည်ကြီးမဟုတ်
ပေ။သူရေးထားသည့် အဓိကအကြောင်းရာ
များကသူ့ကိုနှစ်သိမ့်အားပေးထားသည့်
အကြောင်းများဖြစ်သည်။ဒါပေမယ့်,တစ်ချို့အကြောင်းတွေကြောင့် ကျန်ချန် စာဖတ်နေရင်း ရုတ်တရက်ဝမ်းနည်းလာ၏။

*ရွှေကအမြဲတမ်းတောက်ပနေတာ* လို့ပြော
တာမသုံးမဝင်တော့တာမှန်တယ်။ ဒါပေမယ့်,
ရွှေဆိုတဲ့အရာကအမှန်တကယ်ကိုတောက်ပ
ပြီးလင်းလက်နေတဲ့အရာပဲ။လတ်တလောမှာ
မင်းနဲ့ ဒီစကားလုံးရဲ့အဓိပ္ပာယ်တစ်ဝက်က
ဆက်နွယ်နေတယ်။ ဒါကြောင့် မင်းကိုယ်မင်း
အနစ်မွန်းမခံပါနဲ့ *

*မင်း ရဲ့ဒေါသကို ထိန်းချုပ်တတ်ဖို့အတွက်
လည်းသင်ယူရမယ်။ တခြားရှုထောင့်ကနေ
ကြည့်ရင် ၊ပတ်ဝန်းကျင်အပြောင်းအလဲက
မင်းအတွက်အကျိုးရှိလိမ့်မယ်လို့ဆရာထင်
တယ်၊အနည်းဆုံးတော့မင်းရဲ့ဒေါသကိုထိန်း
ချုပ်တတ်သွားမယ်။ *

* ကိုယ်နဲ့ကျွမ်းမကျင်တဲ့ နေရာတစ်ခုက
မင်းရဲ့ ဒေါသတွေကို ဘယ်လိုမျိုး ထိန်း
ချုပ်ရမလဲဆိုတာသင်ပေးသွားလိမ့်မယ်။*

*ဖန်းကျိက မင်းဖြေပြီးတဲ့ မေးခွန်းဟောင်း
တွေ ဆရာ့ကိုလာပြတယ်။ မင်း အခုအချိန်
ထိနောက်ကောက်ကျကျန်မနေခဲ့ဘူး။ဒါက
ဆရာကိုအများကြီးအံ့အားသင့်​ေစပြီး စိတ်
ကျေနပ်အောင်လုပ်နိုင်တယ်။အင်း.. မင်းက
မင်းရဲ့လုပ်ဆောင်မှု၊ကြိုးစားအားထုတ်မှု၊
ပြောင်မြောက်တဲ့အရည်အချင်းတွေကြောင့်
အမှန်တကယ်ကို အဖိုးတန် ရွှေတောင်ကြီး
ဆိုတာ သက်သေပြနေတာပဲ။ *

*မင်းကိုယ်မင်း သူများဆီကစွန့်ပစ်ခံလိုက်
ရတယ်ဆိုတဲ့ခံယူချက်ကိုဘယ်တော့မှဆုပ်
ကိုင်မထားနဲ့ ။ မင်းကိုယ်မင်း စွန့်ပစ်လိုက်မှ
မင်းတကယ်အထီးကျန်ရလိမ့်မယ်။

မင်း အဲ့လိုမျိုးခံယူချက်ကို မလွှတ်ချနိုင်ပဲ
ဆက်ပြီး ဆုပ်ကိုင်ထားနေရင် ၊ဘယ်အရာ
ကမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး....*

မင်းရဲ့ အမြဲတမ်း အတန်းပိုင်ဆရာ,
လောင်ယွမ် *

စာအဆုံးသတ်တွင် လက်မှတ်ထိုးထား၏။

ကျန်ချန်သည်စာလွှာအားပြန်ခေါက်သိမ်းကာ
ပြုံးလိုက်၏။ ထို့နောက် စာလွှာကို စာအိတ်ထဲ
ပြန်ထည့်ပြီးခေါင်းအုံးအောက်ထည့်ပြီးမှ မျက်
လုံးမှိတ်လိုက်သည်။

နောက်တစ်နေ့,  မနက်မိုးလင်းလာသည့်အခါ
ဖန်းကျိရဲ့ဖုန်းပြောနေသည့်အသံတွေကြောင့်
ကျန်ချန် မနက်အစောနိုးလာခဲ့သည်။ သူ ဖုန်း
ကို လက်လှမ်းယူပြီး အချိန် ကြည့်လိုက်လျှင်
ကိုးနာရီမထိုးသေးပေ။သူတို့၁၀နာရီတွေ့ကြ
မယ်လို့ အချိန်းအချက် လုပ်ထားတာကြောင့်
အချိန်အများကြီး ပိုနေသေး၏။

"ဒါဆို လှေကားအောက်ထိ ဆင်းလာပြီးရင် ညာဘက်ကို ကွေ့ရမှာလား။"
ဖန်းကျိက ဧည့်ခန်းထဲမှာ မတ်တတ်ရပ်ပြီး စကားဆက်ပြောနေ၏။
"အဲ့လမ်းက မင်းဆိုင်ကို သွားတဲ့လမ်းနော် ဟုတ်တယ်မလား?။"

ပထမတော့ ကျန်ချန် အိပ်ယာနိုးနိုးလာချင်း
ဦးနှောက်ရှုပ်ထွေးနေသေး၏။ဒါပေမယ့်ထို
စကားများကြားသည့်အခါ သူ့ဦးနှောက်က
ကြည်လင်သွားခဲ့သည်။

သူက ကုဖေး နဲ့ ဖုန်းပြောနေတာလား..?

"ငါ သိပြီ ။ သဘောပေါက်တယ်။
သဘောပေါက်တယ်။"
ဖန်းကျိရဲ့အသံက ထပ်ထွက်လာ၏။
"မင်း ဘာလို့ငါတို့ နဲ့ အတူလာပြီး မနက်စာ
မစားတာလဲ?။ ကျန်ချန်လား ? ကျန်ချန်က
အခုထိမနိုးသေးဘူး။ ငါ့မှာ သူ့ကိုသွားနှိုးဖို့
သတ္တိမရှိဘူး၊အဲ့ကောင်ရဲ့မနက်ခင်းဒေါသ
ကလူတစ်ယောက်ကိုသတ်ပစ်နိုင်တယ်။
အတိတ်မှာတုန်းကငါတစ်ခါကြုံဖူးပြီးပြီ။
ငါ နောက်ထပ်မခံစားနိုင်တော့ဘူး။"

ဖုန်းတစ်ဖက်ကနေ ကုဖေးက တစ်ခုခုပြော
လိုက်မှန်းသိသာသည်။ဖန်းကျိသည်အားပါး
တရ ရယ်ပြီး စကားဆက်ပြောနေသေး၏။

ကျန်ချန်သည်အိပ်ယာပေါ်တွင်ထိုင်ပြီး သူတို့
ဖုန်းပြောတာအတန်ကြာအောင် နားထောင်နေ
ပြီးနောက်အိပ်ယာပေါ်မှဆင်းပြီးအခန်းအပြင်
ထွက်လာခဲ့၏။ပြောစရာမလိုအောင်ပင်..
ဖန်းကျိရဲ့အဆက်အပြတ် လေပေါနိုင်စွမ်းက
တစ်ကမ္ဘာလုံးပြိုင်စံရှားဖြစ်သည်။သူ နှင့် ပခုံး
ချင်းယှဥ်နိုင်သည့်သူ တစ်ယောက်မျှ မရှိပေ။

ဖန်းကျိက အနောက်သို့ လှည့်လာသည့်အခါ
သူ့ကို မြင်သွား၏။
"အယ် ?သူအခုနိုးလာပြီ။ အိုး,အိုကေ အိုကေ။
ချန်အာ,ကုဖေးကမင်းနဲ့စကားပြောချင်လို့တဲ့။"

ကျန်ချန်သည်သူ့လက်ထဲမှဖုန်းကိုယူပြီးသည့်
အခါဖန်းကျိကသူ့ဘေးမှဖြတ်သွားပြီးရေချိုး
ခန်းထဲသို့ဝင်သွား၏။
"Hello?။"

"အာ,မင်းရဲ့သူငယ်ချင်းက စကားဘယ်လို
မျိုး ပြောရမလဲဆိုတာကောင်းကောင်းသိတာပဲ။"
ကုဖေးက သက်ပြင်းချပြီးဆက်ပြော၏။
"သူကစကားဆက်တိုက်ဆက်ပြောနေတော့
ငါလည်းစကားဝိုင်းကို ဘယ်လိုအဆုံးသတ်
ရမှန်းမသိဘူး။"

"သူ မင်းကို ဖုန်းဆက်တာလား?။"
ကျန်ချန် ရယ်လိုက်သည်။
"သူက ပုံမှန်ဆိုစကားအများကြီးမပြောဘူး။
ဒီမြို့ကိုရောက်လာလို့ စိတ်လှုပ်ရှားနေတာထင်တယ်။"

ကုဖေးကပြောလာသည်။
"သူကမနက်​ေစာစောနိုး​ေနပြီးဘာမှလုပ်
စရာမရှိလို့တဲ့။ အဲ့ဒါကြောင့် ငါလိုင်းပေါ်
တက်နေတာတွေ့ပြီးမနက်စာကိုဘယ်မှာ
သွားစားမှာလဲဆိုပြီးမေး​ေနတာ။သူကငါ
ပြောတာခေါင်းရှုပ်သွားလို့ထင်တယ်။ ငါ့
ဆီကဖုန်းနံပါတ်တောင်းပြီးဖုန်းဆက်လာ
တာ။ပြီးတော့ငါတို့ဖုန်းပြောတာကိုအဆုံး
သတ်ဖို့ မိနစ်နှစ်ဆယ်ကြာတယ်။"

ကျန်ချန် အသံထွက်ပြီးရယ်လိုက်တယ်။
"မနက်စာ မစားရသေးဘူးမလား?။ ငါတို့
ခဏနေရင်ထွက်ခဲ့မယ်။မနက်စာအတူစား
ရအောင်။"

ကုဖေးက"အင်း"လို့ ပြန်ဖြေလာသည်။

သူတို့သုံးယောက်မနက်စာစားပြီးနောက်တွင် ဟိုတယ်မှာတည်းနေသည့်လူအားလုံးရောက်
လာပြီး လူစုံအောင်နောက်ထပ် မိနစ်နှစ်ဆယ်
ကျော်ထပ်စောင့်ခဲ့သည်။ဟိုတယ်ထဲကထွက်
လာခဲ့သည့်လူအားလုံးကဆိုင်ထဲရောက်သည်
အထိတဝါးဝါး နှင့်သန်းဝေနေ၏။

"အနံ့က မွှေးလိုက်တာ။"
ရွှီမင်းက စကားအရင်စပြောသည်။
"ငါ အစက အစားစားချင်စိတ်သိပ်မရှိဘူး။
ဒါပေမယ့်, ဒီ အနံ့ သင်းသင်းလေးကြောင့်
ဗိုက်ဆာလာသလိုပဲ။"

"မြန်မြန်ထိုင်ပြီး စားတော့ ။ငါတို့က ပြီးပြီ။ "
ဖန်းကျိက ပြောသည်။
"ဆိုင်မှာလူအရမ်းကျနေတာ ။ငါတို့နောက်
ကျသွားရင် တန်းစီပြီးရပ်စောင့်နေရမှာ။"

တခြားသူများသည် ထိုင်ခုံမှာဝင်ထိုင်ကြလျှင်
ရွှီမင်းကကုဖေးရဲ့ဘေးထိုင်ခုံမှာထိုင်လိုက်၏။
ကုဖေးနှင့်ဖန်းကျိတို့နှစ်ယောက်ကြားထိုင်ခဲ့မိ
တာကိုကျန်ချန်ချက်ချင်းနောင်တရလာသည်။

ရွှီမင်းက ကုဖေးနှင့် စကားပြောဖို့ကြိုးစားနေ
သည်။
"မနက်ခင်းက အရမ်းအေးတယ်နော်။"

ကုဖေးကတဲ့တိုးပြန်ဖြေလိုက်၏။
"အခုက မေလရောက်နေပြီ။"

ရှက်ကိုးရှက်ကန်းဖြစ်သွားသည့် ရွှီမင်းသည်
သူမရဲ့ပါးစပ်ကို လက်နှင့်ကာပြီး တစ်ခစ်ခစ်
ရယ်လိုက်၏။

ကုဖေးသည်အိပ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး
ဖုန်းထဲမှဂိမ်းကိုတစ်ယောက်တည်းခေါင်းငုံ့
ပြီး ဆော့နေလျှက်ရှိသည်။

သူတို့အားလုံး စားသောက်ပြီးသွားသည့်အခါ
ကုဖေးသည်မသန်မစွမ်းဟန်ဆောင်နေတာကို
မေ့သွားပြီးချက်ချင်းမတ်တပ်ထရပ်လိုက်၏။
ကျန်ချန်သူ့ခြေထောက်လှမ်းကန်ပြီးသတိပေး
လိုက်လျှင် သူကဘေးနားရှိသစ်ပင်ကိုယ်ထည်
ပေါ်မှာမှီထားဖို့သတိပြန်ရသည်။

ဤရပ်ကွက်ထဲတွင်တက္ကစီအများအပြားမလာ
တတ်ပေ၊သူတို့ကခက်ခက်ခဲခဲနှင့်တက္ကစီနှစ်စီး
ငှားလိုက်နိုင်သည်။ ကုဖေးသည် ကားထဲသို့ဝင်
ပြီးရှေ့ခရီးသည်ထိုင်ခုံမှာထိုင်လိုက်သည့်ပုံရိပ်
မှာ Busကားပေါ်တွင်အသက်ကြီးသောလူတစ်ယောက်ကခုံတစ်ခုံအတွက်ရန်ဖြစ်နေတာနှင့်သွား
တူနေသည်။

ကျန်ချန်သည် ရယ်ချင်စိတ်ကို ချုပ်တည်းပြီး
တက္ကစီကားအနောက်ခန်းမှာ ထိုင်နေကြသည့်
လီရိချင်းနှင့်ဖန်းကျိတို့ဘေးတွင်ဝင်ထိုင်လိုက်
၏။ရွှီမင်း၊ဟူဖုန်းနှင့်လီစုန်းတို့ကသူတို့နောက်
မှတက္ကစီပေါ်တွင်ထိုင်ကြသည်။

တက္ကစီကားစတင်မောင်းချိန်တွင်လီရိချင်း
က ရယ်ရယ်မောမောနှင့်ပြောလာ၏။
"ကုဖေး, နင်က ငါတို့ရဲ့ ရွှီရွှီ လေးကို
ကြောက်နေတာလား?။ "

"မဟုတ်ဘူး။"
ကုဖေးသည်ကားဆရာကိုသူတို့သွားမည့်နေရာလိပ်စာပြောပြီးသည်နှင့် ခေါင်းငုံ့ပြီး ဖုန်းထဲက
ဂိမ်းကို ဆက်ဆော့လျှက်ရှိ၏။

လီရိချင်းကနောက်တစ်ခါရယ်လိုက်ရင်း စကား
ဆက်ပြောသည်။
"သူ(မ)ကလူကောင်းလေးပါ ။ နည်းနည်းလေး
တုံးအပေမယ့် ချစ်ဖို့ကောင်းပါတယ်။"

ကုဖေးက"အင်း။"လို့တုန့်ပြန်လိုက်သည်။

လီရိချင်းကမေးလား၏။
"နင် သူ(မ)ကို နည်းနည်းတောင် စိတ်မဝင်စားဘူးလား?။"

ဖန်းကျိက ဝင်ပြောသည်။
"မင်း ဘာလို့မှဲ့အတုသွားမတပ်တာလဲ?။"

လီရီချင်းက ဖန်းကျိကိုလှည့်ကြည့်လိုက်၏။
"ဘာ​ဖြစ်လို့လဲ?။"

"ဒီနားမှာလေ။"
ဖန်းကျိက နှုတ်ခမ်းထောင့်အားလက်ညိုးနှင့်
ထိလိုက်၏။
" ဒီနားမှာ မှဲ့တစ်လုံးတပ်လိုက်ပါ့လား။"

လီရိချင်းက သူ့ဆိုလိုရင်းကိုသဘောမပေါက်ခင်အထိ ခဏခေါင်းရှုပ်သွားသည်။
"အာ...နင် ငါ့ကိုလာနောက်နေတာလား? ဘယ် အောင်သွယ်တော်ကနှုတ်ခမ်းနားမှာမှဲ့ပါလို့လဲ"

လီရိချင်းရဲ့စကားကြောင့် သူတို့အားလုံး ရယ်
လိုက်သည်။ကားဆရာတောင်မှသဘောကျပြီး
ရယ်လာ၏။

ကျန်ချန်သည်ကားပြတင်းပေါက်ဘက်ခေါင်း
စောင်းလိုက်ပြီး အပြင်ဘက်က မြင်ကွင်းများ
ကြည့်လိုက်၏။လီရိချင်းက ရွှီမင်းအကြောင်း
ကုဖေးဆီမှာစျေးဗန်းခင်းတာနှင့်ပတ်သက်ပြီး
သူ သဝန်တိုမှုမခံစားရသော်လည်း နည်းနည်း
စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

သူ အရမ်းစိုးထိတ်ပြီး ပူပန်သောကရောက်
သကဲ့သို့ခံစားရသည်။

လီရိချင်းကကုဖေးကိုအတင်းတွန်းအားပေး
လာလျှင်ကုဖေးကဘာပြောလိုက်မည်လဲလို့
သူ ကြောက်သည်။

ကုဖေးသည်သေချာပေါက် သူ့မှာကောင်လေး ရှိကြောင်းပြောခဲ့လိမ့်မည်မဟုတ်သော်လည်း ၊
သူ့မှာကောင်မလေးရှိကြောင်းပြောလာမှာအား
ကျန်ချန် မကြားချင်ပေ။ကုဖေးကဘာမှပြန်မ
ဖြေသည့်အခါ သူ မပျော်တော့ပေ။

ထိုအချိန် ကုဖေးက ဂိမ်းဆော့နေရင်း
စကားပြောလာ၏။
"သူ(မ)က ငါ့အကြိုက်မဟုတ်ဘူး။ လုံးဝကို
မဟုတ်တာ ။သူ(မ)က ငါ့အကြိုက်ဖြစ်လာဖို့
မိုင်ပေါင်းထောင်ချီဝေးတယ်။"

"အာ...တကယ်လား?။"
လီရိချင်းက သက်ပြင်းချပြီးမှ ညင်ညင်သာ
သာ နှင့် ပြောလာသည်။
" ငါ လျှောက်ပြောမိလို့ တောင်းပန်ပါတယ်။"

"ရပါတယ်။"
ကုဖေးသည် အနောက်သို့ ခေါင်းလှည့်ပြီး
သူမကိုပြုံးပြလာသည်။

ထို့နောက် သူ့အကြည့်က ကျန်ချန်ဆီရွေ့လာ
ပြီးမှ အရှေ့သို့ပြန်လှည့်သွား၏။

ကျန်ချန်ရဲ့ နှုတ်ခမ်းထောင့်များက မဆို
စလောက်ကွေးသွားသည်။ဖန်းကျိသည်
သူ့ဘေးမှာ ထိုင်နေ၏။ သူ့အကြောင်းကို
တစ်ခြားသူတွေထက်ပိုပြီးနားလည်သည့် သူငယ်ချင်းနှင့်ရင်ဆိုင်နေချိန်တွင်သူ
သိသိသာသာမလှုပ်ရှားရဲပေ။

ဖန်းကျိသည်သူ့အကြောင်းအားသိထားသော်
လည်း၊ထိုအချိန်တုန်းက ကောင်လေးမရှိသေး
ပေ။ယခုအချိန်တွင်ဖန်းကျိကိုထိုအကြောင်း
မသိစေချင်သေးပေ။

ကုဖေးရဲ့အဖြေသည်စိတ်သက်သာ​ေစ​ပေမယ့်
သူ့စိတ်ထဲတွင် အခုထိ မအေးချမ်းနိုင်သကဲ့သို့
ထူးဆန်းတဲ့ခံစားချက်မျိုးခံစားနေရသည်။
ကုဖေးသည်သူ့နှလုံးသားအခြေမှာ နစ်မြုပ်နေ
သည့်စိုးရိမ်ကြောင့်ကြမှုများကို အာရုံခံမိသွားမှာကြောက်သည်။

သူကသာလျှင်ပထမဆုံးခြေလှမ်းကို စတင်ခဲ့
တာဖြစ်ပြီးဒုတိယခြေလှမ်းကိုလည်းသူ့ဘက်
ကစတင်ခဲ့တာဖြစ်သည်။ ခြေလှမ်းတိုင်းအား
အရင်စတင်ခဲ့သည့်သူဖြစ်၏။
ဒါပေမယ့် ကြောက်လန့်နေသည့်တစ်ယောက်
သောသူလည်းသူဖြစ်သည်တစ်ယောက်တည်း
ပျာယာခတ်ပြီး စိုးရိမ်နေသူလည်းဖြစ်သည်။

ကုဖေး သူ့ကိုမေးခဲ့သည့်မေးခွန်းအကြောင်း
ကျန်ချန်ရုတ်တရက်စဥ်းစားမိသည်။

" မင်း ငါနဲ့ ရည်းစားဖြစ်ချင်တာလား?
ငါနဲ့ရည်းစားထားကြည့်ချင်တာလား?"

'ချစ်သူကောင်လေး' ဆိုသည့်စကားလုံးသည်
သူ့ဦးနှောက်အားဖိစိီးနှိပ်စက်လာကြောင့်ကျန်
ချန်မျက်မှောင်ကြုတ်လိုက်သည်။ထိုအချိန်က
ကုဖေးရဲ့မေးခွန်းနောက်ကွယ်မှ အဓိပ္ပါယ်ကို
သူ တကယ်သဘောမပေါက်ခဲ့ပေ။

...............































Continue Reading

You'll Also Like

2M 307K 180
(FOD စာရေးသူ၏ နောက်ထပ်လက်ရာတစ်ခု) ဘာသာပြန်သူ - May King Start date - 6.6.2020 (DURING COVID 19 PERIOD) End Date _ 19.4.2021 (During Military Coup pe...
741K 115K 81
I Just Crave For Your Pheromones || Burmese Translation ||Genre :Comedy,Fantasy,Omegaverse,Yaoi Total - 74 + 3 Extras CP : Mu HanFeng & Tong Che 04.0...
1.6M 143K 45
Straight စစ်​စစ်​လို့ခံယူထားရာက​နေ သူငယ်​ချင်း​ကောင်းမှု​ကြောင့်​ Fundanshi ဖြစ်​ရာက ~ ​ကောင်​​လေး တစ်​​ယောက်​ကို မြင်​မြင်​ချင်း သ​ဘောကျမိသွား​သော...