ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄�...

By Hinata_Chi

1.1M 143K 5.7K

လျှပ်စစ်မီးတောင် မရတဲ့ ဒီဒေသလေးမှာ မင်းနဲ့ အတူရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင် ကိုယ့်ကမ္ဘာငယ်က ပြည့်စုံနေပြီ။ လၽွ... More

INTRO
Page 1
Page 2
Page 3
Page 4
Page 5
Page 6
Page 7
Page 8
NOTE
Page 9
Page 11
Page 12
Page 13
Page 14
Page 15
Page 16
Page 17
Page 18
Page 19
Page 20
Page 21
Page 22
Page 23
Page 24
Page 25
Page 26
Page 27
Page 28
Page 29
Page 30
Page 31
Page 32
Page 33
Page 34
Page 35
Page 36
Page 37
Page 38
Page 39
Page 40 🌱
Page 41 🌱
Page 42 🌱
Page 43 🌱
Page 44 : FINAL 🌱
Note 🍀
EXTRA 1
EXTRA 2
EXTRA 3
EXTRA 4 🌲
EXTRA 5
EXTRA 6
🌱
About Book 🌱

Page 10

21.9K 3K 93
By Hinata_Chi

ညနက်လာသည်နှင့် အချမ်းဓာတ်က ပို၍ တိုးလာသည်။ ည၏ အအေးဒဏ်ကြောင့် အိပ်မပျော်ခြင်းထက် သူ၏ မျက်စိရှေ့၌ ချမ်းတုန်နေသော ကောင်လေးကြောင့်
မိုင်စိုင်း အိပ်၍ မပျော်နိုင်ခြင်းက ပို၍ မှန်လိမ့်မည်။ ငြိမ်ငြိမ်လေး ကွေးနေရာမှ ခိုက်ခိုက်တုန်လာသော ကောင်လေးကြောင့် မိုင်စိုင်းမှာ ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်သွားရ၏။ သူဖျားနာစဉ်တုန်းကတော့ မိသားစု၏ ဂရုတစိုက် နွေးထွေးမှုကို ခံရသော်ငြား ထိုကောင်လေး၏ ဘေး၌တော့ မိုင်စိုင်းတစ်ယောက်တည်းသာ ရှိနေသည်။

အိမ်မပျော်သည့်ညဖြစ်၍ နာရီသံ တဂျောက်ဂျောက်နှင့်အတူ ပုရစ်သံတို့သည် အကြားအာရုံ၌ ကျယ်ကျယ်လောင်လောင် ဖြစ်နေ၏။ အဖြူရောင် ဆံနွယ်တို့ကြားမှ တစ်စွန်းတစ်စ ပေါ်နေသော ကုပ်သားဖွေးဖွေးတို့ပေါ်၌ မက်ကလောင် ခြစ်ထားခြင်းကြောင့် အသားဖွေးဖွေးတို့မှာ နီညိုရောင်ဘက်သို့ ပြောင်းလုနီးပါပင် ဖြစ်နေချေပြီ။

မျက်စိရှေ့ရှိ ချမ်းတုန်နေသော ကောင်လေးကြောင့် မိမိကိုယ်ပေါ်၌
ခြုံထားသည့် စောင်ကို မိုင်စိုင်းယူကာ ခေါင်လွမ်း၏ အနားသိုု့တိုး၍ အနွေးဓာတ် ပိုစေရန် လွှမ်းခြုံပေးလိုက်သည်။ ကချင်ပြည်နယ်၏ ဆောင်းရာသီသည် မြေပြန့်သားဖြစ်သည့် မိုင်စိုင်းကိုတော့ အငြိုးဖြင့် နှိပ်စက်နေသလားဟုပင် ထင်ရ၏။ စောင်ကို ခေါင်လွမ်း တစ်ကိုယ်လုံး လုံအောင် ခြုံပေးကာ အနွေးဓာတ် ပိုလို့တိုးစေရန် မိုင်စိုင်းပါ ဘေး၌ လဲှ၍ အိပ်လိုက်တော့၏။

စောင်လွတ်နေသောကြောင့် မိုင်စိုင်း၏ ကျောပြင်မှာ လေပြည်အေးတို့၏ တိုက်ခိုက်မှုကို ခိုက်ခိုက်တုန်နေအောင် ခံစားနေရသည်။
သို့သော် ထိုအရာတို့ကို စိတ်ထဲ၌ ထားမည့်အစား ဘုရားဂုဏ်တော်တို့ကိုသာ အာရုံစိုက်၍
ပွားများနေလိုက်တော့သည်။ ခေါင်လွမ်း၏ ကျောပြင်လေးကို အသာအယာ ပုတ်ပေးရင်း
သူမှတ်သားခဲ့မိသမျှ ဘုရားစာတို့ကိုသာ
အဆက်မပြတ် ရွတ်ပေးနေမိတော့သည်။

တဖြည်းဖြည်း ငြိမ်သက်သွားကာ အသက်ရှုသံမှန်မှန်ဖြင့် အိပ်ပျော်သွားသော ကောင်လေးကို မြင်လိုက်ရသည့် အချိန်မှ မိုင်စိုင်းသည်လည်း စိတ်တုံးတုံးချနိုင်သွားကာ အိပ်ပျော်နိုင်တော့သည်။ ရတနာသုံးပါးကို ဦးထိပ်ထား၍ အလုံးစုံသော အနွေးဓာတ်တို့ဖြင့် ထိုကောင်လေး နွေးထွေး လုံခြုံပါစေသား။

---- ---- ----
ယနေ့နိုးထလာရခြင်းသည် ခေါင်လွမ်းအတွက်တော့ သာမန် နိုးထလာရသည့် နေ့ရက်များနှင့်မတူဘဲ နွေးထွေးမှု အသိုက်အမြုံလေးထဲ၌ ရောက်နေသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူနိုးနေသည်တိုင် မျက်လုံးလေးများကို မဖွင့်ရဲသေး။

သူ့ထံမှ အနူးထွက်သွားစဉ်တည်းက ပျောက်ဆုံးခဲ့ရသည့် အနွေးထုထည်လေးသည် ယခုတော့ ပြန်လည် ရောက်ရှိလာသလို ခံစားလိုက်ရ၏။ သူ၏ မျက်လုံးလေးတွေကို ဖွင့်လိုက်လျှင် ထိုထုထည်မှာ ဖမ်းဆုပ်၍ မရအောင် ပျောက်ကွယ်သွားမှာကို ခေါင်လွမ်း ကြောက်မိ၏။ သို့ပေမဲ့ သူ၏ မသိစိတ်ကလည်း ထိုအနွေးဓာတ်ကို အတည်ပြုရန် တိုက်တွန်းနေပြန်တော့ မျက်လုံးလေးများက ပွင့်လာတော့သည်။

မျက်နှာရှေ့မှ အနွေးဓာတ်၏ ဝင်လေ၊ထွက်လေ သဲ့သဲ့သည် ခေါင်လွမ်း၏ မျက်နှာသို့ပင် လာရောက် ရိုက်ခတ်နေ၏။ အမြဲပြုံးရောင်သန်းနေသည့် အနွေးဓာတ်၏ မျက်နှာသည် အိပ်မောကျနေသည့် အချိန်၌တော့ နှုတ်ခမ်းတွေသည် တတန်းတည်းဖြစ်ကာ တည်တံ့နေသည်။ အသားအရောင်တို့ကလည်း သူ့လို ဖြူဆွတ်မနေ။ မဖြူလွန်း မညိုလွန်းဖြစ်သည့်  ထိုအသားအရောင်တို့သည် ခေါင်လွမ်းအတွက်တော့ အမြဲတမ်း ပိုင်ဆိုင်ချင်မိသည့် အရာပင်။ အိပ်ရာထဖို့ပင် မေ့လျော့နေလောက်သည်အထိ မျက်စိရှေ့မှ သူစိမ်းလူ၏ ရုပ်ရည်သွင်ပြင်ကို ခေါင်လွမ်းတစ်ယောက် အကြာကြီး အကဲခတ်နေမိသည်။

သို့သော် ခဏကြာတော့ ထိုလူ၏ မျက်လုံးတွေသည် လှုပ်ရှားလာ၏။
ထိုအခါမှ ခေါင်လွမ်းလည်း မိမိ၏
ခန္ဓာကိုယ်ကို သိုင်းဖက်ထားသော လက်မောင်းတွေ ထံမှ ရုန်းထွက်ရန် ပြင်ရတော့၏။ သူ၏ လှုပ်ရှားမှုကြောင့် တစ်ဖက်လူ လန့်နိုးသွားသည်ကို မြင်လိုက်ရသောအခါ ခေါင်လွမ်း၏ စိတ်ထဲ၌ အားနာမှုသည် ကြီးစိုးသွားတော့၏။

"ခေါင်လွမ်း ညီလေး မင်းအဖျားကျသွားပြီလား"

မိုင်စိုင်းသည် အမေးနှင့်အတူ ခေါင်လွမ်း၏ ဆံပင်လေးများကို သပ်တင်ကာ နဖူးကို စမ်းမိလျက်သားပင်။ သူ့ကြောင့် နိုးသွားရသည့်အတွက် စိတ်ဆိုးသွားမည်ဟု ခေါင်လွမ်း ထင်ခဲ့သောွလည်း အထင်နှင့်လွဲမှားစွာ ထိုလူသည် သူ့ကို စိတ်ပူနေဆဲပင်။

"တော်ပါသေးတယ်။ ညက အဖျားတွေ တက်နေလို့ အစ်ကို စိတ်ပူနေတာ။ မနက်စာစားပြီးရင် ဆေးကို နောက်တစ်ကြိမ် ထပ်သောက်ရမယ်နော်။ မျက်နှာ
မသစ်ရသေးဘူးမလား။ ဒီမှာနေဦး။ အစ်ကို တဘက်ကို ရေသွားစွတ်လိုက်ဦးမယ်"

မိုင်စိုင်း၏ အမေးကို ခေါင်လွမ်းခမျာ တစ်ခွန်းမျှပင် မဖြေလိုက်ရ။ သူ့ဘာသာ တစ်ယောက်တည်း အမေးအဖြေလုပ်ကာ ထွက်သွားသော ထိုသူ့ကို ကြည့်ရင်း
ခေါင်လွမ်း ပြုံးလိုက်မိပါ၏။ အနွေးဓာတ် လိုအပ်နေသည့် ခေါင်လွမ်းအဖို့ ထိုမျှလောက်သော ဂရုစိုက်မှုသည်ပင်
ပျော်ရွှင်ဖို့အတွက် လုံလောက်နေပါပြီ။
_____

အိမ်ရှေ့၌ရှိသော စဥ့်အိုးကြီးထဲမှ ရေအေးများသည် မိုင်စိုင်း၏ အိပ်ချင်စိတ်ကို အစခေါ်၍မရအောင်ပင် လုပ်ပစ်နိုင်၏။ ထိုရေအေးတို့နှင် မျက်နှာသစ်ခြင်း၊ ပလုတ်ကျင်းခြင်း အမှုတို့ ပြီးသွားသည်နှင့် တစ်ပြိုင်နက် မေးရိုးများပင် ရိုက်မိကာ တစ်ကိုယ်လုံး ချမ်းတုန်လာတော့သည်။ ဒီဇင်ဘာလ၏ အစပိုင်းထဲသို့ ရောက်နေပြီဖြစ်၍ အအေးဓာတ်က ပိုကဲလာသည်။ ပါးစပ်မှ လေမှုတ်ထုတ်လိုက်တိုင်း အငွေ့များ ထွက်လာသည်က ကိုရီးယား ဒရမ်မာများထဲမှ အတိုင်းပင် ဖြစ်နေသေးပါသည်။

တဘက်ကို ရေစွတ်၍ အိမ်ပေါ်ပြန်တက်တော့ ခေါင်လွမ်းသည် မိုင်စိုင်း ထားခဲ့သည့်အတိုင်း
ကွေးကွေးလေးထိုင်နေ၏။ ခေါင်လွမ်း၏ မျက်နှာကို တဘက်နှင့် သုတ်ပေးရန် ပြင်တော့ ထိုကောင်လေးသည် လက်မခံ။ တဘက်ကို ဆွဲယူ၍ ပြင်သည်။ သို့သော်လည်း မိုင်စိုင် အယူမခံ။ ခေါင်လွမ်းကို စနောက်ချင်သောကြောင့် မျက်နှာလေးထံ အတင်းသုတ်ပေးတော့၏။ မိသားစု၌ အငယ်ဆုံးဖြစ်သည့် မိုင်စိုင်းသည် သူ၏ အကိုကြီး ဖြစ်ချင်နေသော အိပ်မက်ကို ခေါင်လွမ်းနှင့်တွေ့မှ လက်တွေ့အကောင်အထည် ဖော်ခွင့်ရနေတော့၏။

သူ၏ မျက်စိရှေ့၌ရှိသော ဝါဂွမ်းလေးလို တစ်ကိုယ်လုံး ဖြူဆွတ်နေသည့်
ကောင်လေးသည် မိုင်စိုင်းအတွက်တော့ ညီငယ်လေးသဖွယ် ချစ်စရာကောင်းလွန်းလှသည်။

---- -----

မီးမွှေး၍ အဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် ရေနွေးအိုးကို ကြိုရန် မီးဖိုပေါ်သို့ တင်လိုက်သည်။ သည်အိမ်လေးဆီသို့ ရောက်ရှိနေသည်မှာ သုံးရက်ခန့် ကြာမြင့်နေပြီဖြစ်၍ အိမ်မှုကိစ္စ အချို့ကို မိုင်စိုင်း တစ်ယောက် ကောင်းစွာ လုပ်တတ်ကိုင်တတ် နေပြီ ဖြစ်၏။ ကျော်နေသာခမျာလည်း ကျောင်းသွားရသည့် အတွက် ညအိပ်စောင့်ဖို့ရန် အဆင်မပြေ။ ထို့ကြောင့် အလုပ်မရှိသည့် မိုင်စိုင်းကပဲ အကိုကြီး တာဝန်ကို လွှဲပြောင်းယူလိုက်တော့သည်။

ရေနွေးအိုးဆူလာသည်နှင့်ကော်ဖီမှုန့် အဆင်သင့် ထည့်ထားသော ဝါးခွက်ငယ်လေးများထံ လောင်းထည့်လိုက်တော့သည်။ မီးဖိုချောင်းမှ အိမ်ရှေ့သို့ ပြန်ထွက်လာတော့ ခေါင်လွမ်းသည် အဘွားနှင့် စကားပြောနေပုံရသည်။ အဘွားထံ ကော်ဖီခွက်လေးနှင့် မုန့်ကို ကမ်းပေးလိုက်တော့ အပြုံးချိုချိုလေးကို လက်ခံ ရရှိလိုက်၏။ အဘွားသည် စောနလေးမှ မျက်နှာသစ်ထားသည်ထင်။ မျက်နှာ၌ ရေစက်လေးများပင် တင်ကျန်နေသေးသည်။

"အဒွိက ကျေးဇူးတင်တယ်တဲ့"

ခေါင်လွမ်း၏ လေသံတိုးတိုးလေးသည် ဖြည်းဖြည်းချင်းသာ ထွက်လာ၏။ ထိုစကားသည် သည်အိမ်လေးဆီ မိုင်စိုင်း ရောက်နေသည့် သုံးရက်တာဟူသော ကာလအတွင်း၌ ခေါင်လွမ်းဆီမှ ပထမဦးဆုံး ကြားရသည့်စကား။

ကျေးဇူးတင်မှုကို အသိအမှတ်ပြုကြောင့် ပြသသည့် အနေနှင့် အဘွားထံ မိုင်စိုင်း ပြုံးပြရင် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် အဘွား၏ ခြေရင်းနားလေး၌ ထိုင်နေသည့် ခေါင်လွမ်း၏ အနားသို့ သွားထိုင်လိုက်တော့သည်။

"ဒီမှာ ကော်ဖီ ရော့။ အဘွားက အစ်ကို့ကို ကျေးဇူးတင်တယ်ဆိုတော့ ညီလေးကရော"

သူ၏ အမေးစကားကြောင့် အူကြောင်ကြား ပုံစံလေးဖြင့် ပြန်ကြည့်လာသော ခေါင်လွမ်းကြောင့် မိုင်စိုင်းမှာ ရယ်ချင်မိသွား၏။

"ကျေးဇူးပဲ"

လေကို ငွေပေး၍ ဝယ်ထားသလားဟုပင် ထင်ရသည်အထိ ထိုကောင်လေးသည်
စကားကို လိုတာထက် ဘယ်သောအခါမျှ ပိုမပြော။

"စကားနဲ့ပဲ ပြောလို့မရဘူး။.ကျေးဇူးတင်တယ် ဆိုရင် အကိုစ်ကို ဘာပေးမှာလဲ"

ဘေးနားမှ ဝါဂွမ်းလုံးလေးကို ကြည့်ရင် မိုင်စိုင်း
ပိုပို၍ စနောက်ချင်လာသည်။ သူ့ဘက်မှသာ စကားတွေ အဆက်မပြတ် ပြောနေရပေမဲ့ ထိုဂွမ်းလုံးကတော့ ကော်ဖီကိုသာ သဲကြီးမဲကြီး သောက်နေ၏။

"အကို ပြောတာကို မကြားချင်ယောင်ဆောင်နေတာလား။
ဟေ့ ဂွမ်း...."

ဂွမ်းလုံးဆိုပြီး ထွက်သွားတော့မည့်ဆဲဆဲမှ မိုင်စိုင်း အရှိန်သတ်လိုက်ရသည်။

"ပိုက်ဆံမရှိဘူး"

"ဒါဆို ဟိုခွေးလေးကို ပေးလေ။ အဆင်ပြေလား"
သူ့စကားကြောင့် ခေါင်လွမ်း၏ မျက်မှောင်လေးများက
ကြုတ်သွားသည်။

"မပေးဘူး"

ထိုသို့ပြောပြီးပြီးချင်း မိုင်စိုင်း၏ ဘေးမှ
ဆတ်ခနဲ ထကာ အိမ်ထောင့်နားလေး၌ ကွေးနေသည့် ခွေးဖြူလေးကို ကောက်ချီ၍ ရင်ခွင်ထဲသို့ ထည့်လိုက်သည့် ခေါင်လွမ်းကြောင့် မိုင်စိုင်း ရယ်မိသွားတော့၏။

ပန်နန်းဒင်ဆိုတဲ့ အရပ်မှာ စိတ်ဝင်စားစရာ
အကောင်းဆုံးအရာက ဘာလဲလို့ မေးလာခဲ့ရင်
အဖြူရောင် ဆံနွယ်တွေရှိတဲ့ ဝါဂွမ်းဖြူလေးလို့
မိုင်စိုင်းကတော့ ဖြေမိမှာပဲ။

#10.10.2020

ညနက္လာသည္ႏွင့္ အခ်မ္းဓာတ္က ပို၍ တိုးလာသည္။ ည၏ အေအးဒဏ္ေၾကာင့္ အိပ္မေပ်ာ္ျခင္းထက္ သူ၏ မ်က္စိေရွ႕၌ ခ်မ္းတုန္ေနေသာ ေကာင္ေလးေၾကာင့္
မိုင္စိုင္း အိပ္၍ မေပ်ာ္ႏိုင္ျခင္းက ပို၍ မွန္လိမ့္မည္။
ၿငိမ္ၿငိမ္ေလး ေကြးေနရာမွ ခိုက္ခိုက္တုန္လာေသာ ေကာင္ေလးေၾကာင့္ မိုင္စိုင္းမွာ ေျခမကိုင္မိ၊လက္မကိုင္မိ ျဖစ္သြားရ၏။ သူဖ်ားနာစဥ္တုန္းကေတာ့ မိသားစု၏
ဂရုတစိုက္ ေႏြးေထြးမႈကို ခံရေသာ္ျငား ထိုေကာင္ေလး၏ ေဘး၌ေတာ့ မိုင္စိုင္းတစ္ေယာက္တည္းသာ ရွိေနသည္။

အိမ္မေပ်ာ္သည့္ညျဖစ္၍ နာရီသံ တေဂ်ာက္ေဂ်ာက္ႏွင့္အတူ ပုရစ္သံတို႔သည္ အၾကားအာရံု၌ က်ယ္က်ယ္ေလာင္ေလာင္ ျဖစ္ေန၏။ အျဖဴေရာင္ ဆံႏြယ္တို႔ၾကားမွ တစ္စြန္းတစ္စ ေပၚေနေသာ ကုပ္သားေဖြးေဖြးတို႔ေပၚ၌ မက္ကေလာင္ ျခစ္ထားျခင္းေၾကာင့္ အသားေဖြးေဖြးတို႔မွာ နီညိဳေရာင္ဘက္သို႔ ေျပာင္းလုနီးပါပင္ ျဖစ္ေနေခ်ၿပီ။

မ်က္စိေရွ႕ရွိ ခ်မ္းတုန္ေနေသာ ေကာင္ေလးေၾကာင့္ မိမိကိုယ္ေပၚ၌ ျခံဳထားသည့္ ေစာင္ကို မိုင္စိုင္းယူကာ ေခါင္လြမ္း၏ အနားသိုု႔တိုး၍ အေႏြးဓာတ္ပိုေစရန္ လႊမ္းျခံဳေပးလိုက္သည္။ ကခ်င္ျပည္နယ္၏ ေဆာင္းရာသီသည္ ေျမျပန္႔သားျဖစ္သည့္ မိုင္စိုင္းကိုေတာ့ အၿငိဳးျဖင့္ ႏွိပ္စက္ေနသလားဟုပင္ ထင္ရ၏။ ေစာင္ကို ေခါင္လြမ္း တစ္ကိုယ္လံုး လံုေအာင္ ျခံဳေပးကာ အေႏြးဓာတ္ ပိုလို႔တိုးေစရန္ မိုင္စိုင္းပါ ေဘး၌ လဲွ၍ အိပ္လိုက္ေတာ့၏။

ေစာင္လြတ္ေနေသာေၾကာင့္ မိုင္စိုင္း၏ ေက်ာျပင္မွာ
ေလျပည္ေအးတို႔၏ တိုက္ခိုက္မႈကို ခိုက္ခိုက္တုန္ေနေအာင္ ခံစားေနရသည္။ သို႔ေသာ္ ထိုအရာတို႔ကို စိတ္ထဲ၌ ထားမည့္အစား ဘုရားဂုဏ္ေတာ္တို႔ကိုသာ အာရံုစိုက္၍
ပြားမ်ားေနလိုက္ေတာ့သည္။ ေခါင္လြမ္း၏ ေက်ာျပင္ေလးကို အသာအယာ ပုတ္ေပးရင္း
သူမွတ္သားခဲ့မိသမၽွ ဘုရားစာတို႔ကိုသာ
အဆက္မျပတ္ ရြတ္ေပးေနမိေတာ့သည္။

တျဖည္းျဖည္း ၿငိမ္သက္သြားကာ အသက္ရႈသံမွန္မွန္ျဖင့္ အိပ္ေပ်ာ္သြားေသာ ေကာင္ေလးကို ျမင္လိုက္ရသည့္ အခ်ိန္မွ မိုင္စိုင္းသည္လည္း စိတ္တံုးတံုးခ်ႏိုင္သြားကာ အိပ္ေပ်ာ္ႏိုင္ေတာ့သည္။ ရတနာသံုးပါးကို ဦးထိပ္ထား၍ အလံုးစံုေသာ အေႏြးဓာတ္တို႔ျဖင့္ ထိုေကာင္ေလး
ေႏြးေထြး လံုျခံဳပါေစသား။

---- ---- ----
ယေန႔ႏိုးထလာရျခင္းသည္ ေခါင္လြမ္းအတြက္ေတာ့
သာမန္ႏိုးထလာရသည့္ ေန႔ရက္မ်ားႏွင့္မတူဘဲ ေႏြးေထြးမႈ အသိုက္အျမံဳေလးထဲ၌ ေရာက္ေနသလို ခံစားလိုက္ရသည္။ ထို႔ေၾကာင့္ သူႏိုးေနသည္တိုင္ မ်က္လံုးေလးမ်ားကို မဖြင့္ရဲေသး။

သူ႔ထံမွ အႏူးထြက္သြားစဥ္တည္းက ေပ်ာက္ဆံုးခဲ့ရသည့္ အေႏြးထုထည္ေလးသည္ ယခုေတာ့ ျပန္လည္ ေရာက္ရွိလာသလို ခံစားလိုက္ရ၏။ သူ၏ မ်က္လံုးေလးေတြကို ဖြင့္လိုက္လၽွင္ ထိုထုထည္မွာ ဖမ္းဆုပ္၍ မရေအာင္ ေပ်ာက္ကြယ္သြားမွာကို ေခါင္လြမ္း ေၾကာက္မိ၏။ သို႔ေပမဲ့ သူ၏ မသိစိတ္ကလည္း ထိုအေႏြးဓာတ္ကို အတည္ျပဳရန္ တိုက္တြန္းေနျပန္ေတာ့ မ်က္လံုးေလးမ်ားက ပြင့္လာေတာ့သည္။

မ်က္ႏွာေရွ႕မွ အေႏြးဓာတ္၏ ဝင္ေလ၊ထြက္ေလ သဲ့သဲ့သည္ ေခါင္လြမ္း၏ မ်က္ႏွာသို႔ပင္ လာေရာက္ ရိုက္ခတ္ေန၏။ အျမဲျပံဳးေရာင္သန္းေနသည့္ အေႏြးဓာတ္၏ မ်က္ႏွာသည္ အိပ္ေမာက်ေနသည့္ အခ်ိန္၌ေတာ့ ႏႈတ္ခမ္းေတြသည္ တတန္းတည္းျဖစ္ကာ တည္တံ့ေနသည္။ အသားအေရာင္တို႔ကလည္း သူ႔လို ျဖဴဆြတ္မေန။ မျဖဴလြန္း မညိဳလြန္းျဖစ္သည့္  ထိုအသားအေရာင္တို႔သည္ ေခါင္လြမ္းအတြက္ေတာ့ အျမဲတမ္း ပိုင္ဆိုင္ခ်င္မိသည့္ အရာပင္။ အိပ္ရာထဖို႔ပင္ ေမ့ေလ်ာ့ေနေလာက္သည္အထိ မ်က္စိေရွ႕မွ သူစိမ္းလူ၏ ရုပ္ရည္သြင္ျပင္ကို ေခါင္လြမ္းတစ္ေယာက္ အၾကာႀကီး အကဲခတ္ေနမိသည္။

သို႔ေသာ္ ခဏၾကာေတာ့ ထိုလူ၏ မ်က္လံုးေတြသည္ လႈပ္ရွားလာ၏။ ထိုအခါမွ ေခါင္လြမ္းလည္း မိမိ၏ ခနၶာကိုယ္ကို သိုင္းဖက္ထားေသာ လက္ေမာင္းေတြ ထံမွ ရုန္းထြက္ရန္ ျပင္ရေတာ့၏။ သူ၏ လႈပ္ရွားမႈေၾကာင့္ တစ္ဖက္လူ လန္႔ႏိုးသြားသည္ကို ျမင္လိုက္ရေသာအခါ ေခါင္လြမ္း၏ စိတ္ထဲ၌ အားနာမႈသည္ ႀကီးစိုးသြားေတာ့၏။

"ေခါင္လြမ္း ညီေလး မင္းအဖ်ားက်သြားၿပီလား"

မိုင္စိုင္းသည္ အေမးႏွင့္အတူ ေခါင္လြမ္း၏ ဆံပင္ေလးမ်ားကို သပ္တင္ကာ နဖူးကို စမ္းမိလ်က္သားပင္။ သူ႔ေၾကာင့္ ႏိုးသြားရသည့္အတြက္ စိတ္ဆိုးသြားမည္ဟု ေခါင္လြမ္း ထင္ခဲ့ေသာြလည္း အထင္ႏွင့္လြဲမွားစြာ ထိုလူသည္ သူ႔ကို စိတ္ပူေနဆဲပင္။

"ေတာ္ပါေသးတယ္။ ညက အဖ်ားေတြ တက္ေနလို႔ အစ္ကုိ စိတ္ပူေနတာ။ မနက္စာစားၿပီးရင္
ေဆးကို ေနာက္တစ္ႀကိမ္ ထပ္ေသာက္ရမယ္ေနာ္။ မ်က္ႏွာ
မသစ္ရေသးဘူးမလား။ ဒီမွာေနဦး။ အစ္ကို တဘက္ကို
ေရသြားစြတ္လိုက္ဦးမယ္"

မိုင္စိုင္း၏ အေမးကို ေခါင္လြမ္းခမ်ာ တစ္ခြန္းမၽွပင္ မေျဖလိုက္ရ။ သူ႔ဘာသာ တစ္ေယာက္တည္း အေမးအေျဖလုပ္ကာ ထြက္သြားေသာ ထိုသူ႔ကို ၾကည့္ရင္း
ေခါင္လြမ္း ျပံဳးလိုက္မိပါ၏။ အေႏြးဓာတ္ လိုအပ္ေနသည့္ ေခါင္လြမ္းအဖို႔ ထိုမၽွေလာက္ေသာ ဂရုစိုက္မႈသည္ပင္
ေပ်ာ္ရႊင္ဖို႔အတြက္ လံုေလာက္ေနပါၿပီ။
_____

အိမ္ေရွ႕၌ရွိေသာ စဥ္႕အိုးႀကီးထဲမွ ေရေအးမ်ားသည္
မိုင္စိုင္း၏ အိပ္ခ်င္စိတ္ကို အစေခၚ၍မရေအာင္ပင္ လုပ္ပစ္ႏိုင္၏။ ထိုေရေအးတို႔ႏွင္ မ်က္ႏွာသစ္ျခင္း၊ ပလုတ္က်င္းျခင္း အမႈတို႔ ၿပီးသြားသည္ႏွင့္ တစ္ၿပိဳင္နက္ ေမးရိုးမ်ားပင္ ရိုက္မိကာ တစ္ကိုယ္လံုး ခ်မ္းတုန္လာေတာ့သည္။ ဒီဇင္ဘာလ၏ အစပိုင္းထဲသို႔ ေရာက္ေနျပီျဖစ္၍ အေအးဓာတ္က ပိုကဲလာသည္။ ပါးစပ္မွ ေလမႈတ္ထုတ္လိုက္တိုင္း အေငြ႕မ်ား ထြက္လာသည္က ကိုရီးယား ဒရမ္မာမ်ားထဲမွ အတိုင္းပင္ ျဖစ္ေနေသးပါသည္။

တဘက္ကို ေရစြတ္၍ အိမ္ေပၚျပန္တက္ေတာ့ ေခါင္လြမ္းသည္ မိုင္စိုင္း ထားခဲ့သည့္အတိုင္း
ေကြးေကြးေလးထိုင္ေန၏။ ေခါင္လြမ္း၏ မ်က္ႏွာကို တဘက္ႏွင့္ သုတ္ေပးရန္ ျပင္ေတာ့ ထိုေကာင္ေလးသည္ လက္မခံ။ တဘက္ကို ဆြဲယူ၍ ျပင္သည္။ သို႔ေသာ္လည္း မိုင္စိုင္ အယူမခံ။ ေခါင္လြမ္းကို စေနာက္ခ်င္ေသာေၾကာင့္ မ်က္ႏွာေလးထံ အတင္းသုတ္ေပးေတာ့၏။ မိသားစု၌ အငယ္ဆံုးျဖစ္သည့္ မိုင္စိုင္းသည္ သူ၏ အကိုႀကီး ျဖစ္ခ်င္ေနေသာ အိပ္မက္ကို ေခါင္လြမ္းႏွင့္ေတြ႕မွ လက္ေတြ႕အေကာင္အထည္ ေဖာ္ခြင့္ရေနေတာ့၏။

သူ၏ မ်က္စိေရွ႕၌ရွိေသာ ဝါဂြမ္းေလးလို တစ္ကိုယ္လံုး ျဖဴဆြတ္ေနသည့္ ေကာင္ေလးသည္ မိုင္စိုင္းအတြက္ေတာ့ ညီငယ္ေလးသဖြယ္ ခ်စ္စရာေကာင္းလြန္းလွသည္။

---- -----

မီးေမႊး၍ အဆင္သင့္ျဖစ္သည္ႏွင့္ တစ္ၿပိဳင္နက္ ေရေႏြးအိုးကို ႀကိဳရန္ မီးဖိုေပၚသို႔ တင္လိုက္သည္။ သည္အိမ္ေလးဆီသို႔ ေရာက္ရွိေနသည္မွာ သံုးရက္ခန္႔ ၾကာျမင့္ေနၿပီျဖစ္၍ အိမ္မႈကိစၥ အခ်ိဳ႕ကို မိုင္စိုင္း တစ္ေယာက္ ေကာင္းစြာ လုပ္တတ္ကိုင္တတ္ ေနၿပီ ျဖစ္၏။ ေက်ာ္ေနသာခမ်ာလည္း ေက်ာင္းသြားရသည့္ အတြက္ ညအိပ္ေစာင့္ဖို႔ရန္ အဆင္မေျပ။ ထို႔ေၾကာင့္
အလုပ္မရွိသည့္ မိုင္စိုင္းကပဲ အကိုႀကီး တာဝန္ကို လႊဲေျပာင္းယူလိုက္ေတာ့သည္။

ေရေႏြးအိုးဆူလာသည္ႏွင့္ ေကာ္ဖီမႈန္႔အဆင္သင့္
ထည့္ထားေသာ ဝါးခြက္ငယ္ေလးမ်ားထံ ေလာင္းထည့္လိုက္ေတာ့သည္။ မီးဖိုေခ်ာင္းမွ အိမ္ေရွ႕သို႔ ျပန္ထြက္လာေတာ့ ေခါင္လြမ္းသည္ အဘြားႏွင့္ စကားေျပာေနပံုရသည္။ အဘြားထံ ေကာ္ဖီခြက္ေလးႏွင့္
မုန္႔ကို ကမ္းေပးလိုက္ေတာ့ အျပံဳးခ်ိဳခ်ိဳေလးကို လက္ခံ ရရွိလိုက္၏။ အဘြားသည္ ေစာနေလးမွ မ်က္ႏွာသစ္ထားသည္ထင္။ မ်က္ႏွာ၌ ေရစက္ေလးမ်ားပင္ တင္က်န္ေနေသးသည္။

"အဒြိက ေက်းဇူးတင္တယ္တဲ့"

ေခါင္လြမ္း၏ ေလသံတိုးတိုးေလးသည္ ျဖည္းျဖည္းခ်င္းသာ ထြက္လာ၏။ ထိုစကားသည္ သည္အိမ္ေလးဆီ မိုင္စိုင္း ေရာက္ေနသည့္ သံုးရက္တာဟူေသာ ကာလအတြင္း၌ ေခါင္လြမ္းဆီမွ ပထမဦးဆံုး ၾကားရသည့္စကား။

ေက်းဇူးတင္မႈကို အသိအမွတ္ျပဳေၾကာင့္ ျပသသည့္ အေနႏွင့္ အဘြားထံ မိုင္စိုင္း ျပံဳးျပရင္ ေခါင္းညိတ္ျပလိုက္၏။ ထို႔ေနာက္ အဘြား၏ ေျခရင္းနားေလး၌ ထိုင္ေနသည့္ ေခါင္လြမ္း၏ အနားသို႔
သြားထိုင္လိုက္ေတာ့သည္။

"ဒီမွာ ေကာ္ဖီ ေရာ ့။ အဘြားက အစ္ကို႔ကို ေက်းဇူးတင္တယ္ဆိုေတာ့ ညီေလးကေရာ"

သူ၏ အေမးစကားေၾကာင့္ အူေၾကာင္ၾကား ပံုစံေလးျဖင့္ ျပန္ၾကည့္လာေသာ ေခါင္လြမ္းေၾကာင့္ မိုင္စိုင္းမွာ ရယ္ခ်င္မိသြား၏။

"ေက်းဇူးပဲ"

ေလကို ေငြေပး၍ ဝယ္ထားသလားဟုပင္ ထင္ရသည္အထိ ထိုေကာင္ေလးသည္ စကားကို လိုတာထက္ ဘယ္ေသာအခါမၽွ ပိုမေျပာ။

"စကားနဲ႔ပဲ ေျပာလို႔မရဘူး။ ေက်းဇူးတင္တယ္ဆိုရင္ အကိုစ္ကို ဘာေပးမွာလဲ"
ေဘးနားမွ ဝါဂြမ္းလံုးေလးကို ၾကည့္ရင္ မိုင္စိုင္း
ပိုပို၍ စေနာက္ခ်င္လာသည္။ သူ႔ဘက္မွသာ စကားေတြ အဆက္မျပတ္ ေျပာေနရေပမဲ့ ထိုဂြမ္းလံုးကေတာ့ ေကာ္ဖီကိုသာ သဲႀကီးမဲႀကီး ေသာက္ေန၏။

"အကို ေျပာတာကို မၾကားခ်င္ေယာင္ေဆာင္ေနတာလား။ ေဟ့ ဂြမ္း...."

ဂြမ္းလံုးဆိုၿပီး ထြက္သြားေတာ့မည့္ဆဲဆဲမွ မိုင္စိုင္း အရွိန္သတ္လိုက္ရသည္။

"ပိုက္ဆံမရွိဘူး"

"ဒါဆို ဟိုေခြးေလးကို ေပးေလ။ အဆင္ေျပလား"
သူ႔စကားေၾကာင့္ ေခါင္လြမ္း၏ မ်က္ေမွာင္ေလးမ်ားက
ၾကဳတ္သြားသည္။

"မေပးဘူး"

ထိုသို႔ေျပာၿပီးၿပီးခ်င္း မိုင္စိုင္း၏ ေဘးမွ ဆတ္ခနဲ ထကာ အိမ္ေထာင့္နားေလး၌ ေကြးေနသည့္ ေခြးျဖဴေလးကို ေကာက္ခ်ီ၍ ရင္ခြင္ထဲသို႔ ထည့္လိုက္သည့္ ေခါင္လြမ္းေၾကာင့္ မိုင္စိုင္း ရယ္မိသြားေတာ့၏။

ပန္နန္းဒင္ဆိုတဲ့ အရပ္မွာ စိတ္ဝင္စားစရာ
အေကာင္းဆံုးအရာက ဘာလဲလို႔ ေမးလာခဲ့ရင္
အျဖဴေရာင္ ဆံႏြယ္ေတြရွိတဲ့ ဝါဂြမ္းျဖဴေလးလို႔
မိုင္စိုင္းကေတာ့ ေျဖမိမွာပဲ။

#10.10.2020

Continue Reading

You'll Also Like

95.7K 5.8K 51
~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is writte...
998K 90.1K 73
မှုတ်ထုတ်လိုက်တဲ့ အမွှားလေးတွေမှာ ကိုယ့်အချစ်တွေပါသွားခဲ့သလား.... မႈတ္ထုတ္လိုက္တဲ့အမႊားေလးေတြမွာ ကိုယ့္အခ်စ္ေတြပါသြားခဲ့သလား.... Start- October-12 En...
88.4K 6.5K 58
There is a girl who wants to be an international stylist.But her father doesn't allow her.So she run away from her father and follow her dreams.And...