🤍 Unrequited Love Means 🤍

By MoMo_1030

387K 11K 27

မာနကြီးပြီး အချစ်ကို စိတ်မ၀င်စားတဲ့ မိုးစျေ နဲ့ အဖေသဘောမတူတဲ့ကြားကမိုးစျေကို ရအောင်လက်ထပ်ခဲ့တဲ့ ခခ... လက်ထပ်... More

🤍 အပိုင်း 1 🤍
🤍 အပိုင်း 2 🤍
🤍 အပိုင်း 3 🤍
🤍 အပိုင်း 4 🤍
🤍 အပိုင်း 5 🤍
🤍 အပိုင်း 6 🤍
🤍 အပိုင်း 7 🤍
🤍 အပိုင်း 8 🤍
🤍 အပိုင်း 9 🤍
🤍 အပိုင်း 11 🤍
🤍 အပိုင်း 12 🤍
🤍 အပိုင်း 13 🤍
🤍 အပိုင်း 14 🤍
🤍 အပိုင်း 15 🤍
🤍 အပိုင်း 16 🤍
🤍 အပိုင်း 17 🤍
🤍 အပိုင်း 18 🤍
🤍 အပိုင်း 19 🤍
🤍 ဇာတ်သိမ်းပိုင်း-1 🤍
🤍 ဇာတ်သိမ်းပိုင်း- 2 🤍

🤍 အပိုင်း 10🤍

17.6K 527 2
By MoMo_1030

Unicode:

Unrequited Love Means~

🤍 အပိုင်း 10 🤍

"မင်းကို Direct.....Indirect နဲ့ Active...Passive ကို မရောပါနဲ့လို့ ငါပြောနေတာ အခေါက်တစ်သိန်းလောက်ရှိပြီ အခုထိ မင်းဦးနှောက်က မမှတ်နိုင်သေးဘူးလား..... "

မိုးစွေက အဆူခံရတော့ ခေါင်းကိုတဗျင်းဗျင်းကုတ်သည်.....

"ကိုစျေဟာတွေက ရှုပ်နေတာပဲ ကျွန်တော်ဘာမှ မမှတ်တတ်ဘူး "

"အဲ့ Grammer တွေက မင်း ၇တန်းထဲက သင်လာရတာလေ .... မင်း ၇တန်းကို ဘယ်လိုအောင်လာလဲ "

"အဲ့တာတွေ မဖြေဘဲ ထားခဲ့ပြီး အောင်လာတာ ..... "

မိုးစျေက စိတ်မရှည်သလောက် မိုးစွေကလဲ အားမကျမခံ ဘုပြောပြောသည်....

"ဒီမှာတွေ့လား ထပ်မှားပြန်ပြီ .... active passive က Tense ပြောင်းရုံပဲ ... direct & indirect ကမှ pronoun တွေပါလိုက်ပြောင်းရတာ ....
ဘာကိစ္စ Active Passive မှာပါ pronoun တွေ လိုက်ပြောင်းထားရတာလဲ "

"မသိတော့ဘူးဗျာ ကျွန်တော် အဲ့ Grammer နှစ်ခု မသင်ချင်ဘူး အရမ်းရှုပ်တယ် တခြားဟာ ပြောင်းသင်ကြမယ်ဗျာ ...."

"ဘာကို မသင်ချင်တာလဲ .... ဒီနှစ်ခုက မင်းဆယ်တန်းရောက်တဲ့အထိ တောက်လျှောက်ပါနေမှာ .... မင်းကိုငါလွယ်တဲ့ ဟာလေးတွေပဲ ဖြေခိုင်းထားတာ တောင် မင်းတောက်လျှောက်မှားနေတာ ... ခက်တဲ့ မေးခွန်းတွေဆို မင်း ဘယ်လိုဖြေမလဲ "

"ကိုစျေရဲ့ အခုမေးခွန်းတွေက လွယ်တယ်လို့ပြောလိုက်တာလား ..... အဲ့ထက်ခက်တာတွေ ရှိသေးတယ်ပေါ့ "

ညီဖြစ်သူ မိုးစွေရဲ့ စကားကို အလိုမကျမှုကြောင့် မိုးစျေ မျက်မှောင်ကျုံ့လိုက်မိသည်......

"ဟာဗျာ ..... ဘာလို့ အဲ့ အင်္ဂလိပ်စာတွေက အဲ့လောက်ထိ ရှုပ်နေရတာလဲ ... ကျွန်တော် တခြားဟာပြောင်းလုပ်မယ်ဗျာ.... သင်္ချာတွက်မယ် အဲ့တာကောင်းတယ် ကျွန်တော် သင်္ချာတွက်ချင်တယ်ဗျာ.... "

"မရဘူး "

"ဟာဗျာ ဘာလို့လဲ "

"မင်းက ကိုယ်ရတဲ့ဘာသာပဲ စွတ်လုပ်ပြီး
မရတာကို ပတ်ပြေးချင်နေတာလေ ....
တစ်ပတ်လုံးမှာ ဒီတစ်ရက်ပဲ မင်းငါနဲ့ သင်ရတာ.... ဒီတစ်ရက်က ငါ့စိတ်ကြိုက်ဘာသာတွေ မင်းကိုလုပ်ခိုင်းမှာ "

"ဟာ စိတ်ညစ်လိုက်တာဗျာ "

လူပျိုပေါက်ဖြစ်လာသည်မို့ နဂိုအသားဖြူသည့် မိုးစွေ၏ မျက်နှာချောချောလေးမှာ
အစ်ကိုဖြစ်သူစကားကြောင့် ရှုံ့တွလျက်....

အရင်ဆို တနင်္ဂနွေနေ့များတွင် မိုးစွေ အိမ်မကပ်တတ်ပါ.... ရွာရိုးကိုးပေါက် ဘောလုံးကန် ဂိမ်းဆော့ အလေလိုက်
နေတတ်သည်.... ဒီနေ့လဲ ဟိုကောင်တွေ
နဲ့ ချိန်းပြီး ဘောလုံးကန်ဖို့ အပြင်ထွက်မို့ လုပ်နေတုန်း ကိုစျေကရောက်ချလာပြီးသူ့ကို စာကြည့်စားပွဲဆီ ဆွဲခေါ်လာတာဖြစ်သည်.....

အပြင်မှ ပြန်လာသည့် မိုးဝေ စာကြည့်စားပွဲမှာ သတ်နေကြသည့် အငယ်နှစ်ကောင်ကို ကြည့်ပြီး ပြုံးလိုက်မိသည်.....

ဖိနပ်ချွတ်မှာ ဖိနပ်ကိုချွတ်လိုက်ပြီး ၀ယ်လာသည့် ကြံရည် နှစ်ထုပ်ရယ် CP
ကြက်ကင်ရယ်ကို ဆွဲပြီး အိမ်ထဲ၀င်လာလိုက်သည်.....

"ဟာ မွှေးနေတာပဲ ကိုဝေ ဘာတွေ၀ယ်လာတာလဲ "

Grammer အမှားတွေ ပြန်ပြင်ရင်းကနေ နှာခေါင်းတရှုံ့ရှုံ့နဲ့ ခေါင်းထောင်လာသောမိုးစွေကို မိုးစျေ လက်ထဲကိုင်ထားတဲ့ စာအုပ်ကို လိပ်ပြီး ဇာတ်ပိုးကို ရိုက်ချလိုက်သည်.....

"ဘယ်ကို ခေါင်းထောင်တာလဲ .... မင်းအမှားတွေ ပြင်ပြီးရင် လုပ်စရာတွေ အများကြီး ကျန်သေးတယ် မြန်မြန်လုပ် "

မီးဖိုခန်းထဲမှ ထွက်လာသော မိုးဝေမှာ လက်ထဲ ခွက်နှစ်ခွက်ဖြင့် သဘောကျစွာ အော်ရယ်လာပြီး ....

"ငစွေကို ဖြည်းဖြည်းသက်သက်သာသာ
လုပ်ပါကွာ ငစျေရာ .... သူ့ခမျာ မင်းတို့ ငါတို့လို မဟုတ်ဘူးကွ .... အမေက သူ့ကိုယ်၀န်ကြီးနဲ့တုန်းက ခဏခဏချော်လဲတော့ မွေးထဲက နည်းနည်းလေး ချောင်ချင်နေတာ .... "

ကိုဝေ စကားကြောင့် မိုးစျေ ကျိတ်ပြုံးလိုက်မိသည်.... မိုးစွေကတော့ အစ်ကို ၂ယောက်သူ့ကို ၀ိုင်းနှိပ်ကွပ်နေကြ၍ နှာတစ်မှုတ်မှုတ်ဖြင့် မကျေနပ်....

"ရော့ ဒီမှာ မင်းတို့၂ယောက်အတွက် ကြံရည် ၀ယ်လာတယ်......ငါ့ညီတွေ စာသင်ရ စာလုပ်ရနဲ့ မောနေမှာဆိုးလို့ ဒီအစ်ကိုကြီးက လမ်းထိပ်မှာ အပြေးလေး သွား၀ယ်လာရတာ "

"ခုဏက ကြက်ကင်ကရော "

မိုးစျေက ကြံရည်ကို ခွက်လိုက်မော့သောက်ရင်း မေးသည်....

"ကြက်ကင်က အမေရယ်ခခရယ် ငါ့အတွက်ရယ်ပဲ "

"ကျွန်တော်တို့ကရော " တစ်သံထဲထွက်လာသည့် မိုးစျေနဲ့ မိုးစွေ ....

မိုးဝေ တဟားဟား အော်ရယ်ရင်း ....

"ဟား မင်းတို့အတွက်က အဲ့မှာ ကြံရည်လေ.... ငါ့ပိုက်ဆံထဲကနေ မင်းတို့ကို ကြံရည် ၀ယ်တိုက်တာပဲ ကျေးဇူးတင်ဦး ငါ့ကောင်တို့ .... ဟိုကောင်မိုးစျေ မင်းကိုငါ ကြိုပြောထားမယ်နော် ..... ကြက်ကင်က ငါ့ညီမလေးအတွက်... ခခက ငါ့မိန်းမပဲဆိုပြီး ငါ့ ညီမဝေစုထဲကနေ မင်းယူစားရင်
မင်းနဲ့ ငါတွေ့ပြီနော်....."

ကိုဝေကို မကျေမနပ်နဲ့ပဲ မိုးစျေ ကြံရည်ထဲပ်သည့် ရေခဲတုံးကို တဂျွမ်းဂျွမ်းမြည်အောင် ၀ါးစားလိုက်သည်....

အိမ်ရှေ့မှ သား၃ယောက်ရဲ့ ချစ်ချစ်ခင်ခင် အသံတွေကို ကြားပြီး ဒေါ်လှမြင့် လှဲနေရင်းကနေ ပြုံးနေမိသည်..... ဒါဟာ
သူမ ချွေးမအရ ကံကောင်းခဲ့လို့မလား ....

အခုဆို ခခလေးရဲ့ ကြိုးပမ်းမှုကြောင့်တစ်သက်လုံး ဖာသိဖာသာ နေခဲ့ကြသည့် သူမသား၃ယောက်ဟာ ညီအစ်ကို ဟူသော ခံစားမှုတွေနဲ့ ရင်းနှီးနေခဲ့ရပြီ...

"သမီးရယ် တော်ပါပြီ "

"ဆေးလေး ၀င်သွားအောင် နည်းနည်း နှိပ်ရဦးမယ်လေ အမေရဲ့ .... "

"တော်ကြာ ငါ့သမီး လက်နုနု လေးတွေ နာနေပါဦး "

"မနာပါဘူး အမရေဲ့ "

ပြောရင် တောင်ဆိတ်ဆီလေး လက်ထဲ နည်းနည်းထည့်ပြီး တင်းနေတဲ့ အမေ့ ခြေသလုံးလေးတွေကို ခခ စိတ်လိုလက်ရ ဆုပ်နယ်ပေးနေမိသည်....

"ကဲကဲ သမီးတော်တော့......အမေလဲ တော်တော် အညောင်းပြေနေပါပြီ ... အပြင်မှာ ဟို၃ယောက် ထမင်းစားကြတော့မယ်ထင်တယ်..... သမီးသွားပြင်ပေးလိုက်ပါဦး အမေခဏ မှေးလိုက်ဦးမယ် "

"ဟုတ်ဟုတ်အမေ "

ခခ အမေ့ကို အညာစောင်ပါးလေး ခြုံပေးပြီး အမေ့အခန်းထဲမှ ထွက်လာခဲ့သည်....

ဒီနေ့က တနင်္ဂနွေနေ့ဖြစ်၍ အိမ်မှာအကုန် လူစုံတက်စုံ ရှိနေကြသည်.... ဆိုင်ကတော့ ပုံမှန်ဆို တနင်္ဂနွေနေ့လဲ ဖွင့်ပေ
မယ့် ဒီနေ့ကိုအမေက ကောင်းကောင်း
နေမကောင်းချင်ဖြစ်နေ၍ ဒီနေ့တစ်ရက်
တော့ ဆိုင်ပိတ်လိုက်တာဖြစ်သည်....

"ထမင်းစားကြတော့မလားဟင် .... ခခ ထမင်း၀ိုင်းပြင်လိုက်တော့မို့ "

ခခ အသံကြားတာနဲ့ စာမလုပ်ချင်သည့် မိုးစွေက ဆတ်ခနဲထလာ ....

"စားမယ် စားမယ် မမခရေ .... ကျွန်တော် ဗိုက်တော်တော်ဆာနေပြီ စားတော့မယ် "

"ပြန်ထိုင် မင်း ဒီတစ်ခုပြီးမှ စားရမယ်
ခုဏက ကိုဝေ၀ယ်လာတဲ့ ကြံရည်တစ်ခွက်ကြီးလဲ သောက်ထားတာကို ဘာကို ဗိုက်ဆာတာလဲ "

"ကိုစျေကလဲဗျာ "

"လုပ် အခုလုပ်.... မဟုတ်ရင် ငါနောက်ထပ်လေ့ကျင့်ခန်းတွေပါ ထပ်လုပ်ခိုင်းလိုက်မှာနော် "

"ဟာဗျာ ..... "

ဒီ ညီအစ်ကိုတွေ ကတော့လေ ဆိုပြီး ခခ ကျေနပ်စွာခေါင်းရမ်းမိသည်.....

"ခခ ညီမလေး ကြက်ကင်ကို ဟိုကောင်တွေ မေးရင် သူတို့အတွက်မပါဘူးလို့ ပြောနော် "

"ရှန် ..... ဘာလို့လဲ ကိုကြီးဝေ ကြက်ကင်က တစ်ကောင်လုံးတောင် "

"ငါ ဒီကောင်တွေကို စ ထားတာ .... ကြက်ကင်က မင်းတို့အတွက်မပါဘူး ငါရယ် အမေရယ် ခခအတွက်ရယ်ပဲ ဆိုပြီး "

ကိုကြီးဝေ အပြောကြောင့် ခခ တခစ်ခစ် ရယ်လိုက်မိပြီး ....

"အဲ့ ကိုကြီးဝေတစ်ယောက် ကတော့လေ ..... "

ထမင်း လက်စုံ စားကြတော့ .... ခခက ကြက်ကင်တုံးလေး တစ်တုံးယူဖို့ပြင်ဟန် ပြုရသေး ....

"မိန်းမ မထိနဲ့.... "

"ဟင် ကိုကို ဘာလို့လဲ "

"အဲ့ ကြက်ကင် မစားနဲ့ ပြီးမှ မိန်းမကြိုက်တဲ့ Lotteria ကကြက်ကြော်ကိုယ်၀ယ်ကျွေးမယ် "

"ဟေ့ကောင် ငါကကြက်ကင်ကို ခခ အတွက်လဲ ၀ယ်လာတာ "

"ခခ ယောကျာ်းဖြစ်တဲ့ ကျွန်တော့်အတွက် မပါတဲ့ ကြက်ကင်ကို ခခကလဲ စားဖို့
မလိုအပ်ဘူး "

"ဒီကောင်တော့ကွာ ... "

"ကိုဝေ ကျွန်တော် တစ်တုံးလေးပဲလေဗျာ.... နော် "

"ကိုကြီးဝေက စနေတာပါ .... ကိုကို့အတွက်ရော မိုးစွေအတွက်ရော ပါတယ် "

"မပါပါဘူး ခခ နင်လျှောက်မပြောနဲ့နော် "

"မမခ ပြောတာ အတည်ပဲ ...  ကျွန်တော်တော့ ဆွဲပြီ "

ပြောရင်းဆိုရင်း ဖတ်ဆို မိုးစွေက ကြက်ကင်တစ်တုံးကို ဆွဲယူသည်.....

အရင်ကဆုံး တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင် ဖို့တောင်ခက်သည့် သူတို့တွေဟာ အခုတော့လဲ ထမင်းလက်ဆုံ စားရင်း ပျော်လို့ ရွှင်လို့ ~

"အိမ်ရှင်တို့..... အိမ်ရှင်တို့ ..... "

နောက်ဖေး မီးဖိုချောင်မှာ ထမင်းစားနေကြရင်း အိမ်ရှေ့မှ ကောင်မလေး တစ်ယောက်ခေါ်သံကြောင့် ခခ ထိုင်ရာမှ ထပြီး အိမ်ရှေ့ထွက်လာကာ ......

"ညီမလေး ဘာကိစ္စရှိလို့လဲဟင် "

"ဟိုလေ ဒါ မိုးစွေတို့ အိမ်လားဟင် "

သူ့နာမည်ပါလာတော့ မိုးစွေ ထမင်းကို ပလုတ်ပလောင်းစားနေရာကနေ ရပ်လိုက်သည်.....

"ဟုတ်ပါတယ်ညီမလေး .... ခဏလေးနော် အစ်မ မိုးစွေကို ခေါ်ပေးမယ် ....
မိုးစွေရေ ဒီမှာ သူငယ်ချင်းရောက်နေတယ် "

ခခ က မိုးစွေကို သူငယ်ချင်းရောက်နေတယ်ဆိုပြီး လှမ်းခေါ်တော့ ထိုကောင်မလေးက အထိတ်ထိတ် အပြာပြာဖြင့် .....

"ဟို မမ .... သူနဲ့ ညီမလေးနဲ့က သူငယ်ချင်း မဟုတ်ပါဘူးရယ်.... ဒီအတိုင်း ညီမလေးက ကျောင်းမှာကျန်ခဲ့တဲ့ သူ့စာအုပ်ကို လာပြန်ပေးတာပါ "

တစ်ဖက်က ညီအစ်ကို ၃ယောက်ဘက်မှာတော့......

"ဟေ့ကောင် သွားလိုက်လေ ... မင်းသူငယ်ချင်းထင်တယ် "

"ကျွန်တော့်သူငယ်ချင်းထဲ မိန်းကလေး
မရှိဘူး "

"ရှိရှိမရှိရှိ မင်းကို ငါ့မိန်းမ ခေါ်နေတာ
မကြားဘူးလား မြန်မြန်သွား "

"အေးလေ .... မင်းကို နာမည်တပ်ခေါ်ထဲက အကြောင်းတစ်ခုခုရှိလို့နေမှာပေါ့...
မြန်မြန်သွား.... "

"ချီးထုပ်တွေဗျာ..... ထမင်းကို အေးဆေး
မစားရဘူး "

"ခွေးကောင်လေး .... ဒီမှာငါတို့ထမင်းစားနေတာကို ချီးစကားပြောရလား "

"ဟာဗျာတော်ပါတော့ .... ကိုဝေပြောမှ ချီးတောထဲက မထွက်တော့ဘူး "

"အခုမင်းပြောလိုက်တဲ့ထဲမှာလဲ ချီးစကားပါသွားတာပဲ "

မကြီးမငယ်နဲ့ ငြင်းခုန်နေကြပြီး မိုးစွေ အိမ်ရှေ့ရောက်သွားတာနဲ့ ၂ယောက်လုံးရဲ့ မျက်လုံးတွေက အရှေ့ကို Auto ရောက်နှင့်နေပြီးသား......

မိုးစွေ အိမ်ရှေ့ရောက်တော့ မမခနဲ့ စကားပြောနေသည်မှာ သူတို့အတန်းရဲ့ အမြဲပထမဆုရှင် ကောင်မလေး ....

နာမည်ကတော့ ဘာလဲ သူမသိပါ .... မျက်နှာကိုတောင် သူ့သူငယ်ချင်းတွေ
ပြပြနေလို့ သိနေတာ ဖြစ်သည်....

ထိုကောင်မလေးက A တန်း သူက
D တန်းမို့ အတန်းချင်းက အဝေးကြီး
ဘာကိစ္စ သူ့အိမ်ကို လာရှာတာလဲ ....

တစ်ခါမှ စကားမပြောဘူးတဲ့သူတွေမို့ မိုးစွေ အဲ့တစ်ယောက်ကို​ကြည့်ပြီး ပြောဆိုသည့် သဘောဖြင့် မေးငေါ့ပြလိုက်သည်.....

"မိုးစွေ ဒီညီမလေးက နင့်စာအုပ်လာပြန်ပေးတာတဲ့ "

"ဟိုလေ သောကြာနေ့က မုန့်စားဆင်းချိန် နင် ခရေပင်ခုံတန်းပေါ်မှာ ဒီစာအုပ်လေး
ကျန်ခဲ့လို့ အဲ့တာသူများ ယူသွားမှာဆိုးလို့ ငါသိမ်းထားတာ .... မနေ့က လာပေးမို့ကို ကျူရှင်ရှိလို့ ဒီနေ့မှ လာပေးရတယ် "

ဒီစာအုပ်ကျောင်းမှာကျန်ခဲ့မှန်းကို မိုးစွေ
မနေ့ကမှ သတိရတာဖြစ်သည်....

စာအုပ်လာပြန်ပေးတာပဲ မနက်ဖြန်ကျောင်းရောက်မှ ပြန်ပေးလဲရတာကို ကျောင်းမှာဆို လူတွေအများကြီးမို့ သူ့ကို လာပေးရမှာရှက်လို့လား .... အဲ့တာကြောင့် အိမ်ကိုတောင် တကူးတက ရှာပြီး လာပေးတာလား ....

သူ့ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးနေသော ကောင်မလေး လက်ထဲမှ စာအုပ်ကို မိုးစွေလှမ်းယူပြီး ပါးစပ်မှ ခပ်ပြတ်ပြတ်ဖြင့်
" ကျေးဇူး " ဆိုလိုက်သည်.....

"ဟိုလေ ငါ့နာမည်က ယွန်းမဒီပါ ..... ဒီဒီ
လို့ ခေါ်လို့လဲ ရပါတယ် "

ကောင်မလေးက အားတက်သရော ပြောနေသလောက် မိုးစွေကတော့ ဂရုမစိုက်သည့်ဟန်ဖြင့် အင်း တစ်လုံးသာ ပြောပြီး အိမ်ထဲပြန်၀င်သွားသည်.....

ကျန်ခဲ့သည့် ခခမှာသာ ပါးစပ်အဟောင်း
သားဖြင့် ဟိုကောင်မလေးကို အားနာစကားဆိုရသည်.....

ကိုကိုတို့ ညီအစ်ကိုတွေဟာ တစ်ပုံစံထဲ ကောင်မလေးတွေကို ချေဖို့ ဖြစ်တည်လာရသလား တစ်ခါတလေ စဥ်းစားမိသည်....

•°*  •°*  •°*  •°*  •°*  •°*  •°*  •°*

အပိုင်း11မျှော်~

Zawgyi:

Unrequited Love Means~

🤍 အပိုင္း 10 🤍

"မင္းကို Direct.....Indirect နဲ႔ Active...Passive ကို မေရာပါနဲ႔လို႔ ငါေျပာေနတာ အေခါက္တစ္သိန္းေလာက္ရိွၿပီ အခုထိ မင္းၪီးေနွာက္က မမွတ္ႏိုင္ေသးဘူးလား..... "

မိုးေစြက အဆူခံရေတာ့ ေခါင္းကိုတဗ်င္းဗ်င္းကုတ္သည္.....

"ကိုေစ်ဟာေတြက ရႈပ္ေနတာပဲ ကြၽန္ေတာ္ဘာမွ မမွတ္တတ္ဘူး "

"အဲ့ Grammer ေတြက မင္း ၇တန္းထဲက သင္လာရတာေလ .... မင္း ၇တန္းကို ဘယ္လိုေအာင္လာလဲ "

"အဲ့တာေတြ မေျဖဘဲ ထားခဲ့ၿပီး ေအာင္လာတာ ..... "

မိုးေစ်က စိတ္မရွည္သေလာက္ မိုးေစြကလဲ အားမက်မခံ ဘုေျပာေျပာသည္....

"ဒီမွာေတြ့လား ထပ္မွားျပန္ၿပီ .... active passive က Tense ေျပာင္းရံုပဲ ... direct & indirect ကမွ pronoun ေတြပါလိုက္ေျပာင္းရတာ ....
ဘာကိစၥ Active Passive မွာပါ pronoun ေတြ လိုက္ေျပာင္းထားရတာလဲ "

"မသိေတာ့ဘူးဗ်ာ ကြၽန္ေတာ္ အဲ့ Grammer ႏွစ္ခု မသင္ခ်င္ဘူး အရမ္းရႈပ္တယ္ တျခားဟာ ေျပာင္းသင္ၾကမယ္ဗ်ာ ...."

"ဘာကို မသင္ခ်င္တာလဲ .... ဒီႏွစ္ခုက မင္းဆယ္တန္းေရာက္တဲ့အထိ ေတာက္ေလ်ွာက္ပါေနမွာ .... မင္းကိုငါလြယ္တဲ့ ဟာေလးေတြပဲ ေျဖခိုင္းထားတာ ေတာင္ မင္းေတာက္ေလ်ွာက္မွားေနတာ ... ခက္တဲ့ ေမးခြန္းေတြဆို မင္း ဘယ္လိုေျဖမလဲ "

"ကိုေစ်ရဲ့ အခုေမးခြန္းေတြက လြယ္တယ္လို႔ေျပာလိုက္တာလား ..... အဲ့ထက္ခက္တာေတြ ရိွေသးတယ္ေပါ့ "

ညီျဖစ္သူ မိုးေစြရဲ့ စကားကို အလိုမက်မႈေၾကာင့္ မိုးေစ် မ်က္ေမွာင္က်ံဳ႔လိုက္မိသည္......

"ဟာဗ်ာ ..... ဘာလို႔ အဲ့ အဂၤလိပ္စာေတြက အဲ့ေလာက္ထိ ရႈပ္ေနရတာလဲ ... ကြၽန္ေတာ္ တျခားဟာေျပာင္းလုပ္မယ္ဗ်ာ.... သခ်ၤာတြက္မယ္ အဲ့တာေကာင္းတယ္ ကြၽန္ေတာ္ သခ်ၤာတြက္ခ်င္တယ္ဗ်ာ.... "

"မရဘူး "

"ဟာဗ်ာ ဘာလို႔လဲ "

"မင္းက ကိုယ္ရတဲ့ဘာသာပဲ စြတ္လုပ္ၿပီး
မရတာကို ပတ္ေျပးခ်င္ေနတာေလ ....
တစ္ပတ္လံုးမွာ ဒီတစ္ရက္ပဲ မင္းငါနဲ႔ သင္ရတာ.... ဒီတစ္ရက္က ငါ့စိတ္ႀကိဳက္ဘာသာေတြ မင္းကိုလုပ္ခိုင္းမွာ "

"ဟာ စိတ္ညစ္လိုက္တာဗ်ာ "

လူပ်ိဳေပါက္ျဖစ္လာသည္မို႔ နဂိုအသားျဖဴသည့္ မိုးေစြ၏ မ်က္ႏွာေခ်ာေခ်ာေလးမွာ
အစ္ကိုျဖစ္သူစကားေၾကာင့္ ရႈံ႔တြလ်က္....

အရင္ဆို တနဂၤေနြေန့မ်ားတြင္ မိုးေစြ အိမ္မကပ္တတ္ပါ.... ရြာရိုးကိုးေပါက္ ေဘာလံုးကန္ ဂိမ္းေဆာ့ အေလလိုက္
ေနတတ္သည္.... ဒီေန့လဲ ဟိုေကာင္ေတြ
နဲ႔ ခ်ိန္းၿပီး ေဘာလံုးကန္ဖို႔ အျပင္ထြက္မို႔ လုပ္ေနတုန္း ကိုေစ်ကေရာက္ခ်လာၿပီးသူ႔ကို စာၾကည့္စားပြဲဆီ ဆြဲေခၚလာတာျဖစ္သည္.....

အျပင္မွ ျပန္လာသည့္ မိုးေဝ စာၾကည့္စားပြဲမွာ သတ္ေနၾကသည့္ အငယ္ႏွစ္ေကာင္ကို ၾကည့္ၿပီး ၿပံဳးလိုက္မိသည္.....

ဖိနပ္ခြၽတ္မွာ ဖိနပ္ကိုခြၽတ္လိုက္ၿပီး ၀ယ္လာသည့္ ႀကံရည္ ႏွစ္ထုပ္ရယ္ CP
ၾကက္ကင္ရယ္ကို ဆြဲၿပီး အိမ္ထဲ၀င္လာလိုက္သည္.....

"ဟာ ေမႊးေနတာပဲ ကိုေဝ ဘာေတြ၀ယ္လာတာလဲ "

Grammer အမွားေတြ ျပန္ျပင္ရင္းကေန ႏွာေခါင္းတရႈံ႔ရႈံ႔နဲ႔ ေခါင္းေထာင္လာေသာမိုးေစြကို မိုးေစ် လက္ထဲကိုင္ထားတဲ့ စာအုပ္ကို လိပ္ၿပီး ဇာတ္ပိုးကို ရိုက္ခ်လိုက္သည္.....

"ဘယ္ကို ေခါင္းေထာင္တာလဲ .... မင္းအမွားေတြ ျပင္ၿပီးရင္ လုပ္စရာေတြ အမ်ားႀကီး က်န္ေသးတယ္ ျမန္ျမန္လုပ္ "

မီးဖိုခန္းထဲမွ ထြက္လာေသာ မိုးေဝမွာ လက္ထဲ ခြက္ႏွစ္ခြက္ျဖင့္ သေဘာက်စြာ ေအာ္ရယ္လာၿပီး ....

"ငေစြကို ျဖည္းျဖည္းသက္သက္သာသာ
လုပ္ပါကြာ ငေစ်ရာ .... သူ႔ခမ်ာ မင္းတို႔ ငါတို႔လို မဟုတ္ဘူးကြ .... အေမက သူ႔ကိုယ္၀န္ႀကီးနဲ႔တုန္းက ခဏခဏေခ်ာ္လဲေတာ့ ေမြးထဲက နည္းနည္းေလး ေခ်ာင္ခ်င္ေနတာ .... "

ကိုေဝ စကားေၾကာင့္ မိုးေစ် က်ိတ္ၿပံဳးလိုက္မိသည္.... မိုးေစြကေတာ့ အစ္ကို ၂ေယာက္သူ႔ကို ဝိုင္းႏိွပ္ကြပ္ေနၾက၍ ႏွာတစ္မႈတ္မႈတ္ျဖင့္ မေက်နပ္....

"ေရာ့ ဒီမွာ မင္းတို႔၂ေယာက္အတြက္ ႀကံရည္ ၀ယ္လာတယ္......ငါ့ညီေတြ စာသင္ရ စာလုပ္ရနဲ႔ ေမာေနမွာဆိုးလို႔ ဒီအစ္ကိုႀကီးက လမ္းထိပ္မွာ အေျပးေလး သြား၀ယ္လာရတာ "

"ခုဏက ၾကက္ကင္ကေရာ "

မိုးေစ်က ႀကံရည္ကို ခြက္လိုက္ေမာ့ေသာက္ရင္း ေမးသည္....

"ၾကက္ကင္က အေမရယ္ခခရယ္ ငါ့အတြက္ရယ္ပဲ "

"ကြၽန္ေတာ္တို႔ကေရာ " တစ္သံထဲထြက္လာသည့္ မိုးေစ်နဲ႔ မိုးေစြ ....

မိုးေဝ တဟားဟား ေအာ္ရယ္ရင္း ....

"ဟား မင္းတို႔အတြက္က အဲ့မွာ ႀကံရည္ေလ.... ငါ့ပိုက္ဆံထဲကေန မင္းတို႔ကို ႀကံရည္ ၀ယ္တိုက္တာပဲ ေက်းဇူးတင္ၪီး ငါ့ေကာင္တို႔ .... ဟိုေကာင္မိုးေစ် မင္းကိုငါ ႀကိဳေျပာထားမယ္ေနာ္ ..... ၾကက္ကင္က ငါ့ညီမေလးအတြက္... ခခက ငါ့မိန္းမပဲဆိုၿပီး ငါ့ ညီမေဝစုထဲကေန မင္းယူစားရင္
မင္းနဲ႔ ငါေတြ့ၿပီေနာ္....."

ကိုေဝကို မေက်မနပ္နဲ႔ပဲ မိုးေစ် ႀကံရည္ထဲပ္သည့္ ေရခဲတံုးကို တဂြၽမ္းဂြၽမ္းျမည္ေအာင္ ဝါးစားလိုက္သည္....

အိမ္ေရ႔ွမွ သား၃ေယာက္ရဲ့ ခ်စ္ခ်စ္ခင္ခင္ အသံေတြကို ၾကားၿပီး ေဒၚလျွမင့္ လွဲေနရင္းကေန ၿပံဳးေနမိသည္..... ဒါဟာ
သူမ ေခြၽးမအရ ကံေကာင္းခဲ့လို႔မလား ....

အခုဆို ခခေလးရဲ့ ႀကိဳးပမ္းမႈေၾကာင့္တစ္သက္လံုး ဖာသိဖာသာ ေနခဲ့ၾကသည့္ သူမသား၃ေယာက္ဟာ ညီအစ္ကို ဟူေသာ ခံစားမႈေတြနဲ႔ ရင္းႏွီးေနခဲ့ရၿပီ...

"သမီးရယ္ ေတာ္ပါၿပီ "

"ေဆးေလး ၀င္သြားေအာင္ နည္းနည္း ႏိွပ္ရၪီးမယ္ေလ အေမရဲ့ .... "

"ေတာ္ၾကာ ငါ့သမီး လက္ႏုႏု ေလးေတြ နာေနပါၪီး "

"မနာပါဘူး အမေရဲ့ "

ေျပာရင္ ေတာင္ဆိတ္ဆီေလး လက္ထဲ နည္းနည္းထည့္ၿပီး တင္းေနတဲ့ အေမ့ ေျခသလံုးေလးေတြကို ခခ စိတ္လိုလက္ရ ဆုပ္နယ္ေပးေနမိသည္....

"ကဲကဲ သမီးေတာ္ေတာ့......အေမလဲ ေတာ္ေတာ္ အေညာင္းေျပေနပါၿပီ ... အျပင္မွာ ဟို၃ေယာက္ ထမင္းစားၾကေတာ့မယ္ထင္တယ္..... သမီးသြားျပင္ေပးလိုက္ပါၪီး အေမခဏ ေမွးလိုက္ၪီးမယ္ "

"ဟုတ္ဟုတ္အေမ "

ခခ အေမ့ကို အညာေစာင္ပါးေလး ၿခံဳေပးၿပီး အေမ့အခန္းထဲမွ ထြက္လာခဲ့သည္....

ဒီေန့က တနဂၤေနြေန့ျဖစ္၍ အိမ္မွာအကုန္ လူစံုတက္စံု ရိွေနၾကသည္.... ဆိုင္ကေတာ့ ပံုမွန္ဆို တနဂၤေနြေန့လဲ ဖြင့္ေပ
မယ့္ ဒီေန့ကိုအေမက ေကာင္းေကာင္း
ေနမေကာင္းခ်င္ျဖစ္ေန၍ ဒီေန့တစ္ရက္
ေတာ့ ဆိုင္ပိတ္လိုက္တာျဖစ္သည္....

"ထမင္းစားၾကေတာ့မလားဟင္ .... ခခ ထမင္းဝိုင္းျပင္လိုက္ေတာ့မို႔ "

ခခ အသံၾကားတာနဲ႔ စာမလုပ္ခ်င္သည့္ မိုးေစြက ဆတ္ခနဲထလာ ....

"စားမယ္ စားမယ္ မမခေရ .... ကြၽန္ေတာ္ ဗိုက္ေတာ္ေတာ္ဆာေနၿပီ စားေတာ့မယ္ "

"ျပန္ထိုင္ မင္း ဒီတစ္ခုၿပီးမွ စားရမယ္
ခုဏက ကိုေဝ၀ယ္လာတဲ့ ႀကံရည္တစ္ခြက္ႀကီးလဲ ေသာက္ထားတာကို ဘာကို ဗိုက္ဆာတာလဲ "

"ကိုေစ်ကလဲဗ်ာ "

"လုပ္ အခုလုပ္.... မဟုတ္ရင္ ငါေနာက္ထပ္ေလ့က်င့္ခန္းေတြပါ ထပ္လုပ္ခိုင္းလိုက္မွာေနာ္ "

"ဟာဗ်ာ ..... "

ဒီ ညီအစ္ကိုေတြ ကေတာ့ေလ ဆိုၿပီး ခခ ေက်နပ္စြာေခါင္းရမ္းမိသည္.....

"ခခ ညီမေလး ၾကက္ကင္ကို ဟိုေကာင္ေတြ ေမးရင္ သူတို႔အတြက္မပါဘူးလို႔ ေျပာေနာ္ "

"ရွန္ ..... ဘာလို႔လဲ ကိုႀကီးေဝ ၾကက္ကင္က တစ္ေကာင္လံုးေတာင္ "

"ငါ ဒီေကာင္ေတြကို စ ထားတာ .... ၾကက္ကင္က မင္းတို႔အတြက္မပါဘူး ငါရယ္ အေမရယ္ ခခအတြက္ရယ္ပဲ ဆိုၿပီး "

ကိုႀကီးေဝ အေျပာေၾကာင့္ ခခ တခစ္ခစ္ ရယ္လိုက္မိၿပီး ....

"အဲ့ ကိုႀကီးေဝတစ္ေယာက္ ကေတာ့ေလ ..... "

ထမင္း လက္စံု စားၾကေတာ့ .... ခခက ၾကက္ကင္တံုးေလး တစ္တံုးယူဖို႔ျပင္ဟန္ ျပဳရေသး ....

"မိန္းမ မထိနဲ႔.... "

"ဟင္ ကိုကို ဘာလို႔လဲ "

"အဲ့ ၾကက္ကင္ မစားနဲ႔ ၿပီးမွ မိန္းမႀကိဳက္တဲ့ Lotteria ကၾကက္ေၾကာ္ကိုယ္၀ယ္ေကြၽးမယ္ "

"ေဟ့ေကာင္ ငါကၾကက္ကင္ကို ခခ အတြက္လဲ ၀ယ္လာတာ "

"ခခ ေယာက်ာ္းျဖစ္တဲ့ ကြၽန္ေတာ့္အတြက္ မပါတဲ့ ၾကက္ကင္ကို ခခကလဲ စားဖို႔
မလိုအပ္ဘူး "

"ဒီေကာင္ေတာ့ကြာ ... "

"ကိုေဝ ကြၽန္ေတာ္ တစ္တံုးေလးပဲေလဗ်ာ.... ေနာ္ "

"ကိုႀကီးေဝက စေနတာပါ .... ကိုကို႔အတြက္ေရာ မိုးေစြအတြက္ေရာ ပါတယ္ "

"မပါပါဘူး ခခ နင္ေလ်ွာက္မေျပာနဲ႔ေနာ္ "

"မမခ ေျပာတာ အတည္ပဲ ...  ကြၽန္ေတာ္ေတာ့ ဆြဲၿပီ "

ေျပာရင္းဆိုရင္း ဖတ္ဆို မိုးေစြက ၾကက္ကင္တစ္တံုးကို ဆြဲယူသည္.....

အရင္ကဆံုး တစ္ေယာက္နဲ႔တစ္ေယာက္မ်က္ႏွာခ်င္းဆိုင္ ဖို႔ေတာင္ခက္သည့္ သူတို႔ေတြဟာ အခုေတာ့လဲ ထမင္းလက္ဆံု စားရင္း ေပ်ာ္လို႔ ရႊင္လို႔ ~

"အိမ္ရွင္တို႔..... အိမ္ရွင္တို႔ ..... "

ေနာက္ေဖး မီးဖိုေခ်ာင္မွာ ထမင္းစားေနၾကရင္း အိမ္ေရ႔ွမွ ေကာင္မေလး တစ္ေယာက္ေခၚသံေၾကာင့္ ခခ ထိုင္ရာမွ ထၿပီး အိမ္ေရ႔ွထြက္လာကာ ......

"ညီမေလး ဘာကိစၥရိွလို႔လဲဟင္ "

"ဟိုေလ ဒါ မိုးေစြတို႔ အိမ္လားဟင္ "

သူ႔နာမည္ပါလာေတာ့ မိုးေစြ ထမင္းကို ပလုတ္ပေလာင္းစားေနရာကေန ရပ္လိုက္သည္.....

"ဟုတ္ပါတယ္ညီမေလး .... ခဏေလးေနာ္ အစ္မ မိုးေစြကို ေခၚေပးမယ္ ....
မိုးေစြေရ ဒီမွာ သူငယ္ခ်င္းေရာက္ေနတယ္ "

ခခ က မိုးေစြကို သူငယ္ခ်င္းေရာက္ေနတယ္ဆိုၿပီး လွမ္းေခၚေတာ့ ထိုေကာင္မေလးက အထိတ္ထိတ္ အျပာျပာျဖင့္ .....

"ဟို မမ .... သူနဲ႔ ညီမေလးနဲ႔က သူငယ္ခ်င္း မဟုတ္ပါဘူးရယ္.... ဒီအတိုင္း ညီမေလးက ေက်ာင္းမွာက်န္ခဲ့တဲ့ သူ႔စာအုပ္ကို လာျပန္ေပးတာပါ "

တစ္ဖက္က ညီအစ္ကို ၃ေယာက္ဘက္မွာေတာ့......

"ေဟ့ေကာင္ သြားလိုက္ေလ ... မင္းသူငယ္ခ်င္းထင္တယ္ "

"ကြၽန္ေတာ့္သူငယ္ခ်င္းထဲ မိန္းကေလး
မရိွဘူး "

"ရိွရိွမရိွရိွ မင္းကို ငါ့မိန္းမ ေခၚေနတာ
မၾကားဘူးလား ျမန္ျမန္သြား "

"ေအးေလ .... မင္းကို နာမည္တပ္ေခၚထဲက အေၾကာင္းတစ္ခုခုရိွလို႔ေနမွာေပါ့...
ျမန္ျမန္သြား.... "

"ခ်ီးထုပ္ေတြဗ်ာ..... ထမင္းကို ေအးေဆး
မစားရဘူး "

"ေခြးေကာင္ေလး .... ဒီမွာငါတို႔ထမင္းစားေနတာကို ခ်ီးစကားေျပာရလား "

"ဟာဗ်ာေတာ္ပါေတာ့ .... ကိုေဝေျပာမွ ခ်ီးေတာထဲက မထြက္ေတာ့ဘူး "

"အခုမင္းေျပာလိုက္တဲ့ထဲမွာလဲ ခ်ီးစကားပါသြားတာပဲ "

မႀကီးမငယ္နဲ႔ ျငင္းခုန္ေနၾကၿပီး မိုးေစြ အိမ္ေရ႔ွေရာက္သြားတာနဲ႔ ၂ေယာက္လံုးရဲ့ မ်က္လံုးေတြက အေရ႔ွကို Auto ေရာက္ႏွင့္ေနၿပီးသား......

မိုးေစြ အိမ္ေရ႔ွေရာက္ေတာ့ မမခနဲ႔ စကားေျပာေနသည္မွာ သူတို႔အတန္းရဲ့ အၿမဲပထမဆုရွင္ ေကာင္မေလး ....

နာမည္ကေတာ့ ဘာလဲ သူမသိပါ .... မ်က္ႏွာကိုေတာင္ သူ႔သူငယ္ခ်င္းေတြ
ျပျပေနလို႔ သိေနတာ ျဖစ္သည္....

ထိုေကာင္မေလးက A တန္း သူက
D တန္းမို႔ အတန္းခ်င္းက အေဝးႀကီး
ဘာကိစၥ သူ႔အိမ္ကို လာရွာတာလဲ ....

တစ္ခါမွ စကားမေျပာဘူးတဲ့သူေတြမို႔ မိုးေစြ အဲ့တစ္ေယာက္ကို​ၾကည့္ၿပီး ေျပာဆိုသည့္ သေဘာျဖင့္ ေမးေငါ့ျပလိုက္သည္.....

"မိုးေစြ ဒီညီမေလးက နင့္စာအုပ္လာျပန္ေပးတာတဲ့ "

"ဟိုေလ ေသာၾကာေန့က မုန္႔စားဆင္းခ်ိန္ နင္ ခေရပင္ခံုတန္းေပၚမွာ ဒီစာအုပ္ေလး
က်န္ခဲ့လို႔ အဲ့တာသူမ်ား ယူသြားမွာဆိုးလို႔ ငါသိမ္းထားတာ .... မေန့က လာေပးမို႔ကို က်ူရွင္ရိွလို႔ ဒီေန့မွ လာေပးရတယ္ "

ဒီစာအုပ္ေက်ာင္းမွာက်န္ခဲ့မွန္းကို မိုးေစြ
မေန့ကမွ သတိရတာျဖစ္သည္....

စာအုပ္လာျပန္ေပးတာပဲ မနက္ျဖန္ေက်ာင္းေရာက္မွ ျပန္ေပးလဲရတာကို ေက်ာင္းမွာဆို လူေတြအမ်ားႀကီးမို႔ သူ႔ကို လာေပးရမွာရွက္လို႔လား .... အဲ့တာေၾကာင့္ အိမ္ကိုေတာင္ တကူးတက ရွာၿပီး လာေပးတာလား ....

သူ႔ကို လက္ႏွစ္ဖက္ျဖင့္ ကမ္းေပးေနေသာ ေကာင္မေလး လက္ထဲမွ စာအုပ္ကို မိုးေစြလွမ္းယူၿပီး ပါးစပ္မွ ခပ္ျပတ္ျပတ္ျဖင့္
" ေက်းဇူး " ဆိုလိုက္သည္.....

"ဟိုေလ ငါ့နာမည္က ယြန္းမဒီပါ ..... ဒီဒီ
လို႔ ေခၚလို႔လဲ ရပါတယ္ "

ေကာင္မေလးက အားတက္သေရာ ေျပာေနသေလာက္ မိုးေစြကေတာ့ ဂရုမစိုက္သည့္ဟန္ျဖင့္ အင္း တစ္လံုးသာ ေျပာၿပီး အိမ္ထဲျပန္၀င္သြားသည္.....

က်န္ခဲ့သည့္ ခခမွာသာ ပါးစပ္အေဟာင္း
သားျဖင့္ ဟိုေကာင္မေလးကို အားနာစကားဆိုရသည္.....

ကိုကိုတို႔ ညီအစ္ကိုေတြဟာ တစ္ပံုစံထဲ ေကာင္မေလးေတြကို ေခ်ဖို႔ ျဖစ္တည္လာရသလား တစ္ခါတေလ စဥ္းစားမိသည္....

•°*  •°*  •°*  •°*  •°*  •°*  •°*  •°*

အပိုင္း11ေမ်ွာ္~

Continue Reading

You'll Also Like

200K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
23.9K 1.4K 27
" ကေလးက ကေလးလို ေနစမ္း ခ်စ္ခ်စ္.. မင္းနဲ႔ လိုက္ကစား ေနဖို႔ ငါ့မွာအခ်ိန္မ႐ွိဘူး မင္းလို ကေလးတစ္ေယာက္ က ငါ့ကို ကာကြယ္ ေပးမယ္ ဆိုပဲ.. မင္းလို မိန္းကေလး...
61.3K 4.1K 46
ေဆာင္ၾကာၿမိဳင္ကမိန္းကေလးနဲ႔ ေတာ္ဝင္မင္းသားတစ္ပါးရဲ႕ အခ်စ္ဇာတ္လမ္း... ဒီလိုနဲ႔ဝမ္းနည္းစရာခေရပန္းပံုျပင္တစ္ပုဒ္ျဖစ္လာခဲ့တယ္ ဆောင်ကြာမြိုင်ကမိန်းကလေးနဲ...
395K 17.1K 44
UNICODE AND ZAW GYI❗️ Start Date - July 24 2022 End Date - Nov 29 2022 အဂၤလိပ္ေခတ္ကၿမိဳ႔စားမင္းရဲ့ ခ်စ္ဇာတ္လမ္းမၿပီးဆံုးပဲ အချစ္ေတြတဖန္ျပန္ရွင္သန္လာ...