ep 13

7.3K 741 65
                                    

#Unicode
ထယ်ယောင်းစာကြည့်နေရင်း
ဝရန်တာမှာဖုန်းပြောနေတဲ့ဂျွန်ကိုလှမ်းကြည့်နေမိသည်။
မနက်ကို ထယ်ယောင်းစာမေးပွဲဖြေရမှာဖြစ်သောကြောင့်စာကြည့်နေတာကိုထိုင်စောင့်ပေးပြီး ရာအင်းကိုကုပေးတဲ့ဆရာဝန်ကြီးကဖုန်းဆက်လာလို့ ဝရန်တာကိုထွက်သွားသည်။
ခဏအကြာမှာအခန်းထဲပြန်ဝင်လာသည်။

"ဘာတဲ့လဲ..ဂျွန်"

"အင်း....ဘေဘီ ရာအင်းက
အစာအိမ်ကင်ဆာစ,နေတာတော့
ဟုတ်တယ်တဲ့ အခုမှအစပဲရှိသေးတာကကံကောင်းသွားတယ်....
မနက်ဖြန်ဆေးရုံစတက်ပြီးလိုအပ်တာတွေပြင်ဆင်ပြီးတာနဲ့ ဆေးစကုမယ်တဲ့
အဲ့ဒါ ကိုယ်လိုက်တော့ပေးရအုံးမယ်"

"မနက်ဖြန် ကျွန်တော်လည်း
စာမေးပွဲဖြေရတော့မှာလေ
ဂျွန်လိုက်ပို့ လာကြိုလုပ်ပေး"

တကယ်က ကိုယ့်ပါကိုယ်
ကျောင်းကိုကားနဲ့သွားနေတာ
ဖြစ်ပေမယ့် အခုကတော့
ကျွန်တော်လည်း ကလေးဆန်ချင်နေသည်။

"မနက်ဆေးရုံသွားပြီးတာနဲ့
ကိုယ်အစည်းအဝေးရှိတယ်ဘေဘီရဲ့
ပြီးတော့ရာအင်းရဲ့စာချုပ်တွေလည်းစစ်ပေးရအုံးမယ် ဘေဘီကိုယ့်ပါကိုယ်သွားနေကြပဲ သွားလိုက်ပါနော်"

ဒါလွန်သွားပြီ။
စာအုပ်တွေပိတ်မနက်အတွက်လိုအပ်တာတွေကျောပိုးအိတ်ထဲထည့်လိုက်သည်။
ပြီးတာနဲ့အခန်းထဲကနေထွက်ပြီးဟိုဘက်အခန်းထဲဝင်အိပ်ဖို့ဆုံးဖြတ်ပြီး
ထလာလိုက်သည်။
စကားတစ်လုံးမှပြောချင်စိတ်မရှိတော့။

"ဘေဘီ ဘေဘီခဏနေပါအုံး
လာပါအုံးအဲ့ဒါဘယ်သွားမလို့လဲ"

"ဟိုဘက်အခန်းသွားတော့မှာ
ကျွန်တော့်အတွက်အဲ့လို
အချိန်ပေးဘူးလား.....
ကျောင်းကိုတစ်ခါပဲလိုက်ပို့ပေးဖူးပြီးအတွင်းရေးမှူးနဲ့ပဲပစ်ထားတာ
ရာအင်းကြတော့ အစစအရာရာဂရုစိုက်ပေးနေတာ"

ပြောပြီးတာနဲ့မျက်ရည်တွေကြလာပြီးအသံမထွက်ဘဲငြိမ်နေသည်။
အရမ်းဝမ်းနည်းသွားတယ်ထင်ပါရဲ့။
အခုကတကယ်မအားတဲ့ရက်တွေဖြစ်နေတာ။
အလုပ်တွေရှုပ်နေပေမယ့်
ရာအင်းဆေးရုံတက်မှာကြတော့
အားငယ်နေမှာစိုးလို့လိုက်သွားပြီး
အားပေးချင်လို့အချိန်ပေးလိုက်တာ။
ဘေဘီကျောင်းပို့ဖို့ကြတော့
သူ့ဘာသူလည်းကားမောင်းသွားနေကြဖြစ်လို့ပြောလိုက်မိတာ။
အခုတော့သူ့ကလေးလေးက
သူ့ကိုဂရုမစိုက်ဘူးထင်နေပုံရသည်။
သို့ပေမယ့်လည်း လိုက်ပို့ဖို့အချိန်က
လုံးဝမရှိ။

 Simplicity of love √Completed √Where stories live. Discover now