ep 12

7.2K 756 21
                                    

#Unicode
ဂျောင်ဂု သူပိုင်တဲ့ကုန်တိုက်ကိုသွား
ပြီးပစ္စည်းအသစ်ရောက်တာတွေ
ကြည့်ရမှာဖြစ်လို့
ရုံးခန်းထဲကထွက်တော့တံခါးရှေ့မှာရပ်နေသူက ရာအင်း။
ဂါဝန်အနက်ရောင်လေးကို
ဝတ်ထားပြီးအထက်တန်းကြကာ
လှပနေသည်။

"ငါပါ နင့်ကိုပြောစရာလည်းရှိတယ်
အကူအညီတောင်းစရာလည်းရှိလို့"

မမြင်ရတာကြာနေပြီဖြစ်သောကြောင့်
အံ့ဩသွားချင်းမှလွဲလို့ဂျောင်ဂုစိတ်ထဲဘာမှမခံစားရ။

"လာအထဲဝင် အချိန်အကြာကြီးတော့
မရဘူး ငါအပြင်သွားစရာရှိတယ်"

ဂျောင်ဂုလည်းရုံးခန်းထဲထိုင်ဖို့ခေါ်လိုက်သည်။
ဘာပဲပြောပြောငယ်သူငယ်ချင်း
သံယောဇဉ်ကရှိသေးတာပဲလေ။

"ငါကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်နေတယ်
အဲ့ဒါကလည်းအောင်မြင်နေတယ်
အခုငါ့အလုပ်တွေကိုနင်ခဏကြည့်ရှုပေးဖို့လိုအပ်လာလို့...."

"ငါမအားဘူးရာအင်း....
ငါ့အလုပ်တွေနဲ့ငါနိုင်ရုံပဲရှိတာ"

ရာအင်းသိလိုက်တာတစ်ခုက
သူနဲ့ဂျောင်ဂုကအတော်ကို
အေးစက်သွားတဲ့ဆက်ဆံရေး
ဆိုတာကိုပဲ။

"နင်မလုပ်ပေးလို့မရဘူး ဂျောင်ဂု....
ငါအစာအိမ်ကင်ဆာဖြစ်နေလားမသိဘူး အဲ့လက္ခဏာပြနေတယ်လို့တော့
ပါရဂူကြီးတွေကပြောတယ်
အခုချိန်စကုရင်တော့ဆေးနိုင်ရင်
သက်သာမယ်ပြောတာပဲ"

"ဘာ!..."

ဂျောင်ဂုအံ့အားသင့်သွားရသည်။
အမြဲတမ်းသွက်လက်ချက်ချာနေတဲ့
ကောင်မလေးက ကင်ဆာတဲ့လား။

"ငါဆေးကုချင်လို့ပါ.. မေမေတို့စိတ်ပူမှာစိုးလို့ပြောမထွက်ဘူးဟာ....
ငါတိတ်တဆိတ်ဆေးကုမှာ"

မျက်ရည်တွေဝဲပြီး
နှုတ်ခမ်းတွေတုန်နေပုံအရ
တော်ရုံမဟုတ်ဘူးဆိုတာ
ဂျောင်ဂုသိလိုက်ရသည်။

"အေးပါနင်အေးဆေး ကုပါ....
ငါကြည့်ပေးမယ်နင့်အလုပ်တွေကို
သက်သာလာမှာပါ... အဆင်ပြေသွားမှာနင်ကသိပ်ကို
တော်တာကြောင့်လေ"

ရာအင်းမျက်ရည်တွေစီးကျလာသည်။
အလုပ်အကိုင်နဲ့ရာထူးပညာကိုမက်ပြီး
ဂျောင်ဂုကိုအဆက်အသွယ်ဖျက်ခဲ့တာ။
သူမကလူအများနဲ့ရင်ဘောင်တန်းအလုပ်လုပ်ပြီး အောင်မြင်ကြော်ကြားတာကို
အရမ်းသဘောကြသည်။
တကယ်ကိုအရမ်းကြိုးစားခဲ့သည်။
နိုင်ငံခြားမှာကျောင်းတက်ပြီး
အတွေ့အကြုံရအောင်အလုပ်တွေ
ဝင်လုပ်ခဲ့တယ်။
စားချိန်မမှန် အိပ်ချိန်မမှန်နဲ့
အခုတော့ရောဂါကစလာပြီ။

 Simplicity of love √Completed √Where stories live. Discover now