Simplicity of love √Complete...

By Zante7

203K 18K 915

အချစ်ဆိုတဲ့အရာကိုထူးဆန်းတယ်ဆိုပြီးထူးဆန်းစွာဖြစ်ပေါ်လာမယ့်အချစ်မျိုးကိုစိတ်ကူးထဲပုံဖော်နေမိတာ...... တကယ်လက်တွ... More

ep 1
ep 2
ep 3
ep 4
ep 5
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep 14
ep 15
ep 16
ep 17
ep 17(zawgyi)
ep 18
Final
Special Thanks
Extra
Extra
Christmas🎄

ep 6

8.3K 880 36
By Zante7

#Unicode
ဂျောင်ဂုနဲ့ထယ်ယောင်းစကားအပြောများတဲ့အချိန်တွေကညဘက်များသာဖြစ်သည်။ကျောင်းတက်နေရဆဲဖြစ်တဲ့ထယ်ယောင်းနဲ့အမြဲတမ်းအလုပ်ရှုပ်နေသောဂျောင်ဂုရယ်ပါ။ကျောင်းပိတ်ရက်အလုပ်ပိတ်ရက်တွေမှာတောင်ဂျောင်ဂုကတစ်နေကုန်နားရတဲ့အချိန်တွေဆိုတာသိပ်မရှိခဲ့။စစ်လက်စ စာရင်းတွေနဲ့အလုပ်ကိစ္စတွေကိုအပြီးသတ်နေရမြဲသာ။အခုတော့မနက်ဖြန်နေ့လည်လေယာဉ်နဲ့ဂျပန်သွားရမည်ဖြစ်သည်။ဂျောင်ဂုလည်းစာကြည့်နေသောထယ်ယောင်းကိုစောင့်နေရင်းအဝတ်တွေထည့်ကာခရီးသွားဖို့ပြင်နေလိုက်သည်။
ခဏအကြာမှာထယ်ယောင်းအခန်းထဲဝင်လာသည်။

"ဂျွန် အဲ့ဒါဘယ်သွားမလို့လဲ"

"Babe ကိုယ်ဂျပန်ကို ၅ရက်လောက်ခရီးသွားစရာရှိတယ် မေမေတို့နဲ့လည်းတွေ့စရာလေးရှိလို့"

"ဟင်..ကျွန်တော်လည်းလိုက်ချင်တယ်"

"Babeကစာမေးပွဲဖြေရမှာလေ ကျောင်းပိတ်သွားတဲ့အခါ ခေါ်သွားမယ်နော်"

"မရဘူး အခုလိုက်ချင်တာ ဂျွန်ကျတော့မိဘတွေနဲ့လည်းတွေ့အုံးမှာလေ ကျွန်တော်ကတစ်ယောက်ထဲကျန်ခဲ့ရမှာ"

အတင်းကိုအဝတ်ဗီရိုနားလာရပ်ပြီးဆူပုတ်ခြေဆောင့်ကာလိုက်ပါမယ်ဟုပြောနေတော့သည်။ဂျောင်ဂုမှာမတက်သာတဲ့အဆုံးအထုတ်ပြင်နေတာကိုရပ်ပြီးထယ်ယောင်းကိုကုတင်ပေါ်ထိုင်စေလိုက်သည်။

"Babeရယ် မဆိုးနဲ့လေ အခုကအလုပ်ကိစ္စရှိလို့မေမေတို့နဲ့တွေ့တာပါ
အဘိုးအိမ်ပို့ပေးခဲ့မှာပြန်လာရင်လာခေါ်မယ်လေ မုန့်ဖိုးလိုမှာစိုးလို့cardပါထပ်ပေးခဲ့မယ်"

အခုထိလိုက်မယ်လို့ပြောနေသောထယ်ယောင်းကိုကြည့်ကာဂျောင်ဂုရယ်မိသည်။ဂျောင်ဂုကုတင်ဘေးစားပွဲအပုလေးပေါ်မှာတင်ထားသောဖုန်းကိုယူကာထယ်ယောင်းကိုပြလိုက်သည်။

"Babe ဒီမှာကြည့်..."

"iPhone 12promax ကြီးပါလား"

"ဖုန်းမှန်ကကွဲနေတယ်မလားbabeအတွက် ကိုယ်လည်းတစ်ခုဆင်တူလေး"

"မယူဘူး လိုက်မှာပဲ"

ဖုန်းလည်းမယူဘဲလိုက်မယ်သာထပ်ပြောပြန်သည်။ထိုင်နေရာကနေဂျောင်ဂုအနားရောက်လာပြီးကပ်ချွဲတော့သည်။

"ဂျွန်ကလဲ ခရီးကိုအတွင်းရေးမှူးကိုသွားခိုင်းလိုက်ပါလား ကျွန်တော်စာမေးပွဲဖြေပြီးမှသွားလေ"

"မရလို့ ကိုယ်သွားမှဖြစ်မှာ"

"ချစ်တယ်လေ"

ချစ်တယ်ဆိုတဲ့စကားကိုပြောတော့ဂျောင်ဂုကပြုံးကာရင်ခွင်ထဲကိုလာဖို့လက်နှစ်ဖက်ဆန့်ပေးလိုက်တော့ဝင်လာသောထယ်ယောင်းကိုယ်လေးကိုတင်းနေအောင်ဖက်လိုက်မိသည်။

"ချစ်တယ်လို့ပြောတာကို အရမ်းတွေအံ့ဩပြ ပျော်ပြလေဗျာ"

"ဟားဟား"

ဂျောင်ဂုသဘောကျစွာရယ်မိသည်။သူချစ်တယ်ပြောလို့ခုန်ပေါက်ပြရမယ့်ပုံဖြစ်နေပြီ။

"ဘာရယ်တာလဲ ကျွန်တော်ဒါကိုမနည်းအားယူပြီးပြောရတာ ဘဝမှာအဘိုးနဲ့ဖေဖေပြီးရင် ကျွန်တော်ချစ်ရတဲ့ယောက်ျားလေးကဂျွန်ပဲ "

"Babeကိုယ့်ကိုချစ်နေတာအရင်ထဲကသိနေတာလေ အခုမှပြောလည်းအရင်ကအတိုင်းကိုယ်ကချစ်နေမြဲလေ ကိုယ့်ကိုချစ်ပေးလို့လက်ခံပေးလို့ကျေးဇူးတင်ပါတယ်ကလေးလေးရယ်"

"မတရားဘူး ကျွန်တော့်လောက်မှခင်ဗျားကမချစ်တာ ကျွန်တော်ဆိုဂျွန်ချစ်တယ်ပြောတိုင်းရင်ခုန်တာသေတော့မလားပဲ "

"ကိုယ်ကလည်း babeအနားမှာရှိနေတိုင်းရင်ခုန်တာထက်ပိုတဲ့မြတ်နိုးခြင်းတွေအပြည့်ပါပဲဗျာ"

တစ်မျိုးပြီးတစ်မျိုးရစ်နိုင်သောငရစ်လေး။ဖုန်းကိုယူပြီးထုတ်ကြည့်နေပြန်တယ်။

"ဒီဖုန်းကိုလိုချင်နေတာ သူငယ်ချင်းတွေကိုကြွားအုံးမယ်"

"ဖုန်းဝယ်ပေးလို့ချစ်တယ်ပြောတာလားကိုယ့်ကို"

"ဖုန်းဝယ်ပေးတာလောက်နဲ့ချစ်တယ်စကားကိုပြောစရာလား ကျွန်တော့်အချစ်ကတန်းဖိုးဖြတ်မရဘူး အရမ်းဈေးကြီးတယ်သိလား"

"ဒါဆိုကိုယ်က တန်ဖိုးဖြတ်မရတာလေးကိုပိုင်ဆိုင်ထားရတာပဲ "

"ဂျပန်ကိုသွားမယ်ဆိုရင်တော့.... လက်ကိုင်တာကနေ ဈေးစသတ်မှတ်မှာနမ်းရင်ပိုဈေးကြီးမယ် အခန်းထဲမှာလာမအိပ်တော့ဘူးအခုကစပြီး"

သူ့ကိုရှူတည်တည်ကြည့်ကာခပ်ချေချေပြောနေသောကောင်လေးကိုအသည်းယားလာတာဘယ်လိုမှထိန်းမရတော့ပေ။

"ကြိုက်သလောက်တောင်းကွာ အခုနမ်းမှရတော့မယ်ထင်တယ်"

ဂျောင်ဂုပြောလိုက်ရောကုတင်ပေါ်ကနေအမြန်ထကာအခန်းထဲသွားဖို့ပြင်နေသောထယ်ယောင်းကိုအတင်းလက်ကဆွဲချလိုက်တော့သည်။ဂျောင်ဂုရင်ဘက်ပေါ်ကို ကို့ယို့ကားယားနဲ့ကျလာသောခန္ဓာလေးကိုအောက်သို့ပို့လိုက်ပြီးစိုက်ကြည့်ပေးလိုက်သည်။

"ဈေးကြီးပေးပြီးနမ်းမယ်ကွာ တစ်ခါနမ်းရင်ဘယ်လောက်ပေးရမှာလဲ"

"တစ်ခါနမ်းတာကိုဘယ်လောက်လို့မသတ်မှတ်ဘူး ကြာချိန်တိုင်းမိနစ်နဲ့တောင်းမှာ"

"ဟာကွာ ကိုယ်အရမ်းအသဲယားနေပြီ"

ဂျောင်ဂုမှာပါးလေးတွေကိုလက်နဲ့အသာထိန်းကိုင်ထားပြီးနှုတ်ခမ်းလေးကိုထိကပ်ကာခပ်ဖွဖွပဲနမ်းရသေးတယ်ခါးနားမှာထယ်ယောင်း လက်လေးတွေကတင်းကြပ်စွာဖက်တွယ်လာတော့သည်။ဒါဟာဂျောင်ဂုနမ်းတာနဲ့ထယ်ယောင်းဖြစ်သွားတဲ့အကျင့်လေးကဂျောင်ဂုကိုပြုံးစေသည်။နှုတ်ခမ်းလေးဖွင့်ပေးသောအခါဂျောင်ဂုနူးညံ့စွာနမ်းနေရင်းမွတ်သိပ်စွာပိုတိုးနမ်းမိပြန်သည်။ပြီးတော့နှုတ်ခမ်းလေးကနေလည်ပင်းကိုငုံ့နမ်းမိပြန်သည်။ထယ်ယောင်းအသက်ရှူတွေမြန်လာတာကိုသတိထားမိနေသောဂျောင်ဂု။

ထယ်ယောင်းမှာဂျောင်ဂုအနမ်းများနဲ့ဘယ်တော့မှအသားမကျနိုင်သေး။နှုတ်ခမ်းများပေါ်တစ်ဖန်ပြန်ရောက်လာသောသူ့အနမ်းတွေကြားမေ့မေ့မောမောမျောမိပြန်သည်။နားခွင့်မပေးအသက်ရှူခွင့်သာခဏပေးပြီးထပ်ခါထပ်ခါဝင်ရောက်မွှေနောက်နေသောသူ့လျှာဖျားကတစ်ကိုယ်လုံးရှိသွေးကြောများထိအေးခနဲရှိန်းခနဲဖြစ်သွားစေသည်။လူတစ်ကိုယ်လုံးလေထဲမှာလွင့်နေသောငှက်မွှေးလေးလိုပေါ့ပါးလူးလွန့်နေရသည်အထိ ကျွန်တော့်ချစ်ရသူကစွမ်းဆောင်နိုင်သည်။

"အရမ်းချစ်တယ် babeကိုယ့်ရဲ့တန်ဖိုးဖြတ်မရလေး"

"ခံစားချက်ကိုမျိုးစုံပေးနေလို့ မိနစ်တောင်မမှတ်ထားမိဘူးဗျာ"

"ကိုယ်ရှာဖွေသမျှအခုတစ်ညထဲတင်ကုန်သွားမှာစိုးလို့ မနည်းကိုခံစားချက်တွေထိန်းချုပ်လိုက်ရတာ အခုလည်းအဆင်မပြေချင်သေးဘူးbabeရာ ကျောင်းပြီးပါတော့"

"ကျောင်းမပြီးလည်း ခင်ဗျားချမ်းသာတာပဲလေ"

ထယ်ယာင်းကမျက်လုံးတစ်ဖက်မှိတ်ပြကာရယ်နေလိုက်သည်။

"ကိုယ်က ကလေးလေးကိုတန်ဖိုးထားတာ ထိလိုက်မိတယ်ဆိုရင်ပဲကြွေသွားမှာစိုးသည့်အလား...အခုအချိန်လေးတွေက ကိုယ်ကြည်နူးဆုံးပါပဲ"

နားသယ်စပ်ကိုခပ်ဖွဖွနမ်းပြီးလေသံလေးနဲ့နှစ်ကိုယ်ကြားယုံလေးပြောလိုက်သောဂျောင်ဂုစကားကထယ်ယောင်းရဲ့အသွေးအသားတွေထဲထိနွေးထွေးသွားစေသည်။ရင်ခွင်ထဲဆွဲပွေ့ထားသောဂျောင်ဂုလက်တွေကြားမှာငြိမ်နေမိသည်။

"မနက်ကြရင်အဘိုးတို့အိမ်ပြန်နေနော်လိုက်ပို့ပေးမယ်"

"မပြန်ချင်ပါဘူးဆို ဒီမှာပဲနေခဲ့မယ်လေ"

"babeတစ်ယောက်တည်းလေ အစားအသောက်အတွက်အဆင်မပြေမှာစိုးလို့"

"အဆင်ပြေသလိုစားလိုက်ပါမယ်
ဟိုအကိုတွေလည်းရှိတော့အဖော်ရှိတယ်လေ"

မပြန်ဘူးပဲပြောနေသောထယ်ယောင်း။
ဂျောင်ဂုအိမ်မှာထယ်ယောင်းကိုထားခဲ့ရမှာလည်းခပ်လန့်လန့်ရယ်။အခုတလောကားပြန်ပေးထားလို့စိတ်ကောင်းဝင်နေပေမယ့်ငယ်ရွယ်သူဆိုတော့ဘယ်ချိန်မှာထဖောက်မယ်မှန်းကမသိ။

"babe အိမ်မှာနေခဲ့မယ်ဆိုရင်
ညဘက်တွေအပြင်မသွားရဘူး ရန်မဖြစ်ရဘူး no club, no alcohol "

"မသွားဘူး စိတ်ချ"

"babe လွယ်လွယ်နဲ့ကတိမပေးနဲ့နော်
ကိုယ်ယုံပေးရမှာလား"

"ချစ်ရင်ယုံကြည်ရမှာပေါ့"

စကားလှလှတွေနဲ့အသေချုပ်တက်သောထယ်ယောင်းကြောင့်ဂျောင်ဂုမှာဆုံးမဖို့အရေးလမ်းပျောက်နေရတာအမြဲ။

"ချစ်တာနဲ့ယုံကြည်တာက သပ်သပ်စီကွ ကိုယ်ကအရမ်းချစ်တာbabeလေးကို ယုံကြည်မှုကြတော့သူစိမ်းလည်းယုံကြည်ပေးရတယ်လေ ကိုယ့်ယုံကြည်မှုကိုအလွဲသုံးစားမလုပ်နဲ့ ချစ်ပေမယ့်ခွင့်မလွှတ်ဘူးနော်"

"သိပါတယ် မနက်သွားဖို့အဝတ်ထည့်နေတာမလားသွားထည့်လေ"

"ရတယ် မနက်မှထည့်တော့မယ်အခုကဒီတိုင်းလေးအိပ်ကြမယ် ခွေးပေါက်လေးကို၅ရက်ကြီးများ လွမ်းနေရမှာ"

"ဟီးဟီး"

ဂျောင်ဂုကပြောရင်းခေါင်းလေးကိုနမ်းကာပိုတင်းအောင်ဖက်ထားတော့ရယ်နေသောကောင်လေး။အမြဲတမ်းရယ်နေပါမင်းပြုံးပျော်နေရင်ကိုယ်လည်းပျော်ရွှင်နေတာဖြစ်လို့။အအေးဒဏ်ကဲလာတဲ့ညနက်နက်ကဂျောင်ဂုရဲ့ရင်ငွေ့နွေးနွေးကြောင့်ထယ်ယောင်းကောင်းကောင်းအိပ်ပျော်နေတာကိုကြည့်ပြီးပိုတိုးကာသာဖတ်ထားလိုက်တော့သည်။

မနက်ရောက်တော့ဂျောင်ဂုသွားဖို့ပြင်ရသည်။ထယ်ယောင်းကအိပ်ရာမထသေး။စောင်ပုံကြားထဲမှာနှစ်ခြိုက်စွာအိပ်နေသောကလေးလေးကိုမြတ်နိုးမဝ။

"babe ထတော့လေ ၁၀နာရီထိုးတော့မယ် ကိုယ်လေဆိပ်ဆင်းရတော့မှာ"

"ဂျွန်ကလည်းစောစောနှိုးတာမဟုတ်ဘူး အချိန်တောင်မရှိတော့ဘူး"

"babe မလိုက်တော့နဲ့နော်ကိုယ်ကအတွင်းရေးမှူးရော ပါတနာတစ်ယောက်ရောလိုက်မှာမလို့အိမ်ကကားနဲ့မသွားတော့ဘူး သူတို့လာခေါ်မှာ"

"ပါတနာက ကောင်မလေးလား"

မထင်မှတ်ထားတဲ့မေးခွန်းနဲ့အတူထမေးပြန်သောထယ်ယောင်း။အမှန်အတိုင်းဖြေရင်လည်းစိတ်ကောက်အုံးမှာဖြစ်သည်။ဂျောင်ဂုကိုယ်တိုင်ကလည်းမဖုံးကွယ်ချင်ပါ။

"အင်း..သူကငယ်ငယ်ထဲကကိုယ်နဲ့သိတဲ့အသိညီမလေးပါ ထယ်နဲ့ဆို၃နှစ်လောက်ကြီးမယ်ထင်တယ်"

"ရပါပြီ ကောင်မလေးလို့ဖြေလိုက်ရင်ပြီးနေပြီ သွားတော့ ပြန်အိပ်အုံးမယ်"

ခေါင်းအုံးပေါ်ကိုပက်လက်လှဲချပြီးစောင်ကိုခေါင်းအထိဆွဲခြုံလိုက်ပြန်သည်။

"babeရာ ထပါကိုယ်သွားရတော့မှာလေ"

"ခုနကကြ ထယ်နဲ့ဆိုပြောပြီး babeလာမခေါ်နဲ့ ငယ်ငယ်ကသိတဲ့ညီမလေးကိုသွားခေါ် "

"ဟမ်...ကိုယ်ထယ်လို့ပြောမိလို့လား"

"အမယ်...ခင်ဗျားမပြောဘူး ကျွန်တော်ပဲလိမ်နေတာပါ"

"မဟုတ်ပါဘူးကွာထပါ ကိုယ်ပြောမိပါတယ်မှားပါတယ်နော်"

စောင်ကိုအတင်းဆွဲခွာကာထခိုင်းရသည်။မျက်နှာသစ်အုံးမယ်ပြောပြီးရေချိုးခန်းထဲကိုဝင်သွားသည်။
မင်းမမှားလည်းမှန်တယ်မှားလည်းမှန်တယ်မင်းစိတ်ကြိုက်သာဆိုးပါတော့ကွာ။မျက်နှာသစ်ပြီးပြန်ထွက်လာတော့ပါးလေးတွေကစိုအိနေရော။
သွားလည်းမထိရဲရေချိုးခန်းထဲကထွက်လာထဲကမျက်စောင်းတွေသာလှိမ့်ထိုးနေတာခံနေရသည်။ညဝတ်အင်္ကျီကကြယ်သီးကအပေါ်လုံးပြုတ်နေကာခပ်ဟဟအနေအထားဖြစ်နေသောကြောင့်ညကဂျောင်ဂုနမ်းထားသောနေရာတွေမှာအနီရောင်အမှတ်အသားတစ်ချို့နဲ့အတူစူပုတ်နေသောထယ်ယောင်းကိုကြည့်ပြီးရယ်ချင်စိတ်ကိုမနည်းထိန်းနေရသည်။

"ရုပ်ကိုကအဲ့ဒါဘာဖြစ်နေတာလဲ"

ဂျောင်ဂုပြန်ဖြေမလို့လုပ်နေစဉ်မှာပင်အိမ်ရှေ့ကကားဟွန်းတီးသံကြားလိုက်ရသည်။

"babeရေ လာပြီထင်တယ် ကိုယ်သွားတော့မယ်နော် မြန်မြန်ပြန်လာခဲ့မယ်နေ့ခင်းကြကိုယ်တို့အိမ်ကဟင်းချက်တဲ့အဒေါ်ကြီးဟင်းဘူးတွေယူလာပေးလိမ့်မယ် ကိုယ်သင်ပြထားတဲ့အတိုင်းတစ်ခါစာလေးတွေပန်းကန်ထဲထည့်ပြီးနွှေးစားနော်"

"ဟိုဟာလေ...စနေနေ့ကိုသူငယ်ချင်းမွေးနေ့ပွဲရှိလို့မသွားရင်မကောင်းလို့သွားမယ်နော် ဂျွန်"

"ညကတော့မပြောဘူး အခုသွားကာနီးမှပြောရလားbabeရာ ညှိနှိုင်းချိန်မရအောင်လာလုပ်နေတာပဲ"

ဂျောင်ဂုကပြောလည်းပြောအိတ်တွေဆွဲကာအခန်းပြင်ထွက်နေပြီ။ထယ်ယောင်းလည်းကားနားထိလိုက်ပို့ဖို့ထွက်လာခဲ့လိုက်သည်။အောက်ထပ်မှာတော့အိတ်တွေသယ်ဖို့ဂျောင်ဂုတို့အိမ်ကအကိုကစောင့်နေတယ်။

"အကို စနေနေ့ကိုထယ်ယောင်းသူငယ်ချင်းမွေးနေ့ရှိတာသွားမလို့တဲ့အဲ့ဒါ အကိုလိုက်ပို့ပေးလိုက်ပါ ၉နာရီထက်နောက်မကျစေနဲ့ပြန်ခေါ်ခဲ့"

"ဟုတ်ကဲ့အကိုလေး စိတ်ချပါ ကျွန်တော်အိတ်တွေကားပေါ်သယ်သွားလိုက်ပါ့မယ်"

"babe အဲ့အချိန်ထက်နောက်ကျလို့မရဘူးနော် အိမ်မှာကျန်ခဲ့မှာအမတစ်ယောက်ထဲ ကိုယ်ဝန်လည်းရှိတော့အဲ့ထက်နောက်ကျလို့မရဘူးနော် ကိုယ်ပြောတာနားလည်လား"

"ဟုတ် အဲ့အချိန်ပဲပြန်ပါ့မယ်ကောင်းကောင်းသွားပါဂျွန်"

ဂျောင်ဂုမသွားခင်ပခုံးလေးနှစ်ဖက်အားအသာထိန်းကိုင်ရင်းနဖူးပြင်ပေါ်ကိုအနမ်းလေးပေးလိုက်သည်။

"ကောင်းကောင်းနေခဲ့နော် babeမဟုတ်တာတွေလျှောက်မလုပ်နဲ့ အဘိုးကလာမနေလို့တဲ့ပြောနေတယ် အားရင်သွားလိုက်အုံး ကိုယ်သွားပြီ"

"အားရင်သွားမယ် ....တာ့တာ ဂျွန်"

ထယ်ယောင်းကိုလက်ပြနှုတ်ဆက်ကာကားပေါ်တက်သွားသောဂျွန်ကိုကြည့်ပြီးအခုထဲကလွမ်းနေတော့သည်။
ချစ်တက်လာအောင်လည်းသင်ပေးတယ် လွမ်းတက်လာအောင်လည်းသင်ပေးတယ်။
ကျွန်တော်ကခင်ဗျားရဲ့ကြယ်လေး.....
ခင်ဗျားကကျွန်တော့်ရဲ့လမင်းကြီး.......
ခင်ဗျားရှိမှကျွန်တော်ကထွန်းလင်းစွာ
တောက်ပနိုင်မယ်ထင်ပါရဲ့ဗျာ......

Simplicity🏝
Zante💜

နဲနဲကြာသွားပါတယ်ရှင် ဒါလေးကိုရေးရင်ပျော်ရွှင်ပြီးခဏလေးနဲ့ရေးပြီးတယ် မရေးဖြစ်တာကအလုပ်ကတစ်ဖက်သင်တန်းတွေနဲ့ဖြစ်နေလို့ပါ......😳
အသစ်အသစ်တွေကိုဆက်ပြီးရေးသွားပါမယ်ရှင် ကိုယ့်ရဲ့ပျော်ရွှင်ငြိမ်းချမ်းရာရပ်ဝန်းလေးမှာ ချစ်တဲ့Readersလေးတွေနဲ့ဆုံစည်းခွင့်ရတာကိုကတန်ဖိုးဖြတ်မရသောအချိန်လေးတွေပါပဲ ချစ်ပါတယ်💜😍😘ဝေဖန်အကြံပြုနိုင်ပါတယ်နော် အဲ့ဒါမှလိုအပ်ချက်တွေကိုပြင်လို့ရမှာပါ💜🙆😚

ဖတ်ပေးသူသဲလေးတစ်ယောက်ချင်းစီတိုင်းကိုချစ်ခင်လေးစားလျှက်.........

#Zawgyi
ေဂ်ာင္ဂုနဲ႔ထယ္ေယာင္းစကားအေျပာမ်ားတဲ့အခ်ိန္ေတြကညဘက္မ်ားသာျဖစ္သည္။ေက်ာင္းတက္ေနရဆဲျဖစ္တဲ့ထယ္ေယာင္းနဲ႔အၿမဲတမ္းအလုပ္ရႈပ္ေနေသာေဂ်ာင္ဂုရယ္ပါ။ေက်ာင္းပိတ္ရက္အလုပ္ပိတ္ရက္ေတြမွာေတာင္ေဂ်ာင္ဂုကတစ္ေနကုန္နားရတဲ့အခ်ိန္ေတြဆိုတာသိပ္မရွိခဲ့။စစ္လက္စ စာရင္းေတြနဲ႔အလုပ္ကိစၥေတြကိုအၿပီးသတ္ေနရၿမဲသာ။အခုေတာ့မနက္ျဖန္ေန႔လည္ေလယာဥ္နဲ႔ဂ်ပန္သြားရမည္ျဖစ္သည္။ေဂ်ာင္ဂုလည္းစာၾကည့္ေနေသာထယ္ေယာင္းကိုေစာင့္ေနရင္းအဝတ္ေတြထည့္ကာခရီးသြားဖို႔ျပင္ေနလိုက္သည္။
ခဏအၾကာမွာထယ္ေယာင္းအခန္းထဲဝင္လာသည္။

"ဂြၽန္ အဲ့ဒါဘယ္သြားမလို႔လဲ"

"Babe ကိုယ္ဂ်ပန္ကို ၅ရက္ေလာက္ခရီးသြားစရာရွိတယ္ ေမေမတို႔နဲ႔လည္းေတြ႕စရာေလးရွိလို႔"

"ဟင္..ကြၽန္ေတာ္လည္းလိုက္ခ်င္တယ္"

"Babeကစာေမးပြဲေျဖရမွာေလ ေက်ာင္းပိတ္သြားတဲ့အခါ ေခၚသြားမယ္ေနာ္"

"မရဘူး အခုလိုက္ခ်င္တာ ဂြၽန္က်ေတာ့မိဘေတြနဲ႔လည္းေတြ႕အုံးမွာေလ ကြၽန္ေတာ္ကတစ္ေယာက္ထဲက်န္ခဲ့ရမွာ"

အတင္းကိုအဝတ္ဗီ႐ိုနားလာရပ္ၿပီးဆူပုတ္ေျခေဆာင့္ကာလိုက္ပါမယ္ဟုေျပာေနေတာ့သည္။ေဂ်ာင္ဂုမွာမတက္သာတဲ့အဆုံးအထုတ္ျပင္ေနတာကိုရပ္ၿပီးထယ္ေယာင္းကိုကုတင္ေပၚထိုင္ေစလိုက္သည္။

"Babeရယ္ မဆိုးနဲ႔ေလ အခုကအလုပ္ကိစၥရွိလို႔ေမေမတို႔နဲ႔ေတြ႕တာပါ
အဘိုးအိမ္ပို႔ေပးခဲ့မွာျပန္လာရင္လာေခၚမယ္ေလ မုန႔္ဖိုးလိုမွာဆိုးလို႔cardပါထပ္ေပးခဲ့မယ္"

အခုထိလိုက္မယ္လို႔ေျပာေနေသာထယ္ေယာင္းကိုၾကည့္ကာေဂ်ာင္ဂုရယ္မိသည္။ေဂ်ာင္ဂုကုတင္ေဘးစားပြဲအပုေလးေပၚမွာတင္ထားေသာဖုန္းကိုယူကာထယ္ေယာင္းကိုျပလိုက္သည္။

"Babe ဒီမွာၾကည့္..."

"iPhone 12promaxႀကီးပါလား"

"ဖုန္းမွန္ကကြဲေနတယ္မလားbabeအတြက္ ကိုယ္လည္းတစ္ခုဆင္တူေလး"

"မယူဘူး လိုက္မွာပဲ"

ဖုန္းလည္းမယူဘဲလိုက္မယ္သာထပ္ေျပာျပန္သည္။ထိုင္ေနရာကေနေဂ်ာင္ဂုအနားေရာက္လာၿပီးကပ္ခြၽဲေတာ့သည္။

"ဂြၽန္ကလဲ ခရီးကိုအတြင္းေရးမႉးကိုသြားခိုင္းလိုက္ပါလား ကြၽန္ေတာ္စာေမးပြဲေျဖၿပီးမွသြားေလ"

"မရလို႔ ကိုယ္သြားမွျဖစ္မွာ"

"ခ်စ္တယ္ေလ"

ခ်စ္တယ္ဆိုတဲ့စကားကိုေျပာေတာ့ေဂ်ာင္ဂုကၿပဳံးကာရင္ခြင္ထဲကိုလာဖို႔လက္ႏွစ္ဖက္ဆန႔္ေပးလိုက္ေတာ့ဝင္လာေသာထယ္ေယာင္းကိုယ္ေလးကိုတင္းေနေအာင္ဖက္လိုက္မိသည္။

"ခ်စ္တယ္လို႔ေျပာတာကို အရမ္းေတြအံ့ဩျပ ေပ်ာ္ျပေလဗ်ာ"

"ဟားဟား"

ေဂ်ာင္ဂုသေဘာက်စြာရယ္မိသည္။သူခ်စ္တယ္ေျပာလို႔ခုန္ေပါက္ျပရမယ့္ပုံျဖစ္ေနၿပီ။

"ဘာရယ္တာလဲ ကြၽန္ေတာ္ဒါကိုမနည္းအားယူၿပီးေျပာရတာ ဘဝမွာအဘိုးနဲ႔ေဖေဖၿပီးရင္ ကြၽန္ေတာ္ခ်စ္ရတဲ့ေယာက္်ားေလးကဂြၽန္ပဲ "

"Babeကိုယ့္ကိုခ်စ္ေနတာအရင္ထဲကသိေနတာေလ အခုမွေျပာလည္းအရင္ကအတိုင္းကိုယ္ကခ်စ္ေနၿမဲေလ ကိုယ့္ကိုခ်စ္ေပးလို႔လက္ခံေပးလို႔ေက်းဇူးတင္ပါတယ္ကေလးေလးရယ္"

"မတရားဘူး ကြၽန္ေတာ့္ေလာက္မွခင္ဗ်ားကမခ်စ္တာ ကြၽန္ေတာ္ဆိုဂြၽန္ခ်စ္တယ္ေျပာတိုင္းရင္ခုန္တာေသေတာ့မလားပဲ "

"ကိုယ္ကလည္း babeအနားမွာရွိေနတိုင္းရင္ခုန္တာထက္ပိုတဲ့ျမတ္ႏိုးျခင္းေတြအျပည့္ပါပဲဗ်ာ"

တစ္မ်ိဳးၿပီးတစ္မ်ိဳးရစ္ႏိုင္ေသာငရစ္ေလး။ဖုန္းကိုယူၿပီးထုတ္ၾကည့္ေနျပန္တယ္။

"ဒီဖုန္းကိုလိုခ်င္ေနတာ သူငယ္ခ်င္းေတြကိုႂကြားအုံးမယ္"

"ဖုန္းဝယ္ေပးလို႔ခ်စ္တယ္ေျပာတာလားကိုယ့္ကို"

"ဖုန္းဝယ္ေပးတာေလာက္နဲ႔ခ်စ္တယ္စကားကိုေျပာစရာလား ကြၽန္ေတာ့္အခ်စ္ကတန္းဖိုးျဖတ္မရဘူး အရမ္းေဈးႀကီးတယ္သိလား"

"ဒါဆိုကိုယ္က တန္ဖိုးျဖတ္မရတာေလးကိုပိုင္ဆိုင္ထားရတာပဲ "

"ဂ်ပန္ကိုသြားမယ္ဆိုရင္ေတာ့.... လက္ကိုင္တာကေန ေဈးစသတ္မွတ္မွာနမ္းရင္ပိုေဈးႀကီးမယ္ အခန္းထဲမွာလာမအိပ္ေတာ့ဘူးအခုကစၿပီး"

သူ႔ကိုရွဴတည္တည္ၾကည့္ကာခပ္ေခ်ေခ်ေျပာေနေသာေကာင္ေလးကိုအသည္းယားလာတာဘယ္လိုမွထိန္းမရေတာ့ေပ။

"ႀကိဳက္သေလာက္ေတာင္းကြာ အခုနမ္းမွရေတာ့မယ္ထင္တယ္"

ေဂ်ာင္ဂုေျပာလိုက္ေရာကုတင္ေပၚကေနအျမန္ထကာအခန္းထဲသြားဖို႔ျပင္ေနေသာထယ္ေယာင္းကိုအတင္းလက္ကဆြဲခ်လိုက္ေတာ့သည္။ေဂ်ာင္ဂုရင္ဘက္ေပၚကို ကို႔ယို႔ကားယားနဲ႔က်လာေသာခႏၶာေလးကိုေအာက္သို႔ပို႔လိုက္ၿပီးစိုက္ၾကည့္ေပးလိုက္သည္။

"ေဈးႀကီးေပးၿပီးနမ္းမယ္ကြာ တစ္ခါနမ္းရင္ဘယ္ေလာက္ေပးရမွာလဲ"

"တစ္ခါနမ္းတာကိုဘယ္ေလာက္လို႔မသတ္မွတ္ဘူး ၾကာခ်ိန္တိုင္းမိနစ္နဲ႔ေတာင္းမွာ"

"ဟာကြာ ကိုယ္အရမ္းအသဲယားေနၿပီ"

ေဂ်ာင္ဂုမွာပါးေလးေတြကိုလက္နဲ႔အသာထိန္းကိုင္ထားၿပီးႏႈတ္ခမ္းေလးကိုထိကပ္ကာခပ္ဖြဖြပဲနမ္းရေသးတယ္ခါးနားမွာထယ္ေယာင္း လက္ေလးေတြကတင္းၾကပ္စြာဖက္တြယ္လာေတာ့သည္။ဒါဟာေဂ်ာင္ဂုနမ္းတာနဲ႔ထယ္ေယာင္းျဖစ္သြားတဲ့အက်င့္ေလးကေဂ်ာင္ဂုကိုၿပဳံးေစသည္။ႏႈတ္ခမ္းေလးဖြင့္ေပးေသာအခါေဂ်ာင္ဂုႏူးညံ့စြာနမ္းေနရင္းမြတ္သိပ္စြာပိုတိုးနမ္းမိျပန္သည္။ၿပီးေတာ့ႏႈတ္ခမ္းေလးကေနလည္ပင္းကိုငုံ႔နမ္းမိျပန္သည္။ထယ္ေယာင္းအသက္ရွဴေတြျမန္လာတာကိုသတိထားမိေနေသာေဂ်ာင္ဂု။

ထယ္ေယာင္းမွာေဂ်ာင္ဂုအနမ္းမ်ားနဲ႔ဘယ္ေတာ့မွအသားမက်ႏိုင္ေသး။ႏႈတ္ခမ္းမ်ားေပၚတစ္ဖန္ျပန္ေရာက္လာေသာသူ႔အနမ္းေတြၾကားေမ့ေမ့ေမာေမာေမ်ာမိျပန္သည္။နားခြင့္မေပးအသက္ရွဴခြင့္သာခဏေပးၿပီးထပ္ခါထပ္ခါဝင္ေရာက္ေမႊေနာက္ေနေသာသူ႔လွ်ာဖ်ားကတစ္ကိုယ္လုံးရွိေသြးေၾကာမ်ားထိေအးခနဲရွိန္းခနဲျဖစ္သြားေစသည္။လူတစ္ကိုယ္လုံးေလထဲမွာလြင့္ေနေသာငွက္ေမႊးေလးလိုေပါ့ပါးလူးလြန႔္ေနရသည္အထိ ကြၽန္ေတာ့္ခ်စ္ရသူကစြမ္းေဆာင္ႏိုင္သည္။

"အရမ္းခ်စ္တယ္ babeကိုယ့္ရဲ႕တန္ဖိုးျဖတ္မရေလး"

"ခံစားခ်က္ကိုမ်ိဳးစုံေပးေနလို႔ မိနစ္ေတာင္မမွတ္ထားမိဘူးဗ်ာ"

"ကိုယ္ရွာေဖြသမွ်အခုတစ္ညထဲတင္ကုန္သြားမွာစိုးလို႔ မနည္းကိုခံစားခ်က္ေတြထိန္းခ်ဳပ္လိုက္ရတာ အခုလည္းအဆင္မေျပခ်င္ေသးဘူးbabeရာ ေက်ာင္းၿပီးပါေတာ့"

"ေက်ာင္းမၿပီးလည္း ခင္ဗ်ားခ်မ္းသာတာပဲေလ"

ထယ္ယာင္းကမ်က္လုံးတစ္ဖက္မွိတ္ျပကာရယ္ေနလိုက္သည္။

"ကိုယ္က ကေလးေလးကိုတန္ဖိုးထားတာ ထိလိုက္မိတယ္ဆိုရင္ပဲေႂကြသြားမွာစိုးသည့္အလား...အခုအခ်ိန္ေလးေတြက ကိုယ္ၾကည္ႏူးဆုံးပါပဲ"

နားသယ္စပ္ကိုခပ္ဖြဖြနမ္းၿပီးေလသံေလးနဲ႔ႏွစ္ကိုယ္ၾကားယုံေလးေျပာလိုက္ေသာေဂ်ာင္ဂုစကားကထယ္ေယာင္းရဲ႕အေသြးအသားေတြထဲထိေႏြးေထြးသြားေစသည္။ရင္ခြင္ထဲဆြဲေပြ႕ထားေသာေဂ်ာင္ဂုလက္ေတြၾကားမွာၿငိမ္ေနမိသည္။

"မနက္ၾကရင္အဘိုးတို႔အိမ္ျပန္ေနေနာ္လိုက္ပို႔ေပးမယ္"

"မျပန္ခ်င္ပါဘူးဆို ဒီမွာပဲေနခဲ့မယ္ေလ"

"babeတစ္ေယာက္တည္းေလ အစားအေသာက္အတြက္အဆင္မေျပမွာစိုးလို႔"

"အဆင္ေျပသလိုစားလိုက္ပါမယ္
ဟိုအကိုေတြလည္းရွိေတာ့အေဖာ္ရွိတယ္ေလ"

မျပန္ဘူးပဲေျပာေနေသာထယ္ေယာင္း။
ေဂ်ာင္ဂုအိမ္မွာထယ္ေယာင္းကိုထားခဲ့ရမွာလည္းခပ္လန႔္လန႔္ရယ္။အခုတေလာကားျပန္ေပးထားလို႔စိတ္ေကာင္းဝင္ေနေပမယ့္ငယ္႐ြယ္သူဆိုေတာ့ဘယ္ခ်ိန္မွာထေဖာက္မယ္မွန္းကမသိ။

"babe အိမ္မွာေနခဲ့မယ္ဆိုရင္
ညဘက္ေတြအျပင္မသြားရဘူး ရန္မျဖစ္ရဘူး no club, no alcohol "

"မသြားဘူး စိတ္ခ်"

"babe လြယ္လြယ္နဲ႔ကတိမေပးနဲ႔ေနာ္
ကိုယ္ယုံေပးရမွာလား"

"ခ်စ္ရင္ယုံၾကည္ရမွာေပါ့"

စကားလွလွေတြနဲ႔အေသခ်ဳပ္တက္ေသာထယ္ေယာင္းေၾကာင့္ေဂ်ာင္ဂုမွာဆုံးမဖို႔အေရးလမ္းေပ်ာက္ေနရတာအၿမဲ။

"ခ်စ္တာနဲ႔ယုံၾကည္တာက သပ္သပ္စီကြ ကိုယ္ကအရမ္းခ်စ္တာbabeေလးကို ယုံၾကည္မႈၾကေတာ့သူစိမ္းလည္းယုံၾကည္ေပးရတယ္ေလ ကိုယ့္ယုံၾကည္မႈကိုအလြဲသုံးစားမလုပ္နဲ႔ ခ်စ္ေပမယ့္ခြင့္မလႊတ္ဘူးေနာ္"

"သိပါတယ္ မနက္သြားဖို႔အဝတ္ထည့္ေနတာမလားသြားထည့္ေလ"

"ရတယ္ မနက္မွထည့္ေတာ့မယ္အခုကဒီတိုင္းေလးအိပ္ၾကမယ္ ေခြးေပါက္ေလးကို၅ရက္ႀကီးမ်ား လြမ္းေနရမွာ"

"ဟီးဟီး"

ေဂ်ာင္ဂုကေျပာရင္းေခါင္းေလးကိုနမ္းကာပိုတင္းေအာင္ဖက္ထားေတာ့ရယ္ေနေသာေကာင္ေလး။အၿမဲတမ္းရယ္ေနပါမင္းၿပဳံးေပ်ာ္ေနရင္ကိုယ္လည္းေပ်ာ္႐ႊင္ေနတာျဖစ္လို႔။အေအးဒဏ္ကဲလာတဲ့ညနက္နက္ကေဂ်ာင္ဂုရဲ႕ရင္ေငြ႕ေႏြးေႏြးေၾကာင့္ထယ္ေယာင္းေကာင္းေကာင္းအိပ္ေပ်ာ္ေနတာကိုၾကည့္ၿပီးပိုတိုးကာသာဖတ္ထားလိုက္ေတာ့သည္။

မနက္ေရာက္ေတာ့ေဂ်ာင္ဂုသြားဖို႔ျပင္ရသည္။ထယ္ေယာင္းကအိပ္ရာမထေသး။ေစာင္ပုံၾကားထဲမွာႏွစ္ၿခိဳက္စြာအိပ္ေနေသာကေလးေလးကိုျမတ္ႏိုးမဝ။

"babe ထေတာ့ေလ ၁၀နာရီထိုးေတာ့မယ္ ကိုယ္ေလဆိပ္ဆင္းရေတာ့မွာ"

"ဂြၽန္ကလည္းေစာေစာႏႈိးတာမဟုတ္ဘူး အခ်ိန္ေတာင္မရွိေတာ့ဘူး"

"babe မလိုက္ေတာ့နဲ႔ေနာ္ကိုယ္ကအတြင္းေရးမႉးေရာ ပါတနာတစ္ေယာက္ေရာလိုက္မွာမလို႔အိမ္ကကားနဲ႔မသြားေတာ့ဘူး သူတို႔လာေခၚမွာ"

"ပါတနာက ေကာင္မေလးလား"

မထင္မွတ္ထားတဲ့ေမးခြန္းနဲ႔အတူထေမးျပန္ေသာထယ္ေယာင္း။အမွန္အတိုင္းေျဖရင္လည္းစိတ္ေကာက္အုံးမွာျဖစ္သည္။ေဂ်ာင္ဂုကိုယ္တိုင္ကလည္းမဖုံးကြယ္ခ်င္ပါ။

"အင္း..သူကငယ္ငယ္ထဲကကိုယ္နဲ႔သိတဲ့အသိညီမေလးပါ ထယ္နဲ႔ဆို၃ႏွစ္ေလာက္ႀကီးမယ္ထင္တယ္"

"ရပါၿပီ ေကာင္မေလးလို႔ေျဖလိုက္ရင္ၿပီးေနၿပီ သြားေတာ့ ျပန္အိပ္အုံးမယ္"

ေခါင္းအုံးေပၚကိုပက္လက္လွဲခ်ၿပီးေစာင္ကိုေခါင္းအထိဆြဲၿခဳံလိုက္ျပန္သည္။

"babeရာ ထပါကိုယ္သြားရေတာ့မွာေလ"

"ခုနကၾက ထယ္နဲ႔ဆိုေျပာၿပီး babeလာမေခၚနဲ႔ ငယ္ငယ္ကသိတဲ့ညီမေလးကိုသြားေခၚ "

"ဟမ္...ကိုယ္ထယ္လို႔ေျပာမိလို႔လား"

"အမယ္...ခင္ဗ်ားမေျပာဘူး ကြၽန္ေတာ္ပဲလိမ္ေနတာပါ"

"မဟုတ္ပါဘူးကြာထပါ ကိုယ္ေျပာမိပါတယ္မွားပါတယ္ေနာ္"

ေစာင္ကိုအတင္းဆြဲခြာကာထခိုင္းရသည္။မ်က္ႏွာသစ္အုံးမယ္ေျပာၿပီးေရခ်ိဳးခန္းထဲကိုဝင္သြားသည္။
မင္းမမွားလည္းမွန္တယ္မွားလည္းမွန္တယ္မင္းစိတ္ႀကိဳက္သာဆိုးပါေတာ့ကြာ။မ်က္ႏွာသစ္ၿပီးျပန္ထြက္လာေတာ့ပါးေလးေတြကစိုအိေနေရာ သြားလည္းမထိရဲေရခ်ိဳးခန္းထဲကထြက္လာထဲကမ်က္ေစာင္းေတြသာလွိမ့္ထိုးေနတာခံေနရသည္။ညဝတ္အက်ႌကၾကယ္သီးကအေပၚလုံးျပဳတ္ေနကာခပ္ဟဟအေနအထားျဖစ္ေနေသာေၾကာင့္ညကေဂ်ာင္ဂုနမ္းထားေသာေနရာေတြမွာအနီေရာင္အမွတ္အသားတစ္ခ်ိဳ႕နဲ႔အတူစူပုတ္ေနေသာထယ္ေယာင္းကိုၾကည့္ၿပီးရယ္ခ်င္စိတ္ကိုမနည္းထိန္းေနရသည္။

"႐ုပ္ကိုကအဲ့ဒါဘာျဖစ္ေနတာလဲ"

ေဂ်ာင္ဂုျပန္ေျဖမလို႔လုပ္ေနစဥ္မွာပင္အိမ္ေရွ႕ကကားဟြန္းတီးသံၾကားလိုက္ရသည္။

"babeေရ လာၿပီထင္တယ္ ကိုယ္သြားေတာ့မယ္ေနာ္ ျမန္ျမန္ျပန္လာခဲ့မယ္ေန႔ခင္းၾကကိုယ္တို႔အိမ္ကဟင္းခ်က္တဲ့အေဒၚႀကီးဟင္းဘူးေတြယူလာေပးလိမ့္မယ္ ကိုယ္သင္ျပထားတဲ့အတိုင္းတစ္ခါစာေလးေတြပန္းကန္ထဲထည့္ၿပီးေႏႊးစားေနာ္"

"ဟိုဟာေလ...စေနေန႔ကိုသူငယ္ခ်င္းေမြးေန႔ပြဲရွိလို႔မသြားရင္မေကာင္းလို႔သြားမယ္ေနာ္ ဂြၽန္"

"ညကေတာ့မေျပာဘူး အခုသြားကာနီးမွေျပာရလားbabeရာ ညႇိႏႈိင္းခ်ိန္မရေအာင္လာလုပ္ေနတာပဲ"

ေဂ်ာင္ဂုကေျပာလည္းေျပာအိတ္ေတြဆြဲကာအခန္းျပင္ထြက္ေနၿပီ။ထယ္ေယာင္းလည္းကားနားထိလိုက္ပို႔ဖို႔ထြက္လာခဲ့လိုက္သည္။ေအာက္ထပ္မွာေတာ့အိတ္ေတြသယ္ဖို႔ေဂ်ာင္ဂုတို႔အိမ္ကအကိုကေစာင့္ေနတယ္။

"အကို စေနေန႔ကိုထယ္ေယာင္းသူငယ္ခ်င္းေမြးေန႔ရွိတာသြားမလို႔တဲ့အဲ့ဒါ အကိုလိုက္ပို႔ေပးလိုက္ပါ ၉နာရီထက္ေနာက္မက်ေစနဲ႔ျပန္ေခၚခဲ့"

"ဟုတ္ကဲ့အကိုေလး စိတ္ခ်ပါ ကြၽန္ေတာ္အိတ္ေတြကားေပၚသယ္သြားလိုက္ပါ့မယ္"

"babe အဲ့အခ်ိန္ထက္ေနာက္က်လို႔မရဘူးေနာ္ အိမ္မွာက်န္ခဲ့မွာအမတစ္ေယာက္ထဲ ကိုယ္ဝန္လည္းရွိေတာ့အဲ့ထက္ေနာက္က်လို႔မရဘူးေနာ္ ကိုယ္ေျပာတာနားလည္လား"

"ဟုတ္ အဲ့အခ်ိန္ပဲျပန္ပါ့မယ္ေကာင္းေကာင္းသြားပါဂြၽန္"

ေဂ်ာင္ဂုမသြားခင္ပခုံးေလးႏွစ္ဖက္အားအသာထိန္းကိုင္ရင္းနဖူးျပင္ေပၚကိုအနမ္းေလးေပးလိုက္သည္။

"ေကာင္းေကာင္းေနခဲ့ေနာ္ babeမဟုတ္တာေတြေလွ်ာက္မလုပ္နဲ႔ အဘိုးကလာမေနလို႔တဲ့ေျပာေနတယ္ အားရင္သြားလိုက္အုံး ကိုယ္သြားၿပီ"

"အားရင္သြားမယ္ ....တာ့တာ ဂြၽန္"

ထယ္ေယာင္းကိုလက္ျပႏႈတ္ဆက္ကာကားေပၚတက္သြားေသာဂြၽန္ကိုၾကည့္ၿပီးအခုထဲကလြမ္းေနေတာ့သည္။
ခ်စ္တက္လာေအာင္လည္းသင္ေပးတယ္ လြမ္းတက္လာေအာင္လည္းသင္ေပးတယ္။
ကြၽန္ေတာ္ကခင္ဗ်ားရဲ႕ၾကယ္ေလး.....
ခင္ဗ်ားကကြၽန္ေတာ့္ရဲ႕လမင္းႀကီး.......
ခင္ဗ်ားရွိမွကြၽန္ေတာ္ကထြန္းလင္းစြာ
ေတာက္ပႏိုင္မယ္ထင္ပါရဲ႕ဗ်ာ......

Simplicity🏝
Zante💜

နဲနဲၾကာသြားပါတယ္ရွင္ ဒါေလးကိုေရးရင္ေပ်ာ္႐ႊင္ၿပီးခဏေလးနဲ႔ေရးၿပီးတယ္ မေရးျဖစ္တာကအလုပ္ကတစ္ဖက္သင္တန္းေတြနဲ႔ျဖစ္ေနလို႔ပါ......😳
အသစ္အသစ္ေတြကိုဆက္ၿပီးေရးသြားပါမယ္ရွင္ ကိုယ့္ရဲ႕ေပ်ာ္႐ႊင္ၿငိမ္းခ်မ္းရာရပ္ဝန္းေလးမွာ ခ်စ္တဲ့Readersေလးေတြနဲ႔ဆုံစည္းခြင့္ရတာကိုကတန္ဖိုးျဖတ္မရေသာအခ်ိန္ေလးေတြပါပဲ ခ်စ္ပါတယ္💜😍😘ေဝဖန္အႀကံျပဳႏိုင္ပါတယ္ေနာ္ အဲ့ဒါမွလိုအပ္ခ်က္ေတြကိုျပင္လို႔ရမွာပါ💜🙆😚

ဖတ္ေပးသူသဲေလးတစ္ေယာက္ခ်င္းစီတိုင္းကိုခ်စ္ခင္ေလးစားလွ်က္.........

Continue Reading

You'll Also Like

257K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
240K 23.4K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
625K 60K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...