A Love Like No Other [Complet...

By Hirose_paing208

1.2M 115K 6.7K

💕Sweet love always touches the softest part of our hearts💕 Own Creation , Own Characters. This story is bel... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
(33) - Final
Sequel (1)
Sequel (3)
Sequel (4)
Sequel (5)
Sequel (6)
Sequel (7)
Sequel (8)
Sequel (9)
Sequel (10)
Sequel (11)
Final Sequel
Thanks Letter & Explanation

Sequel (2)

25.1K 1.8K 146
By Hirose_paing208

Unicode

မနက်စာစားပြီးနောက် စီစဉ်ထားသည့် မော်တာအင်ဂျင်တပ်စက်လှေဖြင့် ခရီးဆက်လာကြသည် ။ အခြားတော့မဟုတ် သည်မြို့၏ကမ်းရိုးတန်းတလျှောက် ရွက်လွင့်ကာ ကျွန်းစု၏အလှအပများအား ခံစားကြရန်ပင်ဖြစ်သည် ။ စက်လှေဖြစ်သော်လည်း အတော်အတန်အကျယ်အဝန်းရှိသည်မို့ ဘော်ဒီဂတ်များပါ လွတ်လွတ်လပ်လပ်နေလို့ရသည်ပင် ။

“ ဟား…… လတ်ဆတ်လိုက်တာ ‘’

သွင်မှူးအိမ်က စက်လှေ၏ လက်ရန်းနားတွင်ရပ်ကာ လက်နှစ်ဖက်ကိုဆန့်တန်းပြီး ပင်လယ်လေကို တဆုံးရှူသွင်းလိုက်သည် ။

“ ပြုတ်ကျတော့မှာပဲ သွင်လေးရာ... ‘’

စိုးရိမ်ခြင်းပြည့်သည့် လေသံတို့ဖြင့် သျှံမင်းဆက်က အနားရောက်လာကာ သူ့အား လွတ်ထွက်သွားမှာစိုးသည့်အလား  တင်းတင်းကျပ်ကျပ် ဖက်လေတော့သည် ။

“ လက်ရန်းတွေရှိနေတာ ဘယ်ကနေ ပြုတ်ကျမှာလဲ… ကလေးလည်းမဟုတ် ‘’

“ ပြောမရဆိုမရတာကတော့ ကလေးထက်ဆိုးတယ် ၊ ကလေးကမှ မုန့်ပေးပြီးချော့လို့ရသေးတယ် ‘’

“ အရမ်းကို သည်းသည်းလှုပ်နေတော့တာပဲနော် ကိုသျှံမင်းဆက်ကြီး ဟုတ်မှဟုတ်ရဲ့လား ‘’

“ အရမ်းချစ်မိသွားလို့ပါကွာ… ‘’

“ ကြက်သီးတွေ ထလိုက်တာနော် ‘’

သွင်မှူးအိမ်၏ လှောင်ပြောင်ခြင်းကို သျှံမင်းဆက်က သဘောကျကာ ဖက်ထားသည့်လက်တို့အား ပိုမိုတင်းကျပ်စေလိုက်သည် ။

“စားစရာတွေရပါပြီ ‘’

စက်လှေမှ စားဖိုမှူးနှစ်ယောက်နှင့် ဝန်ထမ်းများက စားစရာများအား စားပွဲပေါ်လာချပေးပြီး နှုတ်ဆက်ကာပြန်ထွက်သွား၏ ။

“ ဘာတွေချက်ခိုင်းထားတာလဲ ကိုကို ‘’

“ ပင်လယ်စာတွေပါ သဘောကျတယ်မလား ‘’

“ မကြိုက်မရှိ ဝိုင်လေးနဲ့ဆို သိပ်လိုက်မှာ ‘’

“ မသောက်ရပါဘူး… မတော်လို့ ရီဝေဝေနဲ့မူးပြီး ရေထဲပြုတ်ကျနေရင် ဘယ်နှယ့်လုပ်မလဲ ‘’

“ ဟားဟား… စိတ်ပူတတ်ရန်ကော ကိုကိုရာ ကြံဖန်ပြီးတော့… ကဲပါ စားရအောင် ‘’

“ ကိုယ် လုပ်ပေးမယ် ‘’

သျှံမင်းဆက်က ပုဇွန်ကင်များကို အခွံချွတ်ပေးကာ သွင်မှူးအိမ်၏ ပန်းကန်ထဲသို့ ထည့်ပေးလေသည် ။ ခက်ရင်းလေးနှင့်ထိုးပြီးစားလိုက် သျှံမင်းဆက်အားခွံကျွေးလိုက်ဖြင့် အကောင်းဆုံးအချိန်လေးကို ဖြတ်သန်းနေကြသည် ။

“ ဒါလေး လုပ်ဦး ‘’

ဂဏန်းဟင်းလျာအား လက်ညှိုးထိုးရင်းပြောလာတော့ သျှံမင်းဆက်က ခေါင်းခါလိုက်သည် ။

“ မရဘူး ဂဏန်းက ကိုယ့်အမျိုးဂဏန်းကို ပြန်စားမလို့လား ‘’

သျှံမင်းဆက်က စနောက်လိုက်တော့ သွင်မှူးအိမ်မှာ မျက်မှောင်ကြုတ်ကာ အော်လေသည် ။

“ ဟာ… ကိုကိုနော် ‘’

“ ဟဟ… အေးပါကွာ ကိုယ်ခွံကျွေးမယ် ပါးစပ်ဟ ‘’

ပါးစပ်လေးဟလာတော့ တူလေးဖြင့်ညှပ်ထားသည့် ဂဏန်းအသားလွှာလေးအား ခွံကျွေးလိုက်သည် ။

“ ကောင်းလား ‘’

ပြန်မထူးနိုင်ဘဲ ခေါင်းသာညိတ်ပြမိသည် ။

“ စားတာတွေများနေပြီဆိုတော့ ဒီတစ်ကောင်ပြီးရင် တော်ပြီနော် တော်ကြာ အစာမကြေဖြစ်နေမယ် ‘’

“ အင်းပါ… ’’

စားသောက်ပြီးချိန်နှင့် ကွက်တိဆိုသလိုပင် ကျွန်းစုတစ်စုသို့ အရင်ရောက်လာခဲ့ပြီး ထိုကျွန်း၏ကမ်းခြေတွင် လည်ပတ်ခဲ့ကြသည် ။ သည်ကျွန်းလေးက ရှူခင်းများ အရမ်းလှသောကြောင့် နာမည်ကြီးသည့်နေရာတစ်ခုဖြစ်သလို ညွှန်းကြသည့်အတိုင်း ဘယ်အရပ်ကြည့်ကြည့် အလှတရားကို တွေ့နေရသည် ။

ထိုမှဆက်၍ အရှေ့မြောက်အရပ် ငါးကီလိုမီတာအကွာရှိ ကျွန်းတစ်ခုသို့ ဆက်သွားကာ လှေကိုတည်ဆောက်ပြုလုပ်ပုံများ လေ့လာဖြစ်ကြသည် ။ သည်နေရာက ငါးဖမ်းခြင်းအများစုကို လုပ်ကိုင်ကြသည်မို့ ကမ်းခြေတစ်လျှောက်ဝယ် ငါးဖမ်းစက်လှေငယ်များ စီရီကာရပ်ထားသည်ကို တွေ့ရသည် ။

ထိုနှစ်နေရာကိုပင် စိတ်ကြိုက်လည်ပတ်ခဲ့ကြပြီး နေဝင်ချိန်လည်းနီးသဖြင့် တည်းသည့်နေရာသို့သာ ပြန်လာလိုက်ကြသည် ။ ကျန်သည့်နေရာတွေကတော့ နောက်တစ်ရက်မှ ဆက်လည်ကြမည်ပေ ။

အရပ်ဒေသတွေ မည်မျှဝေးကွာခြားနားနေပါစေ ။ နေဟာ အနောက်ဘက်သို့သာ ဝင်သည့်ထုံးစံမှာတော့ မပြောင်းလဲ ။ အနောက်ယွန်းယွန်းသို့ ခိုဝင်နေသည့် ပုဇွန်ဆီရောင်ပြေးနေသော နေလုံးကြီးအား ငေးမောကာကြည့်နေမိသည် ။

“ ဆည်းဆာချိန်လေးက အရမ်းလှတာပဲ ၊ ဒီလိုမျိုး ပင်လယ်ထဲကနေ ကြည့်ရတော့လည်း နေက ကိုယ့်အနီးနားမှာ ရှိနေသလိုပဲနော် ‘’

“ အင်း… ဆည်းဆာချိန်လေးကလှပေမယ့် မျက်စိကျိန်းတယ် ၊ ကိုယ့်ရဲ့ သွင်လေးကသာ ဘယ်အချိန်ကြည့်ကြည့် အမြင်ရောစိတ်ရော ဖမ်းစားနိုင်တာ ‘’

“ ဟော… စလာပြန်ပြီ ‘’

စက်လှေ၏ လက်ရန်းနားကပ်ကာ ရပ်နေသည့် သွင်မှူးအိမ်အား နောက်မှသိုင်းဖက်လိုက်ကာ…

“ ကိုယ်တို့ အခုပုံစံလေးက တိုက်တန်းနစ်ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းနဲ့ တူမနေဘူးလား ‘’

“ ကိုကိုက လီယိုနာဒိုလား ‘’

“ သူနဲ့ကိုယ် ဘယ်သူပိုချောလဲ ‘’

သွင်မှူးအိမ်က အပြုံးကြီးကြီးချီကာ ပြောသည် ။

“ သေချာပေါက် ကျွန်တော့်အမျိုးသားပေါ့ဗျာ ‘’

“ ညာစားတတ်နေပြီ ‘’

“ ဒါပေမယ့် ကိုကို… ဇာတ်ဝင်ခန်းနဲ့တူနေတယ်ဆိုရင်တောင် ရယ်စရာတစ်ခုလို မစနောက်စေချင်ဘူး ။ အကယ်၍များဆိုပြီးတော့တောင် အတွေးတွေနဲ့နှိပ်စက်ပြီး အဖြစ်အပျက်တွေတော့ ဘယ်သောအခါမှ ထပ်တူမကျလိုဘူး ၊ ကိုကိုနဲ့ ဝေးများဝေးရရင် သေသွားနိုင်တယ် ‘’

“ ကိုယ်လည်း မခွဲနိုင်ပါဘူးကွာ ‘’

“ ချစ်တယ်နော် ခဏခဏပြောလို့ မရိုးသွားနဲ့ ‘’

“ အမြဲတမ်း… ရင်ခုန်စရာတွေနဲ့ဆန်းသစ်နေတဲ့ ကိုယ့်ရဲ့ နှလုံးသားပိုင်ရှင်လေး ‘’

“ ဘဝနေဝင်ချိန်လေးအထိ အတူလက်တွဲပြီးနေသွားချင်တယ် ၊ အဘိုးကြီးဖြစ်လာတဲ့အခါမှာ… ကိုကိုလို့ခေါ်ဖို့ မတတ်စွမ်းတော့တဲ့အချိန်မှာ… ကိုကို့ကိုလည်း အဖော်မပြုပေးနိုင်တော့ရင် ဘယ်လိုလုပ်မလဲ ‘’

“ ကိုယ် သွင်လေးကို ချန်ထားပြီးမသွားရက်ဘူး ။ ဝမ်းနည်းပြီးနာကျင်နေမယ့်ပုံစံကို တွေးမိရင် ကိုယ်စိတ်ဖြောင့်မှာမဟုတ်လို့… အကယ်၍ ခွဲခွာရမယ့်တစ်နေ့ရောက်လာခဲ့ရင် သွင်လေးက အရင်သွားပါ ၊ ကိုယ် လိုက်လာခဲ့ပါမယ် ‘’

“ ကိုကိုရာ… ‘’

သွင်မှူးအိမ်က သျှံမင်းဆက်၏ ရင်ခွင်ထဲတိုးဝင်ကာ ဖက်လာသည် ။ တစ်ယောက်ကိုတစ်ယောက် အပြုံးမျက်ရည်များဖြင့် ကြည်နူးစွာကြည့်ရင်း ဆည်းဆာပျိုးပျချိန်ဝယ် အနမ်းများဖလှယ်နေကြတော့လေသည်… ။

ဝုန်းခနဲရိုက်ခတ်လာသည့် လှိုင်းတစ်ချက်အပင့်မှာ သောင်ပြင်ပေါ်သို့ ငွေရောင်လှိုင်းကြက်ခွပ်လေးများက အပြေးအလွှားကူးလူးခိုဝင်လာကြသည် ။ ပြိုးပြိုးပြက်ပြက်နေရောင်ခြည်အောက်မှာ စိန်ပွင့်သဏ္ဍာန်သဲမှုန်လေးများဟာလည်း လင်းတလဲ့လဲ့ ။

ကမ်းရိုးတန်းတစ်လျှောက် ဖြတ်သန်းတိုက်ခတ်လာသော ညှင်းသွဲ့သွဲ့လေသာသာက ကမ်းခြေတွင်အပန်းဖြေနေသည့် လူသားလေးများအား ကလူကျီစယ်နေကြသလိုပင် ။ ထိုကျီစယ်မှုသည် နဂိုဖြူသောနုသောအသားအရေကို ပိုင်ဆိုင်ထားသည့် သွင်မှူးအိမ်ကိုလည်း ထိပါးတတ်လေသည် ။

ကမ်းခြေရောက်လေတိုင်း အသားအရေနီမြန်းခြင်း စပ်ဖျင်းဖျင်းဖြစ်ခြင်းများကို ကြုံရလေ့ရှိသူဖြစ်၍ ယခုရေခံမြေခံ ပြောင်းသွားသည့်အခါတွင်လည်း ပို၍ပင်ဆိုးလေတော့သည် ။ မေးစေ့က ယားသလိုကုတ်ချင်သလို ၊ လက်ဖမိုးလေးများမှာလည်း နီစပ်စပ် ။

သွင်မှူးအိမ်ဝတ်ထားသည်မှာ ရင်ဘတ်အခြေထိကျယ်လေသော သုံးမြှောင့်လည်ပင်းပေါက်ပုံစံ ဒီဇိုင်းထွင်ချုပ်ထားသည့် အဖြူရောင် ဂျာစီအင်္ကျီအပွလက်ရှည်နှင့် အသားရောင် ဂျင်းသားဘောင်းဘီအတိုသာ ။ အင်္ကျီ  မှာ ရင်ဘတ်တွင် နိုင်လွန်ကြိုးပျော့များ ယှက်ကာချည်ထားရပြီး တင်ပါးဖုံးသည်အထိရှည်နေလေတော့ အောက်တွင်ခံဝတ်ထားသည့် ဘောင်းဘီတိုမှာလည်း လှုပ်ရှားလိုက်လေမှသာ တစ်ချက်တစ်ချက်ပေါ်လွင်စေတော့သည် ။

သူကသာ ထိုကဲ့သို့ တလှုပ်လှုပ်နှင့် အနေရအထိုင်ရခက်နေချိန်တွင် နံဘေးရှိသက်ဆိုင်သူမှာတော့ စကြာဝဠာတစ်ခွင်ကို အပိုင်စားရထားသည့်အလား အေးချမ်းငြိမ်သက်စွာနေဘိတော့သည် ။ အပေါ်ပိုင်းဗလာကျင်းကာ ခြေကျင်းဝတ်ထိရှည်လျားသော အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားလေပြီး နေကာမျက်မှန်အနက်ကို တပ်ထားသေးသည် ။

ရင်အုပ်က ကျယ်ကျယ် အရပ်အမောင်းက ကောင်းကောင်း ဝမ်းဗိုက်ရှိ ကြွက်သားအမြှောင်းမြှောင်းတို့မှာ အမှတ်တမဲ့ကြည့်မိလေတိုင်းပင် ရှူမငြီးချင်စဖွယ် ဆွဲဆောင်နိုင်စွမ်းတို့အပြည့် ။ ခြေထောက်တစ်ဖက်ကို ဆင်းထားကာ ကျန်တစ်ဖက်က ဒူးထောင်၍ ထိုထောင်ထားသော ခြေတစ်ဖက်၏ပေါင်ပေါ်တွင် လက်တစ်ဖက်ကိုထောက်ကာ မေးတင်၍ထားသည့် အသွင်အပြင်မှာလည်း တော်ဝင်မင်းသားတစ်ပါး အနားယူနေသလို အရှိန်အဝါတစ်မျိုးဖြစ်ပေါ်နေလေသည် ။

သူ့အား အချိန်ကြာမြှင့်စွာငေးကြည့်နေမိလေတော့ သတိထားမိသွားသည့်ဟန်ပင် ။ နှုတ်ခမ်းစွန်းတစ်ဖက်က တွန့်ကာချိုးလာပြီး မျက်မှန်ကိုင်းနှစ်ဖက်အား လက်ညှိုးနှင့်လက်မသုံးကာ ဆံပင်များပေါ်သို့ လှန်တင်လိုက်၍ ခါးကိုမတ်မတ်ပြင်ထိုင်ကာ သွင်မှူးအိမ်ဘက်သို့ ငဲ့စောင်းကြည့်လာသည် ။

သူတို့နှစ်ဦးမှာ ပင်လယ်ပြင်ဘက်သို့ ဗဟိုပြုကာ ကမ်းခြေပေါ်တွင် နေရာချထားသော အပန်းဖြေခုံတန်းရှည်များ များစွာရှိသည့်အနက် လူရှင်းသည့်တစ်နေရာတွင် အနားယူနေကြခြင်းပင် ။ အချို့မှာတော့ အရွယ်ခပ်ကြီးကြီးပဝါစများကို သဲသောင်ပြင်ပေါ်တွင် အတိုင်းသားချခင်းထားကာ အနေအထားအမျိုးမျိုးဖြင့် နားခိုနေကြပြန်သည် ။

'' သွင်လေး ဘာဖြစ်လို့လဲ ''

မေးခွန်းတစ်ခု မေးစမ်းလာခြင်းနှင့်အတူ လူကပါ သူထိုင်နေသည့် ခုံတန်းရှည်ပေါ်သို့ရောက်လာလေသည် ။

'' လေအရမ်းတိုက်လို့ဖြစ်မယ် အသားတွေနည်းနည်းစပ်လာလို့... ''

သွင်မှူးအိမ်က အင်္ကျီလက်နှစ်ဖက်ကို လက်မောင်းရင်းအထိ အထက်အောက်ပွတ်ကာသပ်ကာ ရှုံ့မဲ့ရင်းပြောလိုက်တော့ လက်နှစ်ဖက်ကိုဆွဲယူကာ အသေအချာကြည့်သည် ။

'' ကျစ်… လက်တွေနီတွတ်နေတာပဲကွာ ၊ အဲဒါကို ဘာမှမပြောဘဲ တောက်လျှောက် ဒီတိုင်းငြိမ်ထိုင်နေရသလား ''

ဆူပူသည့်နှယ်ပြောလာတော့ ငြိမ်မခံတတ်သည့်စိတ်လေးက တစ်စခန်းထလာသည်ကြောင့် ပက်ခနဲပြန်ပြောရန် မျက်စံကို ထောင့်ကပ်ကာကြည့်လိုက်ပြီးမှ အတွေးတစ်ခုပေါ်လာသဖြင့် စိတ်ကိုပြန်ထိန်းကာ ဆိုလိုက်သည် ။

'' ကမ်းခြေရောက်ရင် အရမ်းလေစိမ်းတိုက်ရင် နေပူထဲကြာကြာနေလွန်းရင် အသားအရေက သူ့အလိုလိုနီလာရော ''

'' အဲဒါများ ကိုယ့်ကိုကြိုပြောထားလေ… ပြီးတော့ ဒီလိုဖြစ်တတ်တာသိနေရင်လည်း ဒီထက်ပိုပြီး လုံလုံခြုံခြုံဝတ်လာခဲ့ပါလား ။ အခုကြည့်ဦး ဒီပုံစံကဘာလဲ ၊ လမ်းလျှောက်လိုက်ပြီဆိုရင် ဘောင်းဘီက မြင်တောင်မမြင်ရတော့ဘူး ''

အခန်းထဲမှာဝတ်နေတုန်းကတော့ နံရံကိုမှီ၍လက်ပိုက်ကာ ခပ်ပြုံးပြုံးနှင့် စိုက်ကြည့်နေခဲ့ပြီး ယခုမှအပြစ်တင်လာလေတော့ စိတ်လိုလက်ရနှင့်ပင် အဝတ်မဲ့သော သူ့ကျောပြင်အား ဒုတ်ခနဲမြည်အောင် လက်သီးနှင့်တစ်ချက် လှမ်းထုလိုက်သည် ။

'' အခုမှ လာပြောမနေနဲ့တော့… ဟိုအိတ်ထဲက ဘူးအဖြူလေးပဲယူပေး ''

သျှံမင်းဆက်ထိုင်ခဲ့သည့် ခုံတန်းရှည်၏ဘေးမှ စားပွဲငယ်ပေါ်တွင်တင်ထားသော သားရေအိတ်အသေးလေးအား မေးဆတ်ပြကာ လှမ်းတောင်းလေတော့ ချက်ချင်းပင် ထယူပေးလေသည် ။ သွင်မှူးအိမ်လည်း အိတ်အားဇစ်ဖွင့်ကာ အဖြူရောင်ဘူးငယ်လေးတစ်ဘူးအား ထုတ်ယူလိုက်သည် ။

သွင်မှူးအိမ်၏ လှုပ်ရှားမှုမှန်သမျှကို သျှံမင်းဆက်က မျက်တောင်မခပ်တမ်း တစ်ခုချင်းလိုက်ကြည့်နေရှာသည် ။ သူလည်း ဘူးကိုလှုပ်ယမ်းလိုက်ပြီး အဖုံးဖွင့်နေရင်းမှ တစ်စုံတရာကြောင့် မျက်မှောင်ကြုတ်သွားကာ ဖွင့်လက်စဘူးလေးအား သျှံမင်းဆက်ဆီသို့ပေးလိုက်လေသည် ။

'' ရော့... ''

'' ဘာလဲ ''

သျှံမင်းဆက်က ဘူးကိုလည်းယူလိုက်ရင်းမှ အဓိပ္ပာယ်မပေါက်သလိုကြည့်ကာ ပြန်မေးလာသည် ။

'' အသားတွေနီစပ်လာရင် လိမ်းနေကျအလှဆီ… အဲဒါ ကိုကိုလိမ်းပေး ''

သျှံမင်းဆက် မျက်ခုံးတို့ ပင့်သွားရသည် ။ ရုတ်တရက်ကြီး ဘာဖြစ်သွားပြန်သည်မသိ ။ လိမ်းခိုင်းတော့လည်း လိမ်းပေးရုံပေါ့ဆိုကာ သူ့အနောက်ဘက်သို့ နေရာပြောင်းကာထိုင်လိုက်သည် ။

ဘူးအဖုံးကိုဖွင့်လိုက်ကာ အတွင်းမှ အလှဆီများကို လက်ဖဝါးထဲသို့ညှစ်ယူ၍ မိတ်များသဖွယ် ရဲကာတွတ်နေသည့်နေရာများဖြစ်သော လည်ကုပ် လက်ဖမိုးနှင့် ခြေထောက်များကို အသာဖွဖွလိမ်းကျံပေးလိုက်လေသည် ။ သခွားသီးအနံ့ကဲ့သို့သော ရနံ့သင်းသင်းတစ်ခု ခပ်ပျံ့ပျံ့လေးရသည်ကြောင့် နှစ်ခြိုက်စွာပြုံးလိုက်မိသည် ။

'' ကဲ ပြီးပြီ အဆင်ပြေရဲ့လား ဘယ်နားထပ်လိမ်းပေးရဦးမလဲ ''

ဘူးအားအဖုံးပိတ်ကာ ဘေးသို့ကပ်တင်ထားလိုက်ရင်း နောက်ထပ်အမိန့်များကို ငံ့လင့်နေသော်ငြားလည်း တုံ့ပြန်ခြင်းတို့က ငြိမ်သက်ခြင်းကြီးစွာ ။ သျှံမင်းဆက်၏အရှေ့မှ ချစ်ရသူလေးဟာ ကမ်းစပ်တစ်နေရာသို့ အကြည့်များပို့လွှတ်ထားသည်မှာ တစိုက်မတ်မတ် ။

ဘယ်အရာကများ သည်ကောင်လေးစိတ်ဝင်စားအောင် ဖမ်းစားထားလေသနည်းဟု စိုးရိမ်ကဲစွာကြည့်လိုက်မိတော့ အဖွဲ့ဖွဲ့အစုစုသော ခရီးသွားများမှလွဲ၍ အခြားမရှိသော်လည်း အမျိုးမျိုးအသွင်သွင်နှင့် ချောမောခန့်ညားသည့် အမျိုးသားများ ၊ လှပပြေပြစ်ကျော့ရှင်းသော အမျိုးသမီးများကိုသာ တွေ့လိုက်ရ၍ ဘဝင်မှာ နောက်သွားရသည် ။

'' သွင်မှူးအိမ်… ခင်ဗျားလေး အခုဘာတွေကို ဈာန်ဝင်တစားကြည့်နေရတာလဲ ၊ ကျုပ်ကို ပြောစမ်းပါဦး ''

စိမ်းမြမြမွှေးညင်းနုလေးများ ယိမ်းနွဲ့နေသည့် နို့နှစ်ရောင်လည်ကုပ်လေးအား နှာခေါင်းနှင့်အသာထိကာ နမ်းလိုက်လေတော့ သူ့မှာတွန့်ခနဲဖြစ်သွားရပြီး လှည့်ကြည့်လာသည် ။ သည်လိုမှအာရုံမလွှဲလျှင်လည်း ရမည်မဟုတ် ။ မျက်နှာထားက ရှူတင်းတင်း ။

'' လိမ်းပြီးသွားပြီပေါ့ တခြားကြည့်တာတော့မဟုတ်ဘူး ဟိုမှာတွေ့တယ်မလား ''

အစောပိုင်းက လူအများဆီသို့သာ မျက်စပစ်ပြလေတော့ အမြန်ပင်ခေါင်းညိတ်ပြလိုက်သည် ။

'' ခုနက ကိုကို ဒီဘက်မှာထိုင်နေတည်းက အခုထိ အဲဒီလူတွေ ကိုကို့ကိုပဲ ငမ်းနေကြတာ ''

သျှံမင်းဆက်က အံ့သြသွားသလို မျက်ခုံးတစ်ဖက်ပင့်သွားလေတော့ ခပ်ရွဲ့ရွဲ့ကြည့်ကာ ဆက်ပြောသည် ။

'' ကြည့်လည်းကြည့်ချင်စရာပဲလေ ဖော်ချွတ်ပြထားတာကိုး ရက်ရက်ရောရော... ''

ထိုစကားကြောင့် သျှံမင်းဆက်က တဟားဟားနှင့် ထရယ်လေတော့ သွင်မှူးအိမ်တစ်ယောက်မှာ ပိုစိတ်တိုလာတော့သည် ။ သူက သဝန်တိုလို့ပြောမိလိုက်ခြင်းကို သည်လူက ရယ်ရက်လေသလား ။

'' အဟွန်း အချစ်ကို လှောင်တာမဟုတ်ဘူးနော်… သဘောကျလို့ ၊ သွင်လေး ကိုယ့်ကို သဝန်တိုတာကိုပျော်လို့ ''

အလျှောက်ကောင်းလို့ အထောင်းသက်သာဆိုတာ သည်လိုမျိုးကိုပြောတာပဲဖြစ်မည် ။ မှိုင်းနေခဲ့သော သွင်မှူးအိမ်၏မျက်နှာတော်မှာ ကြည်ကာဝင်းလာတော့ ပေးလာသည့်အခြေအနေကြောင့် ဆက်ပြောရသည် ။

'' သွင်လေးကသာ ကိုယ့်ကိုသဝန်တိုနေတာ သူတို့က ကိုယ့်ကိုပဲကြည့်ကြတာ ဟုတ်ပမလား ''

ပြောလိုက်တော့ မျက်လုံးလေးဝင့်ကာ ကြည့်သည် ။

'' ဟုတ်ပါပြီ သူတို့ ကိုယ့်ကိုငမ်းကြတယ်ဆိုတော့ရော ဘာဖြစ်သလဲ ၊ ကိုယ်က သူတို့ကို ဂရုစိုက်နေလို့လား ။ ကိုယ့်အနားမှာ ဒီလောက်အသည်းယားစရာကောင်းတဲ့ ချစ်မဝနှစ်မဝလေးရှိနေတာပဲ ၊ သူတို့က ကိုယ့်မျက်လုံးထဲ မြူမှုန်လေးအဖြစ်တောင် ဝင်ရောက်မလာနိုင်ပါဘူး ''

ချိုမြိန်သောအကြင်နာစကားတွေမှာ သွင်မှူးအိမ်တစ်ယောက် ရင်တလှပ်လှပ်ခုန်လာရသည် ။ သည်လူဟာ ကိုယ်ပိုင်ဆိုင်ထားပြီးသားသူ ဖြစ်နေသည့်အတွက် ကြည်နူးခြင်းစိတ်အဟုန်ဟာ ပြောမပြတတ်အောင်ပင် ။ မှန်မကြည့်သော်လည်း သူ့မျက်နှာမှာ မဖုံးမဖိနိုင်အောင် ပြုံး၍နေမည်ကား အသေချာ... ။

X X X X X

မျက်ဝန်းများမှတစ်ဆင့် အကြည့်ချင်းဖလှယ်ကာ အသံတိတ်ချစ်စကားတွေ စီကာပတ်ကုံးနေမိသည် ။ သျှံမင်းဆက်က သူ့မေးစေ့သွယ်သွယ်အား လက်ညှိုးဖြင့်ပင့်ယူကာ အနားသို့တိုးကပ်လာ၍ မျက်ခွံများကို မှေးလျော့ထားလိုက်ရသည် ။

'' ဟိုင်း… ဟယ်လို ''

နွေးထွေးသည့်အထိအတွေ့တို့ နှုတ်ခမ်းလွှာပေါ်သို့ မသက်ဆင်းလာသလို လှုပ်ရှားမှုတို့လည်း ရှေ့ဆက်မလာလေတော့ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်ရာ နိုင်ငံခြားသူအမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသည် ။

ထိုသုံးယောက်က သူတို့ကိုပြုံး၍ကြည့်ကာ အနားသို့လျှောက်လာကြသည် ။ အနားရောက်လေတော့ သူတို့အချင်းချင်း တစ်လှည့်စီကြည့်လိုက်ပြီးမှ စကားဆိုလာသည် ။ ခပ်လှမ်းလှမ်းမှ ဘော်ဒီဂတ်များက လှမ်းကြည့်ကာ လာရန်ဟန်ပြင်နေကြလေတော့ သျှံမင်းဆက်မှ လက်ကာပြလိုက်ရသည် ။

'' ဟိုင်း… ငါက ကတ်တီ ၊ သူက ဟယ်သာ သူက ဒေ့ဗ် ''

လှိုင်းတွန့်သဏ္ဍာန်ကောက်ကွေးနေသော ရွှေအိုရောင်ဆံနွယ်ပိုင်ရှင်အမျိုးသမီးက ဦးစွာနှုတ်ဆက်လာသည် ။ ကတ်တီက သူ(မ)၏ဘေးမှ လူနှစ်ယောက်ကိုပါ တစ်ပါတည်းမိတ်ဆက်ပေးလေသည် ။

အမျိုးသမီးနှစ်ယောက်လုံးမှာ အပေါ်အောက်တစ်ဆက်တည်း အဆင်အသွေးတူသည့် ဘီကီနီကို ဝတ်ထားကြသည် ။ ဟယ်သာဆိုသော အမျိုးသမီးကတော့ ပဝါတစ်ထည်ကိုလွှားခြုံထားသည် ။ ဒေ့ဗ်ဆိုသော လူမှာတော့ ရေကူးဘောင်းဘီတိုတစ်ထည်နှင့်သာ ။

သျှံမင်းဆက်က ခေါင်းညိတ်ပြတော့ ကတ်တီက လက်ဆွဲနှုတ်ဆက်ရန် ကမ်းပေးလာသည် ။ သွင်မှူးအိမ်ကို တစ်ချက်အကဲခတ်ကြည့်လိုက်တော့ အေးအေးဆေးဆေးသာရှိနေ၍ ကမ်းပေးလာသောလက်အား ဆွဲကာနှုတ်ဆက်လိုက်သည် ။

'' ငါက သျှံမင်းဆက်ပါ ၊ သူက သွင်မှူးအိမ် ''

ကတ်တီက ခပ်လွင်လွင်လေးရယ်ပြီး ဆက်ပြောသည် ။

'' ရှင်တို့က နှစ်ယောက်တည်းလား… ဒီကိုအလည်သက်သက်ပဲလား ''

သျှံမင်းဆက်က ခေါင်းညိတ်ပြ၍သာဖြေလိုက်သည် ။

'' တွေ့ရတာ ဝမ်းသာတယ်နော် ဒီဟိုတယ်မှာ တည်းတာမလား ၊ ရှင်တို့ရောက်လာတုန်းက တွေ့လိုက်ပါတယ် ''

ကတ်တီက ပြုံးတုံ့တုံ့ကြည့်နေပြီးမှ ဒေ့ဗ်အား မျက်စပစ်ပြလေတော့ ထိုသူကပြောလာသည် ။

'' စိတ်မရှိရင် ကိုယ်နဲ့အတူ လျှောက်လည်ဖို့ ဖိတ်ခေါ်ပါရစေ ''

ရှေ့သို့ခြေတစ်လှမ်းတိုးကာ ပြောချလာသည့် ဒေ့ဗ်၏အကြည့်များက သွင်မှူးအိမ်ဆီတွင်သာ ။ သွင်မှူးအိမ်၏ နှုတ်ခမ်းနှစ်လွှာတို့ မပွင့်တပွင့်ဖွင့်ဟသွားရသလို သျှံမင်းဆက်၏ မျက်ခုံးနှစ်ဖက်လည်း စုကုပ်သွားရသည် ။ သွင်မှူးအိမ်က လက်ညှိုးလေးတစ်ချောင်းနှင့် သူ့ရင်ဘတ်ကိုထိကာ ဒေ့ဗ်အားမေးလိုက်သည် ။

'' ငါ့ကိုလား... ''

ဒေ့ဗ်က သွားပေါ်အောင်ရယ်ပြလေတော့ သွင်မှူးအိမ်ကတစ်ချက်ပြုံးလိုက်ပြီး သျှံမင်းဆက်ကိုလှည့်ကြည့်သည် ။ အဓိပ္ပာယ်ပါသောထို့အကြည့်အား နားလည်စွာပင် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည် ။ သွင်မှူးအိမ်၏ခါးထက်သို့ လက်ဆစ်ဖက်လျှိုသွင်းကာ သိုင်းဖက်လိုက်ပြီး ဒေ့ဗ်အား ပြန်ဖြေလိုက်လေသည် ။

'' ဆောရီး… သူက ငါ့အမျိုးသားပါ ''

နှုတ်ကလည်းပြောသလို လက်တစ်ဖက်ကလည်း လက်ထပ်လက်စွပ်ဝတ်ထားသည့် လက်အား ထောင်ပြလိုက်ရသည် ။ ဒေ့ဗ်၏မျက်နှာ ကွက်ခနဲပျက်သွားသလို ကတ်တီတို့ကလည်း အံ့အားသင့်သွားကြပုံပင် ။ ဟယ်သာက မေးလာသည် ။

'' ရှင်တို့နိုင်ငံမှာ လိင်တူချင်း တရားဝင်လက်ထပ်လို့ ရတယ်လား… ''

သည်တော့ ဘယ်ဘက်လက်သူကြွယ်မှ လက်စွပ်လေးကို ထိတွေ့နေရင်းမှ သွင်မှူးအိမ်က ပြန်ဖြေလိုက်သည် ။

'' ငါ့အမျိုးသားက ငါတို့အချစ်အတွက် ခက်ခဲတဲ့နည်းလမ်းတွေကိုတောင်မှ အဖြေရှာပေးနိုင်စွမ်းရှိတယ်လေ ။ ပြီးတော့ ငါတို့က ဟန်းနီးမွန်းထွက်လာတာပါ ၊ ဒီတော့  ဒေ့ဗ်… မင်းရဲ့ကမ်းလှမ်းချက်အတွက် ငါငြင်းပါရစေ ''

သွင်မှူးအိမ်က အပြုံးကလေးနှင့် အဆုံးသတ်လိုက်ပြီး သျှံမင်းဆက်၏ခေါင်းထက်မှ မျက်မှန်ကိုအသာဖြုတ်ယူရင်း ပါးပြင်တစ်ဖက်အား နှာခေါင်းလေးနှင့် အသာထိကပ်လေသည် ။ ထို့နောက် မျက်မှန်ကို သူ့မျက်နှာထက်တွင်တပ်ကာ သျှံမင်းဆက်၏ရင်ဘတ်ကိုမှီ၍ ခုံတန်းရှည်ပေါ်လှဲလျောင်းလေသည် ။

သွင်မှူးအိမ်၏အပြုအမူလေးကြောင့် သျှံမင်းဆက်မှာကြိတ်ကာပြုံးမိသည် ။ သူမကြိုက်လျှင် တစ်ဖက်သားကို ပြတ်ပြတ်သားသားငြင်းတတ်သည့်အကျင့်လေးက အခြားသူအမြင်တွင်ရိုင်းရာကျလျှင်တောင် သျှံမင်းဆက်မျက်လုံးထဲတွင်တော့ အပြစ်ဆိုစရာမရှိ ။ ဟန်ဆောင်ခြင်းကင်းမဲ့သည့် အနှီကောင်လေးအား ပိုလို့ပင် သဘောကျမိနေတော့သည် ။

'' အိုး ဆောရီး… ဒါဆို ငါတို့ကြောင့် အနှောင့်အယှက်ဖြစ်သွားပြီထင်တယ် ။ မင်းတို့ရဲ့ သာယာကြည်နူးဖို့ကောင်းတဲ့ ပျားရည်ဆမ်းအချိန်လေးကို မဖျက်ဆီးတော့ဘူး သွားခွင့်ပြုပါဦး ''

ဒေ့ဗ်ကတော့ အပြုံးတုတစ်ခုအား ဟန်လုပ်ကာပြောပြီး အနားမှထွက်သွားသည် ။ သူ့အဖော်အမျိုးသမီးနှစ်ယောက်ကလည်း သျှံမင်းဆက်တို့အား လက်ပြနှုတ်ဆက်ပြီး သူ့နောက်သို့ ပြေးလိုက်သွားကြလေသည် ။ သျှံမင်းဆက်၏အာရုံက ရင်ခွင်ထဲတွင်ငြိမ်သက်နေသော လူသားလေးဆီသို့ အလည်ပြန်ကူးသွားသည် ။

'' ကဲ တွေ့ပြီလား… အခု ဘယ်သူက အကြည့်ခံနေရတာလဲ ၊ လျှောက်လည်ဖို့အထိတောင် အပြောခံနေရတာ ''

သွင်မှူးအိမ်အား လက်နှစ်ဖက်ဖြင့် ထွေးပိုက်ကာဖက်ရင်း ပုခုံးတစ်ဖက်ပေါ်သို့ မေးတင်ကာ ခပ်ငူငူကလေးပြောလိုက်တော့ သူက နှုတ်ခမ်းထောင့်ကလေးတွန့်သွားကာ ပြန်ဖြေလာသည် ။ နေကာမျက်မှန်တပ်ထားခြင်းအောက်က မျက်လုံးများကတော့ မည်သို့လှုပ်ခတ်နေလိမ့်မည်လဲလေ ။

'' စန်းပွင့်တယ်ဆိုတာ ဒါမျိုးကိုပြောတာထင်တယ်နော် ဘယ်နေရာရောက်ရောက်... ''

'' ဘာပြောတယ်... ''

စိတ်ကိုအကဲလာစမ်းနေသဖြင့် ဒေါသထွက်သွားရသည် ။ ဟက်ခနဲရယ်ကာ သျှံမင်းဆက်၏ လက်တစ်ဖက်ကိုဆွဲယူလေပြီး လက်ထပ်လက်စွပ်ဝတ်ထားသည့် လက်နှစ်ခုအားယှဉ်ကပ်ထားလေသည် ။

'' ဒါပေမယ့်လည်း စန်းပွင့်တော့ရော ဘာလုပ်ရမှာလဲနော် ၊ ကျွန်တော့်ရဲ့ ကောင်းဆိုးနှစ်ဖြာအစစရာရာ ဟောဒီက ကိုကို့အတွက်ပုံအောပြီးသားပဲ ''

'' စကားတွေသိပ်တတ်နေတာ ''

'' အဟက်… ကိုကို့လောက်တော့ ဟုတ်ပမလား ''

နှစ်ယောက်သား ပြိုင်တူရယ်မိကြသည် ။

'' နေပူစာလှုံတာတော်သင့်ပြီနော် ၊ ညနေလည်း ပြန်ထွက်ဦးမှာဆိုတော့ အားမွေးထားသင့်တယ်နော် ဘေဘီ... ''

'' အင်းပါ ''

ထို့နောက်တွင်တော့ တစ်ယောက်ကိုတစ်ယောက် မှီတွယ်ကာနေရင်း ပင်လယ်ပြာ၏အလှကို ရှူစားနေကြတော့သည်… ။

*** *** ***

A/N 💕 Sequel (1)မှာ စာကျန်ခဲ့လို့ ပြန်ဖြည့်ပေးထားပါတယ်နော် ။ တချို့စာလုံးပေါင်းတွေ uni ~ zawgyi အပြောင်းအလဲမှာ အတည့်မပေါ်တတ်လို့ အမှန်ဖတ်မရရင် ပြောကြပါဦး 😍

Thanks for reading
ဟီရိုဆေး
Dec 19, 2020

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Zawgyi

မနက္စာစားၿပီးေနာက္ စီစဥ္ထားသည့္ ေမာ္တာအင္ဂ်င္တပ္စက္ေလွျဖင့္ ခရီးဆက္လာၾကသည္ ။ အျခားေတာ့မဟုတ္ သည္ၿမိဳ႕၏ကမ္းရိုးတန္းတေလွ်ာက္ ႐ြက္လြင့္ကာ ကြၽန္းစု၏အလွအပမ်ားအား ခံစားၾကရန္ပင္ျဖစ္သည္ ။ စက္ေလွျဖစ္ေသာ္လည္း အေတာ္အတန္အက်ယ္အဝန္းရွိသည္မို႔ ေဘာ္ဒီဂတ္မ်ားပါ လြတ္လြတ္လပ္လပ္ေနလို႔ရသည္ပင္ ။

“ ဟား…… လတ္ဆတ္လိုက္တာ ‘’

သြင္မႉးအိမ္က စက္ေလွ၏ လက္ရန္းနားတြင္ရပ္ကာ လက္ႏွစ္ဖက္ကိုဆန႔္တန္းၿပီး ပင္လယ္ေလကို တဆုံးရႉသြင္းလိုက္သည္ ။

“ ျပဳတ္က်ေတာ့မွာပဲ သြင္ေလးရာ... ‘’

စိုးရိမ္ျခင္းျပည့္သည့္ ေလသံတို႔ျဖင့္ သွ်ံမင္းဆက္က အနားေရာက္လာကာ သူ႕အား လြတ္ထြက္သြားမွာစိုးသည့္အလား  တင္းတင္းက်ပ္က်ပ္ ဖက္ေလေတာ့သည္ ။

“ လက္ရန္းေတြရွိေနတာ ဘယ္ကေန ျပဳတ္က်မွာလဲ… ကေလးလည္းမဟုတ္ ‘’

“ ေျပာမရဆိုမရတာကေတာ့ ကေလးထက္ဆိုးတယ္ ၊ ကေလးကမွ မုန႔္ေပးၿပီးေခ်ာ့လို႔ရေသးတယ္ ‘’

“ အရမ္းကို သည္းသည္းလႈပ္ေနေတာ့တာပဲေနာ္ ကိုသွ်ံမင္းဆက္ႀကီး ဟုတ္မွဟုတ္ရဲ႕လား ‘’

“ အရမ္းခ်စ္မိသြားလို႔ပါကြာ… ‘’

“ ၾကက္သီးေတြ ထလိုက္တာေနာ္ ‘’

သြင္မႉးအိမ္၏ ေလွာင္ေျပာင္ျခင္းကို သွ်ံမင္းဆက္က သေဘာက်ကာ ဖက္ထားသည့္လက္တို႔အား ပိုမိုတင္းက်ပ္ေစလိုက္သည္ ။

“စားစရာေတြရပါၿပီ ‘’

စက္ေလွမွ စားဖိုမႉးႏွစ္ေယာက္ႏွင့္ ဝန္ထမ္းမ်ားက စားစရာမ်ားအား စားပြဲေပၚလာခ်ေပးၿပီး ႏႈတ္ဆက္ကာျပန္ထြက္သြား၏ ။

“ ဘာေတြခ်က္ခိုင္းထားတာလဲ ကိုကို ‘’

“ ပင္လယ္စာေတြပါ သေဘာက်တယ္မလား ‘’

“ မႀကိဳက္မရွိ ဝိုင္ေလးနဲ႕ဆို သိပ္လိုက္မွာ ‘’

“ မေသာက္ရပါဘူး… မေတာ္လို႔ ရီေဝေဝနဲ႕မူးၿပီး ေရထဲျပဳတ္က်ေနရင္ ဘယ္ႏွယ့္လုပ္မလဲ ‘’

“ ဟားဟား… စိတ္ပူတတ္ရန္ေကာ ကိုကိုရာ ႀကံဖန္ၿပီးေတာ့… ကဲပါ စားရေအာင္ ‘’

“ ကိုယ္ လုပ္ေပးမယ္ ‘’

သွ်ံမင္းဆက္က ပုဇြန္ကင္မ်ားကို အခြံခြၽတ္ေပးကာ သြင္မႉးအိမ္၏ ပန္းကန္ထဲသို႔ ထည့္ေပးေလသည္ ။ ခက္ရင္းေလးႏွင့္ထိုးၿပီးစားလိုက္ သွ်ံမင္းဆက္အားခြံေကြၽးလိုက္ျဖင့္ အေကာင္းဆုံးအခ်ိန္ေလးကို ျဖတ္သန္းေနၾကသည္ ။

“ ဒါေလး လုပ္ဦး ‘’

ဂဏန္းဟင္းလ်ာအား လက္ညွိုးထိုးရင္းေျပာလာေတာ့ သွ်ံမင္းဆက္က ေခါင္းခါလိုက္သည္ ။

“ မရဘူး ဂဏန္းက ကိုယ့္အမ်ိဳးဂဏန္းကို ျပန္စားမလို႔လား ‘’

သွ်ံမင္းဆက္က စေနာက္လိုက္ေတာ့ သြင္မႉးအိမ္မွာ မ်က္ေမွာင္ၾကဳတ္ကာ ေအာ္ေလသည္ ။

“ ဟာ… ကိုကိုေနာ္ ‘’

“ ဟဟ… ေအးပါကြာ ကိုယ္ခြံေကြၽးမယ္ ပါးစပ္ဟ ‘’

ပါးစပ္ေလးဟလာေတာ့ တူေလးျဖင့္ညွပ္ထားသည့္ ဂဏန္းအသားလႊာေလးအား ခြံေကြၽးလိုက္သည္ ။

“ ေကာင္းလား ‘’

ျပန္မထူးနိုင္ဘဲ ေခါင္းသာညိတ္ျပမိသည္ ။

“ စားတာေတြမ်ားေနၿပီဆိုေတာ့ ဒီတစ္ေကာင္ၿပီးရင္ ေတာ္ၿပီေနာ္ ေတာ္ၾကာ အစာမေၾကျဖစ္ေနမယ္ ‘’

“ အင္းပါ… ’’

စားေသာက္ၿပီးခ်ိန္ႏွင့္ ကြက္တိဆိုသလိုပင္ ကြၽန္းစုတစ္စုသို႔ အရင္ေရာက္လာခဲ့ၿပီး ထိုကြၽန္း၏ကမ္းေျခတြင္ လည္ပတ္ခဲ့ၾကသည္ ။ သည္ကြၽန္းေလးက ရႉခင္းမ်ား အရမ္းလွေသာေၾကာင့္ နာမည္ႀကီးသည့္ေနရာတစ္ခုျဖစ္သလို ၫႊန္းၾကသည့္အတိုင္း ဘယ္အရပ္ၾကည့္ၾကည့္ အလွတရားကို ေတြ႕ေနရသည္ ။

ထိုမွဆက္၍ အေရွ႕ေျမာက္အရပ္ ငါးကီလိုမီတာအကြာရွိ ကြၽန္းတစ္ခုသို႔ ဆက္သြားကာ ေလွကိုတည္ေဆာက္ျပဳလုပ္ပုံမ်ား ေလ့လာျဖစ္ၾကသည္ ။ သည္ေနရာက ငါးဖမ္းျခင္းအမ်ားစုကို လုပ္ကိုင္ၾကသည္မို႔ ကမ္းေျခတစ္ေလွ်ာက္ဝယ္ ငါးဖမ္းစက္ေလွငယ္မ်ား စီရီကာရပ္ထားသည္ကို ေတြ႕ရသည္ ။

ထိုႏွစ္ေနရာကိုပင္ စိတ္ႀကိဳက္လည္ပတ္ခဲ့ၾကၿပီး ေနဝင္ခ်ိန္လည္းနီးသျဖင့္ တည္းသည့္ေနရာသို႔သာ ျပန္လာလိုက္ၾကသည္ ။ က်န္သည့္ေနရာေတြကေတာ့ ေနာက္တစ္ရက္မွ ဆက္လည္ၾကမည္ေပ ။

အရပ္ေဒသေတြ မည္မွ်ေဝးကြာျခားနားေနပါေစ ။ ေနဟာ အေနာက္ဘက္သို႔သာ ဝင္သည့္ထုံးစံမွာေတာ့ မေျပာင္းလဲ ။ အေနာက္ယြန္းယြန္းသို႔ ခိုဝင္ေနသည့္ ပုဇြန္ဆီေရာင္ေျပးေနေသာ ေနလုံးႀကီးအား ေငးေမာကာၾကည့္ေနမိသည္ ။

“ ဆည္းဆာခ်ိန္ေလးက အရမ္းလွတာပဲ ၊ ဒီလိုမ်ိဳး ပင္လယ္ထဲကေန ၾကည့္ရေတာ့လည္း ေနက ကိုယ့္အနီးနားမွာ ရွိေနသလိုပဲေနာ္ ‘’

“ အင္း… ဆည္းဆာခ်ိန္ေလးကလွေပမယ့္ မ်က္စိက်ိန္းတယ္ ၊ ကိုယ့္ရဲ႕ သြင္ေလးကသာ ဘယ္အခ်ိန္ၾကည့္ၾကည့္ အျမင္ေရာစိတ္ေရာ ဖမ္းစားနိုင္တာ ‘’

“ ေဟာ… စလာျပန္ၿပီ ‘’

စက္ေလွ၏ လက္ရန္းနားကပ္ကာ ရပ္ေနသည့္ သြင္မႉးအိမ္အား ေနာက္မွသိုင္းဖက္လိုက္ကာ…

“ ကိုယ္တို႔ အခုပုံစံေလးက တိုက္တန္းနစ္႐ုပ္ရွင္ထဲက ဇာတ္ဝင္ခန္းနဲ႕ တူမေနဘူးလား ‘’

“ ကိုကိုက လီယိုနာဒိုလား ‘’

“ သူနဲ႕ကိုယ္ ဘယ္သူပိုေခ်ာလဲ ‘’

သြင္မႉးအိမ္က အၿပဳံးႀကီးႀကီးခ်ီကာ ေျပာသည္ ။

“ ေသခ်ာေပါက္ ကြၽန္ေတာ့္အမ်ိဳးသားေပါ့ဗ်ာ ‘’

“ ညာစားတတ္ေနၿပီ ‘’

“ ဒါေပမယ့္ ကိုကို… ဇာတ္ဝင္ခန္းနဲ႕တူေနတယ္ဆိုရင္ေတာင္ ရယ္စရာတစ္ခုလို မစေနာက္ေစခ်င္ဘူး ။ အကယ္၍မ်ားဆိုၿပီးေတာ့ေတာင္ အေတြးေတြနဲ႕ႏွိပ္စက္ၿပီး အျဖစ္အပ်က္ေတြေတာ့ ဘယ္ေသာအခါမွ ထပ္တူမက်လိဳဘူး ၊ ကိုကိုနဲ႕ ေဝးမ်ားေဝးရရင္ ေသသြားနိုင္တယ္ ‘’

“ ကိုယ္လည္း မခြဲနိုင္ပါဘူးကြာ ‘’

“ ခ်စ္တယ္ေနာ္ ခဏခဏေျပာလို႔ မရိုးသြားနဲ႕ ‘’

“ အၿမဲတမ္း… ရင္ခုန္စရာေတြနဲ႕ဆန္းသစ္ေနတဲ့ ကိုယ့္ရဲ႕ ႏွလုံးသားပိုင္ရွင္ေလး ‘’

“ ဘဝေနဝင္ခ်ိန္ေလးအထိ အတူလက္တြဲၿပီးေနသြားခ်င္တယ္ ၊ အဘိုးႀကီးျဖစ္လာတဲ့အခါမွာ… ကိုကိုလို႔ေခၚဖို႔ မတတ္စြမ္းေတာ့တဲ့အခ်ိန္မွာ… ကိုကို႔ကိုလည္း အေဖာ္မျပဳေပးနိုင္ေတာ့ရင္ ဘယ္လိုလုပ္မလဲ ‘’

“ ကိုယ္ သြင္ေလးကို ခ်န္ထားၿပီးမသြားရက္ဘူး ။ ဝမ္းနည္းၿပီးနာက်င္ေနမယ့္ပုံစံကို ေတြးမိရင္ ကိုယ္စိတ္ေျဖာင့္မွာမဟုတ္လို႔… အကယ္၍ ခြဲခြာရမယ့္တစ္ေန႕ေရာက္လာခဲ့ရင္ သြင္ေလးက အရင္သြားပါ ၊ ကိုယ္ လိုက္လာခဲ့ပါမယ္ ‘’

“ ကိုကိုရာ… ‘’

သြင္မႉးအိမ္က သွ်ံမင္းဆက္၏ ရင္ခြင္ထဲတိုးဝင္ကာ ဖက္လာသည္ ။ တစ္ေယာက္ကိုတစ္ေယာက္ အၿပဳံးမ်က္ရည္မ်ားျဖင့္ ၾကည္ႏူးစြာၾကည့္ရင္း ဆည္းဆာပ်ိဳးပ်ခ်ိန္ဝယ္ အနမ္းမ်ားဖလွယ္ေနၾကေတာ့ေလသည္… ။

ဝုန္းခနဲရိုက္ခတ္လာသည့္ လွိုင္းတစ္ခ်က္အပင့္မွာ ေသာင္ျပင္ေပၚသို႔ ေငြေရာင္လွိုင္းၾကက္ခြပ္ေလးမ်ားက အေျပးအလႊားကူးလူးခိုဝင္လာၾကသည္ ။ ၿပိဳးၿပိဳးျပက္ျပက္ေနေရာင္ျခည္ေအာက္မွာ စိန္ပြင့္သ႑ာန္သဲမႈန္ေလးမ်ားဟာလည္း လင္းတလဲ့လဲ့ ။

ကမ္းရိုးတန္းတစ္ေလွ်ာက္ ျဖတ္သန္းတိုက္ခတ္လာေသာ ညွင္းသြဲ႕သြဲ႕ေလသာသာက ကမ္းေျခတြင္အပန္းေျဖေနသည့္ လူသားေလးမ်ားအား ကလူက်ီစယ္ေနၾကသလိုပင္ ။ ထိုက်ီစယ္မႈသည္ နဂိုျဖဴေသာႏုေသာအသားအေရကို ပိုင္ဆိုင္ထားသည့္ သြင္မႉးအိမ္ကိုလည္း ထိပါးတတ္ေလသည္ ။

ကမ္းေျခေရာက္ေလတိုင္း အသားအေရနီျမန္းျခင္း စပ္ဖ်င္းဖ်င္းျဖစ္ျခင္းမ်ားကို ႀကဳံရေလ့ရွိသူျဖစ္၍ ယခုေရခံေျမခံ ေျပာင္းသြားသည့္အခါတြင္လည္း ပို၍ပင္ဆိုးေလေတာ့သည္ ။ ေမးေစ့က ယားသလိုကုတ္ခ်င္သလို ၊ လက္ဖမိုးေလးမ်ားမွာလည္း နီစပ္စပ္ ။

သြင္မႉးအိမ္ဝတ္ထားသည္မွာ ရင္ဘတ္အေျခထိက်ယ္ေလေသာ သုံးျမႇောင့္လည္ပင္းေပါက္ပုံစံ ဒီဇိုင္းထြင္ခ်ဳပ္ထားသည့္ အျဖဴေရာင္ ဂ်ာစီအကၤ်ီအပြလက္ရွည္ႏွင့္ အသားေရာင္ ဂ်င္းသားေဘာင္းဘီအတိုသာ ။ အကၤ်ီ  မွာ ရင္ဘတ္တြင္ နိုင္လြန္ႀကိဳးေပ်ာ့မ်ား ယွက္ကာခ်ည္ထားရၿပီး တင္ပါးဖုံးသည္အထိရွည္ေနေလေတာ့ ေအာက္တြင္ခံဝတ္ထားသည့္ ေဘာင္းဘီတိုမွာလည္း လႈပ္ရွားလိုက္ေလမွသာ တစ္ခ်က္တစ္ခ်က္ေပၚလြင္ေစေတာ့သည္ ။

သူကသာ ထိုကဲ့သို႔ တလႈပ္လႈပ္ႏွင့္ အေနရအထိုင္ရခက္ေနခ်ိန္တြင္ နံေဘးရွိသက္ဆိုင္သူမွာေတာ့ စၾကာဝဠာတစ္ခြင္ကို အပိုင္စားရထားသည့္အလား ေအးခ်မ္းၿငိမ္သက္စြာေနဘိေတာ့သည္ ။ အေပၚပိုင္းဗလာက်င္းကာ ေျခက်င္းဝတ္ထိရွည္လ်ားေသာ အနက္ေရာင္ေဘာင္းဘီကို ဝတ္ဆင္ထားေလၿပီး ေနကာမ်က္မွန္အနက္ကို တပ္ထားေသးသည္ ။

ရင္အုပ္က က်ယ္က်ယ္ အရပ္အေမာင္းက ေကာင္းေကာင္း ဝမ္းဗိုက္ရွိ ႂကြက္သားအျမႇောင္းျမႇောင္းတို႔မွာ အမွတ္တမဲ့ၾကည့္မိေလတိုင္းပင္ ရႉမၿငီးခ်င္စဖြယ္ ဆြဲေဆာင္နိုင္စြမ္းတို႔အျပည့္ ။ ေျခေထာက္တစ္ဖက္ကို ဆင္းထားကာ က်န္တစ္ဖက္က ဒူးေထာင္၍ ထိုေထာင္ထားေသာ ေျခတစ္ဖက္၏ေပါင္ေပၚတြင္ လက္တစ္ဖက္ကိုေထာက္ကာ ေမးတင္၍ထားသည့္ အသြင္အျပင္မွာလည္း ေတာ္ဝင္မင္းသားတစ္ပါး အနားယူေနသလို အရွိန္အဝါတစ္မ်ိဳးျဖစ္ေပၚေနေလသည္ ။

သူ႕အား အခ်ိန္ၾကာျမႇင့္စြာေငးၾကည့္ေနမိေလေတာ့ သတိထားမိသြားသည့္ဟန္ပင္ ။ ႏႈတ္ခမ္းစြန္းတစ္ဖက္က တြန႔္ကာခ်ိဳးလာၿပီး မ်က္မွန္ကိုင္းႏွစ္ဖက္အား လက္ညွိုးႏွင့္လက္မသုံးကာ ဆံပင္မ်ားေပၚသို႔ လွန္တင္လိုက္၍ ခါးကိုမတ္မတ္ျပင္ထိုင္ကာ သြင္မႉးအိမ္ဘက္သို႔ ငဲ့ေစာင္းၾကည့္လာသည္ ။

သူတို႔ႏွစ္ဦးမွာ ပင္လယ္ျပင္ဘက္သို႔ ဗဟိုျပဳကာ ကမ္းေျခေပၚတြင္ ေနရာခ်ထားေသာ အပန္းေျဖခုံတန္းရွည္မ်ား မ်ားစြာရွိသည့္အနက္ လူရွင္းသည့္တစ္ေနရာတြင္ အနားယူေနၾကျခင္းပင္ ။ အခ်ိဳ႕မွာေတာ့ အ႐ြယ္ခပ္ႀကီးႀကီးပဝါစမ်ားကို သဲေသာင္ျပင္ေပၚတြင္ အတိုင္းသားခ်ခင္းထားကာ အေနအထားအမ်ိဳးမ်ိဳးျဖင့္ နားခိုေနၾကျပန္သည္ ။

'' သြင္ေလး ဘာျဖစ္လို႔လဲ ''

ေမးခြန္းတစ္ခု ေမးစမ္းလာျခင္းႏွင့္အတူ လူကပါ သူထိုင္ေနသည့္ ခုံတန္းရွည္ေပၚသို႔ေရာက္လာေလသည္ ။

'' ေလအရမ္းတိုက္လို႔ျဖစ္မယ္ အသားေတြနည္းနည္းစပ္လာလို႔... ''

သြင္မႉးအိမ္က အကၤ်ီလက္ႏွစ္ဖက္ကို လက္ေမာင္းရင္းအထိ အထက္ေအာက္ပြတ္ကာသပ္ကာ ရႈံ႕မဲ့ရင္းေျပာလိုက္ေတာ့ လက္ႏွစ္ဖက္ကိုဆြဲယူကာ အေသအခ်ာၾကည့္သည္ ။

'' က်စ္… လက္ေတြနီတြတ္ေနတာပဲကြာ ၊ အဲဒါကို ဘာမွမေျပာဘဲ ေတာက္ေလွ်ာက္ ဒီတိုင္းၿငိမ္ထိုင္ေနရသလား ''

ဆူပူသည့္ႏွယ္ေျပာလာေတာ့ ၿငိမ္မခံတတ္သည့္စိတ္ေလးက တစ္စခန္းထလာသည္ေၾကာင့္ ပက္ခနဲျပန္ေျပာရန္ မ်က္စံကို ေထာင့္ကပ္ကာၾကည့္လိုက္ၿပီးမွ အေတြးတစ္ခုေပၚလာသျဖင့္ စိတ္ကိုျပန္ထိန္းကာ ဆိုလိုက္သည္ ။

'' ကမ္းေျခေရာက္ရင္ အရမ္းေလစိမ္းတိုက္ရင္ ေနပူထဲၾကာၾကာေနလြန္းရင္ အသားအေရက သူ႕အလိုလိုနီလာေရာ ''

'' အဲဒါမ်ား ကိုယ့္ကိုႀကိဳေျပာထားေလ… ၿပီးေတာ့ ဒီလိုျဖစ္တတ္တာသိေနရင္လည္း ဒီထက္ပိုၿပီး လုံလုံၿခဳံၿခဳံဝတ္လာခဲ့ပါလား ။ အခုၾကည့္ဦး ဒီပုံစံကဘာလဲ ၊ လမ္းေလွ်ာက္လိုက္ၿပီဆိုရင္ ေဘာင္းဘီက ျမင္ေတာင္မျမင္ရေတာ့ဘူး ''

အခန္းထဲမွာဝတ္ေနတုန္းကေတာ့ နံရံကိုမွီ၍လက္ပိုက္ကာ ခပ္ၿပဳံးၿပဳံးႏွင့္ စိုက္ၾကည့္ေနခဲ့ၿပီး ယခုမွအျပစ္တင္လာေလေတာ့ စိတ္လိုလက္ရႏွင့္ပင္ အဝတ္မဲ့ေသာ သူ႕ေက်ာျပင္အား ဒုတ္ခနဲျမည္ေအာင္ လက္သီးႏွင့္တစ္ခ်က္ လွမ္းထုလိုက္သည္ ။

'' အခုမွ လာေျပာမေနနဲ႕ေတာ့… ဟိုအိတ္ထဲက ဘူးအျဖဴေလးပဲယူေပး ''

သွ်ံမင္းဆက္ထိုင္ခဲ့သည့္ ခုံတန္းရွည္၏ေဘးမွ စားပြဲငယ္ေပၚတြင္တင္ထားေသာ သားေရအိတ္အေသးေလးအား ေမးဆတ္ျပကာ လွမ္းေတာင္းေလေတာ့ ခ်က္ခ်င္းပင္ ထယူေပးေလသည္ ။ သြင္မႉးအိမ္လည္း အိတ္အားဇစ္ဖြင့္ကာ အျဖဴေရာင္ဘူးငယ္ေလးတစ္ဘူးအား ထုတ္ယူလိုက္သည္ ။

သြင္မႉးအိမ္၏ လႈပ္ရွားမႈမွန္သမွ်ကို သွ်ံမင္းဆက္က မ်က္ေတာင္မခပ္တမ္း တစ္ခုခ်င္းလိုက္ၾကည့္ေနရွာသည္ ။ သူလည္း ဘူးကိုလႈပ္ယမ္းလိုက္ၿပီး အဖုံးဖြင့္ေနရင္းမွ တစ္စုံတရာေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားကာ ဖြင့္လက္စဘူးေလးအား သွ်ံမင္းဆက္ဆီသို႔ေပးလိုက္ေလသည္ ။

'' ေရာ့... ''

'' ဘာလဲ ''

သွ်ံမင္းဆက္က ဘူးကိုလည္းယူလိုက္ရင္းမွ အဓိပၸာယ္မေပါက္သလိုၾကည့္ကာ ျပန္ေမးလာသည္ ။

'' အသားေတြနီစပ္လာရင္ လိမ္းေနက်အလွဆီ… အဲဒါ ကိုကိုလိမ္းေပး ''

သွ်ံမင္းဆက္ မ်က္ခုံးတို႔ ပင့္သြားရသည္ ။ ႐ုတ္တရက္ႀကီး ဘာျဖစ္သြားျပန္သည္မသိ ။ လိမ္းခိုင္းေတာ့လည္း လိမ္းေပး႐ုံေပါ့ဆိုကာ သူ႕အေနာက္ဘက္သို႔ ေနရာေျပာင္းကာထိုင္လိုက္သည္ ။

ဘူးအဖုံးကိုဖြင့္လိုက္ကာ အတြင္းမွ အလွဆီမ်ားကို လက္ဖဝါးထဲသို႔ညွစ္ယူ၍ မိတ္မ်ားသဖြယ္ ရဲကာတြတ္ေနသည့္ေနရာမ်ားျဖစ္ေသာ လည္ကုပ္ လက္ဖမိုးႏွင့္ ေျခေထာက္မ်ားကို အသာဖြဖြလိမ္းက်ံေပးလိုက္ေလသည္ ။ သခြားသီးအနံ႕ကဲ့သို႔ေသာ ရနံ႕သင္းသင္းတစ္ခု ခပ္ပ်ံ့ပ်ံ့ေလးရသည္ေၾကာင့္ ႏွစ္ၿခိဳက္စြာၿပဳံးလိုက္မိသည္ ။

'' ကဲ ၿပီးၿပီ အဆင္ေျပရဲ႕လား ဘယ္နားထပ္လိမ္းေပးရဦးမလဲ ''

ဘူးအားအဖုံးပိတ္ကာ ေဘးသို႔ကပ္တင္ထားလိုက္ရင္း ေနာက္ထပ္အမိန႔္မ်ားကို ငံ့လင့္ေနေသာ္ျငားလည္း တုံ႕ျပန္ျခင္းတို႔က ၿငိမ္သက္ျခင္းႀကီးစြာ ။ သွ်ံမင္းဆက္၏အေရွ႕မွ ခ်စ္ရသူေလးဟာ ကမ္းစပ္တစ္ေနရာသို႔ အၾကည့္မ်ားပို႔လႊတ္ထားသည္မွာ တစိုက္မတ္မတ္ ။

ဘယ္အရာကမ်ား သည္ေကာင္ေလးစိတ္ဝင္စားေအာင္ ဖမ္းစားထားေလသနည္းဟု စိုးရိမ္ကဲစြာၾကည့္လိုက္မိေတာ့ အဖြဲ႕ဖြဲ႕အစုစုေသာ ခရီးသြားမ်ားမွလြဲ၍ အျခားမရွိေသာ္လည္း အမ်ိဳးမ်ိဳးအသြင္သြင္ႏွင့္ ေခ်ာေမာခန႔္ညားသည့္ အမ်ိဳးသားမ်ား ၊ လွပေျပျပစ္ေက်ာ့ရွင္းေသာ အမ်ိဳးသမီးမ်ားကိုသာ ေတြ႕လိုက္ရ၍ ဘဝင္မွာ ေနာက္သြားရသည္ ။

'' သြင္မႉးအိမ္… ခင္ဗ်ားေလး အခုဘာေတြကို ဈာန္ဝင္တစားၾကည့္ေနရတာလဲ ၊ က်ဳပ္ကို ေျပာစမ္းပါဦး ''

စိမ္းျမျမေမႊးညင္းႏုေလးမ်ား ယိမ္းႏြဲ႕ေနသည့္ နို႔ႏွစ္ေရာင္လည္ကုပ္ေလးအား ႏွာေခါင္းႏွင့္အသာထိကာ နမ္းလိုက္ေလေတာ့ သူ႕မွာတြန႔္ခနဲျဖစ္သြားရၿပီး လွည့္ၾကည့္လာသည္ ။ သည္လိုမွအာ႐ုံမလႊဲလွ်င္လည္း ရမည္မဟုတ္ ။ မ်က္ႏွာထားက ရႉတင္းတင္း ။

'' လိမ္းၿပီးသြားၿပီေပါ့ တျခားၾကည့္တာေတာ့မဟုတ္ဘူး ဟိုမွာေတြ႕တယ္မလား ''

အေစာပိုင္းက လူအမ်ားဆီသို႔သာ မ်က္စပစ္ျပေလေတာ့ အျမန္ပင္ေခါင္းညိတ္ျပလိုက္သည္ ။

'' ခုနက ကိုကို ဒီဘက္မွာထိုင္ေနတည္းက အခုထိ အဲဒီလူေတြ ကိုကို႔ကိုပဲ ငမ္းေနၾကတာ ''

သွ်ံမင္းဆက္က အံ့ၾသသြားသလို မ်က္ခုံးတစ္ဖက္ပင့္သြားေလေတာ့ ခပ္႐ြဲ႕႐ြဲ႕ၾကည့္ကာ ဆက္ေျပာသည္ ။

'' ၾကည့္လည္းၾကည့္ခ်င္စရာပဲေလ ေဖာ္ခြၽတ္ျပထားတာကိုး ရက္ရက္ေရာေရာ... ''

ထိုစကားေၾကာင့္ သွ်ံမင္းဆက္က တဟားဟားႏွင့္ ထရယ္ေလေတာ့ သြင္မႉးအိမ္တစ္ေယာက္မွာ ပိုစိတ္တိုလာေတာ့သည္ ။ သူက သဝန္တိုလို႔ေျပာမိလိုက္ျခင္းကို သည္လူက ရယ္ရက္ေလသလား ။

'' အဟြန္း အခ်စ္ကို ေလွာင္တာမဟုတ္ဘူးေနာ္… သေဘာက်လိဳ႕ ၊ သြင္ေလး ကိုယ့္ကို သဝန္တိုတာကိုေပ်ာ္လို႔ ''

အေလွ်ာက္ေကာင္းလို႔ အေထာင္းသက္သာဆိုတာ သည္လိုမ်ိဳးကိုေျပာတာပဲျဖစ္မည္ ။ မွိုင္းေနခဲ့ေသာ သြင္မႉးအိမ္၏မ်က္ႏွာေတာ္မွာ ၾကည္ကာဝင္းလာေတာ့ ေပးလာသည့္အေျခအေနေၾကာင့္ ဆက္ေျပာရသည္ ။

'' သြင္ေလးကသာ ကိုယ့္ကိုသဝန္တိုေနတာ သူတို႔က ကိုယ့္ကိုပဲၾကည့္ၾကတာ ဟုတ္ပမလား ''

ေျပာလိုက္ေတာ့ မ်က္လုံးေလးဝင့္ကာ ၾကည့္သည္ ။

'' ဟုတ္ပါၿပီ သူတို႔ ကိုယ့္ကိုငမ္းၾကတယ္ဆိုေတာ့ေရာ ဘာျဖစ္သလဲ ၊ ကိုယ္က သူတို႔ကို ဂ႐ုစိုက္ေနလို႔လား ။ ကိုယ့္အနားမွာ ဒီေလာက္အသည္းယားစရာေကာင္းတဲ့ ခ်စ္မဝႏွစ္မဝေလးရွိေနတာပဲ ၊ သူတို႔က ကိုယ့္မ်က္လုံးထဲ ျမဴမႈန္ေလးအျဖစ္ေတာင္ ဝင္ေရာက္မလာနိုင္ပါဘူး ''

ခ်ိဳၿမိန္ေသာအၾကင္နာစကားေတြမွာ သြင္မႉးအိမ္တစ္ေယာက္ ရင္တလွပ္လွပ္ခုန္လာရသည္ ။ သည္လူဟာ ကိုယ္ပိုင္ဆိုင္ထားၿပီးသားသူ ျဖစ္ေနသည့္အတြက္ ၾကည္ႏူးျခင္းစိတ္အဟုန္ဟာ ေျပာမျပတတ္ေအာင္ပင္ ။ မွန္မၾကည့္ေသာ္လည္း သူ႕မ်က္ႏွာမွာ မဖုံးမဖိနိုင္ေအာင္ ၿပဳံး၍ေနမည္ကား အေသခ်ာ... ။

X X X X X

မ်က္ဝန္းမ်ားမွတစ္ဆင့္ အၾကည့္ခ်င္းဖလွယ္ကာ အသံတိတ္ခ်စ္စကားေတြ စီကာပတ္ကုံးေနမိသည္ ။ သွ်ံမင္းဆက္က သူ႕ေမးေစ့သြယ္သြယ္အား လက္ညွိုးျဖင့္ပင့္ယူကာ အနားသို႔တိုးကပ္လာ၍ မ်က္ခြံမ်ားကို ေမွးေလ်ာ့ထားလိုက္ရသည္ ။

'' ဟိုင္း… ဟယ္လို ''

ႏြေးေထြးသည့္အထိအေတြ႕တို႔ ႏႈတ္ခမ္းလႊာေပၚသို႔ မသက္ဆင္းလာသလို လႈပ္ရွားမႈတို႔လည္း ေရွ႕ဆက္မလာေလေတာ့ မ်က္လုံးအစုံကို ဖြင့္ၾကည့္လိုက္ရာ နိုင္ငံျခားသူအမ်ိဳးသမီးႏွစ္ေယာက္ႏွင့္ အမ်ိဳးသားတစ္ေယာက္ကိုေတြ႕လိုက္ရသည္ ။

ထိုသုံးေယာက္က သူတို႔ကိုၿပဳံး၍ၾကည့္ကာ အနားသို႔ေလွ်ာက္လာၾကသည္ ။ အနားေရာက္ေလေတာ့ သူတို႔အခ်င္းခ်င္း တစ္လွည့္စီၾကည့္လိုက္ၿပီးမွ စကားဆိုလာသည္ ။ ခပ္လွမ္းလွမ္းမွ ေဘာ္ဒီဂတ္မ်ားက လွမ္းၾကည့္ကာ လာရန္ဟန္ျပင္ေနၾကေလေတာ့ သွ်ံမင္းဆက္မွ လက္ကာျပလိုက္ရသည္ ။

'' ဟိုင္း… ငါက ကတ္တီ ၊ သူက ဟယ္သာ သူက ေဒ့ဗ္ ''

လွိုင္းတြန႔္သ႑ာန္ေကာက္ေကြးေနေသာ ေ႐ႊအိုေရာင္ဆံႏြယ္ပိုင္ရွင္အမ်ိဳးသမီးက ဦးစြာႏႈတ္ဆက္လာသည္ ။ ကတ္တီက သူ(မ)၏ေဘးမွ လူႏွစ္ေယာက္ကိုပါ တစ္ပါတည္းမိတ္ဆက္ေပးေလသည္ ။

အမ်ိဳးသမီးႏွစ္ေယာက္လုံးမွာ အေပၚေအာက္တစ္ဆက္တည္း အဆင္အေသြးတူသည့္ ဘီကီနီကို ဝတ္ထားၾကသည္ ။ ဟယ္သာဆိုေသာ အမ်ိဳးသမီးကေတာ့ ပဝါတစ္ထည္ကိုလႊားၿခဳံထားသည္ ။ ေဒ့ဗ္ဆိုေသာ လူမွာေတာ့ ေရကူးေဘာင္းဘီတိုတစ္ထည္ႏွင့္သာ ။

သွ်ံမင္းဆက္က ေခါင္းညိတ္ျပေတာ့ ကတ္တီက လက္ဆြဲႏႈတ္ဆက္ရန္ ကမ္းေပးလာသည္ ။ သြင္မႉးအိမ္ကို တစ္ခ်က္အကဲခတ္ၾကည့္လိုက္ေတာ့ ေအးေအးေဆးေဆးသာရွိေန၍ ကမ္းေပးလာေသာလက္အား ဆြဲကာႏႈတ္ဆက္လိုက္သည္ ။

'' ငါက သွ်ံမင္းဆက္ပါ ၊ သူက သြင္မႉးအိမ္ ''

ကတ္တီက ခပ္လြင္လြင္ေလးရယ္ၿပီး ဆက္ေျပာသည္ ။

'' ရွင္တို႔က ႏွစ္ေယာက္တည္းလား… ဒီကိုအလည္သက္သက္ပဲလား ''

သွ်ံမင္းဆက္က ေခါင္းညိတ္ျပ၍သာေျဖလိုက္သည္ ။

'' ေတြ႕ရတာ ဝမ္းသာတယ္ေနာ္ ဒီဟိုတယ္မွာ တည္းတာမလား ၊ ရွင္တို႔ေရာက္လာတုန္းက ေတြ႕လိုက္ပါတယ္ ''

ကတ္တီက ၿပဳံးတုံ႕တုံ႕ၾကည့္ေနၿပီးမွ ေဒ့ဗ္အား မ်က္စပစ္ျပေလေတာ့ ထိုသူကေျပာလာသည္ ။

'' စိတ္မရွိရင္ ကိုယ္နဲ႕အတူ ေလွ်ာက္လည္ဖို႔ ဖိတ္ေခၚပါရေစ ''

ေရွ႕သို႔ေျခတစ္လွမ္းတိုးကာ ေျပာခ်လာသည့္ ေဒ့ဗ္၏အၾကည့္မ်ားက သြင္မႉးအိမ္ဆီတြင္သာ ။ သြင္မႉးအိမ္၏ ႏႈတ္ခမ္းႏွစ္လႊာတို႔ မပြင့္တပြင့္ဖြင့္ဟသြားရသလို သွ်ံမင္းဆက္၏ မ်က္ခုံးႏွစ္ဖက္လည္း စုကုပ္သြားရသည္ ။ သြင္မႉးအိမ္က လက္ညွိုးေလးတစ္ေခ်ာင္းႏွင့္ သူ႕ရင္ဘတ္ကိုထိကာ ေဒ့ဗ္အားေမးလိုက္သည္ ။

'' ငါ့ကိုလား... ''

ေဒ့ဗ္က သြားေပၚေအာင္ရယ္ျပေလေတာ့ သြင္မႉးအိမ္ကတစ္ခ်က္ၿပဳံးလိုက္ၿပီး သွ်ံမင္းဆက္ကိုလွည့္ၾကည့္သည္ ။ အဓိပၸာယ္ပါေသာထို႔အၾကည့္အား နားလည္စြာပင္ မ်က္စိတစ္ဖက္မွိတ္ျပလိုက္သည္ ။ သြင္မႉးအိမ္၏ခါးထက္သို႔ လက္ဆစ္ဖက္လွ်ိုသြင္းကာ သိုင္းဖက္လိုက္ၿပီး ေဒ့ဗ္အား ျပန္ေျဖလိုက္ေလသည္ ။

'' ေဆာရီး… သူက ငါ့အမ်ိဳးသားပါ ''

ႏႈတ္ကလည္းေျပာသလို လက္တစ္ဖက္ကလည္း လက္ထပ္လက္စြပ္ဝတ္ထားသည့္ လက္အား ေထာင္ျပလိုက္ရသည္ ။ ေဒ့ဗ္၏မ်က္ႏွာ ကြက္ခနဲပ်က္သြားသလို ကတ္တီတို႔ကလည္း အံ့အားသင့္သြားၾကပုံပင္ ။ ဟယ္သာက ေမးလာသည္ ။

'' ရွင္တို႔နိုင္ငံမွာ လိင္တူခ်င္း တရားဝင္လက္ထပ္လို႔ ရတယ္လား… ''

သည္ေတာ့ ဘယ္ဘက္လက္သူႂကြယ္မွ လက္စြပ္ေလးကို ထိေတြ႕ေနရင္းမွ သြင္မႉးအိမ္က ျပန္ေျဖလိုက္သည္ ။

'' ငါ့အမ်ိဳးသားက ငါတို႔အခ်စ္အတြက္ ခက္ခဲတဲ့နည္းလမ္းေတြကိုေတာင္မွ အေျဖရွာေပးနိုင္စြမ္းရွိတယ္ေလ ။ ၿပီးေတာ့ ငါတို႔က ဟန္းနီးမြန္းထြက္လာတာပါ ၊ ဒီေတာ့  ေဒ့ဗ္… မင္းရဲ႕ကမ္းလွမ္းခ်က္အတြက္ ငါျငင္းပါရေစ ''

သြင္မႉးအိမ္က အၿပဳံးကေလးႏွင့္ အဆုံးသတ္လိုက္ၿပီး သွ်ံမင္းဆက္၏ေခါင္းထက္မွ မ်က္မွန္ကိုအသာျဖဳတ္ယူရင္း ပါးျပင္တစ္ဖက္အား ႏွာေခါင္းေလးႏွင့္ အသာထိကပ္ေလသည္ ။ ထို႔ေနာက္ မ်က္မွန္ကို သူ႕မ်က္ႏွာထက္တြင္တပ္ကာ သွ်ံမင္းဆက္၏ရင္ဘတ္ကိုမွီ၍ ခုံတန္းရွည္ေပၚလွဲေလ်ာင္းေလသည္ ။

သြင္မႉးအိမ္၏အျပဳအမူေလးေၾကာင့္ သွ်ံမင္းဆက္မွာႀကိတ္ကာၿပဳံးမိသည္ ။ သူမႀကိဳက္လွ်င္ တစ္ဖက္သားကို ျပတ္ျပတ္သားသားျငင္းတတ္သည့္အက်င့္ေလးက အျခားသူအျမင္တြင္ရိုင္းရာက်လွ်င္ေတာင္ သွ်ံမင္းဆက္မ်က္လုံးထဲတြင္ေတာ့ အျပစ္ဆိုစရာမရွိ ။ ဟန္ေဆာင္ျခင္းကင္းမဲ့သည့္ အႏွီေကာင္ေလးအား ပိုလို႔ပင္ သေဘာက်မိေနေတာ့သည္ ။

'' အိုး ေဆာရီး… ဒါဆို ငါတို႔ေၾကာင့္ အႏွောင့္အယွက္ျဖစ္သြားၿပီထင္တယ္ ။ မင္းတို႔ရဲ႕ သာယာၾကည္ႏူးဖို႔ေကာင္းတဲ့ ပ်ားရည္ဆမ္းအခ်ိန္ေလးကို မဖ်က္ဆီးေတာ့ဘူး သြားခြင့္ျပဳပါဦး ''

ေဒ့ဗ္ကေတာ့ အၿပဳံးတုတစ္ခုအား ဟန္လုပ္ကာေျပာၿပီး အနားမွထြက္သြားသည္ ။ သူ႕အေဖာ္အမ်ိဳးသမီးႏွစ္ေယာက္ကလည္း သွ်ံမင္းဆက္တို႔အား လက္ျပႏႈတ္ဆက္ၿပီး သူ႕ေနာက္သို႔ ေျပးလိုက္သြားၾကေလသည္ ။ သွ်ံမင္းဆက္၏အာ႐ုံက ရင္ခြင္ထဲတြင္ၿငိမ္သက္ေနေသာ လူသားေလးဆီသို႔ အလည္ျပန္ကူးသြားသည္ ။

'' ကဲ ေတြ႕ၿပီလား… အခု ဘယ္သူက အၾကည့္ခံေနရတာလဲ ၊ ေလွ်ာက္လည္ဖို႔အထိေတာင္ အေျပာခံေနရတာ ''

သြင္မႉးအိမ္အား လက္ႏွစ္ဖက္ျဖင့္ ေထြးပိုက္ကာဖက္ရင္း ပုခုံးတစ္ဖက္ေပၚသို႔ ေမးတင္ကာ ခပ္ငူငူကေလးေျပာလိုက္ေတာ့ သူက ႏႈတ္ခမ္းေထာင့္ကေလးတြန႔္သြားကာ ျပန္ေျဖလာသည္ ။ ေနကာမ်က္မွန္တပ္ထားျခင္းေအာက္က မ်က္လုံးမ်ားကေတာ့ မည္သို႔လႈပ္ခတ္ေနလိမ့္မည္လဲေလ ။

'' စန္းပြင့္တယ္ဆိုတာ ဒါမ်ိဳးကိုေျပာတာထင္တယ္ေနာ္ ဘယ္ေနရာေရာက္ေရာက္... ''

'' ဘာေျပာတယ္... ''

စိတ္ကိုအကဲလာစမ္းေနသျဖင့္ ေဒါသထြက္သြားရသည္ ။ ဟက္ခနဲရယ္ကာ သွ်ံမင္းဆက္၏ လက္တစ္ဖက္ကိုဆြဲယူေလၿပီး လက္ထပ္လက္စြပ္ဝတ္ထားသည့္ လက္ႏွစ္ခုအားယွဥ္ကပ္ထားေလသည္ ။

'' ဒါေပမယ့္လည္း စန္းပြင့္ေတာ့ေရာ ဘာလုပ္ရမွာလဲေနာ္ ၊ ကြၽန္ေတာ့္ရဲ႕ ေကာင္းဆိုးႏွစ္ျဖာအစစရာရာ ေဟာဒီက ကိုကို႔အတြက္ပုံေအာၿပီးသားပဲ ''

'' စကားေတြသိပ္တတ္ေနတာ ''

'' အဟက္… ကိုကို႔ေလာက္ေတာ့ ဟုတ္ပမလား ''

ႏွစ္ေယာက္သား ၿပိဳင္တူရယ္မိၾကသည္ ။

'' ေနပူစာလႈံတာေတာ္သင့္ၿပီေနာ္ ၊ ညေနလည္း ျပန္ထြက္ဦးမွာဆိုေတာ့ အားေမြးထားသင့္တယ္ေနာ္ ေဘဘီ... ''

'' အင္းပါ ''

ထို႔ေနာက္တြင္ေတာ့ တစ္ေယာက္ကိုတစ္ေယာက္ မွီတြယ္ကာေနရင္း ပင္လယ္ျပာ၏အလွကို ရႉစားေနၾကေတာ့သည္… ။

*** *** ***

A/N 💕 Sequel (1)မွာ စာက်န္ခဲ့လို႔ ျပန္ျဖည့္ေပးထားပါတယ္ေနာ္ ။ တခ်ိဳ႕စာလုံးေပါင္းေတြ uni ~ zawgyi အေျပာင္းအလဲမွာ အတည့္မေပၚတတ္လို႔ အမွန္ဖတ္မရရင္ ေျပာၾကပါဦး 😍

Thanks for reading
ဟီရိုေဆး
Dec 19, 2020

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Continue Reading

You'll Also Like

4.4K 253 17
A light and warmth story between an actor and his rental boyfriend Main characters-Noah&SaySay
1.6K 59 6
Valentine's Day special! it's a 5+1 thing(6 chapters total) about our fav Fk couples! One of them is so new (not cannon) that I couldn't help but wri...
218K 21.3K 123
ဒီမြို့ငယ်လေးမှာ မင်းရှိတယ်ဆိုတဲ့ အသိနဲ့တင် ငါတစ်သက်တာအခြေချဖို့ လုံလောက်ခဲ့ပြီးသား....။ ထစ်ချုန်းမိုး × သျှိုး
10.9M 252K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...